Friday, July 23, 2010

အသင်းလုပ်ငန်းစဉ်အတိုင်း လုပ်ကိုင်မည်ဟု ကြံ့ဖွံ့ပါတီ ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးအသင်း လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးပါတီ စည်းရုံးရေးအဖွဲ့ဝင်တဦးက ပြောဆိုသည်။

ကြံ့ဖွံ့အသင်း၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် နိုင်ငံရေး စသည့် လုပ်ငန်းစဉ် ၅ ရပ် အတိုင်းပင် ပါတီအနေဖြင့် လုပ်ကိုင်သွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

’’အရင်က ပြည်ခိုင်ဖြိုးအသင်းပေါ့။ အဲဒါကို အခု ပါတီပြောင်းလိုက်တယ်။ ပါတီပြောင်းပေမယ့် အသင်းအနေနဲ့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်သွားမှာပါ။ ဒါက ကျနော်တို့ အကြီးအကဲ ညွှန်ကြားတဲ့အတိုင်းပါပဲ’’ ဟု သူက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင်ပြောင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ရာ ပြီးခဲ့သည့်လ ၈ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ချပေးခဲ့သည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ကြီးမှူးသည့် ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခု စက်တင်ဘာလတွင် လူမှုရေးအသင်းဟူ၍ ဖွဲ့စည်းခဲ့ကာ အသင်းဝင် ၂၄ သန်းကျော် ရှိကြောင်း စစ်အစိုးရ ထုတ်ဖော်ကြေညာခဲ့သည်။

0 comments:

Post a Comment