Tuesday, February 2, 2010

ကွန်ပျူတာနည်းပညာရှင် တစ်ဦးနှင့် အမေးအဖြေ( ဟာသလေးများ)



မေး - ကွန်ပျူတာထဲမှာပါတဲ့ ရမ်ဆိုတာ ဘာပါသလဲဟင် ?
ဖြေ - ကွန်ပျူတာအတွက် ရမ်ပုလင်းလေးပါ
မေး - တစ်ဂစ်မှာ ဘယ်နှစ်ဘိုက်ရှိ ပါသလဲ ?
ဖြေ - ဂစ်လို့အော်တဲ့ ငှက်တစ်ကောင်မှာ တစ်ဗိုက်ပဲရှိပါတယ်
မေး - အီးမေးလ်ပို့နေရင် connection ပြုတ်သွားတဲ့အခါ ဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ ?
ဖြေ - အကောင်းဆုံးကတော့ ကွန်ပျူတာ ပါဝါပိတ်ပြီး အိမ်ပြန်အိပ်ပါ
မေး - ကွန်ပျူတာထဲ ဗိုင်းရပ်စ်ဝင်ရင် ဖြေရှင်းပုံလေး အသေးစိတ်ပြောပြ နိုင်မလား ?
ဖြေ - ဟုတ်ကဲ့ ၊ ရပါတယ် ၁။ System ပုံးကို အရင်ဖွင့်ပါ။ ၂။ ရှိရှိသမျှ Harddisk , Motherboard ရှိသမျှကတ် အကုန်ဖြုတ်ပါ ။ ၃။ ပြီးရင်တော့ ဆပ်ပြာမှုန့်များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogen နဲ့ တစ်ညစိမ်ပါ ။ ၄။ နောက်တစ်နေ့ကျ ပြန်ဆေးကြောပြီး နေပူပူမှာ လှမ်းပါ ။ ၅။ ခြောက်သွေ့သွားသောအခါ ပစ္စည်းများကို နေရာတကျ ပြန်တပ်ပါ။ ၆။ စက်ကိုပြန်ဖွင့်သောအခါ ဗိုင်းရပ်စ်မရှိတော့ကြောင်း ပျော်ရွှင်ဖွယ်တွေ့ရပါလိမ့်မည်။ ၇။ နောက်ပိုင်းသုံးရင် System ပုံးကို ဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာ အသုံးပြုပါ ။
မေး - သမီးကွန်ပျူတာ အရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ၊ ကူပါဦး
ဖြေ - အရင်ဆုံး Harddisk ဖြုတ်ထားလိုက်ပါ ၊ ဒါမှလေးနေရင် Power Supply ပါထပ်ဖြုတ်ထား လိုက်ပေါ့ ၊ အရမ်းအရမ်းပေါ့သွားမယ်
မေး - မီးပျက်ချိန် ကွန်ပျူတာ မြန်မြန်ပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ
ဖြေ - UPS နဲ့ ကွန်ပျူတာသွယ်ထားတဲ့ ပလပ်ကို ချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားစေရမယ်
မေး - ကျွှန်တော့် Window ကအဖွင့်အပိတ် ကြာနေတယ် ၊ ဘယ်လိုလုပ်ရမလဲ ၊ Window မှာ ပြသနာရှိလို့လား .?
ဖြေ - ဟုတ်ပါတယ် Window ကို အဖွင့်အပိတ်ချောင်အောင် ပတ္တာမှာ ဆီနည်းနည်းထိုးပေးပါ။

မေး - အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ - ပိုက်ဆံလိုတာပေါ့ သမီးရယ် ။ ဟုတ်ဖူးလား ။

မေး -သမီးပို့လိုက်တဲ့ အီးမေးလ် ဟိုဘက်ရောက်မရောက် ဘယ်လိုသိနိုင်မလဲ
ဖြေ -ဖုန်းဆက်ပြီးမေးကြည့်လိုက်ပါ။
မေး -အီးမေးလ်ထဲကစာတွေမှာ ဗိုင်းရပ်စ် ပါ မပါ ဘယ်လိုသိနိုင်မလဲ
ဖြေ -အဲဒီ မေးလ်ကိုဖွင့်ကြည့်ပါ ။ သင့်စက်ထဲကို ဗိုင်းရပ်စ် ၀င်လို့ရှိရင် ဗိုင်းရပ်စ် ပါလို့ပေါ့ကွယ် ။
မှီငြမ်း ။ ။ အင်တာနက်

0 comments:

Post a Comment