Thursday, November 18, 2010
နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့
ကျနော်တို့ အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်။ အရှေ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများ နှာခေါင်းရှုံ့တဲ့ နိုင်ငံအဖြစ်က လွတ်မြောက်စေချင်ကြတယ်။ ဘေးအိမ်နီးချင်းတွေက ကျနော်တို့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိမခံသာနဲ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်။ အထူးသဖြင့် နိုင်ငံပျောက်၊ လူမျိုးပျောက်နေတဲ့ အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်။ မြန်မာပြည်ကို တနည်းနည်းနဲ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ။
အဲတော့ဗျာ …
ကျနော်တို့အားလုံး မြန်မြန် ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ၀င်ရောက် ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဖတ်နိုင်မယ့်၊ ပါတီကလူငယ်တွေလည်း တက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်။
နည်းပညာပိုင်းကျွမ်းကျင်သူ လူငယ်များ စကာင်္ပူမှာ အများဆုံးနေထိုင်နေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်နားထောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထဲမှာ နည်းပညာနဲ့ ပတ်သက်ပြီး ရိုးသားစွာပြောသွားတဲ့ သူ့စကားလေးကို ကြိုက်ပါတယ်။
(ကင်မရာဖုန်းလေးကိုပြောတော့ ပါးစပ်ကို ဘယ်နေရာက ထားရမလဲ မသိဘူးတဲ့ …)
ကျနော်တို့လည်း ကိုယ့်အချင်းချင်း ထိန်ဝှက်စရာ မလိုပါဘူး၊ တတ်သိနားလည်သူက ကွန်ယက်လေးဖြစ်ဖို့၊ အထူးသဖြင့် ကျနော်တို့ နိုင်ငံတကာက ပြည်သူတွေရဲ့ အသံတွေ အထဲကို ပို့နိုင်ဖို့ အိုင်တီကျွမ်းကျင်သူများကို အကောင်းဆုံး ကြိုးစားပေးကြပါလို့ ကျနော် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွမ်းကျင်နားလည်သူတွေက လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်ဗျာ။
(ပြည်တွင်းကသူတွေ ကျော်ခွကြည့်ဖို့လည်း အိုင်တီဆရာလေးများပဲ တတ်ကျွမ်းမှာပါ)
ကျနော်တို့ အဲဒီကွန်ယက်လေးမှာ အချင်းချင်း အငြင်းပွားဖို့ မဟုတ်ဘူးနော်။ ပြည်သူ့အသံလေးတွေပို့ဖို့ပါ။
ဘာလို့လဲ ဆိုတော့ ဧရာဝတီဘလော့်လေးမှာ အထဲက သတင်းထောက်လူငယ်လေးတဦး ရင်ဖွင့်သွားတာ ကျနော်ကြိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးနေတဲ့သူတွေက မောက်မာစွာ ဆက်ဆံတာကို ပြောပြသွားတာလေးပါ။ ကျနော်အမြင်ကတော့ သူတို့ဘက်ကလည်း ပူပန်မှုတွေ စိုးရိမ်မှုတွေ မယုံကြည်မှုလေးတွေ ရှိချင် ရှိနေမှာလေ။ ဒီပဲယင်းမှာ ကံကောင်းလို့  ဒေါ်စု မသေခဲ့တာ မဟုတ်လား။ တဘက်နဲ့ တဘက် နားလည်မှု မလွဲစေချင်ဘူး။
၈၈ တုန်းကလည်း မင်းမဲ့စရိုက်အသွင်ဖန်တီးပြီး အလေ့အကျင့် အတွေ့အကြုံမရှိတဲ့ ကျနော်တို့ပြည်သူတွေ ခံလိုက်ရတာကိုလည်း မမေ့စေချင်ဘူး။
အဲတော့ဗျာ …
မိုးမခထဲက ကိုပေါအသံ လို့ ကျနော်တို့ အားလုံး ရင်ဖွင့်လို့ရမယ့် နေရာလေးတခုတော့ လိုနေပြီဗျာ။ အပြင်ကလူတွေ (အင်တာနက်တွေ လျှောက်တက်လို့ ရလို့) အထဲကို သတိပေးလို့ ရတာလေးတွေ ပေးလို့ရတယ်ဗျာ။
ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ရုံးကို လာတဲ့နေ့က ပြည်သူတွေ အရမ်းတိုးတာ ကြောက်စရာကောင်းတယ်။ ဂျင်ဂလိ (၈၈လက်နက်) နဲ့ ထိုးလိုက်လို့ ရတယ်။ ပြည်သူတွေထဲကပါ ထပ်ဆင့် ရံပေးသင့်တာမျိုးပေါ့။
ကျနော်တို့နိုင်ငံမှာ ပါတီမ၀င်လည်း VOLUNTEER လုပ်ပေးနိုင်တဲ့ဟာတွေ လူငယ်တွေ ၀ိုင်းရံပေးနိုင်တာမျိုးလေးတွေ ပြောပြပေးဖို့ အဲလိုမျိုးလေးပေါ့ဗျာ။
ကျနော့် စာရှည်သွားတယ်။ ခွင့်လွှတ်ပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ ကြီးငယ်မဟူ မျိုးဆက်တွေ လက်ချင်းချိတ်ဖို့ပါ။
အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့
အားလုံးကို လေးစားစွာဖြင့်
ဖိုးဇီဝ
Tuesday, April 6, 2010
စကားလုံးများသာချည်းမဟုတ်သော လက်တွေ့လုပ်ဆောင်မှုလိုပါသည်
သွေးတက်အကြောက်တရားပိတ်ဖုံးနေသူတို့နှင့် မြန်မာနိုင်ငံရေးကျွမ်းကျင်သူကြီးများဟူသောဂုဏ်ပုဒ်ကို မရှက်မကြောက် ယူထားဝန့်သောသူများအနေနှင့် တိုင်းပြည်ပြသနာဖြေရှင်းနိုင်ရန်အတွက် မည်သို့လုပ်သင့်သည်ကို မည်သည့်အခါကမျှ မြန်မာနိုင်ငံအရေးကျွမ်းကျင်မှုမပြနိုင်ခဲ့ရှာကြပဲ၊ အမြဲတမ်းစစ်အာဏာရှင်တို့အလိုကျလိုက်လျှောက်ဖြော်ဖြေသည့်လမ်းတွင် သာလိုက်ရန် အကြံထွက်ရှာကြလေ့ရှိသည်ကို မှတ်တမ်းများအားလုံးပြန်လေ့လာကြည့်ပါက တွေ့ရလိမ့်မည်ဖြစ်သည်။ တိုင်းပြည်၏ပြသနာပြေလည်သွားအောင်မည်သို့ဖြေရှင်းသင့်သည်ဆိုသည့် အမှန်တကယ်ကျွမ်းကျင်မှုမပြနိုင်ပဲ၊ ထိုသို့ပြ သရန်လည်းအရည်အချင်းမရှိရှာကြပဲ တချိန်လုံးသူတို့ပြောနေသွေးဆောင်နေကြသည်မှာ စစ်အာဏာရှင်တို့၏အလိုကျ လိုက်ကပြအသုံးတော်ခံရေးဘောင်အတွင်းကသာဖြစ်နေသည်ကိုလဲ သူတို့ဘာသာသူတို့ပင် သတိပြုမိရဲ့လားဆိုသည်ကို မေးစရာဖြစ်နေသည်။ ထိုသို့သာအမှန်တကယ်ငြိမ်းချမ်းပြေလည်စေမည့်လမ်းစဉ်မစဉ်းစားနိုင်ပဲ၊ အာဏာရှင်အလိုတော်အ တိုင်းသာလိုက်လံဖျော်ဖြေနေမည့်သူများအဖြစ်ဆက်လက်နေလိုကျလျှင် ထိုသူများကိုသူတို့နှင့်လားလားမျှသက်ဆိုင်ခြင်းမ ရှိသော မြန်မာနိုင်ငံရေးကျွမ်းကျင်သူဝိဇ္ဖာကြီးများဟုခေါ်ကြမည့်အစား စစ်အာဏာရှင်သစ္စာခံသာလိကာနှုတ်တက်ကျွမ်း ကျင်သူကြီးများဟုသာ သတ်မှတ်ရပေလိမ့်မည်။ ထိုသူတို့အနေနှင့် ကျွမ်းကျင်သူဟူသောဂုဏ်ပုဒ်ကိုထိုက်တန်မှုရှိစေရန် အတွက် မြန်မာပြည်ကိုမည်သို့ပြောင်းလဲအောင်လုပ်နိုင်သည်ဆိုသော အခင်းအကျင်းမျိုးကို ပြသနိုင်အောင်ကြိုးစားသင့် သည်။ ထိုသို့မဟုတ်ပဲ သူများအလိုကျကြိုးစွဲသလို ထိုဘောင်အတွင်းမှသာလိုက်လံစဉ်းစားပြောဆိုတတ်လျှင် ရုပ်သေးရုပ် များမျှသာအဖြစ်ကလွဲပြီး ဘာမျှအနှစ်သာရရှိမည်မဟုတ်သည်မှာသေချာပါသည်။ မည်သည့်အခါက အမှန်တကယ်ပြောင်း လဲနိုင်မည့်နည်းလမ်းများနှင့် မည်သို့လုပ်ကြလျှင် လိုက်ဒူးထောက်အညံ့ခံနေသည်သာမဟုတ်ပဲ နှစ်ဘက်လက်ခံနိုင်သော ပြောင်းလဲမှုဖြစ်လာမည်ကို ပြောကြားချမှတ်နိုင်ခဲ့ခြင်းများရှိပါသနည်း။ ကျွန်တော်သိသလောက် မရှိပါ။ ရှိများရှိခဲ့လျှင်ပြော ပြပေးစေချင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတရားမှုကိုမားမားမတ်မတ်ရင်ဆိုင်ရန်ဆုံးဖြတ်ချက်ချလိုက်သည့်အတိုင်း ရှေ့ဆက်ရန် ရဲရဲလုပ်ကြတော့မည်မှာမလွဲပင်ဖြစ်သည်။ ထို့အတူ အာဏာရှင်တို့ကလည်း ပိုမိုဆိုးရွားပြင်းထန်သောဖိနှိပ်မှုများလုပ်ကာ ချေမှုန်းရန်ကြိုးစားလိမ့်မည်။ သာလိကာတို့ကလဲ ထိုသို့အာဏာရှင်တို့လုပ်သည်ကိုအလိုကျလိုက်ကာ ငါတို့မပြောလား ဆိုသည့်စကားများ ပြောကြပေလိမ့်ဦးမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုက ၁၉၉၀ရွေး ကောက်ပွဲတွင် မဲပေးကာ သူတို့ရှေ့မှမားမားမတ်မတ်ရပ်တည်လုပ်ဆောင်ရန်အတွက် အများပြောပြောနေသော မန်းဒိတ် ပြည်သူ့ယုံကြည်ကိုးစားမှုကို အပ်နှင်းခဲ့သည်။ ပြည်သူ့ယုံကြည်ကိုးစားမှုနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည် သူတို့၏အရှေ့မှမားမားမတ်မတ်ရပ်တည်လုပ်ဆောင်သည့်အခါတွင် ပြည်သူအားလုံး၏လိုက်ပါလုပ်ဆောင်မှုကလည်း အ လွန်အရေးကြီးသောအခန်းကဏ္ဍဖြစ်ပါသည်။ ဥပမာစစ်တိုက်သည်ဖြစ်စေ၊ အလုပ်လုပ်သည်ဖြစ်စေ မိမိတို့ယုံကြည်အား ကိုးမှုကိုပေးအပ်ထားသော ခေါင်းဆောင်တယောက်တည်းက သွားတိုက်၍၊ သွားလုပ်၍မည်သည်မျှဖြစ်လာမည်မဟုတ်ပါ။ မိမိတို့ပေးအပ်ထားသော ယုံကြည်ကိုးစားမှုနှင့်အတူ မိမိတို့အားလုံးကလဲ ကျလာသောအခန်းကဏ္ဍကို ရဲဝန့်စွာလိုက်ပါ လုပ်ဆောင်ကြမှသာ အလုပ်အောင်မြင်လိမ့်မည်ဖြစ်သည်။ ယုံကြည်ကိုးစားမှုအပ်နှင်းထားပြီးပြီဆိုပြီး မိမိတို့ကဘာမှမလုပ် ပဲ ဦးဆောင်မှုတခုတည်းက အရာရာကိုလိုက်လုပ်ဆောင်ယုံမျှဖြင့်တော့ ပန်းတိုင်ရောက်လိမ့်မည်မဟုတ်ပါ။ ယုံကြည်မှုအပ် နှင်းထားသည့်အတိုင်း ဦးဆောင်မှုကလုပ်ဆောင်မှုများလုပ်လာသည့်အခါ လက်တွေ့လိုက်ပါလုပ်ဆောင်ကြပြီး မိမိတို့၏ အခန်းကဏ္ဍမှတာဝန်ကျေပွန်အောင်လည်းလုပ်ကြရမည်ဖြစ်သည်။ ဘပ်ပေါင်းစုံမှ စုပေါင်းလုပ်ဆောင်ကြမှသာ အားလုံးလို လားသောပန်းတိုင်သို့ရောက်လိမ့်မည်။ အားလုံးအနေနှင့်လည်း မိမိတို့ဘာသာပြင်ဆင်မှုများကို စဉ်းစားဆင်ခြင်ပြီး လုပ် သင့်လုပ်ထိုက်သောအရာများအားလုံးကို ဝိုင်းလုပ်ထားကြရန်လိုပါသည်။ နေ့စဉ်အစာစားရန်၊ ဘာချက်ပြုတ်စားရန်တို့အ တွက်မည်သူကမျှ ကျွန်တော်တို့အား အမိန့်လာပေးနေစရာမလိုပဲ ချက်ပြုတ်၊စားသောက်ရကောင်းမှန်း အားလုံးသိကြပြီး ဖြစ်သည်။ မိမိတို့ဘာလုပ်သင့်သည်၊ ဘာပြင်ဆင်ထားသင့်သည်ဆိုသည်ကိုလဲ မည်သူမျှလာမခိုင်းနေပဲနှင့် အားလုံးက စု ပေါင်းလုပ်ဆောင်ပြင်ဆင်ထားနိုင်ကြပါလိမ့်မည်။ ထိုသို့မိမိတို့ဘာသာအသိစိတ်ဓါတ်နှင့် ပြင်ဆင်မှုများက မည်သည့်အခါ မျှ အချီးအနှီးဖြစ်သွားလိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံနှင့်ပြည်သူလူထုအကျိုးစီးပွါးကို လိုလားသောမည်သည့်နေရာရောက် နေသူဖြစ်ဖြစ် ထိုပြင်ဆင်မှုများကို လုပ်ထားရပေလိမ့်မည်။ ပြည်တွင်းတွင်ပြည်သူလူထုက သူတို့၏အခန်းကဏ္ဍကိုတာဝန် ကျေပြွန်အောင်လုပ်ရန် ပြင်ဆင်ကြလိမ့်မည်ဖြစ်သကဲ့သို့ နယ်စပ်၊ ပြင်ပတို့တွင်ရောက်နေသူများအားလုံးကလည်း မိမိတို့ ရှိနေရာနေရာများအားလုံးမှနေ၍ ထိထိရောက်ရောက်ထည့်ဝင်လုပ်ဆောင်နိုင်မှုအတွက် ပြင်ဆင်မှုများလုပ်ထားကြရလိမ့် မည်ဖြစ်သည်။ အဖြစ်သဘော၊ လူအထင်ကြီးခံရယုံအမည်ထွက်ယုံလေးသာလုပ်နေ၍မရပါ။ တကယ်မိမိတို့ဘက်အတွက် ကျလာမည့်တာဝန်အားလုံးကို ကျေကျေပြွန်ပြွန်လုပ်နိုင်စေရေးအတွက် မိမိတို့ကိုယ်ကို မလိမ်ပဲနှင့် ပြင်ဆင်လုပ်ထားကြရ လိမ့်မည်ဖြစ်သည်။ ယနေ့သင်ညာလျှင် မနက်ဖြန်အားလုံးဒုက္ခရောက်အောင် ချောက်ထဲတွန်းပို့သလိုဖြစ်မည်ကို အလေး အနက်ထားကြစေချင်ပါသည်။ လွယ်လွယ်သက်သက်သာသာနှင့်အားလုံးကိုအလကားရမည်မဟုတ်သည်ကိုလဲ သတိရှိ ထားသင့်ပါသည်။ ပေးဆပ်မှုများကို အားလုံးမလွဲမသွေလုပ်ကြရလိမ့်မည်ဖြစ်၏။
အဖွဲ့အစည်းမြောက်များစွာတိုက ကြေငြာချက်များမရေမတွက်နိုင်အောင်ထုတ်ပြန်ကြသည်။ အသင်းအဖွဲ့များကော၊ လူ ပုဂ္ဂိုလ်များကော တွေ့ဆုံညှိနှိုင်းပွဲများ မရေမတွက်နိုင်အောင်လုပ်ကြသည်။ အလုပ်လုပ်ရန်လက်တွေ့လုပ်ငန်းစဉ်ကို ယခု အချိန်အထိတိုင် မတွေ့ရသေး၊ မလုပ်ကြရသေးပါ။ အနှစ်သာရရှိသောလုပ်ငန်းစဉ်နှင့်လုပ်ငန်းရပ်များကိုအဆင့်ဆင့်ချမှတ် ပြီးပါက ကာရာအိုကေဆိုင်များတွင် ပုလင်းနှင့်အလဲပြိုင်အရပ်နားမခံသာအောင်ဟစ်ကြွေးနေသူများ၊ ဟိုလိုက်ယား၊ ဒီလိုက် ယားလုပ်လိုက်ဖဲရိုက်လိုက်လုပ်နေသူများကို တွေ့ကြရတော့မည်မဟုတ်ပဲ အားလုံးယား၍ပင်မျှကုတ်ချိန်မရှိအောင် လုပ်နေ ကြရတာဖြစ်နေပါလိမ့်မည်။ သို့သော် ဖဲဝိုင်းများ၊ သောက်ဝိုင်းများမစဲသေးပဲ ရုတ်စိရုတ်စိသာရှိနေတုံးပင်ဖြစ်ပါသည်။ လက်တွေ့ပါသော ယုံကြည်မှုအပ်နှံခြင်းနှင့် အနှစ်သာရရှိသောပူးပေါင်းလုပ်ကိုင်ခြင်းတို့ဖြစ်လာကြစေရန်လိုပါသည်။ ထပ် မံ၍နေရာလေးတခုရမှာပဲ၊ အခွင့်အရေးလေးလဲပါလာလိမ့်နိုးနှင့် ကိုယ်ကျိုးရှာမှုမျိုးလုံးလုံးမဖြစ်သင့်ကြတော့ပါ။ အင်မတန် အရေးကြီးသောအချိန်ရောက်နေပြီဖြစ်ပါသည်။
ကျွန်တော်တို့အားလုံး မိမိကိုယ်ကိုမိမိမလိမ်မညာစတမ်းစမ်းစစ်လေ့လာကာ မိမိတွင်ရှိသောအတိုင်းအတာနှင့် ပေးဆပ် လုပ်ကိုင်မှုထိထိရောက်ရောက်လုပ်ကြရန်လိုပါသည်။ ယနေ့ကာလတွင်မိမိကိုယ်ကိုအမှန်အတိုင်းရှုမြင်ပြီး မိမိလက်ခံပေး ဆပ်နိုင်သောအတိုင်းအတာနှင့်သွားလျှင် နောက်တွင် အားလုံးနှင့်မျက်နှာနာရလိမ့်မည်မဟုတ်ပါ။ မိမိကိုယ်ကိုလိမ်ပြီး ဟို ဟာလုပ်နိုင်တယ်၊ ဒီဟာလုပ်မယ်နှင့်တကယ်တမ်းလုပ်လာသည့်အချိန်ကျ၍မလုပ်လာနိုင်လျှင် အားလုံးက မိမိအပေါ်ကို တသက်လုံးသုံးမရအောင် အထင်အမြင်သေးသွားကြလိမ့်မည်ဖြစ်သည်။ မည်သူနှင့်မျှဘာစကားမှမစရသေးမှီ မိမိကိုယ်ကို ဝေဘန်သုံးသပ်စိတ်ဖြာ၍ မိမိ၏ထည့်ဝင်ပေးဆပ်မည့်အတိုင်းအတာကို မိမိဘာသာပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီး ထို အတိုင်းအတာနှင့်ခိုင်ခိုင်မာမာလုပ်နိုင်ရန်အတွက် ခြေလှမ်းပြင်နိုင်ပြီဖြစ်သည်။ ကိုယ့်ကိုကိုယ်ညာ၍မရပါ။ အားလုံးကိုယ့် ကိုကိုယ်အမှန်အတိုင်းသိနေပြီးဖြစ်သည်။ ကိုယ့်ကိုကိုယ်လိမ်လျှင် မိမိတယောက်သာဒုက္ခရောက်မည်မဟုတ်ပဲ တလှေ တည်းခရီးသွားမည့်အားလုံးအား ဒုက္ခပိုဖြစ်နေစေရန်အတွက်ကိုဖန်တီးသလိုဖြစ်နေနိုင်သည်ကို အလေးအနက်သတိထား သင့်ပါသည်။ ထိုသို့ပြတ်ပြတ်သားသားဆုံးဖြတ်၊ သိရှိထားအောင်လုပ်ပြီးလုပ်ကြသည့်အခါတွင်မှသာ မည်သူကမည်သည့် တာဝန်ကိုပြတ်ပြတ်သားသားယူမည်ကို ဆုံးဖြတ်နိုင်ကြလိမ့်မည်ဖြစ်သကဲ့သို့ ထိထိရောက်ရောက်လုပ်နိုင်မှုလဲဖြစ်လာလိမ့် မည်ဖြစ်သည်။ ဤအချိန်တွင်ယောင်ဝါးဝါးလုပ်၍အားလုံးနှောင့်နှေးမှုဖြစ်စေရန်လုပ်ရမည့်အချိန်မဟုတ်တော့ပါ။ အားလုံး ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး တိတိကျကျလုပ်နိုင်ရန် မိမိကိုယ်ကိုအဆင်သင့်ပြင်ထားပြီးစတင်ဆွေးနွေးစုဖွဲ့ခြင်းလုပ်ပါက ထိုအဖွဲ့က အလုပ်ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ အားလုံးယောင်ဝါးဝါးသာစုပေါင်းပြီး ယခင်လိုယောင်ဝါးဝါး သာနေကြပါက ထပ်မံစုစည်းသည့်မည်သည့်အစုအစည်းမဆို ယခင်ကတည်းကရှိနေသောယောင်ဝါးဝါးအဖွဲ့များထဲသို့ နောက်ထပ်ယောင်ဝါးဝါးတခု ထပ်မံတိုးထဲ့ခြင်းသာဖြစ်နေစေပါလိမ့်မည်။ ထိုသို့လုပ်နေရန်အချိန်မရှိတော့ပါ။
အစုအစည်းအဖြစ်စုစည်းမိပြီးနောက်တွင် လက်တွေ့လုပ်မည့်လုပ်ငန်းစဉ်များနှင့် လုပ်ရပ်များကိုချမှတ်ကာ အချိန်အပိုင်းအ ခြားများသတ်မှတ်၍လုပ်ငန်းများအကောင်အထည်ဖေါ်နေကြရလိမ့်မည်ဖြစ်သည်။ အသစ်တခါထပ်မံစုစည်းပြီး ပရိုပိုဆယ် ရဘို့နှင့် မိမိကိုယ်သာလခသတ်မှတ်ပေးဘို့အတွက်သာရည်ရွယ်ကာ ကြေညာချက်များချည်းပဲထုတ်ကြမည်ဆိုလျှင် ဤအ ဖွဲ့သည်လည်းအခြားအဖွဲ့များနှင့် မည်သို့မျှခြားနားလိမ့်မည်မဟုတ်ပေ။ လက်တွေ့ကျသောလုပ်ငန်းစဉ်နှင့်လုပ်ငန်းများချ မှတ်လုပ်ကြမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်သူများကို အမှန်တကယ်ကူညီရာကျမည်ကိုသိရှိလုပ်ဆောင်ရန်လို အပ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အထောက်အကူပြုနိုင်မည့်လုပ်ငန်းများအားလုံးအားလုပ်ဆောင်ပေးခြင်း ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လူထုအတွက် အဆင့်မြှင့်တက်ရန်လှေကားထစ်များဆင့်ပေးသကဲ့သို့ဖြစ်နေစေလာ မည်ဆိုပါက လူထုလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အရှိန်အဟုတ်မြင့်မားလာမည်ဖြစ်သည်။
ခေါင်းဆောင်မှုများညံ့ဖြင်းမှုနှင့် ကျွန်တော်တို့အားလုံး၏မထိရောက်မှုတို့ကြောင့် လွန်ခဲ့သည့်အနှစ်၂၀ကျော်ကာလပတ် လုံး အာဏာရှင်များမှချခင်းပေးထားသော သတ်ကွင်းတို့တွင်သာ ကစားတတ်ခဲ့ကြသည်။ အာဏာရှင်တို့၏လှည့်ကွက် များကိုကျော်လွှားပြီး အာဏာရှင်များအလိုကျ သူများနောက်မှလိုက်လုပ်နေရမှုများကို ပြောင်းပြန်လှန်သင့်ပြီဖြစ်သည်။ လူ တိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဘာကြောင့်မဝင်သင့်ကြောင်း ထင်မြင်ချက်အမျိုးစုံရှိခဲ့ကြပြီး ထိုထင် မြင်ချက်များကို ရက်ရက်ရောရောပေးခဲ့ကြသော်လည်း မိမိတို့အားလုံးဘာကြောင့် အာဏာရှင်များ၏နောက်မြီးဆွဲတချိန် လုံးလိုက်လုပ်ပြီးသာနေခဲ့ကြရသည်ကို ကိုယ့်အမှားကိုယ်မြင် တွက်ချက်ကြည့်ကြရန်ဝန်ဆက်လေးမြဲလေးနေခဲ့ကြသည်။ အာဏာရှင်များချပေးသောလမ်းကြောင်းများတွင်သာလျှောက်လှမ်းနေသူများအဖြစ်မှကျော်လွန်ကာ မိမိလမ်းကြောင်းမိမိ တို့ဘာသာထွင်သွားနိုင်သော တော်လှန်သူအစစ်များဖြစ်လာကြရန်လိုအပ်သည်။ ထို့ကြောင့်နအဖမှချပေးသောလမ်းဖြစ် သည့် ၂၀၁၀ရွေးကောက်ပွဲအတွက်သာမက စစ်မှန်သောပြောင်းလဲမှုဖြစ်ပေါ်လာအောင် မည်သို့လုပ်ဆောင်ကြမည်ဆို သည့် နည်းလမ်းကိုလည်းချမှတ်အကောင်အထည်ဖေါ်ရန်လိုအပ်လိမ့်မည်ဖြစ်၏။ ထိုသို့မဟုတ်ပဲ နအဖချမှတ်မှတ်ထား သည့်လုပ်ငန်း တခုချင်းစီကိုသာ ဆက်၍ဆန့်ကျင်ကြရန်ပဲလုပ်နေကြပါက မိမိတို့အားလုံးသည် အာဏာရှင်များ၏ နောက် လိုက်ခွေးများအဖြစ်မှ မည်သည့်အချိန်တွင်မျှလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ လမ်းကြုံ၍အလျှဉ်းသင့်ရာလိုက်လုပ် နေခြင်းကိုရပ်တန့်ကာ လက်တွေ့အစီအစဉ်ဖြင့်စီမံချက်အတိုင်း အကောင်အထည်ဖေါ်လုပ်ကိုင်မှုများကို တိတိကျကျလုပ် သင့်ကြပြီဖြစ်သည်။
အချုပ်ဆိုရလျှင် အများယောင်၍လိုက်ယောင်သော ဟန်ပန်ပြသမားများသည် မိမိကိုယ်ကိုဘယ်လောက်လုပ်ကိုင်မည်ပြတ် ပြတ်သားသားဆုံးဖြတ်ထားနိုင်ခြင်းမရှိပဲ ၄င်းတို့မလုပ်ရဲမလုပ်နိုင်သည့်နည်းတူအခြားသူများလိုက်ပါလုပ်ဆောင်ရန်လုပ်ကြ ခြင်းကိုလည်းနည်းအမျိုးမျိုးဖြင့် ခြေဒရွတ်တိုက်ဆွဲကာလိုက်လုပ်ကြမည်ဖြစ်သည်။ ထိုသူများကို သတိပြုရှောင်ရှား၍လက် တွေ့လုပ်ကြမည့်သူများ၊ တိကျခိုင်မာသောယုံကြည်ချက်နှင့်စွန့်လွှတ်စွန့်စားရဲသူများစုပေါင်းလုပ်ကိုင်လာကြသည်အထိ လုပ်လာနိုင်ကြလျှင် အကောင်းဆုံးရလာဒ်ရမည်ဖြစ်သည်။ မိမိကိုယ်ကိုနှင့်အများကိုလိမ်ပြီး အများနှင့်လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနေသည့်သူများအဖြစ်မှသတိထားပြောင်းလဲလာကြရန်လိုအပ်နေပြီဖြစ်ပါသည်။ အားလုံးအနှစ်သာရ မရှိသောကြော်ငြာချက်များ၊ မိန့်ခွန်းများမိန်မိန်ကြီးထုတ်နေခြင်းထက် အမှန်တကယ်လက်တွေ့ချအပ်သင့်သောလုပ်ငန်း များတို့ကိုချမှတ်ပြီး အစီအစဉ်တကျဆက်တိုက်လုပ်နိုင်နေလျှင် စစ်အာဏာရှင်စံနစ်ကိုပြုပြင်ပြောင်းလဲနိုင်လာလိမ့်မည်ဖြစ် သည်။ မြန်မာနိုင်ငံရေးကျွမ်းကျင်သူဟုအမည်ခံထားသူကြီးများကလည်း အာဏာရှင်ထံဒူးထောက်အညံ့ခံပြီးအာဏာရှင်ပြ သည့်လမ်းစဉ်လိုက်ခြင်းမဟုတ်ပဲ မြန်မာနိုင်ငံပြောင်းလဲမှုဖြစ်လာစေရေးအတွက်အမှန်တကယ်လက်တွေ့ဖြစ်မည့်လမ်းစဉ် များပြသခြင်းဖြင့်သာ ကျွမ်းကျင်သူပီသစေလိမ့်မည်ဖြစ်သည်။ လက်တွေ့မပါ၊ အနှစ်သာရမရှိသောစကားလုံးများထက် လက်တွေ့ဆန်သဘာဝကျသော စီမန်ကိန်းကျကျလုပ်ဆောင်မှုများကို အထူးလိုအပ်နေပြီဖြစ်ပါသည်။
အေးချမ်း
Sunday, March 14, 2010
ဟံသာဝတီဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ကိုင်စွဲပြီး စစ်အစိုးရ၏ ၂၀၁၀ ဥပဒေ ၅ ရပ်နဲ့ အခြေခံဥပဒေကို ရင်ဆိုင်ဖြတ်ကျော်ပါ
Friday, March 12, 2010
တိုက်ပွဲဝင်ရန် ဦးဝင်းတင် မွေးနေ့စကားပါး
ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအတွက် အမွန်းကျပ်ဆုံး ကာလဖြစ်ကြောင်း၊ စစ်အာဏာရှင်များက လူထုတရပ်လုံးကို လိမ်လည် လှည့်ဖျား၍ ဖိနှိပ်အုပ်စိုးထားကြောင်း ၎င်းက မွေးနေ့ အမှတ်တရ စကားတွင် ဖော်ပြထားသည်။
ဦးဝင်းတင်က ထောင်အတွင်းကျင်းပခဲ့ရသည့် သူ၏ မွေးနေ့ပွဲများတွင် တဦးတည်း စကားပြောကာ ဖြတ်သန်းခဲ့ရကြောင်း၊ ပုလင်းကွဲဖြင့် ထောင်နံရံနှင့် ကြမ်းပြင်ပေါ်တွင် ကဗျာများ၊ စာတိုပေစများကို ရေးသား ကုန်ဆုံးစေခဲ့ရကြောင်း ပြောပြသည်။
“ဆရာ့ရဲ့ ၈၀ ပြည့်မွေးနေ့ကတော့ အပြင်မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေအရ အကြီးမားဆုံး၊ အခက်ခဲဆုံးမှာ သူ ဦးဆောင်နေရတယ်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းမှာ ဆရာ့ရဲ့ ဦးဆောင်မှုနဲ့ အကျပ်အတည်းကနေ လွန်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု မြန်မာ့သတင်း သမဂ္ဂ (BMA) ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းက ဆိုသည်။
ဦးဝင်းတင်၌ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု တစုံတခုမျှ မရှိကြောင်း၊ နိုင်ငံအပြောင်းအလဲအတွက် တာဝန်ရှိသည်ဟု ယူဆကာ သတင်းစာ ဆရာ ဘ၀မှ နိုင်ငံရေးသမားဘ၀သို့ ပြောင်းလဲခဲ့ကြောင်း NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ဌာနမှ ကိုမိုးဇော်ဦးက ဆိုသည်။
“ဦးဝင်းတင်ရဲ့ အကုန်လုံးကို စွန့်လွှတ် အနစ်နာခံပြီးတော့ ဆက်လုပ်နေတဲ့ စိတ်ဓာတ်ကတော့ တော်တော်ချီးကျူးဖို့ကောင်းတယ်၊ လေးစားဖို့ကောင်းတယ်။ ကျနော်တို့ အားလုံးအတွက် အတုယူဖို့ကောင်းတယ်” ဟု ကိုမိုးဇော်ဦးက ပြောသည်။
ဦးဝင်းတင် မွေးနေ့ အမှတ်တရ စကားတွင် မကြောက်တရား၊ သွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် ရည်မှန်းချက် ပန်းတိုင်ထားကာ ရင်ဆိုင် ချီတက်ရေး လက်နက်များကို ကိုင်စွဲ၍ တိုက်ပွဲဝင်သင့်ကြောင်းလည်း ပါရှိသည်။
နိုင်ငံတကာမှ ဦးဝင်းတင်ကို ချစ်ခင်လေးစားကြသူများက သူ၏ မွေးနေ့ အမှတ်တရစကားကို အင်တာနက် အီးမေးလ်များမှ တဆင့် ဖြန့်ဝေခဲ့ကြသည်။
AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က “ဆရာ ဦးဝင်းတင်ဟာ ထောင်ထဲမှာ ရက်ပေါင်း ၇၀၀၀ ကျော် နေခဲ့ပါတယ်၊ ထောင်ထဲမှာ တရက် တရက်ကို ဖြတ်သန်းဖို့ ခက်ခဲပါတယ်။ ဦးဝင်းတင်ရဲ့ စိတ်ဓာတ်နဲ့ ဖြတ်သန်းမှုကိုတော့ လေးလေး နက်နက်ကို တန်ဖိုးထား ဂုဏ်ယူတယ်၊ လေးစား အသိအမှတ် ပြုပါတယ်” ဟု ပြောသည်။
အဆိုပါစာအုပ်တွင် အခန်း ၁၀ ခန်းနှင့် ဆောင်းပါး ၄၂ ပုဒ်ပါရှိကာ စာအုပ်ဝယ်ယူလိုသူများ အနေနှင့် info@aappb.org This e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
၁၉၂၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည့် သတင်းစာဆရာ တဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
Friday, 12 March 2010 19:37 ကိုထွေး
ရင်းမြစ်။ ။ဧရာဝတီ
Tuesday, March 9, 2010
လွပ်လပ်မှုနှင့်ညီမျှမှုကိုရှေးရှုလျှက်

Thursday, February 18, 2010
ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့်လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။
တိုက်ဆိုင်လှပါတယ်။
နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်းခုတ်နေကြချိန်၊ နောက်အစိုးရလက်ကို
ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလိုခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ်ကင်တားနား မြန်မာပြည်ကိုရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပန်းကျနေချိန်၊
ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအသည်းနှလုံး၊ အလုပ်သမားလူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီးလက်မောင်းတန်း နေကြပါတယ်။
တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ်အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ်
ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင်အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်း မပြောနိုင်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကတဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမားလူတန်းစားဟာ တခါထရပ်ပြလိုက်ကြပြန်ပါပြီ။ ပြည်သူလူထုကြီးတရပ်လုံးရဲ့ကိုယ်စားပါ။
တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ အလုပ်
သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန်ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာလျှံကာလောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမားဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက်အကန့်အသတ်မရှိခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။
အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံလုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာမလိုတော့ပါဘူး။
ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက်ဖျန်ဖြေပေးတယ်ဆိုတာ
လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှ
မဟုတ် နအဖထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင်ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေးနေရတယ် မဟုတ်ပါလား။ လာမယ့်ရွေးကောက်ပွဲအတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးဘဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။
ဒီလိုအချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံအင်အားစုတွေ (ပြည်
တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက်ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆလုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။
ရဲဘော်ဖိုးသံချောင်း
၁၆/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ ခေတ်ပြိုင်
Sunday, February 14, 2010
ဘဘ ဦးတင်ဦး နှင့် ဘဘ ဦးဝင်းတင် တို့၏ စကားလက်ဆုံ မှတ်တမ်းဓာတ်ပုံ

ကျနော်တို့ ဦးတင်ဦး လွတ်မြောက်လာတော့ အတိုင်းမသိဝမ်းသာမိတယ် ။
ဒါပေမယ့် ဦးတင်ဦး ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ။
နောက် မဖြစ်မနေ ကြိုးစားဖို့လိုပြီဆိုတာ ကိုလည်း နားလည်မိတယ် ။
ဆရာဦးဝင်းတင် လည်း အတူတူပါပဲ အသက်တွေဟာ စိတ်သွားတိုင်းကိုယ်မပါ နိုင်တော့တဲ့အနေအထား
ဖြစ်နေပြီ ။
သူတို့ ဟာ စိတ်ဓာတ်တွေကြောင့် မာကျောနေကြပါလားဆိုတာကို နားလည်မိတယ် ။
နောက်လူငယ်တွေအတွက် သူတို့တွေ တာဝန်ကျေရုံမက အတော်လေးကို လွန်လွန်ကဲကဲ
ထမ်းဆောင်နေပါလားဆိုပြီး မျက်ရည်လည်မိတယ်။
ကျနော်တို့မျိုးဆက်သစ်လူငယ်များ က ကိုယ့်အလှည့်ရောက်လာပြီဖြစ်တဲ့ သမိုင်းပေး
တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြပါလို့လည်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ...။
မှတ်ချက် ။ ။ မှတ်တမ်းဓာတ်ပုံများကို မြတ်လေးငုံ ဘလော့မှ ကူးယူပါသည်..။
Thursday, January 28, 2010
အားလုံးတူညီ ဒီမိုကရေစီဖော်ဆောင်ရမည်

သူ့ကို တင်ဆောင်လာသော ယာဉ်ငယ်လေးသည် ဂြိုဟ်ဆွဲအားကြောင့်တရှိန်ထိုး ပျက်ကျကာပေါက်ကွဲသွား၏။
အခန်း(၁)
သူသတိရလာသောအခါ ဂြိုဟ်ပြာကြီးတစ်လုံးပေါ်တွင်ရောက်နေလေ၏။ နေရာမှလူးလဲထလိုက်သည်။
ဒေသစိမ်းတွင် ဟိုဟိုဒီဒီ စူးစမ်းနေမိ၏။ သတင်းအချက်အလက်တွေအရဆိုလျှင်တော့ ဒီဂြိုဟ်ပေါ်တွင်လူသား
များရှိနေခဲ့သည်။
ရှေးနှစ်သန်းပေါင်းများစွာက အတ္တလန်တာနိုင်ငံတော်ကြီးသမုဒ္ဒရာ ဖြစ်သွားစဉ် ဒီဂြိုဟ်သို့ပြောင်းရွေ့
နေကြသူများ၏မျိုးဆက်များဖြစ်သည်။
အတန်ကြာလျှောက်သွားနေမိသော်လည်း လူသူတစ်ဦးတလေမျှမတွေ့၊ရှေ့ဆီတွင် ကုန်းမြင့်ဂမူ တစ်ခု
သာတွေ့သဖြင့်သူတက်သွားလိုက်သည်။တစ်ဝက်ခန့်အမြင့်သို့ရောက်သောအခါ ကမူထိပ်ဆီသို့တဖြည်းဖြည်း
ရွေ့လျှားလာသောကျောက်တုံးကြီးတစ်တုံးကိုရုတ်တရက်တွေ့လိုက်ရ၏။
ခဏတော့သူလန့်သွားသည်။သေသေချာချာကြည့်တော့မှလူတစ်ဦးကျောက်တုံးကြီးကိုပြီးသူရှိရာဆီတဖြည်း
ဖြည်းလှမ်းလာနေ၏။
ကမ္ဘာမြေမှသူ့ကို(ဒီဂြိုဟ်ပေါ်ရှိလူသားများနှင့်ဆက်သွယ်ရန်)စေလွှတ်လိုက်သောကိစ္စအောင်မြင်လေပြီဟု
လည်းတွေးမိသည်။ သို့သော်သူ့ယာဉ်ပျံပျက်သွားသည့်အတွက် တော့ကမ္ဘာမြေသို့သူပြန်ဖို့ဘယ်လို
ဖြေရှင်းရမည်မသိ။လောလောဆယ်အားဖြင့်တော့ဒီဂြိုဟ်ပေါ်က လူကိုသာ အကူအညီရလိုရညား မေးစမ်း
ကြည့်ရမည်။
ထိုလူက သူပြောသည့်စကားကိုနားလည်နေသောကြောင့်တော်သေးသည်။ သို့သော်ထိုလူပြောသော
စကားများကြောင့် သူစိတ်ပျက်သွားရသည်။ ဒီဂြိုဟ်ပေါ်တွင်ကမ္ဘာသို့ပြန်စရာ ယာဉ်ပျံမရှိ။ ဆက်သွယ်နိုင်မယ့်
ခေတ်မီသတင်းပို့စက်များမရှိ။ စားစရာ အလေ့ကျပေါက်နေသောသီးနှံများမှအပ ဘာဆိုဘာမှမရှိပါတဲ့။
သူတော်တော်စိတ်ဓာတ်ကျသွားသည်။ သို့သော် အဖော်မရှိသဖြင့် သူတို့နေထိုင်ရာဆီပြန်မည့်
ထိုသူနှင့်အတူတော့လိုက်သွားရသည်။ ထိုသူက ကျောက်တုံးကြီးရွက်ရင်းသူ့ရှေ့မှလေးလေးပင်ပင်
လမ်းပြခေါ်ဆောင်နေလေသည်။ လမ်းတွင်သူ့ကိုမေးမိသည်။
“ ခင်ဗျားခေါင်းပေါ်က ကျောက်တုံးကြီး ဘာလို့ရွက်ထားတာလဲဗျ“
“မသိဘူးလေဗျာ“
“ဟင်မသိဘူး“
“ဟုတ်တယ်လေဗျာ ကျုပ်တို့ဂြိုဟ်ပေါ်မှာ ဒီလိုလူတိုင်းရွက်နေကြတာပဲ။ အဲဒီတော့ ကျုပ်လည်းရွက်ထားတာပေါ့။ ရှေးကတည်းကစပြီး ဒါ အစဉ်အလာဗျ“
“ခင်ဗျားတို့ အမြဲတမ်းအဲလိုပဲ ရွက်ထားတာပဲလား“
“အေးပေါ့ဗျ. ဘာပင်ပန်းတာလိုက်လို့“
မပင်ပန်းဘူးသာဆိုတယ် သူ့ကိုကြည့်ရသည်မှာ မသက်သာ။ တော်တော်ဥာဏ်မရှိတဲ့သူတွေပဲဟု
စိတ်ထဲက ရှုတ်ချလိုက်မိသည်။ သူများရွက်တိုင်း လိုက်ရွက်ကြသတဲ့။ ဒီဂြိုဟ်ပေးမှ လူများ၏ဆင်ချင်ဥာဏ်
မဲ့ပုံကို ရယ်ချင်မိသည်။ သို့သော် ဘာမှဆက်မမေးနေတော့ပဲ ဂြိုဟ်ပေါ်မှ လူ၏ နောက်မှတိတ်ဆိတ်စွာ
ရင်ထဲက သရော်နေရင်း လိုက်လာတော့သည်။
အခန်း(၂)
ဂြိုဟ်ပေါ်မှလူများနေထိုင်ကြသည့်နေရာနားသို့သူတဖြည်းဖြည်းရောက်လာခဲ့သည်။ လူသူတွေတစ်ယောက်ပြီးတစ်ယောက်တွေ့ရ၏။ ပုံမှန်သူလိုလူသားများအတိုင်းပင်။ ထူးခြားနေခြင်း
တစ်ခုသာရှိ၏။
ပထမတစ်ယောက်တွေ့၏။ ကျောက်တုံးကြီးရွက်ထား၏။ဒုတိယ တစ်ယောက်တွေ့
တော့လည်း ကျောက်တုံးကြီးရွက်ထား၏။ သူနှုတ်ခမ်းကွေးအောင်ပင် သရော်မိ၏။
အသံတော့မထွက်စိတ်ထဲကသာဖြစ်၏။
တတိယတစ်ယောက်တွေ့ပြန်သည်..
စတုတ္ထတစ်ယောက်……
ပဉ္စမတစ်ယောက်…….
တဖြည်းဖြည်းလူတွေတော်တော်များနှင့်တွေ့၏။ အားလုံးသူ့ကို (ကျောက်တုံးရွက်မထားသူဖြစ်သောကြောင့်)
အထူးအဆန်းသဖွယ်ဝိုင်းကြည့်ကြသည်။ သူအနေရခက်လာသလိုရှိ၏။
သူတို့ရွက်ထားသော ကျောက်တုံးများကိုကြည်မိ၏ ။စိတ်ထဲသိပ်မလေးလှဘူးဟု ထင်မိသလိုလိုပါပင်။
အခန်း(၃)
သို့နှင့် သူတို့ဂြိုဟ်ပေါ်တွင်နေထိုင်ခဲ့ရင်း သူအရင်ဆုံးတွေ့သည့်လူ၏ ဂူတွင်တည်းခဲ့သည်။ သို့သော်
အပြင်သိပ်မထွက်ရဲ။လမ်းထွက်တိုင်း လူတွေက သူ့ကိုအထူးအဆန်းသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်ကြသော
ကြောင့်ဖြစ်၏။ နောက်မှတဖြည်းဖြည်း လူတွေနှင့်ဝင်ဆံ့အောင်လုပ်ရ၏။တစ်ရက် အပြင်ထွက်၏။ လူတိုင်း
ကျောက်တုံးရွက်ထား ကြသည်။
ထပ်ပြီးနောက်တစ်ရက်ထွက်ပြန်၏။ လူတိုင်း…………
ထိုမှ…. နောက်တစ်ရက်…….နောက်တစ်ရက်………
လူတွေအကုန်ကျောက်တုံးရွက်ထားသည်ကိုသာမြင်နေရသည်။ နေ့တိုင်းပင်မြင်နေရ၏။ လူတိုင်းဖြစ်၏။
အခန်း(၄)
တစ်လတိတိကြာသောအခါတွင်တော့ သူပါကျောက်တုံးရွက်ထားသည်ကိုလူတိုင်းတွေ့မြင်နိုင်ကြ၏။
အဆုံး
ထိုအရပ်တွင် လူဦးရေ တစ်ရာ ခန့်သာရှိ၏ ။ သူတကယ်ပင်တစ်လ မျှသာနေရသေးသည်။
သို့သော် သာမာန်လူတစ်ယောက်ကို သွားလေရာကျောက်တုံးရွက်တတ်ရန် အချိန်တစ်လခန့်နှင့်
လူတစ်ရာခန့်သာလို၏……..
ကဲ …ဇာတ်လမ်းကတော့ ဒါပါပဲ ။ ဆရာသွန်းနေစိုး ရဲ့ “ဂြိုဟ်ပြာပေါ်တွင်“ ဆိုတာလေးပါ ကျနော်တို့ဘာကို သိလိုက်ရသလဲ ဆိုတော့ အခု ကျနော်တို့အားလုံးရွက်ထားဖို့ စစ်အုပ်စုပြုတ်ကျရေးဆို တဲ့ကျောက်တုံးကြီးရှိနေတယ်လေဗျာ။ ရှေးက အကိုတော်တွေ ၊ အစ်မတော်တွေ ထမ်းရွက်ခဲ့ကြပြီးပြီ ။ ထမ်းရွက်ထားတုန်းရှိသေးသည်။ ကျနော်တို့ဒီတာဝန်ကို ထမ်းရွက်ဖို့ ၀န်လေးတယ်ထင်နေတယ်မဟုတ်လား …? အားလုံးထမ်းရွက်အောင်လုပ်နိုင်ကြရင် ဘယ်သူခံနိုင်မှာလဲ …. လူတစ်ယောက်ပါလာအောင် တစ်လလောက်စည်းရုံး တတ်ရင်ဖြစ်တယ်ဆိုတော့ လက်ရှိ NLD မှာ ၊ နိုင်ငံခြားမှာ အတိုက်အခံပေါင်းများစွာ ရှိနေသေးတယ် မဟုတ်လား ? ကဲ အားလုံးစည်းစည်းရုံးရုံးနဲ့ လူတွေကို ထမ်းရွက်တတ်လာအောင်လုပ်မပြနိုင်တော့ဘူးလား ? တကယ်လို့ လုပ်ပြနိုင်ခဲ့ရင် တော့ ကျနော်ထင်ပါတယ် ကျနော်တို့ပန်းတိုင် ဟာ မဝေးတော့ပါဘူး … မလုပ်ပြနိုင်ခဲ့ရင်တော့………………………..?
Wednesday, January 27, 2010
အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလည်း။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းက ကျောင်းသားတွေ အာဏာရှင်တွေကို စတင်ဆန့် ကျင်တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။ ပြည်သူနဲ့  ပူးပေါင်းပြီး အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေ ပေါ်ပေါက်ခဲ့ကြတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေကို ဘုရားသားတော်တွေဖြစ်ကြတဲ့ သံဃာတော်တွေ စုပေါင်းတော်လှန်ခဲ့ကြတယ်။ သံဃာတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။
ဒီနှစိ ၂၀၁၀ မှာ နောက်ဆုံးကျန်နေတဲ့ တပ်မတော်သား (စစ်သား) တွေ အာဏာရှင်ကို မနှေးအမြန် ဆန့် ကျင်တော်လှန်ကြရမယ်။ တပ်မတော်သား (စစ်သား) တွေမှာ လက်နက်တွေ ရှိကြတယ်။ သတ္တိပြဖို့ ဘဲ လိုတယ်။
ပြည်သူကို မတရား အနိုင်ကျင့် စိုးမိုးနေတဲ့ အာဏာရှင်တွေကို အဆုံးသတ်ပေးဖို့  တာဝန်ဟာ ဘယ်သူ့ ပခုံးပေါ်မှာ ကျရောက်နေပြီးလည်းဆိုတာ သိကြပါ။ ပြည်သူ့ အတွက် ဘယ်သူအောင်ပွဲခံပေးမှာလည်း။ ဘယ်သူ တာဝန်ကျေမှာလည်း။
ပြည်သူနဲ့  လက်တွဲပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေရဲ့  ပြောစကားတွေနဲ့  ပုံရိပ်လွှာတွေကို ဖေါ်ပြလိုက်တယ်။ အစဉ်အလာ ဆက်ထိန်းကြဖို့ နောင်တော် တပ်မတော်သားတွေရဲ့  အသက်သွေးတွေ စိတ်ဓါတ်တွေ လက်ရှိ တပ်မတော်သားတွေ ခန္ဓာကိုယ်ထဲ စီးဆင်းပါစေသောဝ်။
စစ်သည်တော် ကျင့်ဝတ်ထဲမှာ “ရန်သူကို နေလို မီးလိုကျင့်၊ ပြည်သူကို ရေလို လ လိုကျင့်” ဆိုတာ ပါပါတယ်။ ပြည်သူ့ ရန်သူဖြစ်တဲ့ နအဖအာဏာရှင် (ရန်သူ) တွေကို နေလို မီးလိုကျင့်နိုင်ပြီး၊ ပြည်သူတွေအပေါ်မှာ ရေလို လ လို ကျင့်နိုင်ပါစေသား။
မူရင်း ။ ။ နစ်နေမန်း ဘလော့



