Friday, September 10, 2010

မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ


Dawei
Dawei Flooting
Dawei
         မြိတ်မြို့တွင် စက်တင်ဘာ ၉ ရက်နေ့ ၊ တော်သလင်းလဆန်း ၁ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
         မြိတ်မြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သော မြို့သစ်၊ တောဆိပ်၊ အိုးလုပ်ပြင်ကမ်း၊ ထားဝယ်ကမ်း၊ တိုးချဲ့၊ဇေယျာသီရိ (၁)၊ ဇေယျသီရိ (၂)၊ မြိတ်ကမ်းနားဆိပ် စသော နေရာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တော်သလင်းလဆန်း (၁) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေကြီးမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး မြို့သစ်လမ်းမကြီး၊ ထားဝယ်ကမ်း လမ်းမကြီး၊ ပေါစိန်လမ်း၊ မြိတ်ကမ်းနားလမ်း စသော အထင်ကရ လမ်းမကြီးများတွင်ပါ ရေကြီးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။''ရေက ၀ါခေါင်လကွယ်ည ၁၀ နာရီကတည်းက စတက်နေလာတယ် ဒါပေမယ့် ဒီနေ့မှပိုပြီး ကြီးလာတယ် ခါတိုင်း ရေနည်းနည်းပါးပါး တက်ပေမယ့် ဒီလိုရေကြီးတာ တစ်ခါမှ မကြုံတွေ့ရသေးပါဘူး လမ်းတွေဆိုရင် ရေကြီးပြီး ဆိုင်ကယ်တွေလည်း ရေ၀င်ပြီး ထိုးရပ်ကုန်ကြတယ် ဒီပုံအတိုင်ဆိုရင် နောက်နှစ်တွေမှာ သတိထားရလိမ့်မယ်''လို့ တိုးချဲ့ရပ်ကွက်မှ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ တနင်္သာရီမြစ်၊ အိုးလုပ်ပြင်ချောင်း၊ မြိတ်ဆိပ်ကမ်း စသော နေရာများမှ ဒီရေများ လျံတက်လာခြင်း ဖြစ်ကာ ထိုနေ့ နေ့လည်တစ်နာရီခန့်တွင် ရေပြန်ကျသွားကြောင်း သိရသည်။ရေလျံမှု ဖြစ်ပွားခဲ့သော ဒီရေများမှာ ရေငံများဖြစ်ကာ မြန်မာရက်အလိုက် နာရီအပိုင်းအခြား ကွာခြားကာ ရေတက်လာနိုင်သေးကြောင်း သိရသည်။ ဒီရေများမှာ အများအားဖြင့် နေ့ရေထက် ညရေ ပိုကြီးတတ်ကာ လဆန်း ၂ ရက်နေ့တွင်လည်း ထပ်မံ တက်လာနိုင်သောကြောင့် ဒေသခံများက သတိထားကာ ပစ္စည်းများကို ဘေးလွတ်ရာ အမြင့်ပိုင်းများသို့ပြောင်းရွေ့နေရကြောင်း သိရသည်။ ''ဒီရေက ချောင်းတွေ၊ မြောင်းတွေကနေ တဆင့် လမ်းတွေပေါ်ကို လျှံတက်လာတာ ဖြစ်တယ် အဓိက ကတော့ မြောင်းတွေပါပဲ မြောင်းမကောင်းတော့ ရေလမ်းကြောင်းက လမ်းတွေပေါ်ကို လျှံတက်လာတာပဲ ရေတက်တဲ့ အချိန်ကလည်း ကျောင်းလွတ်တဲ့ အချိန်မှာ ဒီရေအမြင့်ဆုံးကို ရောက်နေတော့ ကျောင်းသားကလေးတွေကိုလည်း စိတ်ပူရတယ် တစ်ကယ်တော့ ဒီရေတက်တတ်တဲ့ နေ့တွေဆိုရင် ဒီလိုရပ်ကွက်တွေမှာ ရှိတဲ့ ကျောင်းတွေကို ကြိုပြီး လွတ်လိုက်သင့်တယ် ဒါမှ ကလေးတွေလည်း ဒီရေတက်ချိန်မှာ အိမ်တွေကို ကြိုရောက်နှင့်နေပြီးသား ဖြစ်နေမယ်''လို့ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ မြိတ်မြို့တွင် လပြည့်၊ လပြည့်ကျော်များတွင် ဒီရေတက်မှုများမှာ အနိမ့်ပိုင်း ရပ်ကွက်များသို့ အနည်းနှင့်အများ ၀င်ရောက်တတ်သော်လည်း ယခုကဲ့သို့ ရေကြီးမှုများကို မတွေ့ကြုံရသေးကြောင်း ဒေသခံများက ပြောကြားလျက်ရှိသည်။
 
ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment