THIBAW'S QUEEN လို့ခေါ်တဲ့ စာအုပ်ကလေးကို ဖတ်လိုက်ရတော့ တကယ်ကို မြန်မာပြည်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အင်္ဂလိပ်စစ်တပ်ကြီးက မန္တလေးမြို့ကို သင်္ဘောတွေနဲ့ ဆိုက်ကပ်လာတော့ သီပေါဘုရင်ရဲ့ မိဖုရားဖြစ်တဲ့ စုဖုရားလတ်ဟာ မြေပြင်မှာ ဝမ်းလျှားမှောက်လို့ ငိုကြွေးမြည်တမ်းပြီးတော့ စိတ်မကောင်းစွာနဲ့ ပြောဆိုလိုက်ပုံကတော့ တကယ်ကို ကျေနပ်အားရလောက်အောင် ပါ။ သူ့စကားလေးက …
မောင်တော်မင်းတရား (သီပေါမင်း) နဲ့ တိုင်းသူပြည်သားတွေ အခုလိုဒုက္ခရောက်ခဲ့ရတာ အဓိကတရားခံကတော့ တခြားသူ မဟုတ်ပါ ဘူး ..
ငါ ..ငါ .. လို့
ဝန်ခံလိုက်တာလေ တကယ်ကို ကျေနပ်စရာကောင်းပါတယ် ကိုယ့်အပြစ်ကိုကိုယ်ဝန်ခံတတ်တဲ့ သဘောကိုဆောင်တာပေါ့။
အခုတော့ မြန်မာပြည်မှာရဟန်းသံဃာတွေနဲ့ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေကြတယ်လေ ဘုရားသားတော်ဖြစ်တဲ့ ရဟန်းသံ ဃာတွေဆိုင်လျှင် ရှေးမင်း အဆက်ဆက်ကိုကြည့်လိုက်ပါက ဘယ်ဘုရင် ဘယ်မင်းလက်ထက်မှာမှမကြုံခဲ့ဖူးတဲ့ သတ်ဖြတ်မှုတွေကို အခုတော့ စစ်အာဏာရှင်ဖြစ်တဲ့ နအဖလက်ထက်မှာသေမင်းရဲ့ လက်တွင်းကိုကျရောက်ခဲ့ရတယ်။ တချို့သံဃာတွေဆိုလျှင် ပြည်ပ ကိုတောင် တိမ်းရှောင်ထွက်ပြေးခဲ့ရသေးတယ်လေ ဒါတွင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး စစ်အာဏာရှင် နအဖကတော့ ပြည်တွင်း က သံဃာတွေကိုလည်း နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပါသေးတယ်ဒကာ/မတွေကိုတောင်မှ ဘယ်လိုတရားမျိုးကိုတော့ မဟောပါနဲ့ ဘယ် လို တရားကိုတော့ဟောပါ ဒီလိုနည်းမျိုးစုံနဲ့ အမိန့်ပေးနေတာ သူကတော့ ကောင်းတယ်ထင်နေတယ်ပေါ့ ဒါပေမယ့် သံဃာတော်တွေ မှာတော့ နည်းနည်းကလေးမှ စိတ်ချမ်းသာမှုမရခဲ့ပါဘူး။
အဲဒီလို ရဟန်းသံဃာတွေ ဒုက္ခရောက်အောင် ဗုဒ္ဓစာပေတွေကို ကောင်းကောင်းမသင်နိုင်အောင် ဖြစ်နေရတာ ငါ့ကြောင့်ပါလို့ နအဖ က ဘယ်တုန်းကမှဝန်မခံခဲ့ဘူး ဒါတွေကို စဉ်းစားကြည့်တော့ အဓိကတရားခံကတော့ ဘယ်သူလဲ (တရားခံဘယ်သူလဲဟေ့) လို့ တောင်မေးစရာမလိုတော့ပါဘူး နအဖ ပါလို့ ကလေးကတောင်သိနေပါတယ်။
အင်္ဂလိပ်တွေ မန္တလေးနန်းတော်ကြီးကို သိမ်းပိုက်ပြီးလို့ မင်းနဲ့မိဘုရားနှစ်ပါးကို ရတတနာဂီရိကိုမပို့မီ ရန်ကုန်ကိုပို့မည်လုပ်တော့ နွား လှည်းကလေးနဲ့ တင်ဆောင်ပြီးသွားလိုက်တာ မန္တလေးမှာလမ်းမှားလို့မဟာ မြတ်မုနိဘုရားလမ်းမှတဆင့် ဂေါဝိန်ဆိပ်ကမ်းကိုသွားရ တော့ ညနေစောင်းမှရောက်ကြတယ်။ သင်္ဘောဆိပ်ကမ်းရောက်တော့ သီပေါမင်းက တိုင်းသူပြည်သားတွေကို သတိရတာလား နန်း တော်ကြီးကို သတိရလို့လားတော့မသိဘူး မန္တလေးကိုငဲ့စောင်းလို့ သမင်လည်ပြန်လေးပြန်ကြည့်ပြီး နေလေတော့ နအဖ ကလည်း သူ့ အာဏာလေးကုန်ခါနီးမှာ မဆင်းနိုင်ပဲ ပေကပ်ကပ်လုပ်နေတာ တိုင်းသူပြည်သားတွေကို သနားလို့ပဲလား နှိပ်စက်လို့မဝသေးလို့ပဲလား ဆိုတာကိုတော့ ဘယ်သူမဆိုနားလည် သဘောပေါက်ကြမှာပါ။
၁၉၉ဝ လူထုရွေးကောက်ပွဲတုန်းကလည်း စစ်အာဏာရှင်ကရှုံးသွားတယ်လေ အဲဒီမှာ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် တည် ထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့က အနိုင်ရပေမဲ့ တကယ်တမ်းအနိုင်ယူသွားတာက ဗိုလ်ချုပ်တည်ထောင်ထားတဲ့ စစ်တပ်ကို အားကိုးပြီး နအဖ က ဗိုလ်ကျသွားတာဘယ်လောက်ထိအောင် အဓိပ္ပါယ်မဲ့လိုက်လေခြင်းလဲဆိုတာ သိသာပါတယ်။ အဲဒီအချိန်ကစ ပြီးတော့ သူတို့တတွေဟာ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ပြည်သူလူထုကို နှိပ်စက်လာတာ ယနေ့ထိအောင်ပါပဲ ပြည်သူတွေမှာတော့ ခံ လိုက်ရတာ ဒုက္ခတွေမနည်းအောင်ပေါ့ သူတို့ နအဖ နဲ့လူတစ်စုကတော့ ကောင်းစားနေလိုက်ကြတာ တိုင်းသူပြည်သားတွေကိုတော့ နည်းနည်းလေးမှမသနား လုပ်ချင်တိုင်းလုပ်နေကြတော့ တကယ့်မီးကိုကိုင်ထားသလိုပဲလေ ကိုင်ထားတော့လည်းပူ ပစ်ချလိုက်ရင် လည်း ပတ်ဝန်းကျင်ကို သူကလောင်စာအဖြစ် အသုံးပြုတော့မှာဆိုတော့ လောကမှာမီးဆိုတာသုံးမျိုးရှိတယ်လေ …
၁. ရဟန်းတည်းဟူသောမီး
၂. မင်းတည်းဟူသောမီး
၃. ပကတိမီး
ဆိုပြီးတော့မီးကသုံးမျိုးရှိတယ်။
အဲဒီမီးတွေထဲမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုကတော့ မီးနှစ်မျိုးကိုခံစားနေရတယ်လေ မင်းပြစ်မင်းဒဏ်ကိုလည်း အလိုလိုနေ ရင်းကြောက်နေကြရတဲ့ ပြည်သူတွေ၊ ဒ်ီမင်းကတော့ ဘယ်လောက်ထိအောင် ဆိုးပါသလဲမေးရင် ပြောမပြတတ်အောင်ကို ဆိုးတယ်လို့ ဖြေကြမှာပါ ဒါဟာ တကယ်တွေးကြည့်တော့ ပြည်သူခိုင်းတဲ့ပြည်သူ့စစ်သားက ပြည်သူကိုပြန်ပြီး ဒုက္ခပေးနေတာပါ။ စစ်သား ဆိုတာ ပြည်သူကပေးတဲ့ လစာကိုယူပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရမှာပါ အခုတော့ ပြည်သူကျွေးတဲ့ ထမင်းကိုစား ဘုရားသားတော်နဲ့ ပြည်သူပြည်သားတွေကို နှိပ်စက်နေတာ ဗိုလ်ချုပ်ဖွဲ့စည်းထားတဲ့ စစ်တပ်လို့တောင် ပြောရမှာအားနာပါတယ် ပြည် သူ့စစ်သားတဲ့ ဘာလုပ်မလဲမေးကြည့်လိုက်ပါ ပြည်သူကိုပဲ အားရပါးရနှိပ်စက်မယ်လို့ သူတို့ပြောမှာပါ စစ်သားတွေက ပြည်သူကို နှိပ် စက်လားဆိုတော့ သူတို့တွင်မက နောက်ကလိုက်လာကြတဲ့ အပေါင်းအပါတွေကလည်း ရှိသေးတယ်လေ အဲဒါတွေကတော့ ပြည်သူ့ ရဲတွေပါ။
ပြည်သူ့ရဲကတော့ MAY I HELP YOU တဲ့ ကူညီပါရစေပေါ့ တကယ်ကော ကူညီသေးရဲ့လား နံပါတ်တုတ်နဲ့ ကူညီမှာလား ပြီး တော့ ပိုက်ဆံရှိတဲ့လူတချို့ကို အကူအညီပေးပြီး မရှိတဲ့ဆင်းရဲသားတွေကိုတော့ အမျိုးမျိုးနှိပ်စက်နေတာပါ ဒါလည်းပြည်သူ့ရဲလို့ သူတို့က ဝန်ခံထားတာနားကြားလို့မှ မကောင်းပါဘူး။ ဟိုအရင်တုန်းကရဲဆိုတာ သူတို့တာဝန် သူတို့ကျေပွန် ကြပါတယ်။ အခုတော့ သူတို့တ တွေက သူတို့ကို ရဲမှန်းသိအောင် POLICE ဆိုတဲ့စာတန်းလေးနဲ့ မကြောက် ကြောက်အောင် လှန့်နေကြတယ်။ POLICE ဆိုတာ ဘာလဲ သူတို့ကအချောင်စားချင်လို့ ရဲအလုပ်ကိုလုပ်နေကြတာပါ POLICEဆိုတာဘာလဲ သူတို့မသိကြပါဘူး။ POLICE ဆိုတာ က
(၁) Polite ယဉ်ကျေးမှုရိခြင်း
(၂) Obedience အမိန့်ကိုနာခံခြင်း
(၃) Loyality သစ္စာရှိခြင်း
(၄) Intelligence ထထကြွကြွရှိခြင်း
(၅) Companionship ပူးပေါင်းဆောင်ရွက်ခြင်း
(၆) Efficiency လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှု
ဆိုတဲ့ အချက်ခြောက်ချက်နဲ့ ပြည့်စုံတဲ့သူကိုမှ ပြည်သူ့ရဲလို့ခေါ်တာပါ အခု နအဖ လက်ထက်မှာအမှုထမ်းနေတဲ့ ရဲတွေက တကယ် ပဲ ပြည်သူ့ရဲလား မေးနေစရာမလိုအောင်ကို အဖြေကတော့ ပေါ်နေပြီးသားပါ။ ပြည်သူတွေကလည်း နှိပ်စက်မှုဒဏ်ကို အမျိုးမျိုးခံရလေ တော့ တကယ်ကိုကြောက်နေရတဲ့ဘဝမို့ သူတို့တတွေကို တချို့နေရာတွေမှာ ရဲဆိုရင်အသံကြားရုံနဲ့ လန့်နေကြတယ် တကယ် တော့ ပြည်သူကိုဒုက္ခပေးနေတာ ဘယ်သူလဲဆိုတာကို မေးနေစရာမလိုလောက်အောင် ဖြစ်နေပေမယ့် သူတို့တတွေကတော့ ပြန် မေးနေပါတယ် တရားခံဘယ်သူလဲဟေ့လို့ မေးနေတာ သူတို့ကိုယ်သူတို့ မရှက်လို့ မေးနေရာရောက်ပါတယ်။
ငဒေါင်း
ရင်းမြစ်။ ။နေ့သစ်
Melbourne near me Trusted Removalist
10 months ago
