မျှော်
(ရွှေဘုန်းလူ)
ဲမြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေစိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကျနော်တို့တိုက်ပွဲဝင်နေပါတယ် ..။
ပိတ်မထားရသေးတဲ့
သားကြီးတို့ရဲ့ ကျောင်စာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်..။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကျေဘူး
ဘီလူးတစ်ခေတ် ဒေါင်းတစ်ခေတ်..။
တနေ့နေ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်မှာထွေးလို့ကြိုပါ မေမေ..။
ဲမြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေစိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကျနော်တို့တိုက်ပွဲဝင်နေပါတယ် ..။
(တာရာမင်းဝေ အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
Melbourne near me Trusted Removalist
10 months ago
0 comments:
Post a Comment