အဲဒီ သဲပြင်ပူပူထဲမှာ
ရေဂါလံသန်းငါးဆယ်ကျော်သွန်ချခဲ့ကြပြီးပြီ။
သဲပြင်ပေါ်မှာတံတားအစင်းစင်းက အခန့်သား
သွားပါများလည်းခရီးမပေါက်ကြ
ကရွတ်ကင်းလျှောက် အခေါက်ခေါက်
လွင့်မြောက်မိုးပျံပူဘောင်းများသာ
ရေတွင်းဝကောင်းကင်မှာ။
အနှောင်းမသေချာခဲ့သောမြစ်တို့
တချို့ကျဉ်း တချို့ကော
လောကပါလတောပြုန်းရာ
မြင်းခွာသံတို့ ပြုတ်ကွာပြန့်ကျဲ
ဒဏ်ရာသည်းသော ကြယ်စင်များသာ
ပင်လယ်ပြင်ကိုတွယ်ဖွဲ့ဆဲ။
စလောင်းရွဲ့ရွဲ့ကို တောင်းဆိုနေတဲ့အိုး
နိုး… ဆိုတဲ့ ငြင်းပယ်ခြင်းအလှ
မြားသွားထက်ရှချွန်မြ
အံဝင်ခွင်ကျ…
သိပ်သည်းဆကိုတင်းကျစ်လေ။
မေ့မပစ်လိုက်ကြလေနဲ့…
ဒီရေမြင့်သစ်ရဲ့တော်လဲရိုက်ခတ်သံဟာ
ကျောက်သားနံရံ အမှောင်တံတိုင်း
(အားလုံးကို)
ပိုင်းပိုင်းခြေဖျက်နိုင်ပေလိမ့်မယ်။ ။
စိုးနေလင်း
Sunday, February 28, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment