Showing posts with label ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဓာတ်ပုံသတင်း. Show all posts

Thursday, November 25, 2010

သားအမိနှစ်ဦး ဘုရားဖူး


ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တွင် ရောက်နေသည့် သူ၏ သားငယ် ကိုထိန်လင်း (ကင်မ်အဲရစ်) တို့ ယနေ့ နံနက်ပိုင်းက ရွှေတိဂုံတွင် တွေ့ရပုံများ (photos: AP) 

Sunday, September 5, 2010

စစ်အစိုးရ၏ ၀ါဒဖြန့်ကားရိုက်သူပါဝင်သည့် စတိတ်ရှိုး ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြ

ယမန်နေ့ညနေက အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်ဘေးဧရိယာမှာ မြန်မာစတိတ်ရှိုးပွဲတခု ကျင်းပရာမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
 မြန်မာစစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးက အဲဒီစတိတ်ရှိုးမှာ တက်ရောက်ဖြော်ဖြေမှာဖြစ်လို့ ကန့်ကွက်ဆန္ဒပြတာ ဖြစ်တဲ့အပြင်  မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးဒုက္ခသည်အချို့ ကိုယ်တိုင်က အဲသည်သရုပ်ဆောင်ပါဝင်တဲ့ စတိတ်ရှိုးကို ဖြစ်မြောက်အောင် ၀ိုင်းဝန်းစီစဉ်ခဲ့တာကြောင့်လည်း အဓိကပါဝင်နေပါတယ်။
မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေးစိတ်ဝင်စားသူ မြန်မာမဟုတ်သူတွေနဲ့ ဆန္ဒပြသူ ၅၀ ဦးလောက် ရှိပြီး စတိတ်ရှိုးပွဲကို လူ ၄၀၀ ကျော် ၊ ၅၀၀ လောက် လာကြည့်ကြတယ်လို့ ခန့်မှန်းလို့ ရပါတယ်။ ဈေးရောင်းပွဲမှာ မြန်မာနိုင်ငံရေးဒုက္ခသည်များ တိုင်းရင်းသားများ အခြေချ နေထိုင်ရာ ဥက္ကလန်မြို့က မြန်မာတွေက အစားအသောက်တွေ ရောင်းချနေကြတယ်လို့ ဆန္ဒပြကန့်ကွက်ရန် ပွဲခင်းထဲရောက်ခဲ့တဲ့ တိုင်းရင်းသူအမျိုးသမီးက ပြောပြပါတယ်။ သူက လက်မှတ်မပါဘဲ ၀င်လာလို့ ပွဲစီစဉ်သူတွေထဲက တဦးက အပြင်ကို ပြန်ထွက်ခိုင်းလိုက်ပါတယ်။
ဆန္ဒပြပွဲ ရှိတယ်လို့ ကြိုတင်ပြီး ရဲကို အကြောင်းကြားထားတာကြောင့် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိ ၀န်ထမ်းတွေကို ရှင်းပြအပြီးမှာ ကန့်ကွက်ဆန္̔ဒပြသူတွေက ငြိမ်းချမ်းစွာနဲ့ လမ်းတဖက်ကနေ ဆိုင်းဘုတ်တွေ ပိုစတာတွေ ကိုင်စွဲပြီး ဆန္ဒပြကြပါတယ်။
ပွဲလာသူအချို့ကတော့ ကန့်ကွက်မယ့်သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်နေတာကြောင့် နှုတ်ဆက်စကား ပြောကြတာ ရှိသလို၊ မြန်မာပြည်အရေး သတင်းပြတ်နေသူတွေကတော့ အံ့သြသွားတာကို တွေ့ရပါတယ်။ ကန့်ကွက်ခံရမှာ သိထားသူတွေထဲက အချို့ကတော့ ဆန္ဒပြသူတွေကို ပြန်လည်ပြီး ပြက်ရယ်ပြုတာမျိုးတွေ ရှိပါတယ်။ တော်တော်များများကတော့ အဲဒီကိစ္စကို အရေးစိုက်တဲ့ပုံ မရှိပါဘူး။ အဲသည်ပွဲကြည့်ပရိသတ်များ မြင်ကွင်းကို အင်တာနက်အယ်လဘန်တခုမှာ အခုလို တင်ထားတာ တွေ့နိုင်ပါတယ်။
 ( http://picasaweb.google.com/102663657999858151468/ThanShweSFriendsAttendingWyneSueKhaiTheinPwe# )



ရှေ့တပတ်မှာ အယ်လ်အေမှာ အဆိုပါ စတိတ်ရှိုး ကျင်းပဦးမှာ ဖြစ်ရာ အယ်လ်အေက မြန်မာ့အရေး လှုပ်ရှားသူများ၊ မြန်မာ့ဒီမိုကရေစီဘက်တော်သားများက ထိုပွဲမှာ သွားရောက် ကန့်ကွက်ဆန္ဒပြကြရန် စီစဉ်နေပြီ လို့ ပြောပါတယ်။ဒါအပြင် တပတ်အချိန်ကြိုတင် ရရှိထားတဲ့ အယ်လ်အေက မြန်မာ့အရေးလှုပ်ရှားသူတွေက ပွဲကြည့်ပရိသတ်တွေကိုယ်တိုင် နားလည်သဘောပေါက်ပြီး သပိတ်မှောက်လာကြဖို့အတွက်လည်း လိုက်လံရှင်းလင်း ပြောပြမယ်လို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။
မိုးမခစာနယ်ဇင်းအဖွဲ့က ကားပေါ်မှာ မိုးမခစာနယ်ဇင်း ဆိုင်းဘုတ်အပြင် ကန့်ကွက်ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ တင်ပြီး ရပ်ထားတာကို တွေ့နိုင်ပါတယ်။ 

ရင်းမြစ်။ ။မိုးမခ