Saturday, April 17, 2010

မုန်းတယ်



သင်္ကြန်မှာ လာတိုက်တဲ့
ငမိုက်သား လူယုတ်မာ
ဘယ်က ဟာတွေလဲ။

အမဲဖြစ်ဖြစ်
အဖြူဖြစ်ဖြစ်
မင်း … လူမှ စစ်ရဲ့လား။  ။

အများ … ဒို့ပြည်သူ
ငတ်သူငတ်၊ ပြတ်သူပြတ်
လူဖြစ်ကျိုးမနပ်၊
သံချပ်သံ ရပ်။   ။
ကုတ်ကပ်လို့ အပျော်ရှာ
သင်္ကြန်မှာ အဖော်အသင်းတွေနဲ့
တေးသီရင်း ကလို့ခုန်
ကကြိုးတောင် မစုံသေး
ဗုံးပေါက်လို့ ပြေးရသတဲ့
အောင်မယ်လေး ! ကြုံဘူးပေါင်
ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး
ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့
ငါမုန်းတေး သီလိုက်ရဲ့
မဟီသေလာ၊ ၀ဠာတခို
အကြိုအကြား သိစေသား။        ။

လူသတ်သမား သနားမရှိ
ဒုဂ္ဂတိသွား - အခြားမရှိ
မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။     ။



မာမာအေး
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment