Wednesday, January 13, 2010

ငါ့ဘ၀က ထင်သလောက်မဆိုးပါဘူး


မျှဝေပါဦးမယ်ဗျာ ...
လောကကြီးက ထင်သလောက်မဆိုးဘူးဆိုတာ .... သိစေချင်လို့ပါ ...
မယုံဘူးလား...ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းနည်းများ လျော့နေတယ်လို့ များထင်မိနေရင် ဖတ်ကြည့်စေချင်တယ်ဗျာ..


ဟုတ်ကဲ့ ...
တကယ်လို့သာ ကမ္ဘာ့လူဦးရေကို လူတစ်ရာ အတိအကျရှိတဲ့ ရွာတစ်ရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင်တဲ့ .....
အခု ...ကမ္ဘာပေါ်မှာ ရှိတဲ့ ....
လက်ရှိလူအမျိုး အစားက ဒီလောက်ပါတဲ့ ခင်ဗျာ ....

လူ ၁ဝဝ မှာ အာရှတိုက်သားက ၅၇ ယောက်
ဥရောပတိုက်သားက ၂၁ ယောက် ....
အနောက်တိုင်းတိုင်းသားက ၁၄ ယောက်နဲ့
အာဖရိကတိုက်ကသူတွေက ၈ ယောက်ရှိပါတယ် ...တဲ့ ...။

ဟုတ်ကဲ့ .......အဲဒီ လူ ၁ဝဝ မှာ အမျိုးသမီးက ၅၂ ယောက်နဲ့ အမျိုးသားက ၄၈ ယောက်အချိုးရှိပြီး
လူဖြူက ၃ဝ ၊ လူဖြူ မဟုတ်သူ (အမည်း၊ အညို၊ အ၀ါ အခြားအသားအရောင်)တွေက ၇ဝ ရှိပါတယ်။
ခရစ်ယာန်က ၃ဝ ရှိနေပြီး အခြားဘာသာတွေကလည်း ၇ဝ ပါပဲ။
လိင်ကွဲ ကို နှစ်သက်သူက (ယောက်ျားက မိန်းမကို ၊ မိန်းမက ယောက်ျားကို) ကြိုက်တာက ၈၉ ယောက်ရှိပြီး
လိင်တူ (မိန်းမလျာ ၊ ယောက်ျားလျာ)က ၁၁ ယောက်ရှိပါတယ်။

အဲဒီလူတစ်ရာမှာ ၆ ယောက်ဟာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ ၅၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာ ဖြစ်ပြီး
အဲဒီ ၆ ယောက်စလုံးဟာ အမေရိကန်က ဖြစ်ပါတယ်။
အဲ ....အယောက် ၈ဝ ကတော့ အိမ်ပိုင်ယာပိုင်မရှိဘဲ ဖြစ်သလိုနေသူတွေပါတဲ့။
ပြီးတော့ ၁ဝဝ မှာ လူ ၇ဝ ဟာ စာမဖတ်တတ်ဘူး။.........
(ဒါကတော့ အခုလောက်ဆို ပိုနည်းနေလောက်ပြီထင်ပါတယ်)
(တော်သေးတယ် ကိုယ်မပါလို့နော် ... စိတ်မပူပါနဲ့ ခင်ဗျားလဲ မပါပါဘူး...)

အယောက် ၅ဝ က အာဟာရ ချို့တဲ့နေပါတယ် ..တဲ့ ။ အစာရေစာ မ၀လင်ပါဘူးတဲ့။
(ဒါကတော့ ပိုများနေလောက်ပြီဗျ)

တစ်ရာမှာ တစ်ယောက်က အချိန်တိုင်းမှာ သေလုဆဲဆဲ ...တစ်ယောက်ကတော့ မွေးဖွားတော့မယ့် အခြေအနေတဲ့ ...။
ပြီးတော့ဗျာ ....တစ်ရာမှာ တစ်ယောက်ဆို တစ်ယောက်တည်းသော သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရနေပြီး
တစ်ရာမှာ တစ်ယောက်တည်းပဲ ကွန်ပျူတာ ပိုင်ပါတယ်တဲ့။

ဟုတ်ကဲ့ ...ခင်ဗျာ ... အဲဒီစာရင်းတွေဟာ ကမ္ဘာ့ပေါ်မှာ လက်ရှိ လူစားရင်းကိုအချိုးချထားတာပါ ...တဲ့ ။

ပြီးတော့ စာရေးဆရာက ဆက်ပြောထားပါတယ် ...
အဲဒီလို ကျကျနန စဉ်းစားလိုက်ရင် လက်ခံနိုင်ဖို့ ၊ နားလည်ပေးနိုင်ဖို့၊
ပညာကို တန်ဖိုးထားဖို့ အရေးကိစ္စတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်.....တဲ့။
ဒါတင်မကသေးပါဘူး...........

စာဖတ်သူဟာ ဒီနေ့ ကျန်းကျန်းမာမာနဲ့ အိပ်ရာထဲက နိုးထလာနိုင်တဲ့သူဖြစ်ရင် ....
ခင်ဗျားဟာ သည်တစ်ပတ်အတွင်းမှာ သေဆုံးရတော့မယ့်
ကမ္ဘာ့ပေါ်က လူတစ်သန်းထက် အများကြီး ပိုကံကောင်းတဲ့သူ ဖြစ်မနေဘူးလားဗျာ..။

စာဖတ်သူဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှ မခံစားဖူးဘူး၊
အကျဉ်းစံဘ၀ နဲ့ မနေဖူးဘူး၊ သူများနှိပ်စက်ညှင်းပန်းတာလည်း မခံဖူးဘူး၊
ငတ်လည်း ငတ်မနေဘူးဆိုရင် ခင်ဗျားဟာ အဲဒီလို ခံစားနေခဲ့၊ ခံစားခဲ့၊ ခံစားဆဲ ....
ကမ္ဘာ့လူဦးရေ ..သန်းပေါင်း (၅ဝဝ)ထဲမှာ မပါတဲ့
အင်မတိ အင်မတန် ကံကောင်းတဲ့သူပါတဲ့ ခင်ဗျာ ...
(ဂုဏ်ယူမယ်ဆို ယူလို့ရပါတယ်)


ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန်၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆောင်၊ ခန်းမ၊ ဗလီ စတဲ့ နေရာတွေကို အေးအေးဆေးဆေး သွားနေနိုင်တယ်။
အဲဒီလိုသွားလို့လဲ ခင်ဗျား အဖမ်းခံရမှာ ၊ အနှိပ်စက်ခံရမှာ ၊
အသက်ခံရမှာ လုံးဝ စိုးရိမ်ရတဲ့သူတစ်ယောက်မဟုတ်ဘူး.... ဆိုရင်တော့
အဲဒီလိုဖြစ်နေတဲ့ လူပေါင်း (၃) ကုဋ္ဋာ ထက် ပိုပြီး
အများကြီး ကံကောင်းနေသူပါ.ူ......တဲ့။

စားစရာတွေ မီးဖိုထဲမှာ ၊ ရေခဲသေတ္တာထဲမှာ၊ ကြောင်အိမ်ထဲမှာ အဆင်သင့်၊
ခါးပေါ်မှာလဲ အ၀တ်အစားနဲ့၊ နေရတော့လည်း အမိုးအကာအောက်၊ ကျောခင်းစရာနေရာလည်း ရှိတယ်ဆိုရင် ....
ဟုတ်ကဲ့ ...ကမ္ဘာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာပါတယ်တဲ့ခင်ဗျာ ....


ဘဏ်ထဲမှာ၊ အိပ်ကပ်ထဲမှာ ၊ အိမ်မှာ ငွေစကြေးစလေးနဲ့ဆိုရင်တော့
ခင်ဗျားဟာ ကမ္ဘာ့ပေါ်မှာ မရှိမရှားလူတန်းစား ၈ ရာခိုင်နှုန်းထဲမှာ ပါတဲ့သူပါဗျာ.....
(ကြွေးဝယ် ကဒ်တော့ မပါဘူးထင်တယ်......)

အင်း ...ရှိသေးတယ် ...
မိစုံဖစုံ ရှိသေးတယ်၊ အဖေနဲ့ အမေလည်း အခုအချိန်ထိ ပေါင်းသင်းနေတုန်းဆိုရင်
ကမ္ဘာ့ရှားပါးစာရင်းမှာ မိတ်ဆွေပါသွားပါပြီခင်ဗျာ. ..


နောက်ဆုံးပြောချင်တာကတော့ . . . .
အခု ဘလော့ဂ်ကို ၀င်ဖတ်နေတဲ့ မိတ်ဆွေကတော့ ကမ္ဘာ့မှာ
စာမဖတ်တတ်တဲ့ ကုဋ္ဋေ ၂ ရာထက် ပိုကံကောင်းတဲ့သူဆိုတာ သေချာပါတယ်တဲ့ ခင်ဗျာ ...


ကဲ ....... ဘယ်လိုလဲ ..
ကိုယ့်ကိုယ်ကို ကံဆိုးတဲ့သူ လို့ နောက်ဘယ်တော့မှ မငြီးမိစေနဲ့ပေါ့ဗျာ ...
ဟုတ်ပါတယ် ................
ကျွန်တော်တို့ ထင်သလောက် မဆိုးတဲ့ လောကပါ ...ခင်ဗျာ ....

(ဆရာအတ္တကျော်ရဲ့ စာတစ်ပုဒ်ကို ပြန်မျှဝေတာပါနော် ...)
ဘာပဲ ဖြစ်ဖြစ် မိတ်ဆွေ အခု စိတ်ချမ်းသာသွားတယ် မဟုတ်လား....
ကျွန်တော်ကလည်း မိတ်ဆွေတွေ စိတ်ချမ်းသာဖို့ တင်ပေးတဲ့ ပို့စ်ပါနော် ...)

(ကျေးဇူးပါဗျာ... စိတ်ဓာတ်ကျတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တွေ့ရင်လည်း
ဒီပို့စ်လေးကို ပြန်လည် မျှဝေပေးစေချင်ပါတယ်)

1 comments:

Nge Naing said...

ဖတ်ပြီး သဘောကျသွားတယ်။ ပြန်လည် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

Post a Comment