လူထုခေါင်းဆောင်
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီးဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ
လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁၀လ ၁၉၄၆ ရွှေတိဂုံအနောက်မုဓ်
ဒီမိုကရေစီ စနစ်ဆိုတာ
ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ
တိုင်းသူပြည်သားတွေသာလျှင်
အဓိက လိုလားပြီး
တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင်
ဒီမိုကရေစီစနစ်အရမှ ဖြစ်နိုင်မယ်။
ဒီမိုကရေစီအရင်းခံပဲ
ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ
စင်စစ်တော့ ၊ ဒီကနေ ဖြာထွက်သွားတာပဲ၊
ဘယ်ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။
နိုင်ငံရေးတင်မက
စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့
ဒီမိုကရေစီ သဘောတရားတွေကို
လိုက်ရှာပြီး
လုပ်နေခြင်းသာ ဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်း
၁၉ရက် ၁လ ၁၉၄၇ ဖဆပလ
တိုင်းရင်းသားအရေး
အမျိုး အနွယ် ၊ ကိုးကွယ်သည့်ဘာသာတရား
ပြောဆိုသည့် ဘာသာစကား တို့ကို
အရေးထားရမည် ဖြစ်သော်လည်း
စင်စစ်မှာ
အေးအတူ ၊ ပူအမျှ ၊ ကောင်းတူ ဆိုးဘက်
ပူးပေါင်းလျက် နေလိုသော
ဆန္ဒပေါ်တွင် ဝံသာနုရိက္ခိတ တရားသည် တည်နေပေသည်။
ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက် ၁ လ ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ
တော်လှန်ရေး
တော်လှန်ရေးဆိုတာ
လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ
ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုပြီး လူထုကိုယ်တိုင် ပါဝင်
ဆောင်ရွက်ခြင်းဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်း
၁၉ ရက် ၅ လ ၁၉၄၇
နိုင်ငံရေး
နိုင်ငံရေးသည် လူမှု လူရေးမျှသာဖြစ်သည်
နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်နိုင်စရာမရှိပေ။
ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁လ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ
Melbourne near me Trusted Removalist
1 month ago
0 comments:
Post a Comment