Monday, May 3, 2010

ရွေးကောက်ပွဲအသုံးပြုမှုနှင့် လွတ်လပ်မှု

ဤနှစ်ထဲတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်မည်ဆိုပါက မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြည်တွင်းပြည်ပက ခွင့်လွှတ်နိုင်လိမ့်မည်ဟု ဗိုလ်သန်းရွှေနှင့်အပေါင်းပါတစုက မျှော်လင့်နေပုံရသည်။ ရွေးကောက်ပွဲစနစ်ကို စိတ်ကြိုက်အသုံးပြုနိုင်ပါက နိုင်ငံရေးအာဏာကို စိတ်ကြိုက်တရားဝင်အသုံးပြုနိုင်မည်ဟု တွက်ထားပုံရသည်။ ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒဖြစ်သည်ဟု ယူဆထားကြသဖြင့် မိမိဆန္ဒကို ပြည်သူ့ဆန္ဒအဖြစ် ဖော်ပြလေ့ရှိသော မြန်မာစစ်အစိုးရသည် မိမိဆန္ဒကို ရွေးကောက်ပွဲ၌ ဖော်ပြနိုင်ရန် စီစဉ်နေပြီဖြစ်၏။
ရွေးကောက်ပွဲအနိုင်ရသည်ကို အာပတ်ဖြေသည့် အပြုအမူအဖြစ် ယူဆသူများလည်းရှိသည်။ ပြည်သူ့ဆန္ဒမဲကို တန်ဖိုးထားသော အမေရိကန်ပြည်ထောင်စု၌ပင် မှားယွင်းသောလုပ်ရပ်ကို ရွေးကောက်ပွဲဖြင့် သင်ပုန်းချေသည့် အပြုအမှုများ ရှိသည်။ ၂၀၀၃ ခုနှစ်၌ အီရတ်ကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရာတွင် အမှားမှားအယွင်းယွင်းဖြစ်မှုများ ရှိသော်လည်း သမ္မတ Bush က အရေးယူခြင်းမရှိသည်ကို သတင်းသမားတဦးက မေးမြန်းသည့်အခါတွင် ဒုတိယအကြိမ် ရွေးကောက်ပွဲအနိုင်ရထားသော Bush က သူ့လုပ်ရပ်မှန်ကန်ကြောင်း ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲက သက်သေပြလိုက်သည်ဟု ဖြေ၏။ တာဝန်ယူမှု ကင်းမဲ့သော မိမိအမှားကို ရွေးကောက်ပွဲဖြင့် ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်သည်။

လူ့အခွင့်အရေးမှန်သမျှ ကျူးလွန်နေသဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက အရေးယူထားသော ဆူဒန်နိုင်ငံမှ အာဏာရှင် အိုမာဘတ်ရှားသည်လည်း ဧပြီလ၌ ရွေးကောက်ပွဲကျင်းပ၍ အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကြိုးပမ်းနေပေသည်။ အိုမာဘတ်ရှားသည် စစ်အာဏာသိမ်း၍ အနှစ် (၂၀) ကျော် ကြီးစိုးပြီးမှ ရွေးကောက်ပွဲနည်းဖြင့် တရားဝင်အာဏာရှင်ဘ၀ ရောက်အောင် ကြိုးပမ်းခြင်းဖြစ်သဖြင့် မြန်မာဗိုလ်ချုပ်များနှင့် အသွင်တူပေသည်။ အတိုက်အခံဘက်က သပိတ်မှောက်ထားသည့်ကြားမှ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပခြင်းဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမရှိဟု ဝေဖန်ကြ၏။ သို့သော်လည်း ရွေးကောက်ပွဲအနိုင်ရသော အိုမာဘတ်ရှားသည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို အာခံရန် အခွင့်အလမ်းရရှိသွား၏။

ရွေးကောက်ပွဲကို ကိုယ်ကျိုးအတွက် အသုံးပြုနေသည့်လုပ်ရပ်ကို တုံ့ပြန်နိုင်ရန် လွတ်လပ်မှုရှိရပါလိမ့်မည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက် လွတ်လပ်မှုရှိရန်လိုသည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်နှင့် လွတ်လပ်စွာလှုပ်ရှားခွင့်ရှိရန် လိုအပ်ပေသည်။ ဤသို့သော လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသည် မဆလခေတ် ရွေးကောက်ပွဲကဲ့သို့ အခမ်းအနားသာဖြစ်၏။ ရွေးကောက်ပွဲအခမ်းအနားဖြင့် ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်နိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီဓလေ့ထုံးစံများကို အခြေကျအောင် ပြုစုပျိုးထောင်ခြင်းမရှိဘဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် နိုင်ငံရေးမတည်မငြိမ် ဖြစ်စေသည်ကို ထိုင်းနိုင်ငံက သက်သေပြနေသည်။

အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို တရားဥပဒေဖြင့် ချုပ်ချယ်ကန့်သတ်၍ နိုင်ငံသားများကို လုပ်ပိုင်ခွင့်ပေးခြင်းသည်သာ ဒီမိုကရေစီကို ပြုစုပျိုးထောင်ရာ ရောက်ပေသည်။ မေလ (၆) ရက်နေ့တွင် ကျင်းပမည့် ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်ကြရာတွင် ပြည်သူကခိုင်းသည့်အစိုးရကို ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပြည်သူကို ခိုင်းမည့်အစိုးရကို ဖွဲ့စည်းမည်မဟုတ်ကြောင်း နိုင်ငံရေးပါတီများက ၀ါဒဖြန့်နေကြသည်။ အစိုးရသည် မော်တော်ကားနှင့်တူ၍ ပြည်သူလူထုသည် ကားမောင်းသူဖြစ်သည်ဟု တင်စားပြောဆိုကြ၏။ ထို့ကြောင့် ပြည်သူ့လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးပေသည်။

လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်ပါက ပြည်သူ့အတွေးအခေါ် ပြောင်းလဲလာနိုင်ပါသည်။ လူထုက လွတ်လပ်စွာတွေးခေါ် ပြောဆိုမည်ကို စစ်အစိုးရအကြောက်ဆုံးဖြစ်ပေသည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်၏။ သို့သော်လည်း လွတ်လပ်သည်နှင့် အတွေးအခေါ်သည် ချက်ချင်းပြောင်းသွားမည်မဟုတ်ပါ။ အခြေကျ၍ အကျင့်ပါနေသော ကိစ္စများသည် တဖြည်းဖြည်းချင်းသာ ပြောင်းလဲလာမည်ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ လက်ခံထားသော အယူအဆကို ဆွေးနွေးရာတွင် အစပိုင်း၌ လက်မခံနိုင်ကြသည်ကို တွေ့ရ၏။ ဤအယူအဆကိုပင် အဆက်မပြတ် အလေးအနက် တင်ပြလာသောအခါတွင်မူ ပြည်သူလူထုကပါ လက်ခံစဉ်းစားသည့်အဆင့်သို့ ရောက်သွားနိုင်ပေသည်။

ပိတ်ပင်ချုပ်ချယ်ခံရသည့် လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သော လူ့ဘောင်၏ တွေးခေါ်မှုသည် ကွဲပြားခြားနားသည်ကို ဒီမိုကရေစီနိုင်ငံများ၌ ပညာဆက်လက်သင်ကြားဖူးသော မြန်မာပြည်သူပြည်သားတိုင်း နားလည်သဘောပေါက်ကြသည်။ အပြန်အလှန် ဝေဖန်ခံနိုင်ခြင်းသည် ဒီမိုကရေစီဓလေ့တခုပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင်ရပေမည်။ ထိုကြောင့် လွတ်လပ်မှုသည် လျှို့ဝှက်စွာ မဲဆန္ဒပေးသည့် ရွေးကောက်ပွဲထက် ပို၍ အရေးကြီး၏။ လွတ်လပ်မှုမရှိသော လူထုဆန္ဒကောက်ယူပွဲနှင့် ရွေးကောက်ပွဲသည် အချည်းနှီးသာဖြစ်ပေသည်။

နအဖရွေးကောက်ပွဲစနစ်သည် ချုပ်ချယ်ကန့်သတ်ထားသော နအဖဈေးကွက်စနစ်ပင်ဖြစ်သည်။ နအဖအစိုးရခွင့်ပြုသော ပါတီနဲ့ လူပုဂ္ဂိုလ်များသာ ယှဉ်ပြိုင်ခွင့်ရှိသည်။ လွတ်လပ်သောဈေးကွက်တွင် စားသုံးသူ ပြည်သူလူထုလိုအပ်သော ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချနိုင်သည်။ ထိုနည်းတူစွာ လွတ်လပ်မှုရှိသော နိုင်ငံရေးစနစ်၌သာ ပြည်သူ့ဆန္ဒကို ထုတ်ဖော်နိုင်ပါလိမ့်မည်။ ရွေးကောက်ပွဲတွင် တန်းတူရည်တူ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် အလွန်အရေးကြီးသည်။ စစ်အစိုးရတည်ထောင်သော ပါတီက ထင်သလိုလုပ်၍ ပြည်သူလူထုတည်ထောင်သောပါတီကို ချုပ်ချယ်ကန့်သတ်ပါက တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ပါ။

ဒီမိုကရေစီအခြေခိုင်သော နိုင်ငံများ၌ပင် အာဏာရပါတီက ပို၍ အခွင့်အရေးရကြသည်။ ရုံးကားသုံး၍ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခြင်းသည် အလွဲသုံးစားလုပ်မှုလေးပင်ဖြစ်၏။ ဗြိတိန်နိုင်ငံတွင်မူ တီဗွီနှင့်ရေဒီယိုအား နိုင်ငံရေးပါတီအားလုံးကို အညီအမျှ အသုံးပြုခွင့်ပေးရသည်။ ဒီမိုကရေစီစနစ်၌လည်း အားနည်းချက်ရှိနေသည့်အတွက် နိုးကြားတက်ကြွသော ပြည်သူလူထုက အမြဲတမ်းစောင့်ကြည့်ရန် လိုပေသည်။ မြန်မာပြည်၌မူ နိုးကြားတက်ကြွသူကို နအဖကထောင်ချထားသည်။ ထို့ကြောင့် လွတ်လပ်မှုသည် ရွေးကောက်ပွဲထက်ပို၍ အရေးကြီးသည်ဟု ပြောနေရခြင်းဖြစ်သည်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နအဖစစ်အစိုးရသည် ဤနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်လိုသူများ တောင်းဆိုသင့်သော အချက်အချို့ကို တင်ပြလိုပါသည်။ ပြည်သူ့လေးစားမှုရရှိသော ကြားနေအဖွဲ့က ရွေးကောက်ပွဲကို ကြီးကြပ်ရန်၊ ယှဉ်ပြိုင်သူအားလုံး သတင်းမီဒီယာ အသုံးပြုခွင့်ရရှိရန်၊ လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးရန်၊ မဲဆန္ဒပေးမှုနှင့် မဲရေတွက်မှုကို ပါတီဝင်မဟုတ်သော တသီးပုဂ္ဂလိကများက စောင့်ကြည့်ရန်၊ အများရှေ့၌ သိသာမြင်သာစွာ မဲရေတွက်ရန်၊ ပြဿနာဖြစ်ပါက ဘက်မလိုက်ဘဲ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အတိအလင်း ဖော်ပြရန် အနည်းဆုံး တောင်းဆိုသင့်ပေသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

Sunday, May 2, 2010

မြန်မာပြည်အတွက်ကာတွန်းလေး

Saturday, May 1, 2010

လွိုင်ကော်ကအသေခံဗုံးခွဲသူ(ကြောက်လန့်တတ်သူများ လုံးဝဖွင့်မကြည့်ပါနှင့်)

P4270409.JPG

P4270411.JPG

P4270414.JPG

P4270422.JPG

P4270426.JPG

P4270428.JPG

P4270429.JPG

P4270430.JPG

P4270431.JPG

P4270432.JPG

P4270437.JPG

P4270438.JPG

ဓာတ်ပုံများကို ဒီနေရာကယူပါသည်  http://www.yeyintnge.com/2010/04/blog-post_665.html

တရုတ်စစ်တပ် မြန်မာ နယ်စပ်တလျှောက် တပ်စွဲထား

အင်အား ၅၀၀၀ ခန့် ပါဝင်သည့် တရုတ်စစ်တပ်က တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် ယခုရက်ပိုင်း အတွင်း တပ်စွဲ ထားကြောင်း သိရသည်။

အဆိုပါ တရုတ် စစ်တပ်သည် ၀ပြည်နယ် မြို့တော် ပန်ဆန်းနှင့် ကပ်လျက်ရှိသည့် နယ်စပ် တလျောက်တွင် တပ်စွဲထားပြီး လေယာဉ်ပစ် အမြောက် များလည်း ပါဝင်သည်ဟု ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေ ၀ယ်ထားတဲ့ လေယာဉ်တွေကို အရမ်းသုံးလို့ မရတော့ဘူး၊ လေယာဉ်ပစ် အမြောက်တွေကို တရုတ်က နယ်စပ်နားမှာ ချထားတာ”ဟု ၎င်းကဆိုသည်။

UWSA တပ်ဖွဲ့များ အနေဖြင့် စစ်ရေးသတိ အမြဲရှိနေကြောင်း၊ တောင်တန်းများ ပေါ်တွင် အခြေစိုက်သည့် မိုင်းပေါက်၊ ၀ိန်းကောင်၊ မိုင်းမော စသည့် စစ်စခန်းများတွင် ပြင်ဆင်မှုများ ပိုမိုပြုလုပ်ထားကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့လျှင် တရုတ်နိုင်ငံဘက်သို့ ဒုက္ခသည်များ ထွက်ပြေး လာမည်ကို လည်း စိုးရိမ်ကြောင်း ၎င်းကရှင်းပြသည်။

ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများတွင် ဒုက္ခသည် စုစုပေါင်း ၃၇၀၀၀ ခန့် တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့သည်။

ယခုကဲ့သို့ တရုတ်စစ်တပ်များ ချထားသည့် အချိန်သည် စစ်အစိုးရနှင့် UWSA အဖွဲ့အကြား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်း ရေးနှင့် ပတ်သက်၍ တင်းမာနေချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်အစိုးရအနေဖြင့် လူအင်အား လက်နက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လျှင် အပစ်ရပ်အဖွဲ့များ၏ နယ်မြေများကို သိမ်း နိုင်မည်ဖြစ်သော်လည်း အဆိုပါ နယ်မြေများကို ရေရှည်တွင် ဆက်လက်ထိန်းချုပ်ထားရန် မလွယ်ကူကြောင်း၊ တရုတ်-မြန်မာနယ် စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း သုံးသပ်ပြောဆိုသည်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့များကို စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် ပြောကြားထားသည်။

သို့သော် ပြီးခဲ့သည့် တနင်္ဂနွေနေ့က(SSA–N) အဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ်ရှိ စိန်ဂျော့စခန်းတွင် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) (SSA–N) ဥက္ကဋ္ဌ ဦးလွယ်မောင်းနှင့် တပ်ဖွဲ့ဝင်တချို့က ဌာနေပြည်သူ့စစ်ပြုလုပ်ရန် လက်ခံ ခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် ရေးသားထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ အရာရှိတဦးကလည်း စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို အတင်းအကျပ် လုပ်ဆောင်ခြင်း မရှိတော့ကြောင်း၊ ယမန်နေ့ကလည်း မြစ်ကြီးနား မြို့တွင် ပြုလုပ်သည့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် များနှင့် စစ်အစိုးရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း( ကြံ့ဖွံ့)တို့ တွေ့ဆုံကြကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို စစ်အစိုးရ ၀န်ကြီးများဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် အပြင် အမှတ် ၁ စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းလည်း တက်ရောက်ကြောင်း သိရသည်။

ရင်းမြစ်။ ။ ဧရာဝတီ

ဝန်ကြီးချုပ်နဲ့ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ၀င်မယ့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်း စိုးရိမ်မကင်းဖြစ်



Myanmars Prime Minister Gen. Thein Sein, March 
18, 2009-AP
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် (မတ်လ ၁၈၊ ၂၀၀၉)
စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရ၀န်ကြီးအချို့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမည်နဲ့ နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီပါတီ ရွေးကောက်ပွဲ ၀င်လာမယ်ဆိုရင် ကြံ့ခိုင်ရေးအသင်းရဲ့ အရင်းအမြစ်နဲ့လက်ရှိ အာဏာရ အရှိန်အ၀ါတွေကြောင့် လာမယ့် ရွေးကောက်ပွဲအတွင်းမှာ မသမာမှုတွေ ဖြစ်လာ နိုင်တယ်လို့ အခြား နိုင်ငံရေးပါတီတွေက စိုးရိမ်ပူပင်နေပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီကို ဦးသိန်းစိန် ဦးဆောင်ပြီး ကော်မရှင်ထံ မနေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ ဒီကနေ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးအသင်း ဌာနချုပ်ရုံးကို ဆက်သွယ်မေးမြန်းတော့ ရုံးတာဝန်ရှိသူတဦးက သတင်းစာဖတ်မှ ဒီကိစ္စ သူတို့သိရတာလို့ ဗွီအိုအေကို ပြောပါတယ်။ ကြံ့ခိုင်ရေးအသင်း ပါတီဖွဲ့မယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာကြာပါပြီ။ ဒါပေမဲ့ အစိုးရ၀န်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဖွဲ့စည်းတယ်ဆိုတော့ လာမယ့်ရွေးကောက်ပွဲဟာ သမာသမတ် ရှိပါ့မလားဆိုတာ နိုင်ငံရေးပါတီတွေအကြား မေးခွန်းဖြစ်လာပါတယ်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေကတော့ ကြံ့ခိုင်ရေးအသင်းဟာ အမျိုးသားရေးအဖွဲ့အစည်း ဖြစ်တာကြောင့် နိုင်ငံရေးပါတီအဖြစ် မပြောင်းသင့်ဘူးလို့ ယူဆပါတယ်။
"ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အလားအလာတွေကို တွက်တာပေါ့နော်။ အဲဒီအထဲမှာ အစိုးရကနေပြီးတော့ သူတို့လည်း ၀င်ပြိုင်မယ့်အလားအလာ ရှိတယ်ဆိုတာ တွက်ပြီးသားပေါ့။ ဒါပေမဲ့ ကြံ့ခိုင်ရေးကို ပါတီလုပ်တယ် ဆိုတာကတော့ ကျနော်တို့ နားမလည်ဘူးပေါ့နော်။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ ကြံ့ခိုင်ရေးက အမျိုးသားပါတီ။ အားလုံးပါတာကိုး။ ကျောင်းသားတွေရော၊ ၀န်ထမ်းတွေရော ပါတာကိုး။ အခုက အဲဒီဟာ နံမည်သုံးလိုက်တယ်ဆိုတော့ အဲဒါကိုတော့ ဒါ မဖြစ်သင့်ဘူးပေါ့နော်။"
ကြံ့ခိုင်ရေးအသင်းဟာ လူမှုရေးအသင်းဖြစ်တယ်လို့ မူလက စစ်အစိုးရက ပြောခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေက နာယက အဖြစ် ဆောင်ရွက်သလို၊ အစိုးရအဖွဲ့ဝင်တွေ အစိုးရ၀န်ထမ်းတွေက အသင်းရဲ့ အမှုဆောင်အဖြစ် ဆောင်ရွက်ကြတာပါ။ အသင်းဝင်အင်အား ၂၄ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြံ့ခိုင်ရေးအသင်းတခုလုံးကို ပါတီအဖြစ် အသွင်ပြောင်းလိုက်ပြီလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကတော့ ပါတီထောင်တာရှိသလို အသင်းကို ဆက်ပြီး ထားနိုင်သေးတယ်လို့ ယူဆပါတယ်။
"ကျနော်ထင်တာက ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို သူတို့ ဆက်ထားဦးမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းထဲမှာရှိနေတဲ့ အစိုးရ၀န်ထမ်းတွေပေါ့နော်။ civil servant တွေက ပါတီထဲကိုဝင်လို့ မရတဲ့အတွက် ဒီလူတွေအတွက်ကိုတော့ သူတို့က အသင်းကို ဆက်ထားရမှာဖြစ်ပါတယ်။ နောက်တခုကလည်း အသင်းအနေနဲ့ ပါတီရဲ့ လုပ်ငန်းတွေကို အပြင်ကနေ လူမှုရေးပိုင်းဆိုင်ရာတွေကို အကူအညီပေးလို့ ရတာကိုး။ ပါတီအနေနဲ့ ကိုယ်တိုင်လုပ်လို့ မရတဲ့ကိစ္စတွေ အသင်းက အကူအညီပေးနိုင်တဲ့အတွက် သူတို့ ဒီအသင်းကို ဆက်ထားမယ့်ပုံရပါတယ်။"
တဖက်မှာတော့ စစ်အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတာကြောင့် နိုင်ငံရေး မသမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။
"အစိုးရက ကြားနေပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမျိုး ကျနော် ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနေအထားက ဘာဖြစ်လဲဆိုတော့ အာဏာရပါတီတခု ပုံစံမျိုးနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ရပ်တည်ပြီး ဦးသိန်းစိန်ဘ၀နဲ့ ရပ်တည်ပြီးတော့၊ ဒီအတွက် အာဏာရပါတီရဲ့ လုပ်ပိုင်ခွင့်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ ထားပြီး ဒီရွေးကောက်ပွဲကို ၀င်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ဖို့အတွက်တော့ ကျနော်တို့ စဉ်းစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဂတိမှုတွေ၊ နိုင်ငံရေး အဂတိမှုတွေ ပေါ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်လေ။"
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ နိုင်ငံဝန်ထမ်းတွေ ဖြစ်တယ်လို့ စစ်အစိုးရက တချိန်က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလက်ရှိ ရွေးကောက်ပွဲဥပဒေအရ အစိုးရ၀န်ထမ်းတွေ နိုင်ငံရေး မလုပ်ရ၊ နိုင်ငံရေးပါတီမထောင်ရ ကန့်သတ်မှုရှိတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့များ ငြိစွန်းနေသလား စဉ်းစားသူတွေ လည်း ရှိပါတယ်။ ဒီအတိုင်း ခွင့်ပြုချက်ရသွားပြီး နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ အခြေအနေက တဘက်သတ်ဖြစ်သွားမယ်လို့ ကိုဝင်းမင်းက ယူဆပါတယ်။
"ပါတီအနေနဲ့ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးတွေအားလုံး တော်တော်များများကို ဆက်ပြီးတော့ သုံးသွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် တဘက်သတ် အနေအထားဖြစ်မယ့်သဘောတော့ ရှိပါတယ်။"
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် အခုလို စစ်တပ်နောက်ခံ နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတာကြောင့် လာမယ့် ပါလီမန်ထဲမှာ စစ်တပ်နဲ့ အသိုင်း      အ၀ိုင်းက ကြီးစိုးနေမယ့် လက္ခဏာလို့ ဦးသုဝေက ယူဆပါတယ်။
"သူတို့အတွက် အခွင့်အရေးကတော့ အများကြီးသာတာပေါ့။ နံပါတ်တစ်ကတော့ သူတို့က ရာထူးကလည်း ရှိသေးတာကိုး။ ရာထူးရှိတဲ့အခါကျတော့ အဲဒီအာဏာ အရှိန်အ၀ါ တွေကလည်း အများကြီး သူ့တို့အတွက် သာတာပေါ့။ နောက်တခု ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတာ တော်တော်ကြာနေပြီဆိုတော့ သူတို့က တပမ်းသာတာပေါ့နော်။ နောက်ပြီးတော့လည်း သူတို့မှာ ငွေရေးကြေးရေးက ပြည့်စုံတယ်ဆိုတော့ သူတို့အတွက်တော့ သာပြီးသားပေါ့ဗျာ"
လက်ရှိအားဖြင့်တော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီပေါင်း ၃၀ ၀န်းကျင် ရှိသွားပါပြီ။ ဒီအထဲမှာ စစ်အစိုးရကိုယ်တိုင် ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီဆိုရင်တော့ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ရှိလာပြီလို့ ပြောရမှာပါ။ 

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-30-voa3.cfm?rss=topstories