Thursday, April 8, 2010

ကောက်ရိုးတမျှင်လောက်ဖြစ်ရရင်လည်း...ကျေနပ်တယ်


စိတ်ကူးခင်တန်းမှာ
မျှော်လင့်ခြင်း အမျှင်လေးတစ
လမ်းလျှောက်ထွက်မိတဲ့ ညတိုင်းပေါ့…

လရောင်ရဲ့ လေးညှို့ကိုင်းကွေးမှာ
ရင်ငွေ့ထွေးလှုံဖို့
ကြယ်စင်တွေကို
ကောင်းကင်တခွင်မှာ စိုက်ပျိုးကြည့်ဖို့
အိပ်မက်တွေကို
အိပ်မက်တွေနဲ့ မျှားယူခူးဆွတ်ပြီး
လက်တွေ့ဘဝရဲ့ ကြိုးနဲ့ သီခဲ့မိဖူးပါတယ်...

ဒါပေမယ့်..
ရှိသမျှအင်အားတွေနဲ့
ဝင်းမြဖို့ကြိုးစားနေရတဲ့
အဲဒီညတွေထဲက အမှန်တရားက
ငါ့ ဆောင်းတွင်းမီးဖိုလေးလောက်တောင်
အေးစက်တဲ့အမှောင်ကို အံတုဖို့
လင်းပျပျဥတုကို မပေးနိုင်ခဲ့သေးဘူး...

အင်အားကလည်း
အမှန်တရားဆိုတဲ့
မီးစာမခမ်းတခမ်း မီးလင်းဖိုရဲ့နှုတ်ခမ်းဝမှာ
သစ်တောအုပ်ပျိုပေါ်
မီးထတောက်တော့ မလိုလိုနဲ့
ကောက်ရိုးခြောက် တမျှင်စာလောက်
လောင်မြိုက်နေခဲ့ရတာပေါ့...

ငါ့အမှန်တရားက
ရေနစ်သူကို ကူထိုးပေးနိုင်မယ့်
ဝါးလုံးတလုံး မဖြစ်ခဲ့သေးရင်တောင်မှ
ဘဝမှာ…
တစုံတရာသော အင်အားတို့ဖြင့်
ရေနစ်နေသူအတွက်
ရှင်သန်ရာရှင်သန်ကြောင်း
ကောက်ရိုးကောင်းတမျှင်လောက်တော့ ဖြစ်ခဲ့ချင်တယ်…။    ။


ဆောင်းယွန်းလ
ဧပြီ ၈၊ ၂၀၁၀

0 comments:

Post a Comment