ကျမ သူမကို စတွေ့တာက မယ်တော်ဆေးခန်းက HIV လူ နာတွေကိုထားတဲ့ အခန်းမှာပါ။ ကျမစိတ်ထဲမှာ ထူးဆန်း သွားတာက သူမမှာ နေ့စေ့လစေ့ကိုယ်ဝန်နဲ့ မို့လို့ပါ။ သူမ ကိုကြည့်ရတာ အသက်လည်းငယ်ပုံရပါတယ်။
သူမမျက်နှာမှာ ငယ်ရွယ်သူတို့သဘာဝ လွတ်လပ်ပျော်ရွှင်မူ ကိုမတွေ့ရပါဘူး။ သူမမျက်နှာဟာ ရာသီဥတုဒဏ်ကြောင့် ညိုးနေတဲ့ ပန်းဖူးနုနုလေးနဲ့ တူပါတယ်။ သူမဘာကြောင့်ဒီ လောက် ပူဆွေးနေတာလဲ၊ တကယ်ဆိုရင် သူမအရွယ်က ပျော်ရွှင်တက်ကြွနေရမှာ။ သူမဘာတွေဖြစ်ခဲ့လဲ ဘ၀ကို ဘယ်လိုဖြတ်သန်းလာရလဲ ဆိုတာကို သိချင်လာပါတယ်။
ပထမတော့ သူမဖြေချင်ပုံမရပါဘူး။ သူမ ယုံကြည်လာအောင် စည်းရုံးရပါတယ်။ ယုံကြည်တော့မှ သူမရဲ့ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ကိုပြောပြပါတယ်။
သူမ ငယ်ငယ်ကတော့ မော်လမြိုင်မှာ နေတယ်တဲ့။ နောက်တော့ ရန်ကုန်ကိုပြောင်းလာတယ်။ တောင်ဒဂုံ ၅၆ ရပ်ကွက်မှာနေတယ်တဲ့။ အခုသူမ အသက် ၁၇ နှစ်ပြည့်တော့မယ်။
သူမ ၀မ်းနည်းပမ်းနည်း ပြောပြတာက ရန်ကုန်ရောက်တော့ အဖေက ဆောက်လုပ်ရေးတခုမှာ အလုပ်ဝင်လုပ်တယ်။ ပထမပိုင်းတုန်း ကအဆင်ပြေတယ်။ နောက်တော့ ကန်ထရိုက်က အိမ်တွေမရောင်းရတော့ ဆိုဒ်တွေကို ရပ်ပြစ်လိုက်တယ်။ ဒီတော့ အဖေလည်းအ လုပ်ပြုတ်သွားတယ်။ ဒီတော့ အဖေကရပ်ကွက်ထဲမှာ ပန်းရံတို့လက်သမားတို့ လိုက်လုပ်တယ်။ အမေက ရာသီပေါ်စာတွေရောင်း တယ်။ ဒါပေမဲ့ မိသားစုအသုံးစရိတ် မလောက်ငပါဘူး။ ကျမအောက်မှာက မောင်တယောက် ညီမတယောက်ရှိတယ်။ ဒီတော့ကျမ ၇ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။
အဖေက ပိုက်ဆံမလောက်တိုင်း ငွေချေးရတာပေါ့။ အမေ အရင်းပြုတ်ရင်လည်း ငွေချေးရတာဘဲ။ ဒီတော့ အကြွေးပေါ်အကြွေးထပ် လာတယ်။ အတိုးကလဲ ၂၀ တိုးဆိုတော့ ဆပ်မနိုင်တော့ဘူး။ ကျမအဖေကို ငွေချေးတာက ဒုရဲအုပ်တယောက်။
အဖေ မဆပ်နိုင်တော့မှန်းသိတဲ့ ဒုရဲအုပ်က အဖေ့ကိုပြောတယ်။ ကျမကို တရုတ်ပြည်မှာ အိမ်ဖော်လုပ်မလားတဲ့။ ၁ နှစ်လောက်ဆိုရင် အကြွေးကြေတဲ့အပြင် အရင်းအနှီးတောင်ရမယ်တဲ့။ ကျမ စိတ်ဝင်စားသွားတယ်။ ကျမက ကုန်စုံဆိုင်လေးဖွင့်ချင်တာ။ ကျမတို့ရပ် ကွက်က လက်လုပ်လက်စားတွေချည်းပဲ။ သူတို့က အလုပ်ပြန်မှ ဆန်၊ ဆီ၊ ငရုတ်ဝယ်ပြီး ဟင်းချက်ကြတာ။ ကျမတို့ စောင့်ရောင်းရင် အရမ်းရောင်းရမှာ။ ဒါကြောင့် ကျမသွားမယ်လို့ အဖေ့ကို ပြောလိုက်တယ်။
အဖေက ကျမသွားမယ်ဆိုတော့ ၀မ်းသာသွားရှာတယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့ အသက်ရှူချောင်သွားမယ် မဟုတ်လား။ နောက်တနေ့ ငွေရှင် ဒုရဲအုပ်မိန်းမက ကျမကို လာခေါ်တယ်။ သူနဲ့ မြစ်ကြီးနား သွားရမယ်တဲ့။ ကျမမှာ မှတ်ပုံတင်မရှိဘူး။ ဒါကြောင့်ဒုရဲအုပ်က ခရီး သွားဖို့ ထောက်ခံစာ လုပ်ပေးတယ်။
မြစ်ကြီးနားရောက်တော့ အိမ်တအိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာကျမထက် စောရောက်နေတဲ့မိန်းကလေး ၅ ယောက်ရှိတယ်။ ကျမ ကအငယ်ဆုံး အကြီးဆုံးက ၂၂ နှစ်။ အဲဒီအိမ်မှာ ကျမတို့ တညတည်းရတယ်။ နောက်တနေ့ မနက်မှာ ကျမတို့အားလုံးကို မြန်မာ မနှစ်ယောက်။ တရုတ်တယောက်က လာခေါ်တယ်။
တရုတ်ပြည်ကိုရောက်တော့ ကျမတို့ ၆ ရောက်လုံးကို အခန်းတခုထဲမှာ ထည့်ပိတ်ထားတယ်။ ကျမကို ပထမဦးဆုံး လာခေါ်တယ်။ ပြီး တော့ စက်ကြီးတခုထဲကို ၀င်ခိုင်းတယ်။ ကျမကို လာခေါ်တဲ့ ဗမာမက နင့်ကို ၁၅ နှစ် ဟုတ်မဟုတ် စစ်တာတဲ့။ ကျမအသက်ကိုလည်း စစ်ပြီးရော အသက် ၃၅ နှစ်လောက်ရှိတဲ့ တရုတ်တယောက်နဲ့ ထည့်ပေးလိုက်ပါတယ်။
ကျမက အိမ်ဖော်လုပ်ဖို့လာခေါ်တယ်လို့ပဲ ထင်ပါတယ်။ အမှန်က ကျမကို မယားအဖြစ် လာခေါ်တာပါ။ သူ့အိမ်ရောက်တော့ ကျမကို မယားအဖြစ် ပေါင်းသင်းပါတယ်။ မင်္ဂလာဆောင်ပြီးတော့ ကျမရဲ့ လက်ဗွေပါတဲ့ ကဒ်ပြားတခုထုတ်ပေးပါတယ်။ မနက် ဆိုရင် ၄ နာရီ အိပ်ရာကထရပါတယ်။ အဲဒီအိမ်မှာ ရှိနေတဲ့လူတွေရဲ့ ဝေယျာဝစ္စကို လုပ်ရပါတယ်။ ညဆိုရင်လည်း ၁၁ နာရီ ကျော်လောက်မှ အိပ်ခွင့် ရပါတယ်။
ဒီလိုနဲ့ ကျမရောက်တာ ၆ လကျော်လောက်ရှိပါပြီ။ ကျမကိုယ် ကျမ သတိမထားမိပါဘူး။ ဒါပေမဲ့ ဆေးစစ်မယ်ဆိုပြီး ဆေးရုံခေါ်လာ တော့ကျမမှာ ကိုယ်ဝန်ရှိနေပါတယ်။ ဘာကြောင့် ဆေးစစ်တာမှန်း သေချာမသိပါဘူး။
ကိုယ်ဝန်ရှိနေမှန်းသိတဲ့ အချိန်ကစပြီးကျမကို တလတကြိမ်ဆေးစစ်ပါတယ်။ ပြီးတော့ ဘာကြောင့်မှန်းမသိရဘဲ အရမ်းကိုစောင့်ကြည့် နေပါတယ်။
ကျမနေရတာ အရမ်းကျဉ်းကျပ်နေပါတယ်။ ကျမဆက်ပြီးနေချင်စိတ် မရှိတော့ပါ။ ဒီလိုနဲ့ သူတို့လစ်တဲ့ခဏလေးမှာ ကျမပထမဦးဆုံး အကြိမ်ထွက်ပြေးခဲ့ပါတယ်။ လမ်းပေါ်ရောက်တော့ ကျမဘယ်သွားလို့ ဘယ်လာရမှန်းမသိပါဘူး။ အူကြောင်ကြောင်ဖြစ်နေတုန်းတ ရုတ်ရဲရောက်လာပြီး ကျမကိုဖမ်းပါတယ်။ ရဲစခန်းမှာရှာဖွေစစ်ဆေးတော့ ကျမဆီက သက်သေခံကဒ်ပြားကိုတွေ့ပြီး ကျမယောက်ျားအိမ် ကိုပြန်ပို့ပေးပါတယ်။ ကျမအိမ်ကိုပြန်ရောက်တော့ သူတို့မိတ်ဆွေရဲ့မိန်းမ (ဗမာအမျိုးသမီး) ကိုခေါ်ပြီး စကားပြန်လုပ်ခိုင်းပါ တယ်။
သူက `ကျမကို ကလေးအရင်မွေးပါ။ ပြီးရင်ထားခဲ့ အဲဒီအချိန်ကျ နင်ပြန်ချင်ရင်ပြန်ပို့မယ်´ လို့ပြောပါတယ်။ ကျမလည်းအခွင့်အရေးရ တုန်း ကျမကိုအမနဲ့ ဆက်သွယ်ခွင့်ပေးပါ။ ကျမနေမကောင်းတော့ အားငယ်တယ်´ လို့ပြောပြီး အမကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ကိုတောင်းထားလိုက်ပါတယ်။ နောက်တော့ အိမ်ကလူတွေလစ်တိုင်း အမဆီခိုးပြီး ဖုန်းဆက်ပါတယ်။ ပထမတော့အဲဒီအမကသူ့ဆီ ဖုန်းဆက်တာကို မကြိုက်ပါဘူး။ တဖြေးဖြေးနဲ့မှ သူကျမကိုသနားလာတော့ ကျမရဲ့အဖြစ်မှန်ကို သူကပြောပြပါတယ်။
ကျမယောက်ျားက HIV ပိုးရှိတဲ့လူတဲ့။ ဒါကြောင့်ကျမကို ဆေးခဏခဏစစ်နေတာတဲ့။ အရင်ကလည်း ဗမာမတွေကိုယူခဲ့ဘူးတယ်။ ရော ဂါကူးရင် သတ်ပစ်လိုက်ရောတဲ့။
HIV ဆိုတာဘာမှန်း ကျမမသိပါဘူး။ ဘယ်လိုကူးလည်း ကျမမသိပါဘူး။ ဒါပေမယ့် ကျမကိုသတ်ပစ်မှာကိုတော့ ကျမကြောက်ပါ တယ်။ ဒါကြောင့် ကျမကိုကူညီဖို့ အသနားခံရပါတယ်။ အဲဒီအမကပဲ ကျမမှာရှိတဲ့ကဒ်ကို မီးရှို့ပစ်ဖို့ ထွက်သွားပြီးရင် ရဲစခန်းတခုထဲကို ၀င်ပြီး အကူအညီ တောင်းဖို့ တရုတ်စကားနဲနဲပါးပါး သင်ပေးလိုက်ပါတယ်။ ဒီနောက်ပိုင်း ကျမအမဆီကို ဖုန်းမဆက်တော့ပါဘူး။ ကျမ ထွက်ပြေးရင် သူပါဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။
ကျမ နောက်ထပ် ထွက်ပြေးတော့ အမပြောတဲ့အတိုင်း လိုက်နာခဲ့ပါတယ်။ ကျမကို နယ်စပ်ကလူကုန်ကူးမှု ထိန်းသိမ်းရေးစခန်းကိုပို့ လိုက်ပါတယ်။ အဲဒီစခန်းရောက်တော့ ကျမကိုဆေးစစ်ပါတယ်။ ကျမရဲ့သွေးအဖြေမှာ HIV ပိုးရှိနေပြီးတဲ့။ ကျမဗိုက်ထဲကကလေးက ယောက်ျားလေးတဲ့။ ကျမ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီစခန်းမှာ ကျမလိုပဲလူကုန်ကူးခံရတဲ့ မိန်းကလေးတွေ ၂၀ လောက်ရှိတယ်။ အဲဒီ စခန်းမှာ ကျမ ၂ ပတ်လောက်နေလိုက်ပါတယ်။ စခန်းထဲမှာ ကျမတို့မကြာခဏ စစ်ဆေးခံရတယ်။ ပြီးတော့ကျမတို့ကို နေပြည်တော်က လူကုန်ကူးမှုတွေထားတဲ့ အကျဉ်းစခန်းထဲမှာထားတယ်။ အဲဒီစခန်းကို စစ်သားတွေကစောင့်တယ်။ စောင့်တဲ့စစ်သားတွေက ကျမတို့ကို နင်တို့ထောင်ကျနေပြီ ဒီတော့ ငါတို့နဲ့လင်မယားလိုနေကြရအောင်တဲ့။ ကျမကကိုယ်ဝန်နဲ့ဆိုတော့ ငြင်းလိုက်တယ်။ တချို့ တွေကတော့ နေကြတယ်။ စစ်သားတွေနဲ့ပေါင်းတဲ့ မိန်းမတွေကတော့ အနေအစားချောင်ကြတယ်။
ကျမကတော့ တော်တော်ဒုက္ခရောက်တယ်။ သူတို့ကျွေးတာကိုကျမ မစားနိုင်ဘူး။ ဒီလိုနဲ့ကျမ ကိုယ်ဝန်လပိုရင့်လာတယ်။ အဲဒီစခန်း ကို အုပ်ချုပ်တဲ့စစ်ဗိုလ်က ကျမကိုပြောတယ် `နင့်ကိုမွေးပေးဖို့ ငါတို့မှာပိုက်ဆံမရှိဘူး။ ဘယ်လက်သည်မှ လည်နင့်လို HIV ကိုမွေး ပေးမှာမဟုတ်ဘူး။ ဒီတော့ နင့်ကိုငါတို့လွှတ်ပေးလိုက်မယ်။ နင်ပြေးပေတော့တဲ့။ ပြီးရင်မြ၀တီကိုရောက်အောင်သွား မြ၀တီရောက်ရင် တဘက်ကမ်းကိုကူး။ အဲဒီမှာ မယ်တော်ဆေးခန်းဆိုတာရှိတယ်။ HIV တွေကိုဆေးကုပေးတယ်တဲ့။ ဒါကြောင့်ဒီကို ကျမရောက်လာ တာ။ ကျမသိချင်တာလေးကို သူမကို မေးလိုက်ပါတယ်။ `သမီးက မွေးပြီးရင် ကလေးကို ပြန်ခေါ်သွားမှာလား။
ဒီတော့ သူမက `မခေါ်ချင်ဘူး အန်တီ။ ကျမက သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီတော့ ကလေးဒုက္ခရောက်မယ်။ ကျမ အဖေနဲ့အမေသိ ရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး။ သေချာမွေးမယ့် လူရှိရင်တော့ပေးချင်တယ်။ ကျမကလေးကိုထားပြီးထွက်မပြေးပါဘူး။ ကလေး ကို ဘယ်သူခေါ်သွားလည်းဆိုတာ သေချာသိချင်ပါတယ်။´
အော်…. သူမမှာ မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေ ဆင်းရဲမွဲတေတာကြောင့် လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည် ဖြစ်လာပါတယ်။ နအဖ က ဘယ်လိုပဲ လူကုန်ကူးမှုတွေပပျောက်အောင် လုပ်နေပါတယ်ပြောပြော။ အမှန်တ ကယ်က လူကုန်ကူးမှုတွေရဲ့ အဓိကလက်သည်က နအဖ စစ်အစိုးရကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
ခင်ငြိမ်းသစ်
Photo by..fineartamerica.com
ရောင်ခြည်ဦး အလုပ်သမားရေးရာဂျာနယ်၊ ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ်၊ အတွဲ (၃) ၊ အမှတ် (၂) မှ ကူးယူဖေါ်ပြသည်။
Facebook Account Hacking
7 years ago
0 comments:
Post a Comment