| ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရုံးထိုင်လျက်ရှိသော ဌာနအချို့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး (ယခင်လွှတ်တော် အဆောက်အအုံ)သို့ ပြောင်းရွှေ့ရုံး ထိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ပြောင်းရွှေ့ရုံးထိုင်မည့် စုပေါင်းရုံးမှ ဌာနများမှာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး၊ ရန်ကုန်တိုင်း စည်ပင်သာယာရေး ဦးစီးဌာနတို့ဖြစ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။ စုပေါင်းရုံးတွင် ရုံးထိုင်ခဲ့သော ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲရုံးလည်း လိုက်ပါပြောင်းရွှေ့ ရုံးထိုင်မည်ဖြစ်ပြီး ပြောင်းရွှေ့ရုံးထိုင်မည့်ရက်ကိုမူ အတိအကျမသိရှိသေးကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင်မူ အဆိုပါဌာနများ ပြောင်းရွှေ့ရန်အတွက် ရှင်းလင်းမှု လုပ်ငန်းများ ပြုလုပ်လျက်ရှိသည် ဟု သိရသည်။ ယင်းဌာနများ လွှတ်တော်ရုံး သို့ ပြောင်းရွှေ့ရုံးထိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းစုပေါင်းရုံးတွင် ရန်ကုန်တိုင်း တရားလွှတ်တော် နှင့် တိုင်းဥပဒေရုံးနှစ်ခုသာ ရုံးထိုင် ကျန်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ရင်းမြစ်။ ။first-11.com |
Melbourne near me Trusted Removalist
10 months ago
0 comments:
Post a Comment