Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, July 1, 2011

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု


ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။

ဒါပေမဲ့ တုပ်ကွေး မဖြစ်ချင်ရင် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပြီးမှ ပါးစပ်တွေ နှာခေါင်းတွေကို ထိကိုင်ရမယ် ဆိုတဲ့ ကျန်းမာရေး အသိပညာ နည်းနည်း အဆင့်မြင့်မြင့်မျိုး ရှိသူတွေတောင် မသိသေးတဲ့ (သို့) သိသော်လည်း သန့်ရှင်းမှု ဂရုမစိုက်မိတဲ့ ရောဂါကူးစက်ခံရနိုင်သော နေရာများ ရှိနေပြီး အဲဒီနေရာတွေကနေ လူတွေဟာ အမှုမဲ့ အမှတ်မဲ့ ရောဂါတွေ ရနေကြတာကို ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အညစ်အကြေးတွေ၊ အမှိုက်တွေ၊ မြေကြီးတွေမှာ ရောဂါပိုးတွေ ပါရှိနေတာ သိကြလို့ ကိုင်ပြီးရင် လက်ဆေးကြပေမယ့် အောက်ပါ နေရာ (၇) ခုကို ထိတွေ့ပြီးရင်တော့ လူအများစုက လက်မဆေးတတ်ကြကြောင်း သုတေသနများအရ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ နိုးထလှုပ်ရှားနေချိန် အတွင်း အချိန်တစ်မိနစ်တိုင်းမှာ ပျမ်းမျှ အရာဝတ္ထုမျက်နှာပြင် ၃၀ ခန့်ကို ကိုင်တွယ်ထိတွေ့ ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့မှု အကြိမ်အများဆုံး လုပ်လေ့ရှိပြီး သန့်ရှင်းအဆင့်မြင့်လို့ ရောဂါပိုးတွေ မရှိလောက်ဘူးလို့ လူတွေ ထင်နေကြသော်လည်း တကယ်လက်တွေ့ စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုးတွေ ပြည့်ကြပ်ညပ်နေအောင် ပေါများလွန်းတဲ့ အရာဝတ္ထု (၇) ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းထုတ် Medical Virology ဂျာနယ်မှာ စာရင်းပြုစု ဖော်ပြထားပါတယ်။ ၄င်းတို့ကတော့……………

(၁) Menu ခေါ် ရနိုင်သော အစားအစာများ စာရင်းကတ်
စားသောက်ဆိုင်တွေမှာ ထားတဲ့ ညစ်ပတ်ပေရေနေပြီး လောင်းထားတဲ့ ပလတ်စတစ်တွေပါ ကွာနေတဲ့ မီနူးကတ်တွေကို မြင်ဖူးမှာပါ။ ဒါတွေကို ကိုင်ကြည့်ကာ မှာယူပြီး လက်မဆေးတော့ဘဲ စားသောက်တဲ့ အကျင့်ဟာ စွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ကတ်ပြားတွေ ပေါ်မှာ ရောဂါပိုးပေါင်းများစွာ တည်ရှိနေတာကို ဆိုင်ပေါင်းများစွာမှာ လိုက်လံ သုတေသန ပြုချက်များ အရ တွေ့ရှိရပါတယ်။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အဆိုပါ မီနူးကတ်ပြားတွေ အပေါ်မှာ ရောဂါရှိသူ ချောင်းဆိုးနှာချေခြင်းတွေ ကနေ ပျံ့လွင့်လာကာ ၁၈ နာရီကြာအောင် ရှင်သန်ပေါက်ပွားနေနိုင်သလို အခြား ရောဂါများ ဖြစ်စေတဲ့ ဘက်တီးရီးယား မျိုးစုံလည်း ရှိနေကြောင်း တွေ့ရပါတယ်။



ဒါတွေဟာ ဈေးချိုတဲ့ ပုံမှန်ဆိုင်တွေမှာမို့ ရှိနေတာလို့ သင်ထင်ပါလိမ့်မယ်။ ဈေးကြီးတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း လူစည်ကားလေ၊ လက်တွေကနေ ပါလာတဲ့ ပိုးတွေ မီနူးကတ်ပေါ် ဖြန့်ဝေရာ ရောက်လေမို့ သိပ်မကွာခြားလှဘူးလို့ ဓာတ်ခွဲခန်း အခြေများအရ သိရပါတယ်။ ဒါကြောင့် မီနူးကိုင်ကာ မှာပြီးရင် လက်ဆေးပြီးမှ အစားစားဖို့ သတိပေးပါရစေ။ ဒါ့အပြင် မီနူးကို ပန်းကန်များ၊ ဇွန်းခက်ရင်းများနဲ့ မထိမိအောင်လည်း သတိနဲ့ ဝေးရာမှာ ထားရမှာ ဖြစ်ပါတယ်။

(၂) အအေးဖန်ခွက်နှုတ်ခမ်းက သစ်သီးစိတ်


ဖျော်ရည်ဖန်ခွက်တွေရဲ့ နှုတ်ခမ်းသားပေါ်မှာ အလှဆင်တဲ့ သဘောနဲ့ ချိတ်ပေးလိုက်တဲ့ သံပရာသီး၊ လိမ္မော်သီး စတဲ့ အသီးစိတ်လေး ဆယ်ခုမှာ ခုနစ်ခုဟာ ရောဂါပိုးတွေ ပါလာတတ်ကြောင်း စစ်ဆေးလေ့လာ တွေ့ရှိထားပါတယ်။ (ဒီ ၇၀% ဆိုတဲ့ အရေအတွက်ဟာ အစားအသောက်ဥပဒေ တင်းကြပ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဆိုရင်ေ
တာ့ ၇၀% ထက် များဖွယ် ရှိပါတယ်)

အဲဒီသစ်သီးစိတ်တွေပေါ်မှာ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေတဲ့ အီးကိုလိုင် (E.coli) ပိုးနဲ့ အခြားပိုး ၂၅ မျိုးတောင် ပါလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဖန်ခွက်နှုတ်ခမ်းက အလှဆင်တဲ့ အသီးစိတ်ကို မသုံးဆောင်ဖို့ (သို့) စမှာကတည်းက မထည့်ပေးဖို့ မှာရန် လိုအပ်ပါတယ်။

(၃) အများသုံးကွန်ပျူတာ၏ ကီးဘုတ်
အင်တာနက်ကဖေး၊ ရုံးခန်း၊ လေဆိပ် စတဲ့ နေရာများမှာ ထားရှိတဲ့ အများသုံး ကွန်ပျူတာ ကီးဘုတ်များရဲ့ ခလုတ်တစ်ခုချင်းစီမှာ ရှိနေတဲ့ ရောဂါပိုးအရေအတွက်ဟာ အိမ်သာတံခါးလက်ကိုင်ပေါ်က ထက်တောင် ၅ ဆလောက် များနေတယ်လို့ လေ့လာမှုများ အရ တွေ့ရှိရလို့ ထိတွေ့သုံးစွဲပြီးတိုင်း လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် အများသုံးခလုတ်တွေ ဖြစ်တဲ့ အလိုအလျောက်ငွေထုတ်စက်၊ ရုပ်ရှင်လက်မှတ် ကိုယ်တိုင် ရွေးချယ်ဝယ်ယူစက်၊ အများသုံး ဖုန်းခလုတ်များ စတာတွေဟာလည်း တူတူပဲလို့ ယူဆရပါမယ်။


ထိုသို့သော အန္တရာယ်ကို ကာကွယ်ရန် လေဆိပ်၊ ရုံး စသော နေရာများရှိ အများသုံး ကွန်ပျူတာများ၏ ကီးဘုတ်များကို ဆေးကြောနိုင်သော ကီးဘုတ်များဖြင့် အစားထိုး အသုံးပြုနိုင်နေပြီဟု သိရသည်။

(၄) စားသောက်ဆိုင် စားပွဲပေါ်က ပုလင်းများ
ဆား၊ ငရုပ်ကောင်း၊ ငန်ပြာရည်၊ ငရုတ်သီး၊ အချဉ်ရည်၊ သကြား စတာတွေ ထည့်ပြီး ချပေးထားတဲ့ ပုလင်းငယ်များ၊ ခွက်များရဲ့ လက်ကိုင်နေရာများဟာလည်း လူကိုင်များလွန်းလို့ ရောဂါပိုးတွေ စုဝေးရာ နေရာ (၈) ခုမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေ အတွက်ဆိုရင် ရေနွေးကြမ်း ထည့်တဲ့ ဓာတ်ဘူး/အိုး များရဲ့ လက်ကိုင်များကိုပါ ဒီစာရင်းထဲ ထည့်သွင်းသင့်ပါတယ်။ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ စတာတွေနဲ့ အုပ်ကိုင်ခြင်းဟာလည်း ဒီပစ္စည်းတွေပေါ်က ပိုးတွေကို ထိရောက်စွာ မကာကွယ်နိုင်လို့ အစာမစားခင် လက်ဆေးတာသာ အကောင်းဆုံး နည်းလမ်းလို့ ပညာရှင်များက ဆိုပါတယ်။



(၅) သန့်စင်ခန်း တံခါးလက်ကိုင်
ဒီအချက်ကတော့ ကြားဖူးကြပါလိမ့်မယ်။ အိမ်သာအတွင်းနံရံထက် အိမ်သာတံခါးလက်ကိုင်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပိုင်ဆိုင်မှုမှာ အဆပေါင်းများစွာ မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ အိမ်သာထဲ ၀င်ထွက်သမျှ သူတွေ အကုန်လုံး ထိကိုင်ကြလို့ ဖြစ်ပါတယ်။ ထို့အတူ တံခါးချက်များဟာလည်း တူတူပဲ ဖြစ်ပါတယ်။ ဒါတွေကို မထိမကိုင်ဘဲနဲ့ သင်ဟာ သန့်စင်ခန်း ထဲက ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လှည့်ဖွင့်ရတဲ့ သော့ (Door Lock) ပါတဲ့ တံခါးမျိုး ဆိုရင်တော့ ပိုတောင် သေချာပါသေးတယ်။ အတွင်းမှာ လက်ဆေးပြီးမှ ပြန်ထွက်ရင် လက်ပြန်ညစ်ပေသွားမှာ ဖြစ်တဲ့အတွက် လက်ဆေးခြင်းကို သန့်စင်ခန်း အပြင် ထွက်လာပြီးမှ လုပ်နိုင်တဲ့ စနစ်မျိုး သုံးသင့်ပါတယ်။



အိမ်သာသုံးစက္ကူအသန့်၊ တစ်သျှူးစက္ကူ စတာတွေနဲ့ တံခါးလက်ကိုင်ကို အုပ်ကိုင်ပြီး ထွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ဇီဇာကြောင်တယ်၊ အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင် ပေမယ့် ဒီလို အကျင့်ကောင်းတစ်ခုဟာ သင့်ကို တုပ်ကွေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ ယားနာပေါက်ခြင်း တို့လို မကြာခဏ နာမကျန်း ဖြစ်မှုလေးတွေကနေ သိသိသာသာ အကာအကွယ်ပေးတယ် ဆိုတာ တကယ်လုပ်ကြည့်ရင် သိရပါမယ်။

(၆) ဈေးဝယ်ခြင်း/လှည်း လက်ကိုင်


ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ဈေးဝယ်ခြင်းတွေ၊ လှည်းတွေရဲ့ လက်ကိုင်တွေ အားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ပေါက်ပွား တည်ရှိနေတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း သုတေသနများ အရ သိရပါတယ်။ အဲဒီပိုးတွေရဲ့ အရေအတွက်ဟာ အများသုံး သန့်စင်ခန်းတွေထက်တောင် များနေတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ဒီသုတေသနကို ၂၀၀၇ က ပြုလုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒီလို ရလဒ်တွေကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လှည်းနဲ့ ခြင်းတောင်းတွေရဲ့ လက်ကိုင်တွေကို ဈေးဝယ်သူကိုယ်တိုင် မကိုင်ခင်မှာ ဆေးကြောနိုင်အောင် ပိုးသတ်လက်ဆေးရည်တွေ ထားပေးနေပြီလို့ သိရပါတယ်။ စားသုံးသူတွေမှာ သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေး ဆိုင်ရာ အမူအကျင့်တွေ ရှိနေဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒါမျိုးတွေ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။

(၇) ဆေးခန်း
ဒီလို ဆိုလိုက်လို့ ရုတ်တရက် အံ့သြစရာ အချက်တစ်ချက်လို့ ထင်ရပေမယ့် တကယ် တွေးကြည့်ရင်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဆေးခန်းဆိုတာ နေမကောင်းသူတွေ စုဝေးရောက်ရှိရာ အရပ်မို့ ရောဂါပိုးမျိုးစုံ ပျံ့နှံ့တည်နေရာ အရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ နမိုးနီးယား၊ တုပ်ကွေးလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါမျိုးတွေပေါ့။ လေလုံတဲ့ ဆေးခန်းလို အခန်းတစ်ခုထဲမှာ ဒီလိုလူနာ တစ်ယောက် ချောင်းဆိုး (သို့) နှာချေလိုက်ရင် ဒီပိုးတွေဟာ ကြမ်းပြင်ပေါ် မကျခင် အနည်းဆုံး ၃ ပေအကွာအဝေးတော့ သွားပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်လို့ ဆေးခန်းလာတာ ပြတဲ့ ရောဂါ မပျောက်ခင် နောက်တစ်ခုပါ ကူးစက်ခံရနိုင်တာမို့ ဆေးခန်းသွားရင် အောက်ပါ အချက်လေးတွေကို သတိထား လိုက်နာစေလိုပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူနဲ့ အဖော်ကလွဲလို့ ကျန်တဲ့လူပို တတ်နိုင်သမျှ မခေါ်လာပါနဲ့။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးတွေပေါ့။

(၂) စောင့်ရင်းဖတ်ဖို့ ချပေးထားတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဆေးခန်း လာပြသွားသူတွေရဲ့ ပိုးတွေ ရှိနေမှာ အသေအချာမို့ စောင့်ရင်း ဖတ်ချင်ရင် ကိုယ့်အိမ်က စာအုပ်တွေပဲ ယူလာခဲ့ပါ။ ကလေးလူနာဆိုရင်လည်း ကလေးရဲ့ အရုပ်တွေပါ အိမ်ကပဲ ယူလာပါ။ အများအတွက် ချပေးထားတဲ့ အရာတွေကို ကလေးငယ်တွေ မထိကိုင်ပါစေနဲ့။

(၃) ဆေးရုံဆေးခန်း တစ်ခုခု သွားပြီးလို့ ပြန်လာရင် ပိုးသတ်ဆပ်ပြာ တစ်ခုခု (သို့) အယ်လ်ကိုဟော ၆၀% လောက် ပါဝင်တဲ့ ပိုးသတ်လက်ဆေးရည် (Hand Gel) တစ်ခုခုနဲ့ လက်ကို စင်ကြယ်စွာ ဆေးပါ။

(၄) လူအရမ်းများပြီး စောင့်ရတတ်တဲ့ ဆေးခန်းမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ၀တ်ဆင်သင့်ပါတယ်။ ၀တ်ပြီးရင် လိုအပ်တဲ့ အချိန်အထိ မချွတ်ဖို့၊ ချွတ်ပြီးရင်လည်း ပြန်မသုံးဘဲ အသစ်တစ်ခု သုံးဖို့ လိုအပ်ပါတယ်။




အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံ အကျင့်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုလွန်းတယ် ထင်ပြီး မလိုက်နာဘဲ မနေကြပါနဲ့လို့ ပြောလိုပါတယ်။ အများစု ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် စာရင် သာမန်လူနေမှု အနေအထားမှာ ထိတွေ့နေထိုင်မှု ပိုများလို့ (ဥပမာ လမ်းဘေးဆိုင်တွေမှာ လူဦးရေ အားလုံးရဲ့ ၉၀% လောက်က စားဖူးသူတွေချည်းပဲ၊ မြစ်ရေ ကန်ရေသောက်လည်း ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့) တခြားလူမျိုးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ လုံးဝ မှားတယ်လို့ မဆိုလိုပါဘူး။ တစ်ခုပဲ ရှင်းပြချင်ပါတယ်။ ရောဂါပိုးတစ်ခုဟာ ကိုယ်ထဲကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ အခါမှာ ရောဂါပေးနိုင်သော အနိမ့်ဆုံး ပိုးကောင်ရေ (Minimal Infective Dose) ဆိုတဲ့ အရေအတွက်ကို ရောက်မှ ရောဂါ ဖြစ်စေတာ ဖြစ်ပါတယ်။ ပိုးတစ်မျိုးနဲ့ တစ်မျိုးလဲ မတူကြပါဘူး။

သာဓကဆောင်ရရင် ရောဂါပိုး A ရဲ့ Minimal Infective Dose က အကောင်ရေ ငါးသိန်းဆိုရင် ကိုယ်ထဲကို လေးသိန်းခွဲလောက် ရောက်လာရုံနဲ့ ရောဂါမပေါ်ပါဘူး။ ငါးသိန်းပြည့်မှ ရောဂါဖြစ်စေတာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အစာရေစာ သန့်ရှင်းမှုတွေ အားနည်းသော်လည်း တို့ကတော့ အကျင့်ဖြစ်လို့ ကိုယ်ခံအားက ခံနိုင်နေပြီ မထင်ပါနဲ့။ ကံအားလျော်စွာ Minimal Infective Dose မပြည့်ခဲ့လို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထဲ ရောက်လာတဲ့ ပိုးအရေအတွက်ဟာ အဲဒီ အနိမ့်ဆုံး အရေအတွက်လေး ကျော်သွားတာနဲ့ ရောဂါဖြစ်မှာ ဖြစ်လို့ သန့်ရှင်းရေးဟာ မပေါ့ဆသင့်တဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ဒေါက်တာသီဟသစ် 

sources: :http://www.mmdailynews.com

Saturday, September 4, 2010

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်သော စာရင်းများအရ အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ သည် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခင်က အဖြစ်အများဆုံးဖြစ်သည့် အရှေ့တီမော်နိုင်ငံကိုပါ ကျော်လွန်၍ တွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခတစ်ဦးက ပြောသည်။ “အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေ သာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေများလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးစောင့်ကြည့်သည့် ရောဂါများစာရင်းတွင် နံပါတ်တစ် ရောဂါဖြစ်ပြီး ယခင်က ရန်ကုန်၊ မန္တလေးနေရာများသည် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိသည့်နေရာများအဖြစ် ကြေညာထားရာမှ ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း ပြောင်းလဲလာသော လူနေမှုပုံစံများကြောင့် ထိုနေရာများတွင်ပါ ငှက်ဖျားရောဂါ ဖြစ်လာကြောင်း သိရသည်။ “အရင်က ငှက်ဖျားရောဂါဖြစ်တဲ့ပုံစံနဲ့ စမ်းသပ်ချက်တွေအရ မှန်းပြီးကုသခဲ့ရတာ။ အခုတော့ ၁၅ မိနစ်နဲ့ အဖြေသိနိုင်မယ့် စက်တွေရှိနေပါပြီ။ အရင်က မှန်းပြီးကုခဲ့ရတုန်းကဆိုရင် လေးယောက်မှာ တစ်ယောက်လောက်ပဲ မှန်ခဲ့တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ဆေးယဉ်ခြင်းတွေလည်း ဖြစ်ပွားကြတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ယခင်က ရက်ရှည်ကုသခဲ့ရာမှ ယခုအခါ ဆေးပေါင်းကုထုံးဖြင့် ကုသချိန် သုံးရက်သာ ကြာမြင့်ပြီး ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးမှူးများအထိနှင့် အင်န်ဂျီအို အဖွဲ့အစည်းများတွင်ပါ ငှက်ဖျားရောဂါကို အခမဲ့ကုသနိုင်ကြောင်း သိရသည်။ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သော ငှက်ဖျားရောဂါဖြစ်ပွားမှု စာရင်းမှာ ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသသော လူနာအရေအတွက်ဖြစ်ပြီး WHO မှ ထုတ်ပြန်သောစာရင်းမှာ ဆေးရုံဆေးခန်းသို့လာရောက်ကုသသော လူနာများသာမက လူမှုရေးအဖွဲ့အစည်းများ၊ NGO များမှ ကုသပေးသော စာရင်းများပါဖြစ်၍ လူနာအရေအတွက် ကွာခြားကြောင်း အဆိုပါ ဆရာဝန်က ဆက်လက်ပြောကြားခဲ့သည်ဟု ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Sunday, February 28, 2010

မြန်မာပြည်သူ လေးသန်းကျော်ကို WHO က A(H1N1) ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်

ရန်ကုန် ၊  ဖေဖော်ဝါရီ   ၂၃
    မြန်မာနိုင်ငံတွင်  ကမ္ဘာ့လူတုပ်ကွေးရောဂါကူးစက် ဖြစ်ပွားမှုနှုန်ူ မြန်ဆန်လာချိန် ကမ္ဘာ့ကျန်မာရေးအဖွဲ့ (WHO) က မြန်မာပြည်သူလေးသန်းကျော်ကို A(H1N1) ကာကွယ်ဆေး အခမဲ့ထိုးပေးမည်ဖြစ်ရာ ပထမအသုပ် အဖြစ် ကာကွယ်ဆေး အလုံးရေကိုးသိန်း ယခုဖေဖော်ဝါရီလကုန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ WHO အဖွဲ့မှ National Consultant ဒေါက်တာမျိုးလွင်က ပြောကြားသည်။
    ၂၀၁၀ ခုနစ်နှစ်ဆန်းပိုင်းမှ စတင်ပြီးမြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ကမ္ဘာ့တုပ်ကွေးရောဂါကူးစက် ပြန့်ပွားမှု များပြားလာပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ၊ ရှမ်းပြည်နယ် ကျောက်မဲမြိုံ့နယ် ၊ ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း နှင့် အရှေ့ပိုင်း၊ ရွှေပြည်သာ မြို့နယ် ၊ လှိုင်သာယာမြို့နယ်
မှော်ဘီမြို့နယ် တို့တွင် ရောဂါကူးစက် ဖြစ်ပွားမှုများပြားလာကြောင်း၊ ဖေဖော်ဝါရီ ၂၃  ရက်နေ့ထိ ရောဂါကူးခံ ရသူ ၅၆  ဦးရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
     ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှု များရှိခြင်းကြောင့်  WHO က မြန်မာနိုင်ငံတွင် အေလူတုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံရန်လှူဒါန်းခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ဆေးကိုးသိန်းနှင့်  ဒုတိယအသုတ်အဖြစ် ဆေးသုံးသန်းခွဲကျော် ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်း ဒေါက်တာမျိုးလွင်က ပြောကြားသည်။
    ပထမအသုတ်အဖြစ် ဆေးကိုးသိန်း ဒီလကုန်ရင် ရောက်မယ်။ ဒုတိယအသုတ်အဖြစ် ဆေးသုံးသန်းခွဲ ရောက်မယ်ဟု ၄င်းကဆိုသည်။
    ယင်းဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ပြီး ရောဂါကူးစက်ခံရရန် နီးစပ်သောသူများကို ဦးစားပေးထိုးနှံပေးမည် ဖြစ်ကြောင်း ၄င်း၏အဆိုအရ သိရှိရသည်။
    ရောဂါကူးစက်ခံရဖို့ ရာခိုင်နှုန်းများတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကို အဓိက ဦးစားပေးထိုးနှံပေးသွားဖို့ ရှိပါတယ်။ ဆေးထိုးနှံတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မှာပါ  .ဟု ဒေါက်တာမျိုးလွင်က ဆက်လက်ရှင်းပြသည်။
    ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း မတ်လဆန်းမှ စတင်ပြီး အေတုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
    အဆိုပါ အေတုပ်ကွေးရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်ထိုးပြီးလျှင် တစ်နှစ်တိတိေ၇ာဂါကူးစက် ခံရ မှုကို ကာကွယ်နိုင်ကြောင်း ဒေါက်တာမျိုးလွင်က ရှင်းပြသည်။
    မြန်မာနိုင်ငံတွင် ၂၀၀၉ အတွင်းက အေလူတုပ်ကွေးရောဂါကူးစကခံရသူ ၆၉ ဦးရှိခဲ့ပြီး ယခု ၂၀၁၀ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိ ရောဂါကူးစက်ခံရသူ ၅၆ဦး ရှိနေပြီဖြစ်သည့်အတွက် အေလူတုပ်ကွေး ရောဂါကူးစက်ခ့ရသူ စုစုပေါင်း၁၁၅ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။
မူရင်း ။  ။ The Voice Journal

Tuesday, February 23, 2010

တရုတ်ကလာတဲ့ အစားအစာစားတော့မလား ဒါလေးကြည့်သွားပါ...

THERE ARE NO REGULATED LAWS FOR FOOD PROCESSED IN CHINA , HONG KONG , VIETNAM AND THAILAND !!

 
DANGEROUS IMPORTED FOODS
The whole world is scared of China made 'black hearted goods'. Can you differentiate which one is made in the USA , Philippines , Taiwan or China ?
For your Information ... the first 3 digits of the barcode is the country code wherein the product was made.
Eg: all barcodes that start with 690 up to 695 are all MADE IN CHINA.

471 is Made in Taiwan. cid:0a4c01ca2bae$bfba9360$9d01a8c0@BEVERLEY
This is our human right to know, but the government and related department never educate the public, therefore we have to RESCUE ourselves.

Nowadays, Chinese businessmen know that consumers do not prefer products 'made in China ', so they don't show from which country it is made.

However, you can refer to the barcode, remember if the first 3 digits are 690 to 695, then it is Made in China .

00 ~ 13 USA & CANADA
30 ~ 37 FRANCE
40 ~ 44 GERMANY
49 ~ JAPAN
50 ~ UK
57 ~ Denmark
64 ~ Finland
76 ~ Switzerland and Lienchtenstein
628 ~ Saudi-Arabia
629 ~ United Arab Emirates
740 ~ 745 - Central America
All 480 Codes are Made in the Philippines
Now read on below for specifics on goods from China to protect yourself, your family, and your friends.
This is sickening but it is an alert to read labels and always buy fresh when you can.
Have a taste for chicken? READ THIS 
WATCH WHAT YOU BUY.  ESPECIALLY HIGHLINER FISH PRODUCTS; all come from China, even though the box says 'product of Canada', it is from China and 'processed' in Canada, that is, the coating is added and packaged in Canada only!
The fish are raised in pens using chemicals that are banned in Canada as cancer causing but legal in China .
 
This was exposed on CBC TV's Marketplace.
This one will make you think before buying anything from China .

Well, are you enjoying seeing Chinese food popping up in your supermarket left and right? Have you noticed you can't buy a single package of fish that isn't made in China (or Vietnam )? Do you think your food from China is processed in a sanitary manner, and thus safe to eat? Take a look at this!!

These undercover enclosed pictures speak a thousand words. Avoid buying all processed food packaged in China. Anything goes! We just don't know what else is in those packages.
Unlike in the U.S. CANADA and Australia , China does not have laws regulating food processing.
Basically, do not buy any processed food from China , also Hong Kong , too. MANY Chinese companies are using a Hong Kong address to avoid this type of image reputation.

 Early dawn, starts the day by riding around to collect dead chickens.

 
cid:0a4d01ca2bae$bfba9360$9d01a8c0@BEVERLEY
Asking around for dead chickens.
 
cid:0a4e01ca2bae$bfba9360$9d01a8c0@BEVERLEY
Total of 5 riders are hired by the boss to ride to farms to buy dead chickens. cid:0a4f01ca2bae$bfba9360$9d01a8c0@BEVERLEY
A dead chicken cost 1 RMB and would be sold at 9 RMB after processing. cid:0a5001ca2bae$bfba9360$9d01a8c0@BEVERLEY
Storage for the dead chickens in the court yard. cid:0a5101ca2bae$bfba9360$9d01a8c0@BEVERLEY
Carcasses are thrown everywhere. cid:0a5201ca2bae$bfba9360$9d01a8c0@BEVERLEY
And on the floor....
Four employees start de-feathering the dead fowl after soaking in boiling water from a rusty wok.
cid:0a5301ca2bae$bfba9360$9d01a8c0@BEVERLEY
Enduring the pungent odor, but sometime, it get so terrible that even the most experienced of the workers would puke. cid:0a5401ca2bae$bfba9360$9d01a8c0@BEVERLEY
Workers rushing to get the chickens de-feathered. cid:0a5501ca2bae$bfba9360$9d01a8c0@BEVERLEY
A discarded bath tub being used to soak the bare skin dead chickens.... The contaminated water would have accelerated the decomposition process. cid:0a5601ca2bae$bfba9360$9d01a8c0@BEVERLEY
Wearing slippers walking among the chickens before the colouring processing. cid:0a5701ca2bae$bfba9360$9d01a8c0@BEVERLEY
After the colour dye, it's creepy to find that they are quite tenderized. cid:0a5801ca2bae$bfba9360$9d01a8c0@BEVERLEY
And now presenting the mouth watering Charcoal Roasted Chicken! cid:0a5901ca2bae$bfba9360$9d01a8c0@BEVERLEY
Send to as many people as possible. Do NOT buy food originating in China (or Vietnam or Thailand)!
Take the time to read the labels and look for country of origin!
IF YOU VALUE YOUR HEALTH AND THAT OF YOUR FAMILY, STOP BUYING ANYTHING FROM CHINA
 ပေးပို့သူ ။  ။ ကိုဒီမိုဝေယံ

Monday, February 22, 2010

ရန်ကုန်မြို့ အား ကျောက်မီးသွေးဖြင့်မီးပေးမည်ဆိုလျှင် ပြည်သူများကြုံတွေ့ရနိုင်သော ဆိုးကျိုးများ

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ - နအဖက တရုတ်နိုင်ငံနဲ့ ပေါင်း၍ ရန်ကုန်မြို့ကို ကျောက်မီးသွေးနဲ့ မီးပေးဖို့  စီစဉ်နေတာနဲ့ ပတ်သက်ပြီး - လျှပ်စစ်မီး မရှိဘဲ အမှောင်ထဲမှာ နေနေကြရတဲ့၊ လျှပ်စစ်မီး မလာလို့  ရေကအစ ဆက်စပ်နေတဲ့ အခက်အခဲတွေအားလုံးကို ကြာမြင့်စွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုတွေကတော့ လျှပ်စစ်မီးရတော့မှာဘဲလို့  စိတ်ကူးလေးနဲ့  ပျော်ရွှင်ကောင်း ပျော်ရွှင်မှာကို ပြည်သူတွေအတွက် ကိုယ်လည်း စိတ်ကူးလေးနဲ့ ပျော်မိပါတယ်။ သို့ သော်လည်း …ဒါပေမယ့် နအဖရဲ့  လျှပ်စစ်စီမံကိန်းကြီးတွေကတော့ သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်လို့  ပြောတဲ့ ဟာသလို အပြင်မှာလည်း တကယ် လျှပ်စစ်မီးတွေ မရကြတာမို့ နအဖရဲ့  လျှပ်စစ်စီမံကိန်းမှန်းသမျှ ပြည်သူလူထုအတွက် အပြည့်အ၀ ရ မရကို အခုလည်း စောင့်ကြည့်ရဦးမှာပါ။

ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို နအဖ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံကိန်းဦးစီးဌာနနဲ့  တေဇရဲ့  ထူးကုမ္ပဏီရယ် တရုတ်နိုင်ငံဘက်က Huaneng La-ncang River Hydropower Co.Ltd. တို့ ကနေ ပူးပေါင်းပြီး ဒီနှစ်အတွင်းမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အ၀ပေးနိုင်ဖို့ ကတော့ အနည်းဆုံး နှစ်နှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်တဲ့။












နအဖရဲ့  လျှပ်စစ်မီးထုတ်လုပ်ရေး လျှပ်စစ်မီး အပြည့်အ၀ရရှိရေး ပြောဆိုသံတွေကတော့ ဒါတင်မကဖူး ပြည်သူလူထုအတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတဲ့ အခြားသော စီမံကိန်းတွေ အပြောတွေကတော့ ဒီနှစ် ၂၀၁၀ အစမှာ အသံကောင်းနဲ့  တစ်ခုပြီး တစ်ခုထွက်လာနေတာတွေကတော့ နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို မဲဆွယ်နေတဲ့သဘောတွေ တွေ့ နေရပါတယ်။

နအဖရဲ့  တရုတ်နိုင်ငံနဲ့ ပေါင်းပြီး ရန်ကုန်ကို ကျောက်မီးသွေးနဲ့  မီးပေးမယ်ဆိုတော့ ပြောစရာတွေကတော့ ပေါ်လာပြန်ပြီ။ နအဖရဲ့  ရေအားလျှပ်စစ်တွေ၊ သဘာဝဓါတ်ငွေ့ တွေကရော ဘယ်ရောက်သွားပါသလည်း။ ကျောက်မီးသွေးနဲ့ မှ လျှပ်စစ်မီးပေးရတာလား၊ သုံးမဲ့ကျောက်မီးသွေးကရော ဘယ်ကဘယ်လို သုံးကြမှာလည်း၊ ကျောက်မီးသွေးမိုင်းတွင်းတွေ အခြေအနေကရော၊ ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးတဲ့နေရာမှာ ဆိုးကျိုးထိခိုက်မှုတွေရော ပြည်သူလူထုက သိကြပါရဲ့ လား၊ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ဘယ်လိုကာကွယ်ကြမှာလည်း ဘယ်လိုကုသကြမှာလည်းဆိုတာ နအဖက ပြင်ဆင်ဆောင်ရွက်ထားမှု ရှိပါရဲ့ လား - အစရှိတဲ့ အချက်တွေကို သိထား သုံးသပ်ထားကြဖို့  လိုမယ် ထင်ပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးဆိုတာ အခုမှ ထူးထူးဆန်းဆန်း မဟုတ်ပါ။ နှစ်ပေါင်းများစွာကတည်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ အတွက် ကျောက်မီးသွေးတွေကို လောင်ကျွမ်းစေပြီး ထွက်ရှိလာတဲ့ ရေနွေးငွေ့ ကို တာဘိုင်စက်ကြီးတွေကို လည်ပတ်စေပြီး လျှပ်စစ်ဓါတ်အားထုတ်တာပါဘဲ။ ဒါကို အခု နအဖက ထူးထူးဆန်းဆန်းလုပ်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ စီမံကိန်းဆိုပြီး သတင်းတွေမှာ ဖေါ်ပြနေတာပါ။

ရန်ကုန်မြို့ ကြီးကို ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးမယ်ဆိုတာ နအဖရဲ့  သံသယရှိဖွယ် မြုပ်ကွက်တွေ ရှိနေနိုင်ပါတယ်။ နေပြည်တော်မှာလည်း မိုင်းတွင်းလုပ်ငန်းကို အကြောင်းပြပြီး ဥမင်လှိုဏ်ခေါင်းတွေဆောက်ကာ ညူကလီယားထုတ်လုပ်ရေးတွေလုပ်တယ်လို့  အစီရင်ခံစာတွေလည်း မကြာသေးခင်က တွေ့ ကြမှာပါ။ နောက်တစ်ခု သိရှိချက်အရဆိုရင် ဒီကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှာ တရုတ်နိုင်ငံက သူ့ ဆီက ကျောက်မီးသွေးတွေ ပံ့ပိုးကူညီမှာ မဟုတ်ပါဖူး။ ဒီတော့ တရုတ်နိုင်ငံအတွက်များ ဒီစီမံကိန်း ဘန်းပြပြီး တရုတ်နိုင်ငံမှာ မလုံလောက်လို့  လိုအပ်နေတဲ့ ကျောက်မီးသွေးတွေ မြန်မာနိုင်ငံ နအဖကနေ လျှို့ ဝှက်တင်ပို့ ဖို့ လုပ်တာလားဆိုတာလည်း သံသယ ရှိစရာပါ။

ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးထုတ်မယ်ဆိုတာကို ပြန်ဦးတည် သုံးသပ်ရရင် - နအဖနဲ့  တရုတ်နိုင်ငံ ပေါင်းလုပ်တာမို့  မြန်မာနိုင်ငံဘက်ရော တရုတ်နိုင်ငံဘက်ရော သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး တရုတ်နိုင်ငံကနေ အကူအညီပေးမယ်ဆိုတော့ ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး - တရုတ်နိုင်ငံမှာ ကျောက်မီးသွေးသုံးလို့  ပြဿနာတွေ ကြုံရတာ သိကြဖို့  ဖေါ်ပြလိုပါတယ်။


တရုတ်နိုင်ငံမှာ ကျောက်မီးသွေး သုံးလို့  အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ခဲ့ပါတယ်။

၁။ ရောဂါဘေးဆိုးများ အန္တရာယ်။

ကျောက်မီးသွေးများ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ မီးလောင်ငွေ့ ဟာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့  အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာနဲ့  ဦးနှောက်နဲ့  အာရုံကြောဆိုင်ရာတွေကို ထိခိုက်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တွေကြောင့် နှလုံးရောဂါနဲ့  အဆုတ်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ထို့ အပြင် ကလေးတွေမှာ မွေးဖွားတဲ့အချိန်က စပြီး နှုတ်ခမ်းကွဲနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် မာကျူရီပြဒါးဓါတ်တွေ ထွက်ပေါ်လာပြီး အဆိုပါ မာကျူရီပြဒါးဓါတ်ဟာ လူ့ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ ဒီ မာကျူရီပြဒါးဓါတ်ကို ငါးတွေ သောက်သုံးရေတွေထဲ စိမ့်ဝင်နေရာကနေတစ်ဆင့်လည်း လူတွေဆီရောက်ရှိပြီး ခန္ဓာကိုယ်အဆိပ်သင့်စေတတ်ပါတယ်။

















၂။ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့  အက်ဆစ်မိုးရွာသွန်းခြင်း။


ကျောက်မီးသွေးမိုင်းတွင်းတွေရဲ့  ကျောက်မီးသွေးထုတ်လုပ်မှု၊ ကျောက်မီးသွေးလောင်ကျွမ်းမှုနဲ့  ကျောက်မီးသွေးအလေအလွင့်၊ ကျောက်မီးသွေးမိုင်းတွင်း စွန့် ပစ်ပစ္စည်းတွေကြောင့် ရေထု မြေထု အထူးသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ်ဓါတ်ငွေ့ တွေဟာ အက်ဆစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆစ်မိုးကို ရုတ်တရက်အားဖြင့် သာမန်မိုးနဲ့  ခွဲခြားမြင်ဖို့  ခဲယှဉ်းပါတယ်။ ကျောက်မီးသွေးမိုင်းတွင်းနဲ့  အနီးအနားက ပတ်ဝန်းကျင်ဒေသတွေမှာ အက်ဆစ်မိုးရွာသွန်းပြီး ဒီအက်ဆစ်မိုးကြောင့် နှလုးရောဂါနဲ့  အဆုတ်ရောဂါတွေဖြစ်တဲ့ ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာတွေကို ဖြစ်ပါတယ်။

၃။ ကျောက်မီးသွေးမိုင်းတွင်းများ အန္တရာယ်။

ကျောက်မီးသွေးမိုင်းတွင်းကနေ ထွက်ရှိလာတဲ့ သေးငယ်လွန်းလှတဲ့ ကျောက်မီးသွေးအပိုင်းအစလေးတွေဟာ ကျောက်မီးသွေးမိုင်းတွင်း တည်ရှိရာနေရာဒေသ အပါအ၀င် အနီးအနားပတ်ဝန်းကျင်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဆိုပါနေရာဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့  ရေတွေ၊ လေတွေ၊ မြေတွေကို အဓိက ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသဘာဝဟာ မြေကြီးအောက်မှာ နှစ်သန်းပေါင်းများစွာ ဖွဲ့ စည်တည်ဆောက်ဖြစ်ပေါ်လာတာမို့  ကျောက်မီးသွေးအမှုန်အစအနတွေဟာ တော်ရုံတန်ရုံနဲ့  မပျောက်ပျက်သွားပါဖူး။

ဒါကြောင့်မို့ လို့  ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နိုင်ငံအစိုးရတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကနေ ကျောက်မီးသွေးမိုင်းတွင်းရဲ့  ကျောက်မီးသွေးထုတ်လုပ်မှုမှာ ကျောက်မီးသွေး အလေအလွင့်အစအနတွေ လက်လွယ်စပယ် မစွန့် ပစ်ရအောင် ပြင်ပကို အလွယ်တကူ မပြန့် နှံ့  မရောက်ရှိရအောင် စနစ်တကျနဲ့  သေချာစွာ ဆောင်ရွက်ဖို့  ဥပဒေတွေ တားမြစ်ချက်တွေ နည်းစနစ်တွေနဲ့  ထိန်းချူပ်ပေးကြပါတယ်။



















(ဖေါ်ပြပါပုံတွေကတော့ ကျောက်မီးသွေးမိုင်းတွင်းတွေ ရှိရာမြို့ ဖြစ်တဲ့ တရုတ်နိုင်ငံ လင်းဖန်မြို့  (Linfen) က အခြေအနေပုံတွေ ဖြစ်ပါတယ်။ လင်းဖန် (Linfen) မြို့ ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ အနေနဲ့  သတ်မှတ်ထားပါတယ်။ ဒီမြို့ မှာ နေထိုင်ကြသူ (၄) သန်းကျော်ရှိပြီး သူတို့ တွေ ပြောပြချက်အရ သူတို့ ဟာ နေကို တစ်နှစ်လုံးနေမှ ရက်အနည်းငယ်သာ မြင်ရကြောင်း၊ ထူထပ်စွာဖုံးအုပ်နေတဲ့ မီးခိုးတွေ အမှုန်တွေကြောင့် နေကို မမြင်ရတာဖြစ်ပြီး မြို့ တစ်မြို့ လုံးဟာလည်း အခိုးအငွေ့ တွေကြောင့် မှောင်မဲနေကြောင်း၊ လမ်းတွေ မြေတွေပေါ်မှာလည်း လမ်းလျှောက်ရင် ခြေရာကျန်တဲ့အထိအောင် အမှုန် အမှုန့် တွေ ထူထပ်နေကြောင်း၊ ရောဂါဘေးများလည်း ကြုံတွေ့ ခံစားကြရကြောင်း ကမ္ဘာ့သတင်းဌာနတွေကို ပြောပြကြပါတယ်။













ဒီတော့ အချူပ်ပြန်ဆိုရရင် အခြားသောတိုးတက်သည့် နည်းလမ်းများ၊ ကျောက်မီးသွေးထက် ပိုသင့်တော်သော အခြားသဘာဝပစ္စည်းများဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ ရေအားတွေနဲ့  လျှပ်စစ်မီးထုတ်လုပ်ရနိုင်ရဲ့ သားနဲ့  နိုင်ငံခြားတိုင်းပြည်များကိုကျတော့ ရောင်းချပြီး ပြည်တွင်းအတွက်ကျတော့ ကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ဖို့ လုပ်တာကတော့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။

ရန်ကုန်မြို့ သူမြို့ သားများကို အညှိုးအတေးနဲ့  မီးခိုးမှောင်တိုက်သွင်းဖို့ လုပ်တဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ ပေးတွေ့ စေလိုတဲ့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။ လျှပ်စစ်မီးထုတ်ဖို့  အကြောင်းပ်ြပြီး ရန်ကုန်ပြည်သူလူထုကို ၂၀၁၀ ရွေးကောက်ပွဲကာလ ချွေးသိပ်တဲ့ မဲဆွယ်မှုလေးနဲ့ အတူ နအဖတို့  အားကိုးရာ တရုတ်နိုင်ငံကြီးအတွက် မြန်မာ့သယံဇာတ တွင်းထွက်တွေ ခိုးရောင်းစားဖို့ တာဆူနေတာလား။ ဒါမှ မဟုတ် မိုင်းတွင်းဘန်းပြပြီး နောက်ထပ် ဥမင်လှိုဏ်ခေါင်းတွေ ညူကလီယားစီမံကိန်းအတွက် ပြင်ဆင်နေတာလား ဆိုတာတွေပါ ထည့်မစဉ်းစားခင် - ရန်ကုန်မြို့ သူမြို့ သားတွေ ရှေးဦးစွာ ရင်ဆိုင်ရမှာတွေကတော့ အထက်ကဖေါ်ပြပေးတဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ၊ လေထုညစ်ညမ်းမှုနဲ့  အက်ဆစ်မိုးရွားသွန်းမှုအန္တရာယ်တွေ၊ ကျောက်မီးသွေးမိုင်းတွင်းအန္တရာယ်တွေကို ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ်။

နအဖတွေ ပြောပြောနေတဲ့ နိုင်ငံတော်စေတနာကြီး နိုင်ငံတော်အကြီးအကဲစေတနာကြီးဖြစ်တဲ့ ရန်ကုန်မြို့ အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စီမံကိန်းကြီးကတော့ဗျာ နအဖတွေရဲ့  လက်လွတ်စပယ်လုပ်ရပ်တွေကြောင့် ပြည်သူတွေအတွက် ရင်လေးစရာပါဘဲ ……

ပေးပို့ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။

Sunday, February 14, 2010

ပျံ့နှံ့နေသော တုပ်ကွေး ကာကွယ်ရေး (သို့) လက်ဆေးပါ၊ လက်မဆေးရင် အသက်ပေး ရလိမ့်မယ်

အခုဆိုရင် ဈေးတွေ မှာ ကြက်သားတွေကို လိုက်ပိတ်နေရတဲ့ အထိ
ကြက်တုပ်ကွေးတွေ ပြန်ဖြစ်နေတယ်လို့ ကြားရပါတယ်။ ရပ်ကွက်ထဲမှာလဲ
ဟိုမြို့နယ်မှာတော့ ကြက်ဥတွေ မြေမြှုပ်ပစ်လိုက်တယ်၊ ဘယ်နေရာမှာတော့
လူဘယ်နှယောက် ဖြစ်နေကြပြီ၊ ဘယ်တက္ကသိုလ်က ကျောင်းသား ဘယ်နှယောက်တောင်
ပါသေးတယ်၊ ဘယ်ဆေးရုံမှာဖြင့် ဘယ်နှယောက်တောင် ပုံနေပြီ၊ ဒီတစ်ခါ ဖြစ်တာ
ပြည်တွင်းမှာ ကူးစက်တာမို့ ပိုဆိုးတယ် စသဖြင့် အတည်ပြုလို့မရသေးတဲ့
သတင်းတွေ ပွထနေအောင် ကြားနေရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြားရတော့လဲ ကျွန်တော်တို့ ကာကွယ်ထားရပါမယ်။ ဒီလို
တုပ်ကွေးဗိုင်းရပ်စ် တွေဟာ လူထူထပ်တဲ့ နေရာတွေမှာ ပိုမို ကူးစက်လွယ်လို့
နေ့စဉ် လူထူထပ်တဲ့ နေရာတွေ သွားနေရတဲ့သူတွေ အထူးသဖြင့် ကိုယ်ခံအားကျနေတဲ့
အခြေအနေရှိတဲ့ သူတွေဆို ကူးစက်ဖို့ အရမ်းလွယ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ
အပြင်ထွက်ရမယ်ဆိုသူတွေ အတွက် အဓိက ကာကွယ်ရမယ့် အချက်များကို
ဖော်ပြပေးလိုပါတယ်။
(၁)ကျွန်တော်တို့ဟာ သွားလာလှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ရဲ့
အစိတ်အပိုင်းတွေကို မဖြစ်မနေ ထိကိုင်ရလေ့ ရှိပါတယ် (ဥပမာ ကားလက်တန်း၊
တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ပိုက်ဆံ အဟောင်း/အသစ် စသည်)။ အဲဒါတွေမှာ
မမြင်နိုင်တဲ့ ရောဂါပိုးမျိုးစုံ ရှိနေတယ်ဆိုတာ မက်ဖန်ပရိသတ်များ
သိကြမှာပါ။ ဒါတွေထက်ဆိုးတာက လတ်တလော ကူးစက်ပျံ့နှံ့နေတယ် ဆိုတဲ့
လူတုပ်ကွေးဗိုင်းရပ်စ် (H1N1) ပဲဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လေထုကနေတဆင့်
အသက်ရှူလမ်းကြောင်းကနေ ရှူမိလို့ အများဆုံး ကူးစက်ရတယ်ဆိုပေမယ့် လက်ရှိ
လူထုကြား ရောဂါပျံ့နှံ့မှု ဆိုင်ရာ လေ့လာချက်များအရ လက်ကနေကူးစက်မှုက
ဒုတိယ အများဆုံး လိုက်နေတယ်လို့ သိရပါတယ်။

ဘယ်လိုကူးတာလဲ ဆိုတော့ ခုနလို လူအများနဲ့ဆိုင်တဲ့ နေရာတွေက ပစ္စည်းတွေ
ပေါ်မှာ ဒီပိုးတွေဟာ လူနာဆီက တစ်နည်းနည်းနဲ့ (ဥပမာ ဝေဒနာရှင်က
ချောင်းဆိုး၊ နှပ်ညှစ်ထားလို့) ရောက်ရှိနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့
လက်မှာ အသာလေး ကပ်ပါလာပြီး နှာခေါင်း၊ ပါးစပ်တို့ကနေ အသာလေး ကူးစက်
ဝင်ရောက်နိုင်တာမို့ အရမ်းသတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။
လူတိုင်းဟာ အပြင်မှာ ထိလာကိုင်လာတဲ့ လက်တွေကို ၀မ်းရောဂါ၊ အသည်းရောင်
အသားဝါ B, C စတာတွေ ကြောက်လို့ အစာမစားခင် လက်ဆေးရမယ် ဆိုတာတော့
သိကြပေမယ့် အဲလို လက်မဆေးသေးခင် မိမိမျက်နှာ နှုတ်ခမ်း ခံတွင်း မျက်လုံး
စတာတွေကို ထိကိုင်ပွတ်သပ်မိလို့ တုပ်ကွေးဗိုင်းရပ်စ်တွေ
ကူးစက်ခံရတတ်တယ်ဆိုတာတော့ ယောင်လို့တောင် တွေးမိကြမယ် မထင်ပါဘူး။
တုပ်ကွေးစဖြစ်တဲ့ နိုင်ငံတွေကနေ တခြားနိုင်ငံတွေကို ပျံ့နှံ့တဲ့
နည်းလမ်းတွေထဲမှာ လေဆိပ်ကနေ ပျံ့စေတာက အရမ်း မြန်ဆန်လွန်းပါတယ်။
ဘာလို့လဲဆိုတော့ လေကြောင်းခရီးကနေ ပါလာတဲ့ ရောဂါရှိသူ တစ်ယောက်ယောက်ဟာ
အများသုံး အိမ်သာ တံခါး၊ အများသုံး အင်တာနက် စတာတွေကို ချောင်းဆိုးတာ
အုပ်ထားတဲ့လက်နဲ့၊ နှပ်ညှစ်ထားတဲ့ လက်နဲ့ စသဖြင့် ကိုင်မိမယ် ဆိုရင်
နောက်ထပ် လာကိုင်သမျှသော သူတွေကို သေချာပေါက် ကူးစက်စေမှာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ကပ်ရောဂါတွေ ဖြစ်လာနေကြတဲ့ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေး၊
လူတုပ်ကွေး တုပ်ကွေးအမျိုးအစားပေါင်းစုံဟာ ခရီးသွားနှုန်း
အရမ်းမြင့်မားတဲ့ ဥရောပနဲ့ အမေရိကတိုက်တွေမှာ
နိုင်ငံဖြတ်ကျော်ပျံ့နှံ့မှု အရမ်း မြန်ဆန်ရခြင်း ဖြစ်ပါတယ်လို့
မကြာသေးမီကမှ အင်္ဂလန်က ပြန်လာတဲ့ ကျွန်တော့်ရဲ့ ဆရာမ အထူးကုဆရာဝန်ကြီး
တစ်ဦးက Mutdfan.com သို့ ရှင်းပြပေးသွား ခဲ့ပါတယ်။

ဒီလို အပြင်က ပြန်လာတာနဲ့ လက်ဆေးတဲ့အကျင့်၊ အိမ်ပြန်မရောက်သေးသော်လဲ
တစ်ခုခု ကိုင်ပြီးတာနဲ့ လက်ဆေးတဲ့အကျင့်ကို စွဲမြဲနေအောင် ထားမယ်ဆိုရင်
ဒီလိုတုပ်ကွေးတွေက အစ ရာသီပေါ် အအေးမိ တုပ်ကွေး တွေကိုပါ ကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။ hand gel လို့ခေါ်တဲ့ ရေပြန်ဆေးစရာမလို
လက်သုတ်စရာမလိုတဲ့ လက်ဆေးဆေးရည်လေးများ ဆိုင်တွေ စူပါမားကတ်တွေမှာ
ဝယ်လို့ ရနေပါပြီ။ ဒါလေးတွေဟာ လွန်စွာကောင်းမွန်တဲ့ အကျင့်ဖြစ်လို့ ယနေ့
စသင့်ပါပြီ။

(၂)အိပ်ရေးပျက်ကို တတ်နိုင်သမျှ မခံပါနဲ့။ အထူးသဖြင့် လူတစ်ယောက်ဟာ
မိမိရဲ့ ပုံမှန်အိပ်ချိန်ထက် ၄နာရီနောက်ကျခြင်းကို ဆိုးဆိုးဝါးဝါး
အိပ်ရေးပျက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်ပြီး နောက်နေ့
လူထူထပ်တဲ့ နေရာသွားရမယ်ဆိုရင် တကယ်တမ်းသာ ကျန်းမာရေး ဂရုစိုက်ရင်
(လူတုပ်ကွေး ပျံ့နှံ့နေတဲ့ အချိန် မဟုတ်ပေမယ့်လဲ)
နှာခေါင်းစီးမျက်နှာဖုံး တပ်သွားသင့် ပါတယ်။ တကယ်တမ်းတော့
အကြောင်းအမျိုးမျိုးကြောင့် မတပ်ဖြစ်တာ များပါတယ်။
(၃)အဲလို မျက်နှာဖုံး တပ်သွားမယ် ဆိုရင်လဲ မိမိလက်နဲ့
တစ်ခါကိုင်ချွတ်ပြီးရင် ပြန်မတပ်ရတော့ပါဘူး။ ဒါဟာ ရောဂါပိုးတွေ လက်ကနေ
လေထုထဲကနေ မျက်နှာဖုံးရဲ့ မိမိရှူမယ့် ဘက်ကို ကပ်ငြိသွားစေလို့
အန္တရာယ်ရှိပါတယ်။ ဒီလိုချွတ်မိမယ် ဆိုရင်လဲ အဲဒီမျက်နှာဖုံးကို
စွန့်ပစ်ပြီး အသစ် တစ်ခု ပြန်တပ်ပြီး သုံးသင့် ပါတယ်။ နို့မို့ တစ်နေကုန်
လက်က ဟိုကိုင်လိုက် ဒီကိုင်လိုက်၊ ဒီမျက်နှာဖုံးတစ်ခုထဲ ချွတ်လိုက်
တပ်လိုက်ဆို ရောဂါသာ ရန်ကုန်မှာ တကယ်ပျံ့နေမယ်ဆိုရင် သေချာပေါက်
ကူးမှာပါပဲ။
(၄)တုပ်ကွေးပိုး စတဲ့ ရောဂါတော်တော်များများ ကိုကာကွယ်ဖို့ ဗိုက်တာမင်စီ
ချို့တဲ့လို့ မဖြစ်ဘူး ဆိုတဲ့အသိ လူတော်တော်များများမှာ ရှိကြပါတယ်။
ဒီနေ့ခေတ်မှာလဲ ဗိုက်တာမင်စီ သီးသန့်ပါဝင်တဲ့ ဈေးကြီးတဲ့ဆေးတွေ
ဈေးကွက်ထဲမှာ နေရာရနေတာကို ကြည့်ရင် လူထုရဲ့ အခြေခံကျန်းမာရေးအသိ
တိုးတက်လာနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ့် ပြည်တွင်း ပြည်ပ
ကျန်းမာရေး အလိုအရ ကိုယ်ခံအားစနစ် ကောင်းသူတွေ ဖြစ်ချင်ရင် ဗိုက်တာမင်စီ
တစ်ခုတည်း ဖြည့်ရုံနဲ့တော့ မရဘူးလို့ ဆိုပါတယ်။ လွယ်လွယ်ပြောရင်
အသီးအရွက်စုံ စားမှ ဗိုက်တာမင် မျိုးစုံရပြီး ရောဂါမျိုးစုံ ကာကွယ်နိုင်
လောက်တဲ့ ခန္ဓာကိုယ်တွင်း ခုခံအားစနစ် (Body Defense Mechanism)
ကိုရရှိမှာ ဖြစ်ပါတယ်။ (သဘာဝ ဗိုက်တာမင်မဟုတ်တဲ့ အားဆေးတွေထဲက
ဗိုက်တာမင်တွေမှာ အဲဒီအစွမ်း သိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်
အသီးအရွက်တွေကိုပဲ အားကိုးသင့်ပါတယ်)
(၅)နောက်ပြီး အားလုံး သိကြတဲ့အတိုင်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊
ရောဂါတစ်ခုခု ခံစားနေရသူများ စသဖြင့်တွေဟာ ကိုယ်ခံအားစနစ်
မကောင်းတဲ့အတွက် တုပ်ကွေး ဖြစ်ဖို့ အရမ်းလွယ်ပါတယ်။ ဒါ့အပြင် ၃လအတွင်း
ဝက်သက်ပေါက်ဖူးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အိပ်ရေးပျက်လွန်းသူတွေ၊
အသီးအရွက်မစားတဲ့သူတွေ၊ အ၀လွန်သူတွေ ဟာလဲ ရောဂါပိုးနဲ့တွေ့ရင် သေချာပေါက်
အကူးခံရမယ့်သူတွေ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ၀က်သက် တစ်ခါ ပေါက်ပြီးရင် ၃လကျော်မှ ပုံမှန်
ကိုယ်ခံအားစနစ် အခြေအနေကို ပြန်ရရှိတာမို့ပါ။ ဆေးလိပ်သောက်သူတွေရဲ့
လေပြွန်တွေ၊ လေမြွှာအိတ်တွေရဲ့ မျက်နှာပြင်တွေဟာ ခုခံစွမ်းအား လုံခြုံမှု
မကောင်းဘဲ တုပ်ကွေးပိုးက အလွယ်တကူ ဖောက်ထွင်းသွားနိုင်လို့ ဖြစ်ပါတယ်။
အ၀လွန်သူတွေကတော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ အမြဲတမ်းလိုလို
ပုံမှန်အောက်ကို ရောက်နေလို့ ဖြစ်ပါတယ်။
(ဒီဆောင်းပါးပါ အချက်တွေဟာ တုပ်ကွေးကာကွယ်နည်းများရဲ့ လူသိနည်းတဲ့
ထူးထူးခြားခြား အကြောင်းလေးများ ဖြစ်ပါတယ်။ ဒီမှာ ကျန်ရှိနေသေးတဲ့
အချက်တွေကတော့ နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို စတဲ့ မီဒီယာများမှ
ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်များ အတိုင်း ဖြစ်ပါတယ်)
Last Updated at 2010-02-12 on 01:19:14 Written by : သီဟသစ်(ဆေး-၂) Mutdfan.com