ပြည်ပအလုပ်အကိုင် လုပ်ကိုင်ခွင့်မရှိသော တရားမ၀င်အေးဂျင့် ၂၀ ကျော်ကို ဇန်န၀ါရီ နောက်ဆုံးပတ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ မကြာသေးမီအချိန်က မလေးရှားသို့ ဗီဇာအတု၊ စာရွက်စာတမ်း အတုများဖြင့် စေလွှတ်ခံရသူ မြန်မာအလုပ်သမား ၈၀ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရှိခဲ့သည့် ဖြစ်ရပ်အပြီး ရန်ကုန်ရှိ ပြည်ပအလုပ်အကိုင် အေးဂျင့်များကို သက်ဆိုင်ရာ ဗဟိုစုံစမ်းစစ်ဆေးရေး အဖွဲ့က လိုက်လံစစ်ဆေးရာမှ တရားမ၀င်အေးဂျင့်များကို ယခုကဲ့သို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ရန်ကုန်ရှိ တရားဝင်လိုင်စင် အေးဂျင့်တစ်ခုက ပြောသည်။ “ဗီဇာအတုနဲ့ မြန်မာလုပ်သားတွေ စေလွှတ်ခံရတဲ့ ကိစ္စမှာ ရန်ကုန်က အေးဂျင့် ၁၂ ခုနဲ့ ပတ်သက်နေတာကို တွေ့ရလို့ အခုလို အေးဂျင့်တွေကို သက်ဆိုင်ရာက လိုက်လံ စစ်ဆေးနေတာပါ။ အခုဆို အလုပ်သမားဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ အေးဂျင့်တွေ အားလုံးကို မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးဖို့၊ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဖို့ အကြောင်းကြားထား ပါတယ်”ဟု ရန်ကုန်ရှိ တရားဝင်အေးဂျင့် တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Melbourne near me Trusted Removalist
10 months ago
0 comments:
Post a Comment