Tuesday, January 19, 2010

မြန်မာ့ကျောက်စိမ်းတုံးကြီး ဗီယက်နမ်က ဘုရားဆင်းတုတော်ထုလုပ်မည်..




နအဖဟာ အလေးချိန် (၃၅) တန် အလေးချိန်ရှိသည့် မြန်မာ့ကျောက်စိမ်းရိုင်းတုံးကြီးအား အမေရိကန်ငွေ ဒေါ်လာ (၂) သန်းဖြင့် ရောင်းစားခဲ့ပါတယ်။ ဒီလိုရောင်းစားခဲ့တာကို ၀ယ်ယူခဲ့သူကနေ ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းဆင်းတုတော်ကြီး ထုလုပ်ဖို့ အတွက် စီစဉ်မှသာ သိရှိရတာ ဖြစ်ပါတယ်။






နအဖထံကနေ မြန်မာ့ကျောက်စိမ်းတုံးကြီးကို ၀ယ်ယူခဲ့တဲ့သူကတော့ ဗီယက်နမ်နိုင်ငံသား ကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဗုဒ္ဓဘာသာဝင် Dao Trong Cuong ဆိုသူ ဖြစ်ပါတယ်။ ဒီ မြန်မာ့ကျောက်စိမ်းတုံးကြီးကို ကျန်ခဲ့တဲ့နှစ်က ဒေါ်လာငွေ (၂) သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး အောက်တိုဘာလက မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကျောက်စိမ်းရိုင်းတုံးကြီးကနေ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်မှာ ဖြစ်ကြောင်း သိရှိရပြီး၊ ကျောက်မျက်နှင့် ပန်းပုပညာရှင် (၅၀) ပါဝင်တဲ့အဖွဲ့ ကနေ ဘုရားဆင်းတုတော်အဖြစ် ထုလုပ်မှာ ဖြစ်ပါတယ်။









ဒီကျောက်စိမ်းရိုင်းတုံးကြီးအား ဖွင့်လှစ်ပြသတဲ့ အခမ်းအနားသို့ လူဦးရေ (၂၀၀၀) ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ ကျောက်စိမ်းတုံးကြီး ၀ယ်ယူခဲ့သူ Mr Cuong က ဒီကျောက်စိမ်းတုံးကနေ ထုလုပ်မယ့် ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခံရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီ မြန်မာ့ကျောက်စိမ်းရိုင်းတုံးကြီးဟာ အမြင့်ပေ (၁၀) ပေ (၃ မီတာ) မြင့်ပြီး အလျား (၆.၅) ပေ (၂ မီတာ) ရှည်လျားပြီး အနံ (၆.၅) ပေ (၂ မီတာ) ရှိတယ်လို့  သိရပါတယ်။
















မြန်မာနိုင်ငံကနေ ၀ယ်ယူခဲ့ပြီး ရရှိလာတဲ့ ဒီကျောက်စိမ်းတုံးကြီး ဖွင့်လှစ်ပြသတဲ့ အခမ်းအနားကို ဗီယက်နမ် သမ္မတ Nguyen Minh Triet ကိုယ်တိုင်တက်ရောက်ခဲ့သလို Thich Pho Tue (he patriarch of the Vietnamese Buddhist Sangha) ဦးဆောင်တဲ့ သံဃာ (၂၅၀) ခန့်ကလည်း ခေါင်းလောင်းများတီးကာ တရားများ ရွတ်ဖတ်ခဲ့ကြပါတယ်။
ဒီ မြန်မာ့ကျောက်စိမ်းတုံးကြီးကနေ ဘုရားဆင်းတုတော်အဖြစ် ထုလုပ်ဖို့ အတွက် အချိန်ကာလအားဖြင့် (၂) လောက်ကြာမှာဖြစ်ပြီး၊ လက်ရှိ အလေးချိန် တန် (၃၅) တန်လေးတဲ့ ဒီမြန်မာ့ကျောက်စိမ်းတုံးကြီးကနေ ထုလုပ်မယ့် ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ အလေးချိန် တန် (၂၀) ခန့်  ရှိနိုင်မယ်လို့  ခန့် မှန်းထားပါတယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့သတင်းကတော့ မြန်မာ့ကျောက်စိမ်းတုံးကြီး ၀ယ်ယူခဲ့သူ ဗီယက်နမ်နိုင်ငံသား Mr Cuong နဲ့  ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံသူနိုင်ငံသားတွေအတွက်တော့ ၀မ်းသာပီတိဖြစ်စရာ ဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ အမျှော်အမြင်နည်းပါးလှစွာနဲ့  တိုင်းပြည်ကို မတရားအုပ်ချူပ်ရုံတင်မကဖူး မြန်မာ့ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး ရောင်းချချင်သလို ရောင်းချနေတဲ့ နအဖသူခိုးကြီးတွေကြောင့် မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတုံး မြန်မာနိုင်ငံမှာ တန်ဖိုးရှိရှိ အသုံးချခွင့်မရဘဲ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဂုဏ်မြင့်မားနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးလက်လွှတ်ရတာပါဘဲ။

နိုင်ငံပိုင် ပြည်သူပိုင် တိုင်းပြည်ရဲ့  တန်ဖိုးဖြတ်မရတဲ့ ဒီလို ကျောက်မျက်ရတနာ သယံဇာတတွေကို မြေပေါ်မြေအောက်မကျန် ရောင်းစားနေကြတဲ့ နအဖတွေဟာ သူခိုးကြီးတွေပါဘဲ။

ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတုံးကြီးကို အခြားနိုင်ငံခြားသားတစ်ဦးက ၀ယ်ယူပြီး ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း ဘုရားဆင်းတုတော် ပြုလုပ်ဖို့  ဆောင်ရွက်တယ်ဆိုတော့ ကျွန်တော်တို့  မြန်မာနိုင်ငံသားတွေအတွက် ကမ္ဘာ့အလည်မှာ ဘယ်လို မျက်နှာပြကြရမလည်း။ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ၊ လူမျိုးဂုဏ်သိက္ခာကို ကျဆင်းအောင် နအဖဟာ ကိုယ်ကျိုးအတွက် ဒေါ်လာငွေရရင်ပြီးရော မိုက်မိုက်ရိုင်းရိုင်း လုပ်ရက်ခြင်းပါဘဲ။

မြန်မာနိုင်ငံအတွင်းမှာတော့ ဘုရားတည် လမ်းဖောက် တံတားဆောက်မယ်ဆိုရင် ပြည်သူ့ တွေဆီ အလှူဆိုပြီး အဓမ္မငွေညှစ် လုပ်အားပေးခိုင်းနဲ့  နအဖကတော့ နောက်ဆုံးကျမှ ဖွင့်ပွဲလေးလုပ်ပြီး နာမည်ကောင်းလေး ၀င်ခံလိုက်တာဘဲ ရှိတယ်။ ဘယ်မှာလည်း တန်ဖိုးကြီးမားလှတဲ့ သယံဇာတတွေနဲ့  အရင်းပြုပြီး တည်ဆောက်တာတွေ ဘယ်မှာလည်း ဒီသယံဇာတွေကို ရောင်းလို့ ရတဲ့ ဒေါ်လာသန်းပေါင်းများစွာသော ငွေတွေနဲ့  တည်ဆောက်တာတွေ။

မြန်မာနိုင်ငံရဲ့  တန်ဖိုးရှိလှတဲ့ ဒီလိုသယံဇာတတွေကို ပြည်သူတွေ မသိအောင် တိတ်တိတ်ပုန်း ခိုးရောင်းနေလည်းဆိုတာ ဘယ်လောက်တောင် ရှိပြီလည်း။ တိုင်းပြည်ရဲ့  သဘာဝကပေးတဲ့ သယံဇာတပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရမှန်းမသိဘဲ ခိုးလို့ ရတာ အကုန်ခိုးပြီး ရောင်းလို့ ရတာ အကုန်ရောင်းထုတ်နေတဲ့ နအဖကြောင့် ကျွန်တော်တို့ ပြည်သူတွေကတော့ ငတ်ပြတ်ဆင်းရဲ သေကြေနေရပြီး၊ နအဖသူခိုးမိသားစုကြီးတွေကတော့ ခိုးလို့ ရောင်းလို့ ရတဲ့ငွေတွေနဲ့  ဇိမ်ခံနေကြလေရဲ့ ။

ဦးနှောက်အသိဥာဏ် နည်းပါးလှတဲ့၊ အရည်အချင်းမဲ့ ညံ့ဖျင်းလှတဲ့ နအဖတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ တိုင်းပြည်ရဲ့  သဘာဝသယံဇာတပစ္စည်းတွေဟာ နောက်ဆုံး အခြားနိုင်ငံတွေ အခြားနိုင်ငံခြားသားတွေ တန်ဖိုးရှိစွာ အသုံးချဖို့  ဖြစ်နေပါတော့တယ်။

ကျွန်တော်တို့  ပြည်သူတွေဘ၀ကတော့ ဆန်ထွက်တဲ့နိုင်ငံ ထမင်းငတ်နေရ၊ မြစ်ချောင်းအင်းအိုင်နဲ့  ရေပေါတဲ့နိုင်ငံ သောက်သုံးရေ ရှားနေရ၊ သဘာဝဓါတ်ငွေ့ နဲ့ ရေနံပေါများတဲ့နိုင်ငံ အလင်းရောင်မဲ့ အမှောင်ထဲ နေရ၊ သယံဇာတပေါများကြွယ်ဝတဲ့နိုင်ငံ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေရ ဖြစ်နေရတာ တရားခံကတော့ အာဏာရူး သူခိုးကြီးတွေကြောင့်ပါဘဲ။
(ပေးပို့သော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။)

at 7:00 PM

View Nice.quotes


Nice.quotes

Towards a Decisive Battle


Towards a Decisive Battle

ဟာသအတိုအထွာလေးများ

ပေါ့ပေါ့ပါးပါးလေး ပြုံးရအောင်ပေါ့
ဟာသ အတိုအထွာလေးများ

Monday, January 18, 2010

ဘယ်သူ့တာဝန်လဲ


ဘယ်သူ့တာဝန်လဲ