(၁)အလုပ်သမားတွေကိုဘာ့ကြောင့်စည်း၇ုံးတာလဲ၊
အလုပ်သမားထုဟာတိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားအတွက်မရှိမဖြစ်လိုအပ်တဲ့သူတွေဖြစ်တယ်၊
အလုပ်သမားထုရဲ့ ကုန်ထုတ်စွမ်းအားတွေကြောင့်စစ်အုပ်စုဟာသူ့ ရဲ့ အုပ်ချုပ်ရေးပိုလည်ပတ်
နိုင်တာပဲဖြစ်တယ်။ဒါပေမဲ့ အလုပ်သမားထု ထမင်းမ၀တာတွေ သားသမီးတွေပညာမသင်ပေး
နိုင်တာတွေ ဟာ စစ်အုပ်စုရဲ့ တာဝန်မဲ့မှုကြောင့်ဆိုတာ အလုပ်သမားထု သိနိုင်မှ သူတို့ ကိုအဲဒီ့
အသိတွေလက်ဆင့်ကမ်းပေးနိုင်မှ အလုပ်သမားထု ဟာ ကိုယ်ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ
အတွက်တောင်းဆိုတက်လာမှာဖြစ်တယ် ။ဒါမှစစ်အုပ်စုရဲ့မတရားမှုတွေကို အင်နဲ့ အားနဲ့ ခြေ
မှုန်းနိုင်မှာဖြစ်တယ်။ဒါ့ကြောင့် အလုပ်သမားတွေကို မိမိ ကကိုယ်ချင်းစာစိတ်ထားပြီးစည်းရုံး
ဆွေးနွေးကြရမှာဖြစ်ပါတယ် ။။
အလုပ်သမားတွေရဲ့အခွင့်အရေးဆုံးရှုံးနေတဲ့အတွက်တိုင်း်ပြည်မှာပြည်သူတွေ မွဲရတယ်ဆိုတာ
အထူးပြောစရာမလိုဘူး။ ဒါ့ ကြောင့်အလုပ်သမားထုရဲ့အင်အားနဲ့ စွမ်းရည်ဟာမတရားတဲ့အုပ်
ချုပ်ရေးယန္တယား ကို ဖြို ချပစ်နိုင်မဲ့ အဓိက အင်အားစုပဲဖြစ်တယ်။။ဒီ့အပြငှ်ုဥ လို့ ခေါ်တဲ့
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးနဲ့ လည်း မြန်မာနိုင်ငံဟာအလုပ်သမားအခွင့်
အရေးဆိုင်ရာသဘောတူညီမှုတွေရှိတာကြောင့် အလုပ်သမားဆိုတာ နယ်စီးမခြားဘူး နိုင်ငံ
တစ်ကာမှရှိတဲ့အလုပ်သမားထု နဲ့ အခွင့်အရေးတန်းတူရှိရမယ်ဆိုတာ အလုပ်သမားတွေ ပို မို
နားလည်လာနိုင်ဖို့  မိမိတို့ အနေ နဲ့ အလုပ်သမားထုကို မဖြစ်မနေ စည်းရုံးရမှာဖြစ်ပါတယ်။။
(၂)အလုပ်သမားတွေကိုဘယ်လိုစည်းရုံးမလဲ
(က)သူတို့ ရှိတဲ့ စက်ရုံ အလုပ်ရုံ ၀န်းကျင်တွေ မှာ ကိုယ်က သွားရောက်လည်ပတ်(ဥပမာ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး လက်ဖက်ရည်ဖိုးရှင်းတာမျိုး သူတို့ ရဲ့ ဘ၀အကြပ်အတည်း
ခံစားချက်တွေ ကို လက်ခံနားထောင်ပေးတာမျိုး လုပ်ပြီးရင်းနှီးမှုကိုရယူရပါမယ် )
(ခ)ရင်းနှီးမှုရပြီဆိုရင်ယုံကြည်မှုကိုတည်ဆောက်ရပါမယ် ကိုယ့်ကိုသူယုံလာအောင်လုပ်တာ
က သူတို့ နေသလိုစားသလိုမျိုး ကိုယ်စားဖို့ ဝန်မလေးပါနဲ့ ၊သူတို့ သားသမီး မိသားစုကိုနွေး
နွေးထွေးထွေးဆက်ဆံပါ ။ ကိုယ်ဟာသူတို့ နဲ့တစ်ထပ်တည်းခံစားမှုရှိတယ်ဆိုတာသိစေပါ။။
(ဂ) သူတို့ ရဲ့မပြေလည်မှုတွေ သောကတွေ ဘယ်ကဘာ့ကြောင့်ဖြစ်လာလဲ ဆို တာကိုသူတို့ 
က ကံကြောင့်သော်လည်းကောင်းယောင်္ကျားညံ့လို့ မိန်းမညံ့လို့ သော်လည်းကောင်း ပြောဆို
နေကြပါလိမ့်မယ် အဲဒီ့အခါ သူတို့ ကိုကိုယ်က ထင်ထင်ရှားရှားထောက်ပြရမှာစစ်အုပ်ချုပ်ရေး
ကြောင့်ဖြစ်တယ်ဆိုတာပါပဲ ။
(ဃ)ဘာ့ကြောင့်ပြောနိုင်တာလဲ မေးရင် စစ်ဗိုလ်ချုပ်တွေရဲ့မိသားစုတွေ ဘ၀နဲ့ ကိုယ်တွေဘ၀ ယှဉ်ပြရပါမယ် ။ပြီးနောက် မြန်မာပြည်ဟာ ကမ္ဘာမှာ အကောင်းဆုံး ပတ္တမြား အကောင်းဆုံး
ကျွန်းသစ်၊အကောင်းဆုံးကျောက်စိမ်းအပြင်ရေနံ သဘာဝဓွတ်ငွေ့ တွေအင်မတန်ကြွယ်ဝတယ်
အဲဒါတွေဟာပြည်သူပိုင်ဖြစ်တယ် ။ စစ်အစိုးရဟာ စီမံတဲ့နေရာမှာတာဝန်ယူရမှာဖြစ်ပြီးဒီသယံ
ဇာတတွေကထွက်ရှိလာတဲ့အကျိုးအမြတ်တွေကို ပြည်သူတွေရဲ့ကျမ်းမာရေး နဲ့  ပညာရေးမှာ
သုံးစွဲရမှဖြစ်ပေမဲ့ ခုစစ်အစိုးရဟာပြည်သူတွေရဲ့လုပ်အား(ခွန်အား)တွေကိုသာမတရား အသုံး
ပြုနေပြီး အဲဒီ့ ကရလာတဲ့အကျိုးအမြတ်တွေ ကို မိသားစုထဲမှာပဲ သုံးမကုန်ုဖြုန်းမကုန်အောင်
ဂုတ်သွေးစုတ်နေတာကြောင့်ပြည်သူတွေ ဒီဘ၀ရောက်ရတယ်လို့ ရှင်းပြရပါမယ်။
(င) ဥပမာပေးပြောရပါမယ် -- ထိုင်းနိုင်ငံဆို သူတို့ နိုင်ငံသားရဲ့အခြေခံ အနိမ့်ဆုံး လုပ်ခဟာ
ဘတ် -၁၅၀ ကျော်ဖြစ်တယ်မြန်မာငွေ ၅၀၀၀ ကျပ်ဟာအနိမ့်ဆုံးပါ (ပညာနည်းသူတွေအ
တွက်လို့ ပြောလို့ ရပါတယ်) အမေရိကန်မှာ သူ့ ပြည်သူ ပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်
အနိမ့်ဆုံး လုပ်ခက တစ်နာရီ ၇ $ ဖြစ်ပါတယ် ။ကျပ် နဲ့  တစ်နာ၇ီ ၇၀၀၀ ကျပ်ပါ ။ကိုယ်
ငါးနာရီပဲ လုပ်ချင်လည်းရပါတယ် ။ အိုက်နိုင်ငံတွေဟာမြန်မာလို သယံဇာတ ပေါသလားဆို
မပေါများပါဘူး ။သူတို့ အစိုးရက သူတို့ ပြည်သူကို နေစရာ တိုက် စီးစရာကားတောင် အကြွေး
ရောင်းပြီးပြည်သူကိုဖွံ့ ဖြိုးစေ့ချင်တဲ့သူပါ ။
(စ)နိုင်ငံရေး ဆိုတာ တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုတာတို့ ကို ပြောစရာ
မလိုပဲ ကိုယ့်အခွင့်အရေးကိုကိုယ်တောင်းဆိုတက်အောင်နဲ့ တောင်းဆိုတဲ့အခါ စုပေါင်းတောင်း
ဆိုတက်အောင် နည်းပေးရပါမယ် ။ဥပမာစကားလေး နဲ့ ပြောရင် နွံထဲ၌လှည်းဘီးကျွံနေသည်
ကူ၍တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလားပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ။။ ဆိုတဲ့
ကဗျာလေးမျိုး၇ွတ်ပြရမယ်။ထင်းအစည်း လိုက်ဆို ချိုးဖို့  မလွယ်တာလေးတွေရှင်းပြရပါမယ်။။
(ဆ)အလုပ်သမားတွေ နဲ့ အနီးဆုံးဝန်းကျင်မှာနေပြီး သာရေးနာရေးအသင်း(သို့ ) ငွေစုငွေချေး
အသင်းလေးတစ်ခု တည်ဆောက်ကြည့်ပါ)အိုက်အသင်းလေးင်္ကွြှ့ ရဲ့ နတ်ဝက်လေးတစ်ခု
အဖြစ်အစပြုရာမှနောင်မြန်မာပြည်အတွင်းမှာ ခိုင်မာတဲ့အလုပ်သမားသမဂဖြစ်လာပါလိမ့်မယ်။
ဘာအခွင့်အရေးတွေဆုံးရှုံးနေလဲ
ကုမဏီ တစ်ခုဆိုလျှင် (အထည်ချုပ် (သို့ ) ငါးအအေးခန်း) လှိုင်သာယာရွှေပြည်သာ
(၁) လုပ်ခလစာ (ထမင်းစားရန် မလုံလောက်ခြင်း)
(၂)အိုဗာတိုင်းကြေး (မိမိဆန္ဒမရှိပဲ မဆင်းမနေဆင်းရသည် ရက်ပျက်ပါက ရက်မှန်ကြေး အဖြတ်ခံရမည်ဆိုးသဖြင့် ပိတ်ရက်မရှိနားချိန်မရှိအလုပ်ဆင်းကြရသည်။) အိုင်အယ်အို
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီးနှင့်သဘောတူထားသည် ကွန်ဗန်းရှင်း
ဃ-၂၉ နှင့် ညှိသည်။(မိမိဆန္ဒမပါပဲ သိန်း တစ်ထောင်ပင်ပေး၍စေခိုင်းသည်ကိုခံရစေမူ
အဓမ္မလုပ်အားစေခိုင်းခံရမှုမြောက်သည်။)
(၃) လုပ်ငန်းခွင်ဘေးကင်းမှုမရှိ ( အထည်စက်ရုံတွင် နှာခေါင်းပါးစပ်စည်းများထုတ်မပေး
ထားသဖြင့် တီဘီရောဂါဖြစ်နိုင်သည်။) စတီးစက်ရုံတို့ တွင် လက်ပြတ်မှု သစ်စက်တို့ တွင်
ကျိုးပဲ့ လက်ပြတ်ခြေပြတ် )စသည်တို့ ကိုကောင်းမွန်စွာကုသပေးခြင်း လျော်ကြေးပေးခြင်း
မရှိမှု
(၄) ဖယ်ရီ ကိစ္စ ( မိန်းမငယ်လေးများ ဘ၀ လုံခြုံမှုမရှိ ညနက်သည်အထိ အလုပ်ဆင်းရသ
လို ကြိုပို့ ကားများနေအိမ်အထိပို့ ဆောင်ခြင်းမရှိ သလို ဖယ်ရီစရိတ်လည်း လုပ်ငန်းခွင်ရပိုင်
ခွင့်မှဖြတ်တောက်နေမှု
(၅)ကိုယ်ဝန်ဆောင်အခွင့်အရေးဆုံးရှုံးနေမှု ( မမွေးဖွါးခင် နှင့် မွေးဖွါးပြီး လစာပေခွင့်ရရှိရန်)
(၆)အကြောင်းကြောင်းကြောင့်စက်ရုံပိတ်လျှင် (အလုပ်ဖြုတ်လျှင်) သုံးလစာ ငွေပေးရမည်ကို
မသိကျေးကျွံပြုထားခြင်း စသည့် အခွင့်အေ၇းများအပြင် လုပ်ငန်းခွင်အသီးသီးတွင် အဓိက
လုပ်ခလစာမလုံလောက်ခြင်းအဓမ္မစေခိုင်းခြင်း မိမိလုပ်အားခနှင့်တန်ရာတန်ကြေးမရတာမှန်
သမျှ စုပေါင်း၍ ဆန့်ကျင်တောင်းဆိုနိုင်သည်။။
(၇) တောင်းဆိုရာတွင် အလုပ်၇ှင်ထံသို့ သာ ပထမအကြိမ်လက်မှတ်ထိုးတောင်းဆို ခြင်း
ထိုမှ မလိုက်လျောလျှင် အလုပ်ရုံရှေ့တွင် စုရုံး ဆနပြတောင်းဆိုခြင်း၊ထိုမှမရလျှင်
စစ်အုပ်စုယန္တယားတစ်ခုလုံးရပ်တန့် သွားစေရန် အခြားစက်ရုံများ အစိုးရဌါနများ
မီးရထား ၊ကား ၊ ဆက်သွယ်ရေးလုပ်ငန်း ဆိုင်ရာဝန်ထမ်းများကိုပါစည်းရုံး၍ အစိုးရ
အား ဖိအားပေးခြင်း တို့ ကို ငြိမ်းချမ်းစွာပြုလုပ်နိုင်သည်။။
Facebook Account Hacking
7 years ago
0 comments:
Post a Comment