Friday, February 26, 2010

အိမ်တွင်းလူနာရဲ့ နာတာရှည်ရောဂါ


အချိန်တွေက
တိုင်းရေးပြည်ရေး သတင်းကောင်းတပုဒ်လို
ရှားရှား ပါးပါး
မိသားစု ထမင်းလက်ဆုံစားရတယ်ကို မရှိဘူး ...
တယောက်က ကောင်းကင်ဘုံမှာ
တယောက်က နယ်ခြားမြို့လေးတမြို့ မှာ
ကျန်တယောက်က မော်စကိုမှာ ဘွဲ့လွန်တက်နေရလို့........
အသေးအဖွဲကအစ ကြီးကြီးမားမားအဆုံး
အဆုံးအစမဲ့ ပြဿနာတွေက
နေ့တဓူဝတွင်းနှုတ်ခမ်းဝမှာ မီးခိုးကြွက်လျှောက်
အင်ဒိုနီးရှားတောမီးလို ဟုန်းဟုန်းတောက်တယ်...
နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ကြမ္မာဆိုးကလည်း
ရွှေဖိနပ်ပိုင်ရှင် ဈာန်နဲ့ကန်သွင်းတဲ့ ရွှေဂိုးလို
အိမ်ဦးခန်းကိုမှ တန်းတန်းမတ်မတ်ဝင်ရတယ်လို့...
 ဒုက္ခလှလှက
အိမ်ပေါက်ဝမှာ ကျကျနန ခြေချိတ်ထိုင်ပြီး
စာနာမှုတရားတွေက
ငွေပင်ငွေရင်းကြီးရင့်တဲ့နေရာမှာ သီးပွင့်လွယ်တုန်းပဲ ...
ခဏတဖြုတ်ခရီးထွက်သွားတဲ့ မျှော်လင့်ခြင်း
အိမ်ရိပ်ကိုပြန်မနင်းခဲ့တာ ၂၂နှစ် တောင်ကြာခဲ့ပြီ။     ။


ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀

0 comments:

Post a Comment