Friday, January 8, 2010

ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ စာရင်း

ယုံကြည်ချက်ကြောင့် အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့
နိုင်ငံရေး အကျဉ်းသားတွေပါ ။ သူတို့ကို လွှတ်မပေးဘဲ တရားမျှတတဲ့
ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတော့ ..ဟိုဟာသလေးကိုသတိရမိပါတယ်.
“ တစ်ချိန်တုန်းက အီရတ်မှာ ဆာဒမ်ဟူစိန် အုပ်ချုပ်နေတုန်းကပေါ့
သူ့လုပ်ရပ်မှားတွေကို အမြဲလှောင်ပြောင်တတ်တဲ့ ကိုဇာဂနာ လိုမျိုး
ဟာသပညာရှင်တစ်ယောက်ရှိတယ် ။ တစ်နေ့မှာ ဆာဒမ်က ဟာသပညာရှင်
ကို သူ့နန်းတော်ထဲမှာ ခေါ်တွေ့တယ်.
ဟာသ ပညာရှင်ဟာ နန်းတော်ထဲကို ရောက်တော့ အလွန်ကြီးကျယ်ခန်းနားတဲ့
ခန်းမဆောင်တွေ ၊ ကော်ဇောနီတွေ၊ရွှေ နဲ့လုပ်ထားတဲ့ ကုလားထိုင်တွေကို တွေ့လိုက်ရတယ်။
ဆာဒန်က ဟာသ ပညာရှင်ကို ရွှေ ကုလားထိုင်မှာ ထိုင်ခိုင်းတယ်
ပြီးတော့ မင်း ငါ့ကို ဟာသ လုပ်နေတယ်လို့ ငါကြားတယ်
မင်းသိထားရမှာ က တိုင်း သူပြည်သားတွေသာ ငါ့စကားကို နားထောင်
ငါခိုင်းတဲ့အတိုင်း လုပ်၊ ငါ့အစီအမံတွေကို သာ လိုက်နာမယ် ဆိုရင်
အားလုံးဟာ အခု မင်းမြင် သလို တတိုင်းပြည်လုံး နေထိုင်နိုင်မယ် ကွ .... လို့ပြောသတဲ့
အဲဒီ အခါ
ဟာသ ပညာရှင် ပြန်ပြောလိုက်တာက
မင်းကြီး .. မင်းကြီး ကို ကျွန်တော်က ဟာသ ပြောဖို့လာတာပါ
အခု မင်းကြီး က ကျွန်တော့် ကို ဟာသ တွေ ပြန်ပြောနေပါလား .....
အခု လည်း ကျနော်တို့နိုင်ငံမှာ အဲလိုမျိုး ဟာသ တွေ ပြောနေတဲ့ စစ်အုပ်စု နဲ့ ကြုံ နေရတော့
ရွေး ကောက်ပွဲဆိုတာ ဟာသ များပြောနေသလား အောက်မေ့မိပါတယ် ..။


Prisioner List

0 comments:

Post a Comment