Saturday, January 15, 2011

လမ်းပေါ်က အိမ်ခြေရာခြေမဲ့ သူတောင်းစား အသံကောင်းလွန်း၍ ရေဒီယိုနှင့် ရုပ်သံဌာနများမှ ကမ်းလှမ်းခံရပြီး ဒေါ်လာတစ်သန်းကျော် ရရှိမည်


အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့တွင် နှစ်ပေါင်းများစွာ အိမ်ခြေရာခြေမဲ့ကာ တောင်းစားနေရသည့် သူတောင်းစား တစ်ဦးဖြစ်သော တက်ဝီလျံသည် လမ်းပေါ်တွင် လိုက်တောင်းနေသော သူ၏အသံကြောင့် ရေဒီယိုနှင့် ရုပ်သံဌာနမှ ကမ်းလှမ်းမှုကို ရရှိပြီး အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
သူသည် မယုံကြည်နိုင်စရာ ကောင်းလောက်သည့် အသံမျိုးရှိပြီး သူ၏အသံမှာ အလွန်ငြင်သာ ချောမွေ့ကာ တောမီးကဲ့သို့ ကျယ်ပြန့်စွာ လွင့်ပျံ့သွားသည်ဟု ဆိုသည်။ သူသည် အင်တာနက် ဗီဒီယိုတစ်ခု၌ သူ၏ အစွမ်းအစကို ပြခဲ့ပြီးနောက် ယခုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။ လမ်းပေါ်မှ အိမ်ခြေရာခြေမဲ့ သူတောင်းစားမှာ ယခုအခါ MTV ၊ NFL နှင့် ESPN တို့ အပါအဝင် ရေဒီယိုနှင့် ရုပ်သံဌာန များစွာတို့က အစီအစဉ် ကြေညာသူအဖြစ် ခန့်ထားရန် အလုအယက် ကမ်းလှမ်းထားချက်များကို ရရှိထားကြောင်း သိရသည်။
sources: :ပြည်မြန်မာ

0 comments:

Post a Comment