AFP သတင်းဌာန
မြန်မာအစိုးရက နိုဝင်ဘာ ၇ တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်လိုက်ခြင်းကို အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းက အင်္ဂါနေ့တွင် ကြိုဆိုလိုက်သည်။
အနောက်နိုင်ငံများကမူ ထိုရွေးကောက်ပွဲမှာ တင်းကျပ်ဖိနှိပ်သည့် အခြေအနေအောက်တွင် ပြုလုပ်မည်ဖြစ်သည်ဟု ဆိုထားသည်။ အနှစ် ၂၀ အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ နေ့ရက်ကို သောကြာနေ့တွင် မြန်မာစစ်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။
"မြန်မာအစိုးရ၏ ဤဆုံးဖြတ်ချက်ကို အာဆီယံက ကြိုဆိုလိုက်သည်" ဟု အာဆီယံအသင်း၏ လက်ရှိ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အာဆီယံတွင် ၁၀ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံသည်လည်း အသင်းဝင် နိုင်ငံ တခု ဖြစ်သည်။
"ဒီမိုကရေစီ နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လမ်းပြမြေပုံ ဖော်ဆောင်ရေး အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ရန် အာဆီယံက မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်" ဟု ကြေညာချက်တွင် ဆိုထားသည်။
လွတ်လပ် မျှတပြီး အားလုံး ပါဝင်နိုင်ရေးက အရေးကြီးကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။
နိုဝင်ဘာ ၇ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်မီ တပတ်သာ လိုသည့် အချိန် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရ ဖွဲ့ခွင့် မရခဲ့ပေ။ ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ဒေါ်စုသည် အများအားဖြင့် ထိန်းသိမ်းခံနေရသည်။ ယခု အထိန်းသိမ်းခံနေဆဲ ဖြစ်သောကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရရေး တားဆီးခံနေရသည်။
ဗြိတိန်၊ အမေရိကန်၊ ကနေဒါတို့က နိုဝင်ဘာ ၇ ရွေးကောက်ပွဲသည် နိုင်ငံရေး ဖိနှိပ်မှု အချေအနေများအောက်တွင် ပေါ်ပေါက်လာမည်ဖြစ်သည်ဟု ဆိုထားကြသည်။
အာဆီယံ ကြေညာချက်တွင် "လိုအပ်ပါက မြန်မာအစိုးရကို အကူအညီ ပေးရန်" အဆင်သင့် ရှိကြောင်း ဖော်ပြထားသည်။
အာဆီယံတွင် အသင်းဝင် နိုင်ငံတို့၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှု မပြုရန် မူဝါဒ ချထားသည်။
သို့သော်လည်း ဒီမိုကရေစီ ပိုမို ထွန်းကားသော အသင်းဝင်နိုင်ငံတို့ အတွက်မူ မြန်မာ့အရေးကြောင့် အရှက်ရဖွယ် ဖြစ်နေသည်။
ရင်းမြစ်။ ။မိုးမခ
Melbourne near me Trusted Removalist
10 months ago
0 comments:
Post a Comment