Tuesday, November 2, 2010

အင်တာနက်သုံးဖို့ ငါ ဧဝရက်တောင်ကိုတက်မယ်


မနက်ခင်းတိုင်းမှာ မျက်နှာသစ်ဖို့ လိုသလို
မနက်ခင်းတိုင်းမှာ အင်တာနက်ဖွင့်ဖို့ လိုတယ်
ဆန်ဈေး၊ ဆီဈေး၊ ကြက်ဥဈေးက စလို့ ဂျက်ဖိုက်တာတွေ ဈေးနှုန်းထိ
(မဝယ်နိုင်တောင်မှ) သိထားမှ တန်ကာကျမယ်။
နေ့ စဉ် ထမင်းစားဖို့  လိုသလို
နေ့ စဉ် အင်တာနက်ဖွင့်ဖို့  လိုတယ်
ညီအကို မောင်နှမ သူငယ်ချင်းတွေ၊
ဒါမှမဟုတ် သူစိမ်းတွေနဲ့ ဆက်သွယ်ဖို့  အင်တာနက်ရှိရင် လွယ်ကူတယ်။
ဧဝရက်တောင်မှာတောင် အင်တာနက် ရနေပြီတဲ့ ချစ်သူရေ
ဒါဆို တို့ ဗမာပြည်က
ဧဝရက်တောင်ထက် မတ်စောက် ခက်ခဲတဲ့နေရာလား
စစ်နဲ့ ငြိမ်းချမ်းရေးအတွက် အင်တာနက် လိုတယ်။
ချစ်သူရေ
တောင်ကြီး ဖဝါးအောက်
မှောက်ရက်လဲရင်လဲ ပြန်ထ
မဖြစ်မနေ အင်တာနက်သုံးရဖို့ 
ငါ---- ဧဝရက်တောင်ပေါ် တက်မယ်။     

လင်းနွေးအိမ်
အောက်တိုဘာ ၂၉ ရက် ၂၀၁၀
မိုးမခ

0 comments:

Post a Comment