ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်း ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ နိုင်ငံခြားသတင်းထောက် တဦးနဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရက စုံစမ်းပေးပါမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ သူ ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုထားတာကိုတော့ သူက ပယ်ချသွားပါတယ်။
ဘန်ကောက်မြို့တော်က အဓိက နေရာတွေကို ပိတ်ဆို့ထားတဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့၊ ကျင်းပနေတာ တလကြာလာပြီးဖြစ်တဲ့ ဆန္ဒပြပွဲတွေ အခုလို ကြမ်းတမ်းလာတာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ တကယ့် ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်တာတောင်မှ လူစုကွဲမသွားခဲ့ပါဘူး။ ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ ဓါတ်ဆီပုံးတွေနဲ့ ပြန်လည် ပစ်ပေါက်ပြီးတော့ သေနတ်တွေနဲ့လည်း ပြန်ပစ်ခဲ့ကြပါတယ်။
ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-11-voa1.cfm?rss=topstories
Melbourne near me Trusted Removalist
1 month ago
0 comments:
Post a Comment