Showing posts with label စာနာမှု. Show all posts
Showing posts with label စာနာမှု. Show all posts

Friday, April 16, 2010

ရက်စက်ပါပေ့ကွယ်


ကျနော် မနေ့က ရေကစားနေတာကြည့်ရင်း ကြည်နူးမိသည်။ ဒုက္ခအပေါင်းတို့ရဲ့ခဏတာ အပန်းဖြေရာ..။ ဒီသင်္ကြန်ဆိုတဲ့ ကျနော်တို့လူမျိုးတို့ရဲ့စိတ်ထွက်ပေါက်ပျော်ပွဲ...။ သူတို့မှာ အင်တာနက်ကို မသိဘူး...။ သူတို့မှာ မနက်ထမင်းစားပြီးရင် ညနေဘယ်လိုစားရမယ်ဆိုတာစဉ်းစားနေရတယ်...။ သူတို့မှာ ကျောင်းတွေရှိပြီး ပညာမတတ်ဘူး...။ သူတို့မှာ ဘွဲ့ရပြီး အလုပ်မရှိဘူး..။ သူတို့မှာ မီးမလာတာလည်း ဒုက္ခ လို့ ...ရေမလာတာလည်း ဒုက္ခ လို့ တောင် မပြောနိုင်လောက်အောင် ဆွံ့အနေကြပြီ...။ သူတို့မှာ ဘယ်အရာဟာ လူ့အခွင့်အရေးဆိုတာ မသိကြနိုင်လောက်အောင် ပိတ်လှောင်ခံနေရတယ်......။ သူတို့မှာ.....သူတို့မှာ........သူတို့မှာ.............။
         ဒါပေမယ့် သူတို့မှာ စေတနာရှိတယ်..။ သူတို့မှာ လူတွေကိုခွင့်လွှတ်တတ်အောင် သင်ကြားပေးတဲ့ ဘာသာတရားရှိတယ်...။ သူတို့မှာ အစေ့ချရင် အပင်ပေါက်တဲ့ မြေဆီလွှာကိုပိုင်ဆိုင်ထားတယ်...။ သူတို့မှာ မြင်သာမြင်ပြီး ခံစားခွင့်မရှိတဲ့ ဓာတ်ငွေ့သိုက်တွေ ပိုင်ဆိုင်ထားတယ်...။ သူတို့မှာ ဖုန်းဆိုတာကို ချမ်းသာသူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတစ်ခုလို့နားလည်ထားတဲ့စိတ်တွေရှိတယ်....။ သူတို့မှာ ကံ ၊ ကံ၏ အကျိုးဆိုတာ အကြွင်းမဲ့ယုံထားတယ်....။ သူတို့မှာ ပြောသလောက်သာ သိနေရတယ်..။ သူတို့မှာ ..........။ သူတို့မှာ...........။
           ဘာပဲဖြစ်ဖြစ် ဒီပွဲတော်ဟာ သူတို့ရဲ့ ယဉ်ကျေးမှု ၊ သူတို့ရဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရာ ၊ ဘ၀အမောတို့ပြေပျောက်ရာ......။
          ညနေ (၄) နာရီလောက် ရောက်တော့ ပျင်းတာနဲ့ အွန်လိုင်းတက်ဖြစ်တယ် ..။ ဘလော့ကိုဝင်ပြီး Gtalk ကို ဖွင့်လိုက်တယ်ဆိုရင်ဘဲ ဟိုက သည်က မိတ်ဆွေများ က ပြောကြတယ် ... ဗုံးပေါက်လို့တဲ့ ...
သင်္ကြန်မဏ္ဍာပ်မှာ .... လူတွေသေတယ်တဲ့.... လူတွေ ဒဏ်ရာ ရတယ်တဲ့........။ ကျနော် အထက်တန်းက သင်ဖူးတဲ့ စကားပြေလေးထဲ က စာသားလေးကို သတိရမိတယ် ...။ “ စပါးကြီးမြွေကိုက်၍ပင်ပန်းသောသူ ကို ပုတ်ခတ်ဘိသကဲ့သို့ လည်းကောင်း ၊ သွေးပြည်ယိုစီးလျှက်ရှိသော အနာကို ထက်စွာသော ဆူးငြှောင့်ဖြင့်ထိုး ဘိသကဲ့သို့လည်းကောင်း...” ဆိုတာလေးပါ....။ ကျနော်တို့ပြည်သူဟာ အရာရာမှာ နာလှပါပြီ...။ အရာရာမှာ အောက်တန်းကပါ....။ ဒီလို ပြည်သူကိုမှ မြေစာပင်လုပ်ရက်တဲ့ သူများကို ရင်နာနာနဲ့ ပြောလိုက်ချင်ပါတယ် “  ရက်စက်ပါပေ့ကွယ် ”......။

written by ခေတ်သစ်

Saturday, March 6, 2010

သင့်နှလုံးသားကို မေးကြည့်စမ်းပါ


 
ကျေးဇူးပြု၍ လူသားချင်း စာနာထောက်ထားသောအားဖြင့်၊ ကွန်ပြူတာရှေ့  မှထိုင်ရာမထဘဲ ကုသိုလ်လုပ်သော အားဖြင့် ယခုမေးလ်လေးကို သင့်အကောင့်ထဲရှိသူများ အားလုံးဆီသို့ ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
 
We are not asking for your MONEY. We are asking for your HEART. (Jet Li)
စေတနာရှင်များခင်ဗျား !
ဟောဒီကမ္ဘာပေါ် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် စေတနာရှင်တို့ရဲ့ အကူအညီကို မျှော်လင့်ရင်း ဘ၀ကို ကြိုးစားရှင် သန် နေကြတဲ့ လူသားအချို့ ရှိနေပါသေးတယ်ဆိုတာ သတိရပေးလိုက်ရင်ဘဲ စေတနာရှင်များကို ရန်ကုန်တိုင်း၊ ဖေါင်ကြီးအလွန်၊ မရမ်းချောင်းကျေးရွာမှာ ရှိနေတဲ့  မြန်မာလူမျိုး အနာကြီးရောဂါ  ဝေဒနာသည်တွေက ကျေးဇူးတင်နေကြရင်း သူတို့အသက်ရှင် ရပ်တည်မှုအတွက် အင်အားတွေ တိုးပွါးလာကြမှာပါ။.....
 
 
ကျွန်တော်တို့ သိတဲ့ သူတို့အကြောင်း
အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရား မဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒ နာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက် ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။
 
 အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူ အညီ ယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံ လို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီ လှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။ သူတို့တွေကို အဲဒီမှာ ပြုစုစောင့်ရှောက်ပြီး ဆက်လက် အသက်ရှင်ရပ်တည်ဖို့ စုပေါင်းကြိုးစားနေကြပါတယ်။
 
စာရေးသူ သွားတုန်း အထဲက လူနာတွေ ပြောနေသံတစ်ချို့ ကြားခဲ့မိပါတယ်။
အမျိုးသား အဆောင်ထဲက ပြောနေသံတွေပါ လူကိုမမြင်ရပါဘူး...
"ငါတို့က အကောင်းနဲ့ မတန်ပါဘူးကွာ.... ဖန်ခွက်တွေ ဘာတွေနဲ့လည်း မဖြစ်ပါဘူး။" လို့ တစ်ယောက်က ပြောလိုက်ချိန်မှာ ဝေဒ နာသည် နောက်တစ်ယောက်က "ဟာကွာ ဘုရားကိုတော့ ဖန်ခွက်လေးနဲ့ ရေကပ်မှ ဖြစ်မှာပေါ့" တဲ့ ဒါနဲ့ ပထမဝေဒနာသည်က "ငါလဲ ကပ်ချင်တာပေါ့ကွာ..... ဒါပေမယ့် ငါတို့လက်တွေက ကိုင်မရဘူးလေ ခဏခဏ ကျကျကွဲနေတော့ ငါလဲ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ်။ မင်းဘဲ တော်သလို ဆက်လုပ်ပါတော့ကွာ .. ငါတော့ မလုပ်ချင်တော့ဘူးတဲ့"  စတဲ့အသံ တွေ အမျိုးစုံအောင် ကြားခဲ့ရပါတယ်။
၁။    ။ကူးစက်ရောဂါလိုမျိုး ဝေဒနာတစ်ခုကို ခံစားနေရတဲ့ ခင်ဗျားကို မိသားစုက တစ်အိမ်ထဲနေဖို့ အလိုမရှိတဲ့အခါ ခင်ဗျား အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ ?
 ၂။    ။အဲဒီရောဂါကြောင့် ခင်ဗျားရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက အတူမနေချင်တော့လို့ ကွာရှင်းခွင့် တောင်းလာရင် ခင်ဗျား ဘယ်လိုခံစားရမလဲ ?
 ၃။    ။ဒီရောဂါ အခြေအနေကြောင့်ပဲ ခင်ဗျားရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို မလုပ်နိုင်တော့ဘူးဆိုရင် ခင်ဗျား ဘာ ပြော မလဲ ?
 ၄။    ။ခင်ဗျားမှာ ရှိနေတဲ့ ဒီရောဂါလက္ခဏာကြောင့်ပဲ ခင်ဗျားရဲ့ သားသမီးဟာ ကျောင်းမှာ မျက်နှာအမြဲငယ်ရပြီး ခလေးအသိုင်း အ၀ိုင်းရဲ့ အပြင်ကို ရောက်နေရမယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ ?

  ဒီအခြေအနေတွေ ဒီအဖြစ်အပျက်တွေဟာ လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲနေတယ်ဆိုပေမယ့် အပြင်လောကမှာ တကယ်ဖြစ်ပျက် နေတဲ့  စစ်မှန်တဲ့ အမှန်တရား တွေပါ.. ဒီဖြစ်ရပ်တွေကို ရင်ဆိုင်နေရတဲ့ လူအချို့ အမှန်တကယ်ကို ရှိနေပါတယ်..
  ဘယ်သူတွေလဲ? ကံနာ ၀ဋ်နာ (သို့မဟုတ်) ရှေးဘ၀ကံ အကျိုးပေးတစ်ခုခု (သို့မဟုတ်) အခြေအနေ အကြောင်း အမျိုးမျိုး ကြောင့် ဒီဘ၀မှာ ခြေဆံ လက်ဆံလေးတွေ ဆုံးရှုံးခဲ့ရတဲ့ အနာကြီးရောဂါသည်ဆိုတဲ့ ကရုဏာသက်စရာ လူသားတွေပါ...
  စာရှုသူများလဲ အထက်ပါ စာပိုဒ်လေးဖတ်ပြီး အင်မတန် စိတ်မကောင်းဖြစ်မိမယ်ဆိုတာ စာရေးသူ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်တွေ့အနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာလူမျိုး ဝေဒနာသည်တွေ အခုရှိနေပါတယ်။ .  သူတို့တွေကို စာရေးသူတို့ ဘယ်လို ကူညီနိုင်ကြမလဲ... ဘယ်လိုကူညီကြမလဲ.. စာရေးသူ ၀ဘ်ဆိုဒ်လေးနဲ့ အနာကြီးရောဂါသည်များ ကူညီစောင့်ရှောက်ရေး စီမံ ကိန်းလေးကို အကောင်အထည် စတင် ဖေါ်ဆောင် နိုင်တဲ့နေ့ဟာ ဝေဒနာသည်တို့ရဲ့ နေ့ထူးနေ့မြတ်လေး ဖြစ်သလို လူသား တွေဖြစ်ပြီး အပယ်ခံလူသားဘ၀ ရောက်နေတဲ့ သူတို့တွေကို ကူညီဖို့ Mutdfan.com က ပရိသတ် အားလုံးနဲ့ ယခု ဒီစာကို ဖတ်နေတဲ့ သူများကလဲ ၀ိုင်းဝန်း ကြမယ်လို့ မျှော်လင့်မိပါတယ်။


မရမ်းချောင်း အနာကြီးရောဂါသည်များ ပရဟိတ ဂေဟာသို့ တတိယအကြိမ်မြောက် ရောက်ခဲ့ပြန်ပါပြီ။ ဆန် ၂ အိတ်၊ ဆေး ၉၉၉၅၀ ကျပ် ဖိုးနှင့် ဝေဒနာသည်တွေအတွက် အထူးသီးသန့်ပြုလုပ်ပေးမည့် ဘိနပ်လုပ်ရန် ကုန်ကြမ်း ၈၅၀၀၀ ကျပ်ဖိုး သွား ရောက် သွားရောက် ပေးပို့ ခဲ့ခြင်းဖြစ်သည်။ စာရေးသူက Leprosyhelp. org  ၏ မလေးရှားနိုင်ငံမှ အနာကြီးရောဂါသည် မသန်စွမ်း ဝေဒနာသည်များအတွက် ကူညီပေးရန် အလှူငွေလက်ခံပေးမည့်  ဆရာတော် ဥုးစရိယ ( ရတနာရာမကျောင်း ၊ N0, 30 SS2/72 Petaling Jaya, ) ကို မနက်ဖြန်တွင် တပည့်တော် မရမ်းချောင်း အနာကြီးရောဂါ ဝေဒနာသည်များထံ သွားပါမယ် ဘုရား၊ ဆရာတော် ဘာများ မှာစရာရှိပါသလဲဟု လျောက်ထားခဲ့ရာ ဆရာတော်က  " ဝေဒနာရှင်တွေကိုပြောပေးပါ ဦးဇင်းတို့ သူတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်လို့ ပစ္စုပ္ပန်ကံ မကောင်းပေမဲ့ အနာဂတ်ကံကောင်းအောင် လုပ်ဖို့ရာအချိန်တွေ အများကြီးရှိ ပါတယ်၊ ကြားရ သိရတဲ့သူတိုင်းလဲ ကရုဏာစိတ်တွေ တဖွားဖွားဖြစ်ပြီး ကူညီဖို့ရာ အားကြိုးမာန်တတ်ဆောင်ရွက်နေကြတယ်" ဟု မိန့်ကြားပေးခဲ့သည်။
လက်ရှိအချိန်အထိ စာရေးသူတို့ Mutdfan.com အယ်ဒီတာများ စုပေါင်းပြီး ပရဟိတလုပ်ငန်း ဆောင်ရွက်နေသည့် www.Leprosyhelp. org ဟူသည့် ၀ဘ်ဆိုဒ်လေးမှ မရမ်းချောင်းရှိ အနာကြီးရောဂါ ဝေဒနာသည်များ ကို ငွေပဒေသာပင်ကဲ့သို့ လုပ်ငန်းတစ်ခု လုပ်ပေးပြီး လစဉ်ဝင်ငွေ ရရှိစေရန် စီမံကိန်းချဆောင်ရွက်ရန်အတွက် အလှူခံပေးလျက်ရှိသည်။
 
 
တောင်ကိုရီးယားနိုင်ငံမှ ကိုထူးကိုကို (ကိုဂျာရက်) ဦးဆောင်ပြီး အလှူခံပေးခဲ့ရာမှ ကျပ်ငွေ သုံးသိန်း စာရေးသူ လက်ခံရရှိခဲ့ပြီး ဖြစ်သလို၊ စင်္ကပူနိုင်ငံမှ ကိုသန့်ဇင် အယ်ဒီတာ(Mutdfan.com) အလှူခံဌါနလေးမှလဲ အလှူငွေကျပ်တစ်သိန်းခွဲ စာရေးသူထံ ပို့ပေးခဲ့ပြီး  ဖြစ်သည်။ မလေးရှားနိုင်ငံမှ ဆရာတော်ဥုးစရိယ က ကိုယ်ပိုင်ငွေထဲမှ ငွေကျပ် တစ်သိန်းလှူဒါန်းခဲ့သလို www.Leprosyhelp. org တွင် တင်ထားသော အမေရိကန်နိုင်ငံရှိ ကိုတော်တီ၏ Paypal အကောင့်ထဲသို့လည်း Mutdfan.com မှ မိသားစုဝင် ကိုအဲ့ဂေမှ ဒေါ်လာတစ်ရာ၊ ကို Brokenworld မှ ဒေါ်လာငါးဆယ် အပါအ၀င် ထည့်ဝင်ငွေပေါင်း ဒေါ်လာ ၂၂၀ ခန့် ကိုတော်တီထံတွင် လက်ခံရရှိထားပြီး ဖြစ်သည်။ လက်ရှိငွေလွဲဖြင့် စာရေးသူထံ တိုက်ရိုက်လှမ်းလှူဒါန်းထားသူ Mutdfan.com မှ  Mutdfan.com မိသားစုဝင် တစ်ဦးဖြစ်သော ကို "ကကာကား" မှလဲ ငွေသုံးသိန်းကျပ် လွဲထားသည်ဟု ဖုန်းဆက်လာခဲ့သည်။ ကို မင်းသန့်ငယ်(ကလေး) အယ်ဒီတာ (Mutdfan.com)၊ ကို ရှမ်းလေး(မိုးနှဲ) အယ်ဒီတာ (Mutdfan.com) တို့မှလည်း လကုန်လျင် ထည့်ဝင်လှူဒါန်းနိုင်ရန် မေတ္တာသန့်အဖွဲ့အနေဖြင့် လှုပ်ရှား ကြိုးပန်း နေကြကြောင်း ၀မ်းမြောက်ဖွယ် သတင်းများ ရရှိထားခဲ့ သည်။ မန္တလေးအလှူခံဌါနမှလည်း အလှူငွေအချို့ ရရှိထားသလို လကုန်လောက်မှ စုပြီး လွဲကြမည် ဖြစ်သည်။
 
ကောင်းကင်မှ မိုးစက်လေးများ တစ်စက်ချင်းကျနေသည်မှာ နည်းသည်ဟု ထင်မြင်ရသော်လည်း စုပေါင်းမိသည့် အချိန်တွင်မူ စဉ့်အိုးများသာမက မြစ်ချောင်းအင်းအိုင် များပါ ပြည့်လျံဖြိုးရ သကဲ့သို့  ယခုလည်း စေတနာရှင်များ၏ အကြင်နာ နှင့် မေတ္တာပါ သော ကိုယ်ချင်း စာနာထောက်ထားသည့် အလှူများဖြင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ပရဟိတ ဂေဟာရှိ မသန်စွမ်း ဝေဒနာသည်များအတွက်  ဒုတိယအကြိမ် အဖြစ် ထပ်မံ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သလို ရရှိထားသော အလှူငွေများဖြင့် ဝေဒနာသည်များကို လစဉ်ပုံမှန်ထောက်ပံ့နိုင်ရန် အတွက် ငွေပဒေသာဘင်ကဲ့သို့ လုပ်ငန်းတစ်ခု လုပ်ပေးနိုင်ရန်မှာလဲ မဝေး တော့သော အချိန်ဖြစ်နေပြီဟု စာရေးသူတို့ မျှော်လင့်နိုင်နေပြီ ဖြစ်သည်။ ယခုအခေါက် အလှူမှာ ပမာဏအားဖြင့် မများသော ငွေကျပ် နှစ်သိန်းတစ်သောင်းကျော်သာ ဖြစ်သော်လည်း "ဝေဒနာရှင်တွေ ဆေးနဲ့ ဘိနပ်လိုနေ တော့မယ်" ဟူသည့် အတွေးဖြင့် အချိန်မီသွားပို့ သွားရောက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့ စီစဉ်ထားသည့်အတိုင်း ငွေ ပဒေသာပင်ကဲ့သို့ လစဉ်ပုံမှန်ဝင်ငွေ ဖြင့် ထောက်ပံ့ရေးကိုသာ ဦးတည်ထားခြင်း ဖြစ်သဖြင့် ရှိသမျှအကုန် မလှူခဲ့ခြင်းလည်း ဖြစ်သည်။
 
 ယနေ့ နံနက်စောစော ငါးနာရီခွဲ အချိန်က စာရေးသူ တက်ကြွစွာဖြင့် အိပ်ယာမှ အမြန်ထပြီး Mutdfan.com ဆိုဒ်ကလေးအတွက် လိုအပ်သည်များ အမြန်စီစဉ်ခဲ့သည်။ နံနက် ၆ နာရီခွဲအချိန်တွင် မရမ်းချောင်း ခရီးစဉ်လေးကို စတင်ဖြစ်ခဲ့သည်။  ညကတည်းက ဝေဒနာသည်တို့ ဘိနပ်အတွက် ကုန်ကြမ်းများ နှင့် ဆေးဝါးများ ကားအတွင်း ထည့်ထားခဲ့ပြီး ဖြစ်သဖြင့် ရှေ့ခန်းတွင် လူနှစ် ယောက်စီးရန် နေရာကျန်တော့သော ကားပေါ်တက်ကာ ဇနီးသည်နှင့်အတူ တက်တက်ကြွကြွလေး အနာကြီးရောဂါ မသန်စွမ်း ဝေဒသနာရှင်များထံ ခရီးနှင်ခဲ့သည်။ လှည်းကူးမြို့မှ ဆန် ၂ အိတ် ၀ယ်တင် လိုက်သောအခါ နောက်ခန်းတွင်လည်း ပစ္စည်းများ နှင့် ပြည့်နေပြီ ဖြစ်သလို ဆန် ၂ အိတ်၏ အလေးချိန်ကြောင့် ခေတ်ဟောင်း ၁၉၉၀ ထုတ်၊ စူပါစလွန်းကားစုတ်လေးမှာ မလူးသာ၊ မလွန့်သာ အနေအထားဖြင့် ဖေါင်ကြီးလမ်းခွဲလေး၏ လမ်းကြမ်းကြမ်းဒဏ်ကို အံတုရင်း ဝေဒနာသည်များထံ ခရီးနှင်ခဲ့တော့ သည်။ ရန်ကုန်မှ လှည်းကူးအထိ ကားမောင်းချိန်မြန်သလောက် ၂၆ မိုင်ခန့်သာ ရှိသော လှည်းကူးမှ ဖေါင်ကြီးအကျော် မရမ်း ချောင်းရွာလေး၏ ခရီးမှာ ၂ နာရီခန့်အထိ မောင်းခဲ့ရသည်။ မရမ်းချောင်း ရွာအ၀င် မြေနီလမ်းလေးကို မြင်လိုက်ရကတည်းက အမောတွေ ပြေခဲ့ရသည်။ အကူအညီ လိုအပ်နေသူတို့ထံ ရောက်တော့မည် မဟုတ်ပါလော....
 
မရမ်းချောင်း ပရဟိတ ဂေဟာအတွင်း ၀င်လိုက်သည်နှင့် " ဦးတာရေ၊"ဟု ဂေဟာမှ ဝေဒနာရှင်လည်းဖြစ် ကျွေးမွေး စောင့် ရှောက် ရေးအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သောသူအား ရှာဖွေမိသည်နှင့် မသန်စွမ်း ဝေဒနာရှင်များ ထွက်လာပြီး စာရေးသူတို့ ကို ၀မ်းသာအားရ နုတ်ဆက်ရင်း "မနေ့ညနေက ဦးတာ မန္တလေးကို လူနာ ခြေထောက် ဖြတ်ဖို့ သွားပို့ပါတယ်" ဟု ပြောပြခဲ့ သည်။ ဒုတိယတစ်ခေါက် စာရေးသူ ဝေဒနာသည်များထံ သွားစဉ်က အဆိုပါ ခြေထောက်ဖြတ်ရမည့် လူနာနှင့် တွေ့ခဲ့သည်။ သူ့ခြေထောက်က တဖက်ဖြတ်ပြီး ဖြစ်သဖြင့် လက်တွန်းလှည်းလေးဖြင့် တွန်းလာခဲ့ပြီး စာရေးသူနှင့် တွေ့ဆုံစေရန် ဦးတာက စီစဉ်ပေးခဲ့သည်။ သူ့နာမည် ဦးမြ၀င်း ဖြစ်ကြောင်း မိတ်ဆက်ပေးရင်း "တွေ့ရသည်ကို ၀မ်းမြောက်ပါကြောင်း" စာရေးသူကို ပြောခဲ့သည်။ သူ၏ ဝေဒနာကို မေးမြန်းကြည့်ခဲ့ရာ "ကျန်ရှိနေသေးသည့် ခြေထောက်ရှိ အနာမှာ ပုတ်နေပြီး ငါးရှဉ့်တွင်းများကဲ့သို့ အပေါက်များ ဖြစ်နေသဖြင့် ညဖက် အိပ်နေလျင် အကြောဆွဲသလို မိမိမသိဘဲ ထန်ထန်ကန်ကျောက်တတ်ကြောင်း၊ အရိုးမှ အနာဖြစ်သဖြင့် နာကျင်သဖြင့် ညအိပ်မရကြောင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ရသဖြင့်လည်း အစာအိမ်နာကြောင်း၊ အိပ်မရသဖြင့် အစားလည်း စားမ၀င်ကြောင်း" စသည်ဖြင့် ပြောပြခဲ့သလို လက်ကျန် ခြေထောက် တစ်ချောင်းပါ ဖြတ်ရန် မန္တလေးရှိ ရေနံသာ အနာကြီးရောဂါကု ဆေးရုံသို့ သွားလိုသည်ဟု ဦးတာအား ပြောပြထားကြောင်းဖြင့် ရှင်းပြခဲ့သည်။


အဆိုပါ ဖြစ်ရပ်လေးမှာ Mutdfan.com မှ ကိုမင်းသန့်ငယ်(ကလေး) ဦးစီးသော မေတ္တာသန့်အဖွဲ့၏ ဝေဒနာသည်များအတွက် အလှူကို  စာရေးသူ လိုက်ပါသွားပြီးနောက် ကိုယ့်အစီအစဉ်ဖြင့် ထပ်သွားသော ခရီးစဉ်ဖြစ်ပြီး အနာကြီးရောဂါသည် ဝေဒနာရှင် များအတွက် ၁၀၀% ကူညီလိုစိတ် ဖြစ်လာစေရန် အထောက်အပံ့တစ်ခုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယခုအကြိမ် သိရသည်ကတော့ အဆိုပါ ဝေဒနာသည်ကြီး အဘ ဦးမြ၀င်း အလိုရှိသလို ခြေထောက်ဖြတ်ပေးရန် ဒေါက်တာ အောင်ရဲကျော် နှင့် ဦးတာတို့  စီစဉ် ပေးလိုက်ပြီဖြစ်သည်။ ရန်ကုန်အရိုးရောဂါကုဆေးရုံ၏ လွဲစာဖြင့် ရေနံသာအနာကြီးရောဂါဆေးရုံသို့ ကျန်ရှိသော ခြေထောက် တစ်ဖက် ဖြတ်တောက်ကုသ ပေးမည်ဟုလည်း သိရသည်။

မနေ့ညက ပဲခူးမြို့အထိ ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဦးလှဌေးက သူပိုင် တက္ကစီ ကားလေးဖြင့် လိုက်ပို့ပေးခဲ့ပြီး ပဲခူး မှတဆင့် မန္တလေးအထိ ရထားဖြင့် ဆက်သွားမည်ဖြစ်သလို မန္တလေးဘူတာမှ ရေနံသာ ဆေးရုံအထိ ဝေဒနာသည်များကို လက် ရှိဆေးကုပေးနေသော ဒေါက်တာအောင်ရဲကျော် (Mutdfan.com မိသားစုဝင် Nick Name - တောကျီးကန်း ) ၏ မိဘများက ပို့ဆောင်ပေးမည်ဟု သိရသည်။ ( ပဲခူးအထိ  ဒေါက်တာအောင်ရဲကျော်လဲ လိုက်သွားခဲ့ကြောင်း ယခု သတင်းရေးနေစဉ် ဒေါက် တာအောင်ရဲကျော်၏  စာရေးသူထံ ရိုက်ထားခဲ့သော G-talk Massage အရ သိခဲ့ရသည်။ ) ဦးတာက မသန်စွမ်း ဝေဒနာသည် ဖြစ်သော်လည်း ယခုလို ကိစ္စများအတွက် ခေါင်းဆောင်မှုစိတ် အပြည့်အ၀ဖြင့် လိုက်ပို့ပေးနေကြ ဖြစ်သည်။ ယခုအချိန်လောက်ဆို ပဲခူးမှာ မန္တလေးညရထား စောင့်နေပေတော့မည်။.... သူတို့ကို ပဲခူးမှာ လက်ခံသော သူရော ရှိပါရဲ့လား။ ဘူတာမှာ နားနေမည်ထင်သည်။...  သူတို့အနားကို လူတွေ ဝေးဝေးရှောင်ကြနေကြမည်လား..  ရထားပေါ်မှာရော အဆင်ပြေကြ ပါ့မလား....... 
ဦးတာမရှိသဖြင့် စာရေးသူက ဂေဟာမှူး ကိုသန်းဦးအား ခေါ်ပြီး အလှူပစ္စည်းများ လက်ခံရန် စီစဉ်ခိုင်းရသည်။ ဝေဒနာသည် များကလည်း စာရေးသူတို့အနား လာကြပြီး မိသားစုဝင်များသဖွယ် နုတ်ဆက်ကြသည်။ ဒီကြားထဲ လွန်ခဲ့သောလ ၂၈ ရက်နေ့က ရွှေပြည်သာရှိ မေတ္တာရှင် ဆရာတော်က ဝေဒနာသည်များထံလာပြီး  တရားပွဲလေး လုပ်ပေးအပြီး အလှူရှင်များ နောက်ထပ် လာကြသေးသလားဟု စာရေးသူ မေးလိုက်ရာ လာကြပါကြောင်း လွန်ခဲ့သော ၁၆ ရက်နေ့က စာရေးဆရာ ဦးချစ်စံဝင်းလည်း လာရောက် လှူဒါန်းသွားပါသေးကြောင်း ပြောပြကြသလို ဂေဟာ၏ ဧည့်သည်တော်မှတ်တမ်းလေးအား ပြေးယူပြကြသည်။
အကြောင်းတိုက်ဆိုင်လှသဖြင့် စာရေးသူက ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)မှ အနာကြီးရောဂါ ဝေဒနာသည် များထံ အမြဲလိုလို ကူညီနေသည့် အကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ဆရာတော်က ဦးချစ်စံဝင်း၏ စာအုပ်အတွင်းမှ မရမ်းချောင်း ဝေဒနာသည်များအကြောင်း သိခဲ့သည့် ဆရာတော်ဖြစ်သည်။ ဆရာတော် ရေးသည့် စာအတွင်းမှ အချို့ကို ကူးပြ လိုသည်။ "ဆရာချစ်စံဝင်းနှင့် အနာကြီးဝေဒနာရှင်များ စတင်တွေ့ရှိပုံမှာလည်း အံ့သြဖွယ်ရာ၊ ကြေကွဲဖွယ်ရာ ကောင်းလှသည်။ (၁၉၈၉) ၀န်းကျင်ခန့်က ထောက်ကြံ့တွင် နေထိုင်သော အနာကြီးဝေဒနာရှင်များ မရမ်းချောင်းရွာသို့ ပြောင်းကြသည်။
 
 
ထိုနေရာမှာ ရေမရှိ၊ မီးမရှိသော ငှက်ဖျားတောကြီး ဖြစ်သည်။ လှည်းကူးမြို့နှင့် (၂၂) မိုင်ခန့် ဝေးသည်။ ရောက်စအချိန်က နေ စရာ၊ စားစရာ မရှိသောကြောင့် ဝေဒနာရှင်များမှာ တောထဲတွင် ဖြစ်သလိုနေရပြီး စားစရာ မရှိသောကြောင့် မျှစ်များကို ပြုတ်စား ကြရသည်။ဝေဒနာရှင်များမှာ ငှက်ဖျားမိပြီး သေကြသည်မှာ အယောက်လေးရာကျော်ခန့်ရှိသည်။သူတို့သည် လူတစ် ယောက် သေတိုင်း ကြေးစည်ရိုက်ပြီး အသိပေးလေ့ ရှိသည်။ လူများ ဆက်တိုက်သေ၍ ကြေးစည်ကို ဆက်တိုက် ရိုက်ရသောကြောင့် တစ် နေ့တွင် ကြေးစည်မှာ ကွဲထွက်သွားသည်။ ကြေးစည် ရိုက်စရာ မရှိသောကြောင့် ကြေးစည် အလှူခံရင်း စာရေးဆရာ ချစ်စံဝင်း နှင့် တွေ့ကြခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ဆရာကြီးသည် အနာကြီး ဝေဒနာရှင် မိသားစုများကို တတ်နိုင်သမျှ ထောက်ပံ့နေ သည်မှာ ကြာလှပြီ ဖြစ်သည်။ ကျွန်ုပ်ကား (၂၀၀၇) ခုနှစ် ကမှစ၍ လှူဒါန်းဖြစ်သည်။ " ဟု ရေးသားထားသည်။ ၁၉၉၉ ခုနှစ် ခန့်တွင် ကွယ်လွန်လေပြီးသော အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချူပ်ကြီး တင်ဦးက ဝေဒနာသည်များ ဒုက္ခရောက်နေကြောင်း သိရှိပြီး ယခု ဝေဒနာသည်များ သက်တောင့်သက်သာ နေရသည့် ဂေဟာလေးကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သလို အစစ အစီစဉ် ပေးနေချိန်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလဲ ဦးတာ ပြောပြသည်ကို မှတ်သားထားမိသည်။ ယခုအချိန်သည်ကား မရမ်း ချောင်းတွင် ဟိုး... ယခင်ကဲ့သို့ မဟုတ်တော့။ ယခင်ထက် များစွာ သာလွန်နေပေပြီ။ လှူဒါန်းမည့်သူများလည်း ရှိသင့်သလောက် ရှိနေပေပြီ။ လူနာရှင်များ၏ စိတ်ဓါတ်လည်း အကောင်းဆုံး အနေအထားဖြစ်နေပေသည်။ ယခု ဝေဒနာသည်များက လက်ကျန် သက်တမ်းလေးအတွင်း သက်တောင့်သက်သာ နေထိုင်သွားရေးအတွက်သာ အကူအညီလိုနေခြင်း ဖြစ်သည်။...

စာရေးသူ ဓါတ်ပုံရိုက်နေစဉ် ဝေဒနာသည်တစ်ဦးက လက်တွန်းလှည်းလေးဖြင့် ထမင်းဘူးခွံများထည့်ပြီး ပြန်ယူလာသည်ကို မြင်သဖြင့် "အဲ့ဒါက ဘာလုပ်တာလဲခင်ဗျာ" ဟုစပ်စုမိသောအခါ ဝေဒနာသည်ချင်း အလွန်ရိုင်းပင်းသော လုပ်အားရှင် မသန်စွမ်း ဝေဒနာသည် တစ်ဦးက "ရွာထဲက ဂိလာနတွေ အတွက် ထမင်းဘူးပါ။ သူတို့က ဒီမလာနိုင်တာမို့ ရွာထဲကို ထမင်းသွားပို့ ပေးပြီး ပြန်လာတာပါ" ဟုပြောပြခဲ့သည်။ ငွေကြေးတစ်စုံတစ်ရာ မရဘဲ ဝေဒနာသည်ချင်း ယိုင်းပင်း ကူညီမှုများ မြင်ရသည်မှာ အင်မတန် လေးစားလောက်သည်ကို မြင်တွေ့ခွင့် ရခဲ့သည်။.. ကျွန်တော်တို့တွေကရော....
သမီးလေး မီးလောင်မှာ စိုးရိမ်လွန်ပြီး မီးပုံထဲ ခုန်ဝင်ကာ မီးသတ်ပေးခဲ့သူ မသန်စွမ်း ဝေဒနာသည် မေတ္တာရှင်ကြီး ဦးကြည်ဝင်း ကို လည်း နုတ်ဆက်ဖြစ်ခဲ့ရုံမက သူ့အနာများကိုပါ ဓါတ်ပုံ ရိုက်ဖြစ်ခဲ့သည်။ စာရေးသူနှင့် တွေ့ပြီးသည်မှာ တစ်လကျော်ခဲ့ပြီ။  အနာများကတော့ ယခုအထိ မပျောက်သေး။ သူ့ကို စာရေးသူက မှတ်မိနေပြီး "ဦးကြည်ဝင်း နေကောင်းလား" ဟု မေးလိုက် သောအခါ ၀မ်းသာအားရ ပြန်လည်နုတ်ဆက် နေပုံများမှာလည်း မိသားစုဝင် တစ်ဦးက သူ့အပေါ် မေတ္တာထားသဖြင့် ၀မ်းသာ နေပုံနှင့် တူလွန်းလှပေသည်။...
 
လှူဒါန်းမှုအတွက် အစစ စီစဉ်ပြီးသောအခါ ဂေဟာမှူး ပြန်ပေးသည့် ဂုဏ်ပြုမှတ်တမ်းလေးများယူအပြီး ဦးတာ ပြန်လာချိန် လောက် ကျွန်တော်လာခဲ့ပါအုံးမယ်၊ ဒေါက်တာအောင်ရဲကျော်ကိုလည်း ကျွန်တော် ဖုန်းဆက်လိုက်ပြီး ဆေးတွေ ပို့ထားကြောင်း ပြောလိုက်ပါ့မယ် ဟုမှားကြားရင်း ဝေဒနာသည်များကို နုတ်ဆက်ကာ စာရေးသူတို့ ပြန်ခဲ့ကြသည်။ ကားပေါ်ပြန်တက်စဉ် အသက် ၁၅ နှစ်ကတည်းက ဝေဒနာခံစားခဲ့ရပြီး ယခု အသက်၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ သမီးငယ်လေးအား မသန်စွမ်း ဝေဒနာသည် အဘွားများက "နင့်ကိုကားနဲ့  ထည့်ပေးလိုက်မယ်" ဟု  စသောအခါ အဆိုပါ သမီးငယ်လေးက ငိုပြီး သူ့အမေကို ဖက်ထားပုံလေးမှာလည်း ကျေနပ်စရာ မြင်ကွင်းလေး ဖြစ်ခဲ့ပြီး ဝေဒနာ ရှင်များကို စာရေးသူက "ကျွန်တော်တို့ နောက်ထပ် မကြာခင် လာခဲ့ပါအုံးမယ်" ဟုပြောဆို နုတ်ဆက်သောအခါ သူတို့၏ "မကြာမကြာ လာခဲ့ပေးပါနော်" ဟုမှာသံများမှာလဲ စာရေးသူ နားထဲ စွဲနေခဲ့သည်။
 
ဂေဟာသို့တိုက်ရိုက် ဆက်သွယ်ရန်... လိပ်စာ
မရမ်းချောင်း
ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊ လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။
Mutdfan.com  ၏ ဝေဒနာသည်များ ကူညီပေးရန် တည်ထောင်ထားသော  ၀က်ဘ်ဆိုဒ် http://www.leprosyh elp.org/

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 01 558489

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး
Saving Account
Account No.      0071210157107 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name.  U ZAW LWIN WIN
သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
 
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်
မ၀တ်ရည်တင်ဦး (Ma Wuityi Tin Oo)
Bank Acoount - 768-1110393- 0 1
Mizuho IC Cash Card
みずほICキャッシュカードカード
ph
တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂
Woori Bank
ဖုန်းနံပါတ် ..010 -3434-6184
လိပ်စာ-
1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra - 509, Sihwa Industrial Complex )
 
စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@ gmail.com)
ဖုန်း - ၉၀၉၄၀၂၈၁...၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)
စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
 ၁။ကိုဘိုမြင့်ထွေး (bomyinthtwe@ gmail)
City Bank Account No. 059-877801-9
ph - +6590855717
 ၂။ကိုအောင်သူရိန်ထွန်း (atrt.ndw@gmail)
+6590574689
 ၃။မခင်မျိုးဝင်း (tsuyuko.mm@gmail)
POSB Bank Account No. 068-90572-9
ph +6581546163
 
မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
 ဥုးစရိယ
( ရတနာရာမကျောင်း )
N0, 30 SS2/72 Petaling Jaya,47300, Malaysia.
Ph- 0166264642
Tel/fax 03-77271193
PUBLIC BANK ACCOUNT-4898556105
ရုရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
 ၁။ကိုသန့်စင် (MSU)
အယ်ဒီတာ (Mutdfan.com)
kothant.ndw@ gmail
+79268464225
 -----
၂။ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail. com
 ----
၃။ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
saisyant@gmail. com
-----
Written By  U Zaw Lwin Win
Chief Editor,  www.mutdfan. com
Compiled By  Thiha Thit(UM-2)
Editor (Health), www.mutdafn. com
 

Saturday, February 6, 2010

Where our leather bags come from!!!!!!!! !!!!!!!!

They are crying for help…..Lets help them survive!!!

Friday, January 29, 2010

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခု

Denmark is a big shame.

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

The sea is stained in red and it’s not because of the climate effects of nature.

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။


It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။


This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens. WHY?
To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။



In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။


Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။


They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။


But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။


Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဖတ်ရုံ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။


Take care of the world, it is your home!
Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။