Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, November 4, 2010

ဗျိုင်းနားဘုရင်

ကျနော်တို့နိုင်ငံမှာ ဘာပဲဖြစ်ဖြစ် (တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေ) ရွေးကောက်ပွဲကတော့ကျင်းပတော့မှာပါ ။ ပြည်သူတွေက တော့ ဗျိုင်းနားဘုရင်လိုမျိုးမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရုံမှတပါးမတတ်နိုင်ပါဘူးလို့ပြောကြပါတယ် ..။
တစ်ခါတုန်းကပေါ့ .......
မင်းလောင်းပေါ်မယ် လို့တစ်တိုင်းပြည်လုံး ပြောနေကြလေရဲ့..။ မင်းလောင်းဖြစ်မယ့်သူဟာ အရှေ့ အရပ်က ဗျိုင်းကြီးက လာပြီးနားတဲ့သူ ဖြစ်မယ်လို့ တစ်တိုင်းတစ်ပြည်လုံးပြောနေကြတယ်။ အဲဒီတော့လူတိုင်းလူတိုင်းဟာ ကိုယ့်ပေါ် ဗျိုင်းနားပါစေလို့ ဆုတောင်းရင်း ဘယ်သူ့အပေါ်များနားမလဲဆိုတာလည်း သိချင်တော့ လမ်းတွေပေါ်ရောက်နေကြတာပေါ့..။ အဲဒီထဲမှာ ဆင်းရဲသား သားအဖ နှစ်ယောက်လည်း ပါတာပေါ့ ..။
  သား ဖြစ်သူက အဖေ ... တကယ်လို့ ဗျိုင်း က အဖေ့ အပေါ်နားလို့ အဖေများ ဘုရင်ဖြစ်ခဲ့ရင် ဘာလုပ်မလဲ..။
   အဲဒီလို သားဖြစ်သူက မေးတော့ သူ့အဖေက ငါသာ ဘုရင်ဖြစ်လို့ကတော့ တိုင်းပြည် ကောင်းစားအောင်
ဘာတွေလုပ်မယ် ။ ဘယ်လိုလုပ်ပေးမယ် စသည်ဖြင့်ပြောတာပေါ့ဗျာ။
အဖေ ဖြစ်သူက ငါ့သား တကယ်လို့ မင်းကိုများ ဗျိုင်းနားလို့ မင်းဘုရင်ဖြစ်ရင်ရော လို့ 
မေးလိုက်တော့ သားဖြစ်သူက ကျနော်သာ ဘုရင်ဖြစ်လို့ကတော့ တိုင်းပြည် ကမောက်ကမ ဖြစ်အောင် ကို လုပ်ပစ်လိုက်မယ် လို့ပြောလိုက်ပါတယ်....။
 ဒီလို နဲ့ အရှေ့ အရပ်က ဗျိုင်း ကြီး ရောက်လာပြီပေါ့ဗျာ ..။ ကံဆိုးစွာပဲ ဗျိုင်းကြီး က ခုန ဆင်းရဲ သား သားအဖ နှစ်ယောက်ဆီ ကိုပျံလာပြီး သားဖြစ်သူကို နားလိုက်ပါတော့တယ်ဗျာ...။
ဒီလိုနဲ့ ဗျိုင်းနား ဘုရင်ကြီး တိုင်းခန်းလှည့်လည် လာတော့တာပေါ့ဗျာ ။ လမ်းမှာ တွေ့သမျှ ကမောက်ကမ တွေ ဖန်တီးပါတော့တယ်.....။
တစ်နေရာ အရောက် သူဋ္ဌေး တစ်ဦး အိမ်ကိုရောက်တော့ သူဋ္ဌေးကြီးကိုမေးတာပေါ့ ။ ခင်ဗျား ဒီတိုက်ကြီးနဲ့ နေတာ ဘယ်လောက်ကြာပြီလဲ ။ ဒီတော့ သူဋ္ဌေးကြီးက ကျနော်တို့ ဘိုးစဉ် ဘောင်ဆက် ချမ်းသာတော့ ဒီတိုက်ကြီးနဲ့ မွေးကတည်းက နေလာတာပါလို့ ပြောလိုက်သတဲ့..။ ဒီတော့ ဗျိုင်းနား ဘုရင်က ခင်ဗျား တိုက်နဲ့ နေတာ ကြာပြီ ဆိုတော့ သွား တဲပေါ် ဆင်း ။ နောက် မကြာခင်ကမှ လက်ထပ်ထားတဲ့ လင်မယား ကိုတွေ့ပါလေရောဗျာ ..။ အဲဒီတော့ မင်းတို့ လက်ထက်တာ မကြာသေးဘူးမဟုတ်လား ...။ အဲဒီတော့ မင်းတို့ က မကြာသေးတော့ မင်းမိန်းမ နဲ့ ဟိုက အိမ်ထောင်ကျတာ ကြာတဲ့ မိန်းမနဲ့ လဲ ..။ အင်း ဒီလို
ကမောက်ကမတွေ ဖန်တီးရင်း သူကြီး အိမ်ကို ရောက်သွားပါတော့တယ် ..။ အဲဒီရွာက သူကြီး က ရွာထဲ
က အရူးမလေး ကို မတရား ကျင့်ထားတော့ အရူးမလေး က ကိုယ်ဝန်ရ နေတာပေါ့ ။။ အရူး မလေး လည်း
သူ့ကိုယ်ဝန် သူကြီးနဲ့ ရတာဖြစ်တယ်လို့ လိုက်ပြောတာပေါ့ . ..။ ဒါကို ဘုရင် ရောက်တော့ ကြားတာပေါ့။
ဘုရင် က အရူးမ ကိုခေါ်ပြီး နင် မဟုတ် က ဟုတ်က ပြောတယ်ဆိုပြီး ရိုက်ခိုင်းတာပေါ့ ..။
အဲတော့မှ အရူးမလေး က ငိုပြီး ဘုရင်ကို ပြန်ပြောလိုက်တာကတော့ ... သူဘုရင်ဖြစ်မှပဲ မှန်တာပြောရင် အရိုက်ခံရတော့တယ်..... တဲ့ဗျာ...။

အဲလိုမျိုး ကမောက်ကမ အမတ်တွေ နဲ့ တိုင်းပြည်ကြီးကတော့ ..................။

Wednesday, October 6, 2010

တစ်လတာ အသုံးစရိတ်ကို အသုံးချခြင်း

သို့

အချစ်လေးရေ

ကိုယ်ဒီလအသုံးများသွားလို့ ပိုက်ဆံမပို့နိုင်တော့ဘူးကွာ... ဒါပေမယ့် မင်းအတွက်
ကိုယ်အနမ်းပေါင်း ၁၀၀ ပို့ လိုက်တယ်နော် အချစ်လေး....

မင်းရဲ့

ကိုကို
~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ်အကြာမှာတော့ သူ့မိန်းမဆီက စာပြန်လာပါတယ်။

သို့

ယောကျာ်းရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူးတင်ပါတယ်.....
ဒီလ အသုံးစရိတ်ကို ပြောပြမယ်နော်။
၁။ နွားနို့ပို့သမားကို တစ်လစာ နွားနို့ဖိုးအတွက် အနမ်း (၂) ပွင့်....
၂။ လျှပ်စစ်ဌာနက လူကို မီတာခတစ်လစာအတွက် အနမ်း (၇) ပွင့်....
၃။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူပဲ တစ်နေ့ကို အနမ်း ၂ ပွင့်၊ ၃ ပွင့်
လာယူတယ်....
၎။ Super Market ကတော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်....
၅။ တစ်ခြားအထွေထွေက အနမ်းပွင့် ၄၀.....

ဒါပေမယ့် မပူပါနဲ့နော်... ချစ်မှာအနမ်း ၃၅ ပွင့်ကျန်သေးတယ်။
ဒီလတော့ ကောင်းကောင်းလောက်ပါတယ်။ နောက်လလည်း ဒါမျိုးလုပ်ရမှာပဲလားဟင်...။

ကိုကိုရဲ့
ချစ်လေး

မှတ်ချက်။ ။အင်တာနက်ချစ်သူမှ

Thursday, September 16, 2010

ကျတော်တို.စားခဲ.သော စားသောက်ဆိုင် ရဲ. မီနူး အသစ်လေးများ

ကျနော်မွန်လေး တို. သူငယ်ချင်တွေစုပြီးတော့ ရန်ကုန်မြို.ထဲက စားသောက်ဆိုင်တစ်ဆိုင်ကိုသွားလေသည်။ဆိုင်ရောက်တော. menu လေးတွေက အသစ်လေးတွေ

ပေထားတဲ့ နာမည်က မင်းသမီးနာမည် အဆိုတော်နာမည်တွေချည်း ပဲ ဖြစ်နေတယ် ။

အရင်ဆုံးမှာတဲ.သူ က

ပိုင်မင်း ။ ။ ကြည် လဲ.လဲ. ဦး တစ်ပွဲ မှာလိုက်တယ် ၊၊ ကြက်ပေါင်ကြော် တစ်ပွဲရောက်လာတယ် ။


မျိုးဇော်ထက် ။ ။ နန္ဒာလှိုင် တစ်ပွဲ ၊ ကြက် ရင်မုံ သား တစ်ပွဲ လာချပေးတယ် ။ဒီကောင်က ရင်မုံသားမြင်တာနဲ. ဆွဲမယ် ကစ်မယ် လုပ်နေတာ ။

ကိုဇော် ။ ။ ခိုင်သင်ကြည် တစ်ပွဲ ၊ ကြက် အ ဆီ ဗူး တစ် ပွဲ လာချပေးတယ် ။ ဒီလူကစကားအရမ်းများတဲ.လူ ၊သူမှာတာနဲ. ကွတ်တိပဲ ၊


သူ ရိန် ။ ။ ချမ်း ချမ်းတစ်ပွဲ ၊ အသားစနည်းနည်း လေနဲ. ကြက်အရိုးကြော်တစ် ပွဲ လာချပေးတယ် ၊ဒီကောင်က မလေရှားမှာကတည်က ကြက်အရိုးပဲစားတယ် ။

ဘိုထွန်း ။ ။ မိုးဟေကို တစ်ပွဲ ၊ ကြက်ကောင်လုံး ကြော်တစ် ပွဲ လာချပေးတယ် ။

ကိုပြည်. ။ ။ ဒီကောင်မှာလိုက်တာအခုထိမေ၇ာက်သေးဘူး ၊ waiter ကို မေကြည်.တော. အထူး special လုပ်ပေးနေတယ်တဲ. ၊ special ဆိုတော. ကျန်တဲ.ကောင်တွေ သိပ်မကြည်ချင်ဘူး။ တော်ကြာနေ waiter ရောက်လာပြီး ၊ စားပွဲအောက် ကို တစ်ခုခု ချ လိုက်တယ် ၊ ပြီးမှ ပန်းကန်ပြားအပြည်.နဲ.လိပ်ပြာ တစ်ကောင်စာပွဲပေါ်တင်လိုက်တယ် ။ ကိုပြည်. က မေး လိုက်တယ် ဒါကြီ က ဘာလဲ

waiter ။ ။ အကို မှာတဲ. အေး မြတ်သူ လေ ။

ကိုပြည်. ။ ။ ဟင်

မွန်လေး ။ ။ ကျနော်က waiter ကို မေးလိုက်တယ် ၊ ညီလေးအစ်ကို. အတွက်ရော

waiter ။ ။ အစ်ကို အတွက်က စားပွဲ အောက်မှာလေ

မွန် လေး ။ ။ ဘာ ကွ မင်းမိုက်ရိုင်လှ ချည်လား ကွ ၊ ငါမှာတာ အေသင်းချိုဆွေ ကွ ။ စားပွဲအောက်ကိုငုံကြည်.တော.အိုလေးတစ်လုံး

waiter ။ ။ အေလေ အဲ ဒါ အစ်ကို မှာတဲ. အေသင်းချိုဆွေ ရဲ. ပေါက်တဲ. အိုး လေ ။

( တစ်ခါတစ်လေ လည်း ဘ၀အမောတွေ ကြားမှာ ဒါလေးတွေလဲ လိုအပ်ပါတယ် ... မေးလ်မှပေးပို့လာသူ အားကျေးဇူးတင်ပါတယ်ဗျာ..)