မြန်မာ့သဘာဝဓာတ်ငွေ့ကို အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်းဒေသသို့ ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းတည်ဆောက်မည့် သုံးနိုင်ငံ သဘာဝဓာတ်ငွေ့ပိုက် လိုင်းတည်ဆောက် ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာအစိုးရကသဘောတူညီလိုက် ပြီဟုသိရသည်။
တည်ဆောက်မည့် ပိုက်လိုင်း အရှည်မှာ ၉၀၀ ကီလိုမီတာရှိမည်ဟု ဆိုသည်။ ပိုက်လိုင်းတည်ဆောက်ရေး နှင့်ပတ်သက်၍ နှစ်အတန်ကြာလိပ်ခဲ တည်းလည်းဖြစ်နေခဲ့သော်လည်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယ နှင့်ချစ်ကြည်ရင်းနှီးသော ဟာဆီနာ အစိုးရအနိုင်ရရှိပြီးသည့်နောက်တွင် ဘင်္ဂလားဒေ့ရှ်၏ရပ်တည်ချက်ပြောင်း လဲခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်သီတင်းပတ်က ဘင်္ဂ လားဒေ့ရှ်သို့ အိန္ဒိယစွမ်းအင်အတွင်းဝန် အိပ်ခ်ျအက်စ်ဘရမာ လာရောက်ခဲ့ စဉ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မီဒီယာ များကဖော်ပြခဲ့သည်။ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် အိန္ဒိယသို့ ဇန်န၀ါရီလက အလည်အပတ်သွားရောက်ခဲ့သည်။
မြန်မာ့သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး၌ပါဝင်နေသော အိန္ဒိယကုမ္ပဏီများတွင် GAIL ၊ Essar Oil ၊ ONGC ၊ IOC တို့ပါဝင်သည်ဟုသိရသည်။ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက် ၈၉ ဒသမ ၇၂ ထရီ လီယံကုဗပေရှိသည့်အနက် ၁၈ ဒသမ ၀၁ထရီလီယံ ကုဗပေကို အလွယ်တကူထုတ်ယူနိုင်သည်ဟု သိရသည်။
ရင်းမြစ် ။ ။ www.first-11.com
Melbourne near me Trusted Removalist
10 months ago
0 comments:
Post a Comment