Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Thursday, April 8, 2010

ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။

 
              
  ၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဒို့အရေးဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ   တိုင်းရင်းသား ညီညွတ်ရေး ကိုအမှန်       တကယ်လုပ်ဆောင်နေပါသလား….
 ၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ီးမျှပါဝင်ပါသနည်း။
၃။ ယခုစစ်အစိုးရမှထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်          
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့် က်ျးကျခံနေရသော နိုင်ငံရေးင်အားစုများကီုးတည် ကန့်သတ်မှုဖြစ်ပါသလား
  ၄။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်အတွက်ကြောင့်   ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီAဖွဲ့ချုပ်နှင့် တိုက်အခံနိုင်ငံရေးအင်အားစုများအပေါ်အလွန်ကြောက်ရွံရပါသလဲ။

 ၅။စိတ်တိုင်းကျရေးဆွဲထားသော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသောလွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ် မှနေရာယူ အကျော ရ ထားပြီး ရိုးသားသောနည်းတရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အား စုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှ်ပြိုင်ဝံ့ပါသလဲ
  ၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ
  ၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း
 ၈။နိုင်ငံတကာမျက်နှာစာတွင်နိုင်ငံရေးအင်အားစုအားလုံးပါဝင်နိုင်သောလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်ဟူ၍၄င်း၊ အမျိုးမျိုးကတိပေးပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊မြန်မာနိုင်ငံတွင်နိုင်ငံရေးအက်ျးသားမရှိဟု၎င်း မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်းဆန်နေခြင်းတို့သည်လူကြီးလူကောင်းဆန်သည်ဟုအာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား

၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက် လူမိုက်စာရင်းဝင် မြောက် ကိုးရီးယားတို့ကိုအားကိုးဖားယားဆက်ဆံနေရသူများမှာပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။
 ၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။
 ၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့်  နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော ဗိုလ်ချူပ်ကြီးခင်ညွန့်  အစရှိသည့် တိုင်းပြည်ခေါင်းဆောင် (ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး တယောက်မျှအစဉ်အ လာမကောင်းခဲ့ပါ.၊ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ် ရေးကောင်းမည်ဟုယူဆပါသလား။ 
 ၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး  စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။
 ၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိနေမည်ဟု ယုံကြည် ယူဆပါသလား
 ၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအောင်အာဏာ ကိုဆက်လက်ချုပ် ကိုင် ထားနိုင်မည်ဟုယူဆထားပါသနည်း။

 ၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့ဖြင့် ကန့်သတ်ချူပ်ချယ်ထား မှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။
 ၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ- ကျောင်းသား-သတင်းသမား များ ပြုမှုဆက်ဆံနေခြင်းသည် ပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား
 ၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍  သန်း ၆၀ နီးပါးသော ရဟန်း၊ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ်ာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကို ခံစားနေရ ပါသည်။ ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ ပါအ၀င် အပေါင်းအပါ စစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟု ထင်မြင်ပါသနည်း

 ၁၈။ အတိုက်ခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာမှပင်မြင်တွေ့လိုသော ကောင်းသော ဆန္ဒ အရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစ်ကို   ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ပါ သနည်း။
 ၁၉။ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများကသိမှတ်ပြုယုံကြည်မည်ဟုအာဏာရှင်ကြီးယုံကြည်ပါသလား…. 
၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……
                                                                                                                               freeburma.mm@gmail.com
ရင်းမြစ်။ ။ဟစ်တိုင်

Friday, March 12, 2010

ကရင်နီဒုက္ခသည်များ အမေရိကသို့ပြောင်းရွေ့အခြေချမှု ပိုမိုများပြားလာ

ကရင်နီဒုက္ခသည်များ အမေရိကသို့ပြောင်းရွေ့အခြေချမှု ပိုမိုများပြားလာ
အင်တာနက်ပေးစာ
မတ် ၁၂၊ ၂၀၁၀
`        ဘန့်မယ့်စူရင်းလို့ ခေါ်တဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၂) မှာ နေထိုင်တဲ့ ဒုက္ခသည် ၁ဝဝဝကျော်ခန့်ကို  ယခုနှစ် ဧပြီလ အကုန်မှာ အမေရိကန်ကို ရွေ့ပြောင်းအခြေချနေထိုင်ဖို့ အတွက် ကရင်နီဒုက္ခသည် စခန်းအမှတ်(၁) ဘန့်မိုင်နိုင်းဆွယ် စခန်းကို အပြီးပြောင်းရွေ့သွားမည်ဟု စခန်းတာဝန်ရှိသူများက ပြောပါတယ်။
ဘန့်မယ့်စူရင်းမှ အမေရိကားသို့ ပြောင်းရွေ့အခြေချလိုသော ဒုက္ခသည်များစာရင်းကို ၂ဝဝ၉ ခုနှစ် အစောပိုင်းမှာ အိုပီအီး (The IRC's Overseas Processing Entity (OPE)) မှ စစ်တမ်းစတင်ကောက်ယူခဲ့ရာ ဒုက္ခသည်ပေါင်း ၁၂၅၇ ဦးမှ ပြောင်းရွေ့အခြေချလိုကြောင်း စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။  ၂ဝဝ၉ ခုနှစ်  အတွင်းမှာပဲ အမေရိကားကို ပြောင်းရွေ့အခြေချလိုသော ဒုက္ခသည် ၂ဝဝကျော်ကို ဇွန်လတွင်တစ်ကြိမ်နှင့် အောက်တိုဘာလတွင် တစ်ကြိမ်စီ အသုတ်လိုက်ခွဲပြီး ဘန့်မိုင်နိုင်းဆွယ်ကို ပြောင်းရွေ့ခဲ့ပြီးဖြစ်ပါတယ်။
အမေရိကားကိုပြောင်းရွေ့အခြေခြဖို့အတွက် စီစစ်ရွေးချယ်တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ယူအန်အိပ်စီအာရ် အရာရှိတစ်ဦးကတော့
“အမေရိကန်ကို ပြောင်းရွေ့အခြေချဖို့အတွက် နှစ်အလိုက် အစောဆုံး ဒုက္ခသည်မှတ်ပုံတင်ထားသူများကို အရင်ဦးစားပေး ရွေးပါတယ်” လို့ ဆိုပါတယ်။
တတိယနိုင်ငံကို မပြောင်းရွေ့ရခင် Department of Homeland Security (DHS)  နဲ့ OPE က ဆေးစစ်ခြင်းများ ပြုလုပ်စဉ်ကာလအတွင်း ဘန့်မိုင်နိုင်းဆွယ်ကို ပြောင်းရွေ့နေရမည်ဖြစ်သောကြောင့် တချို့သောဒုက္ခသည်များက ထိုစခန်းကိုမပြောင်းရွေ့ချင်ကြပါဘူး။
အမေရိကန်ကို ပြောင်းရွေ့အခြေချဖို့ စာရင်းပေးထားတဲ့ ဘန့်မယ့်စူးရင်းမှာ နေထိုင်တဲ့ ဒုက္ခသည် စောဖိုးဒို က
“စခန်း ၁ ကို မပြောင်းချင်ဘူးလေ။ အဲ့ဒီမှာက လူများတယ်။ အိမ်လေးတွေကလည်း ကြပ်ကြပ်လေးတွေနဲ့။ ရေကလည်းခက်တယ်ပေါ့နော်။ အမေရိကန်ကို မသွားရခင် အနည်းဆုံး ၆ လ လောက်တောင် နေရမယ်ဆိုတော့ အရမ်းဒုက္ခရောက်တာပေါ့နော် …”
ဒုက္ခသည်များကို အခုလို အလုံးလိုက်အရင်းလိုက် တတိယနိုင်ငံကို ပြောင်းရွေ့ဖို့ စီစဉ်ပေးနေသည် ဆိုပါသော်လည်း  ကရင်နီစခန်းအမှတ် (၂) ကို ဒုက္ခသည်အသစ်များ အဆက်မပြတ်ဝင်ရောက်လာနေပါတယ်။ ၂ဝဝ၇ ခုနှစ်နေ ၂ဝဝ၉ ခုနှစ်အထိ ဒုက္ခသည်ပေါင်း ၆၄ဝကျော်လောက် ဝင်ရောက်လာခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဆက်လက်ဝင်လာဖို့လည်း အများကြီးရှိသေးတယ် … လို့ စခန်းဥက္ကဌ ကဆိုပါတယ်။
လူသစ်ဝင်လာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စခန်းဥက္ကဌ ဆရာဒိုနယ် က …
“အဓိကကတော့ နအဖနဲ့အရင် ငြိမ်းချမ်းရေးယူခဲ့တဲ့ ကြယ်ဖြူအဖွဲ့ ထိန်းချူပ်နယ်မြေမှာ နေထိုင်တဲ့ လူတွေများတယ်။ သူတို့အဖွဲ့က အရင်ငြိမ်းချမ်းရေးယူတုန်းက ပြည်သူတွေရဲ့ ဖွံ့ဖြိုးမှုကို အာမခံထားပေမယ့် အခုတော့ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို ပြောင်းလိုက်တော့ ပြည်သူလူထုက မယုံကြည်တော့ဘူးလေ” လို့ဆိုပါတယ်။
လွန်ခဲ့တဲ့လကမှ စခန်းထဲကို ရောက်လာတဲ့ ဒုက္ခသည် စောဖိုးမင်းကလည်း
“ရွာမှာနေတုန်းက နအဖတပ်တွေက ပေါ်တာ အရမ်းများတယ်။ နောက်ပိုင်း ပေါ်တာ မခေါ်ရင်လည်း လမ်းပြအဖြစ်ထပ်ခေါ်တယ်။ တခါခေါ်ရင် အနည်းဆုံး ၁ဝရက်လောက်ကြာတော့ အိမ်မှာ မိသားစုစားဝတ်နေရေး ခက်ခဲလို့ ထွက်ပြေးလာတာ ” လို့ ပြောပါတယ်။
၂ဝဝ၉ ခုနှစ် အတွင်း တတိယနိုင်ငံကို ပြောင်းရွေ့အခြေချသွားတဲ့ ကရင်နီဒုက္ခသည်စခန်း ၂ ခု မှ ဒုက္ခသည် အရေအတွက် ၆ဝဝဝ ကျော် ရှိသည် ဆိုပါတယ်။
ဘန့်မယ့်စူရင်း ကရင်နီဒုက္ခသည်စခန်းသည် မယ့်ဟောင်ဆောင်ခရိုင် မယ့်စုရင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး လူဦးရေ ၃၅ဝဝ ဝန်းကျင်ခန့်သာရှိသော စခန်းဖြစ်ပါတယ်။
(အီးမေးက တဆင့် လက်ခံရရှိတဲ့စာ ဖြစ်ပါတယ်။ ပေးစာကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ သတင်းပုံစံနဲ့ ရေးထားသော်လည်း၊ ကာယကံရှင်နဲ့ တိုက်ရိုက် ခွင့်ပြုချက် မရနိုင်ခဲ့ပါ၍ ပေးစာမှာ ကူးယူဖော်ပြလိုက်ပါတယ်)
ရင်းမြစ်။ ။မိုးမခ