Tuesday, January 12, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများထပ်မံတွေ့ဆုံ







ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများ ယနေ့ ထပ်မံတွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ခွင့်နှင့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်ခွင့် လျှောက်လဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သွားရောက်တွေ့ဆုံသည့် ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၂ နာရီမှ ၄ နာရီ အထိ အချိန် ၂ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ပြင်ဆင်ခွင့် ရပ်ဆိုင်း ထားခြင်း ခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မြို့တော် စည်ပင်မှာ စာတင် ထားတယ်၊ ကန်ကွက် ချက်ဟာ ဘာလဲ ကျနော် တို့ကို မိတ္တူပေးပါ၊ ဒါမှ ကျနော်တို့လည်း ပြန်လည် ဖြေရှင်းလို့ ရမယ်၊ အဲဒီ ကန့်ကွက်ချက်ကို ကျနော်တို့ အချိန်အတိုင်း အတာ တခုအထိ စောင့်ဆိုင်း နေပါတယ်၊ ရရှိဖို့လည်း ဆောင်ရွက်မှာပါ” ဟု ပြောသည်။

နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒီဇင်ဘာလ ၂၃ ရက်ကစတင် ကန့်ကွက်ထားမှုကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ် လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့်ရပ်ဆိုင်းခံထားရသော်လည်း ကန့်ကွက်စာကို ယခုအချိန်အထိ မရရှိသေးကြောင်း၊ ကန့်ကွက်ချက်ကို မရရှိပါက ယင်းအခြေအနေအပေါ်မှာပင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည့် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အယူခံမှု ၃မှု အတွက် ဥပဒေ အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံခဲ့သည်။

ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက်ပေး၍ အမိန့်ချမှတ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။
မူရင်း ။ ။www.irrawaddy.org/bur/

စစ်အစိုးရရဲ့စေတနာဆိုတာဒီလိုပဲထင်ပါတယ်

၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတွေကို စေတနာထားပြီး
ပြည်သူတွေအကျိုးအတွက် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ
ဖော်ဆောင်ပေးမယ်လို့စစ်အုပ်စုက ပြောပါတယ်..။
သူတို့ရဲ့ပြည်သူအပေါ်ထားတဲ့စေတနာလေးကို ပြန်ပြောင်း
အမှတ်ရစေချင်လို့ပါ......

China Earth Quake vs Myanmar Cyclone

အယ်လ်တိုင်းယား




တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က
တောရွာ တစ်ရွာ မှာ ဆရာမသွားလုပ်ခ့တဲ ယ်။ ကျောင်းသားတွေ
နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့
မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ"
လို့ သူ့ကို နှစ်သိမ့်ခဲ့တ ယ်။ အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး
အလုပ်သွားလုပ်ခ့တဲ ယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ်
ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ
စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့
ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။ အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို
အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံ့အ နားမကြားကျောင်းမှာ
ဝင်လုပ်ခ့တဲ ယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက်
ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခ့တဲ ယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့
ပစ္စည်းတွေကို ဖြန့်ဝေခဲ့တ ယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး
ဖြစ်ခဲ့ပါပြီ။ တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး
နှစ်ရှည်လကြာ သူသိချင်ခဲ့တ့ဲ မေးခွန်းတစ်ခုရဲ့ ဖြေကို မေးခဲ့တ ယ်။
အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အ ချိန်၊ ရှေ့ဆက်ဖို့
လမ်းတွေ ပျောက်နေတအချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ်
ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။ အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. "
မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ
မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်
တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။
မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။
နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့
အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင်
အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့
ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင်
လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သ င့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

မှတ်မိပါသေးရဲ့လား မြန်မာပြည်က ပိုက်ဆံလေးတွေပါ ...










ိမှတ်မိပါသေးရဲ့လား မြန်မာပြည်က ပိုက်ဆံလေးတွေပါ ...

Monday, January 11, 2010

အွန်လိုင်းပေါ်မှ အဓိကရုဏ်း ဖန်တီးမှုများ သတိထားစေလို

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအာရုံပြောင်းအောင် ကုလားဗမာ
အဓိကရုန်းဖြစ်အောင် အဖက်ဖက်က လုပ်နေတယ်ဆိုတာ မမေ့ကြပါနဲ့ ။ အခုလို
အီးမေးတွေဟာ မြန်မာပြည်နိုင်ငံရေးအပြောင်း
အလဲဖြစ်ပြီး
ဒီမိုကရေစီနိုင်ငံဖြစ်လာမှာ မလိုလားလို့  နိုင်ငံရေး မတည်ငြိမ်အောင်
တမင်ကြံစည်နေတယ်ဆိုတာ ၁၉၈၈ (အရေးအခင်းမတိုင်ခင်)၊ ၁၉၉၆
(အရေးအခင်းအတွင်း) ၊ ၂၀၀၃ ခုနှစ် (ဒီပဲယင်းအတွင်း) က ကုလား
ဗမာအဓိကရုန်းကို အမှတ်ရပါ။ အခုလည်း ဘာသာရေးကို မှိုင်းတိုက်ပြီး
နိုင်ငံရေး အာရုဏ်ပြောင်းအောင်ကြိုးစား
နေတာ။ ဘာသာရေးမီးဆိုတာ
တ၀ုန်းဝုန်းထတောက်တတ်မှန်းသိလို့  ဒီအခွင့်အရေးကို သုံးနေတာ။

အွန်လိုင်းမှာ ဆဲဆိုပြီး ယိုင်းပြစော်ကားနေတာ မူစလင်တွေမဟုတ်ဘူး။
ရှိသမျှ ရိုင်းပြစော်ကားတဲ့ အီးမေးတွေ၊ဘလောခ်တွေအားလုံးက ဗုဒ္ဓဘာသာတွေက
သူတို့ ကိုချည်းစော်ကားနေတာ။ ကျနော်တို့  ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ
့ ဖြူစင်တဲ့ စိတ်နှလုံးကို အရောင်ဆိုးပြီး
မူစလင်မုန်းတီးရေးအီးမေးတွေကို ဖော်ဝေါ့ မလုပ်ခိုင်းပါနဲ့ ။
ဗုဒ္ဓဘာသာကိုချစ်တဲံ မြန်မာလူမျိုးတွေကို အသုံးချပြီး သူတို
့အာဏာကိုင်ဆွဲအောင် ဘာသာရေးစစ်ခင်း၊ ပြီးရင် တတိုင်းပြည်လုံးကို
သူများ တံတွေးခွက်ထဲမှာ မြောရအောင် လုပ်မဲ့ စစ်အစိုးရလက်ကိုင်ဒုတ်
ဘာသာရေးအဓိကရုဏန်းဖန်တီးသမားတွေရဲ့  ထောင်ခြောက်ထဲ မ၀င်မိပါစေနဲ့ ။

လူတကာအထင်သေးတဲ့ မြန်မာပြည်လွတ်မြောက်ဖို့  စစ်အစိုးရရဲ့ထောင်ချောက်ထဲ
အ၀င်မခံကြပါနဲံ။

မြန်မာပြည် ဂုဏ်သိက္ခာရှိရှိနေနိုင်အောင်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့
မြန်မာပြည်သူတွေကို သူများ လေးစားအထင်ကြီးပြီး သွားသမျှနိုင်ငံတိုင်းက
မြန်မာဆိုရင် တံတွေးထွေးမဲ့ အဖြစ်က လွတ်ဖို့  ဘာသာရေးမှိုင်းတိုက်ပြီး
စစ်အစိုးရသက်ဆိုးရှည်စေမဲ့ အစိုးရလက်ကိုင်ဒုတ်တွေကို
ချေမုန်းကြစို့။

အောက်က အီးမေး ၂ ခုကို ဖတ်ကြည့်ပါ။


---------- Forwarded message ----------
From: thurein chantun <thureinchantun@gmail.com>
Date: 2009/2/8
Subject: RE: ဖတ်ဖြစ်အောင်ဖတ် (စကောလောက်မှာ ဇောက်မနက်တဲ့ကောင်၊ မအေနှမ
ဆဲတဲ့စာကို အရှက်မရှိလိုက်ဖြန့်နေတဲ့ကောင်
To: donotreplythismailtome@gmail.com


ဟေ့ကောင်

စကောလောက်မှာ ဇောက်မနက်တဲ့ကောင်၊ မအေနှမ ဆဲတဲ့စာကို
အရှက်မရှိလိုက်ဖြန့်နေတဲ့ကောင်

ငါလည်းဗုဒဓဘာသာပဲ။ ဒီလောကမှာ မင့် တယောက်တည်း
ဗုဒဓဘာသာကိုချစ်တာမဟုတ်ဘူး။ ဗုဒဓဘာသာတိုင်း ကိုယ့်ဘာသာကို
ချစ်တယ်။

ဗုဒဓဘာသာကို ကာကွယ်ဖို့  မင်းငါတို့ကို လာပြောစရာမလိုဘူး။ ငါတို့ 
ဦးနှောက်ရှိတယ်။ ဘုန်းကြီးတွေကို ရီုက်သတ်တဲ့ကောင်တွေက အခုလာပြီး
ဘာသာကိုချစ်ပါလေး ဘာလေး လာ တရားချနေတာ ငါတို့ကို လာစော်ကားနေတာကွ။
အော့နှလုံးနာတယ်။

ဒီမှာ -- အစက မင်းလို အဆင့်မရှိတဲ့ကောင်နဲ့  တုမပြောချင်လို
့မင့်အီးမေးတွေကို ဖျက်ဖျက်နေတာ။ အခုတော့ ခနခန ရောက်လာလို့ တုန်
့ပြန်ရမယ်။ သိပ်ပြောချင်လို့ မဟုတ်ဘူး။ မင့်အီးမေး ငါ့ ဂျီမေးမှာ တွေ
့တွေ့ ရတာ ကျက်သရေတုံးတယ်။ အမင်္ဂလာ ဖြစ်တယ်။ မနက်မိုးလင်းလို
့အီးမေးကြည့်ရင် ကျက်သရေ မင်္ဂလာမရှိ မအေ နှမဆဲတဲ့ အီးမေး ငါမမြင်ချင်ဘူး။
လူသတ်အစိုးရလက်ပါးစေဆီက လူသတ်ခိုင်းတဲ့ အီးမေးငါမမြင်ချင်ဘူး။

သေချာ မှတ်ထား- မြန်မာပြည်သူတွေက Stupid မဟုတ်ဘူး။ စဉ်းစားတတ်တယ်။

စက်တင်ဘာ အရေးအခင်းတုန်းက ငါတို့ ဘုန်းကြီးတွေကို ရိုက်သတ်တာ
ကုလားတွေမဟုတ်ဘူးကွ။ မင့်တို့ လို စစ်ရာဇ၀တ်ကောင်တွေ။ အဲ့ဒီတုန်းက
ကုလားတွေက ဘုန်းကြီးတွေကို ထောက်ခံလို့ မင်းတို့  အခု
ကုလားတွေကို မဲနေတာမလား။

၈၈ တုန်းက ဘုန်းကြီးသင်္ဃန်းတွေကို ပင့်ပြီး အောက်ကနေ ဗက်နက်နဲ
့ထိုးသတ်တာ ကုလားမဟုတ်ဘူးကွ။ မင်းတို့ကို လူသတ်ကောင် စစ် မိစာတွေ။
ဘုန်းကြီးတွေကို မီးရှီု့သတ်တာလည်း မင်းတို့ တွေပဲ။

မြန်မာပြည်ကို နှစ်ပေါင်း ၅၀ လုံး နှိပ်စက်တာ ကုလားမဟုတ်ဘူးကွ။
မင်းပထွေး စစ်အစိုးရ။

မြန်မာပြည်ကို အရှေ့ တောင်အာရှရဲ့ စပါးချီကနေ အမွဲတေဆုံး
အသိမ်ဖျင်းဆုံးနိုင်ငံ ဖြစ်အောင်လုပ်တာလည်း ကုလားတွေ မဟုတ်ဘူး။
မင်းရဲ ပထွေးတွေ။

နေရာတကာမှာ ဟောက်လိုက် ငေါက်လိုက်နဲ့  ပြည်သူဆီက ဂုတ်သွေးစုပ်နေတာ
မင်းတို့ ကို စစ်ခွေးတွေကွ။

နာဂစ်ဖြစ်ခါနီး ကုလားပြည်က ပေးတဲ့ သတိပေးချက်ကို လျစ်လျူရှုတာ၊
မုန်တိုင်းထိတဲ့ သိန်းနဲ့ချီသေတဲ့လူတွေကို လျစ်လျူရှတာ၊
ဒုကသည်တွေကို မကယ်ပဲ အတင်းမဲထဲ့ခိုင်းတာ။ နိုင်ငံခြားက
အကူအညီပစည်းတွေကို ဓားပြတိုက်ပြီး ဒုကသည်တွေကို အငတ်ထားတာ
ကုလားတွေမဟုတ်ဘူး။ မင်းတို့လို စစ်ခွေးတွေနဲ့  သူတောင်းစား ဓားပြ ကြံ
့ဖွံ့တွေ။

ငါတို့ တိုင်းပြည်ကို ဒုကပေးတာ မင်းတို့ အုပ်စုပဲရှိတယ်။

ငါတို့ ရာဇ၀င်မှာ ငါ ဘာသာကို စော်ကားတာ မင့်တို့ တသိုက်ပဲရှိတယ်။
ငါတို့ ဘုန်းကြီူကို ရိုက်သတ်တာ မင်းတို့ ပဲရှိတယ်။ ငါတို့ဘာသာကို
ကာကွယ်ရမှာ ကုလား ဆီကမဟုတ်ဘူး၊ မင်းတို့လို လူသတ်ဒိတ်ထိတွေဆီကကွ
လူသတ်ကောင်ရ။

အခုလည်း မင့်တို့ ပထွေးတွေ အာနာ မြဲအောင် ရွေးကောက်ပွဲမတိုင်ခင်
ငါတို့ ကို ကုလားနဲ့ လာ တိုက်ပေးနေတာမလား။ ပါးစပ်က
ကိုယ့်လူမျိုးကိုချစ်ပါဆိုပြီး ကိုယ့်လူမျိုးတွေကို အဖက်ဖက် က
နှိပ်စက်နေတာ မင်းတို့တွေကွ။

အဆင့်အတန်းမရှိ ယုတ်ညံ့တဲ့ အီးမေးတွေနဲ့ လာတရားမချနဲ့ ။ မင်လို
လူသတ်ကောင်တွေက ဘာသာရေးအကြောင်းပြပြီး လူသတ်ခိုင်းတဲ့ တရား ငါတို့ နာ
စရာအကြောင်းမရှိဘူး။

မြန်မာပြည်သူတွေက မင့်တို့ကောင်တွေလို ဦးနှေက်မရှိတဲ့ကောင်တွေမဟုတ်ဘူး။

မင့်အဲ့ဒီလို ယုတ်ညံ့တဲ့ အီးမေးတွေနဲ့  သူများဘာသာကို စော်ကားတာ
မဆန်းပါဘူး။ ကိုယ့် ဘုန်းကြီးတွေကိုတောင် ကိုယ်ထိလက်ရောက်
ရိုက်သတ်သေးတာပဲ။

ဒီမှာ - မင့် ရေးတာကို ရပ်တန်းကရပ်၊ မင်းကို မင်းသိပ်ဟုတ်ပြီးမထင်နဲ
့။ မင့်ရဲ့ စာတွေက ငါတို့ ပြည်ကို
လူသတ်ကွင်းဖြစ်အောင်လုပ်နေတဲ့စာတွေကွ.

အေ - မင်းဘယ်သူလဲဆိုတာ သိတဲ့ကောင်တွေက သိတယ်။ မင်းဘယ်မှာနေလဲဆိုတာ
ကိုသိတယ်။ ဘယ်သူမှ ဘာမှ မလုပ်ချင်လို့  ငြိမ်နေတာ။ အီးမေး အတု
တခုပြီး တခု ဖွင့် ရူံနဲ့ မင်းကို ခြေရာလို့  မရဘူးလို့  မထင်နဲ့ ။
မင်းနဲ့  မင်းသူငယ်ချင်းတွေရဲ့  ဓာတ်ပုံတွေလည်း သိတဲ့ကောင်တွေက
သိထားတယ်။ မင်းရဲ့  သူငယ်ချင်းတွေထဲကတောင် မင်းကို မကြည်ဘူးဆိုတာကို
မမေ့နဲ့ ။

နောက် တခေါက်ထပ်ပြောလိုက်အုံးမယ် - ဘုန်းကြီးတွေကို
ရိုက်သတ်တဲ့ကောင်တွေ ခွေးလောက်တောင် ကျက်သရေမရှိတဲ့ ကောင်တွေဆီက
တရားချအီးမေး ငါ့ Inbox ထဲနောက်တခါထပ်မတွေ့ ချင်ဘူး။

မင်း တကယ် ဗုဒဓဘာသာကို ချစ်ရင် ထောင်ချခံထားတဲ့ ဘုန်းကြီးတွေကို
ပြန်လွတ်ပါလား။ ကိုယ့်ဘုန်းကြီးတွေကိုတော့ ထောင်ချထားပြီး
ကိုယ့်ဘာသာကိုချစ်ပါဆိုပြီး လာမပြောနဲ့။ ခွေးပါးစပ်က
နတ်စကားလာမပြောနဲ့။ စက်တင်ဘာအကြောင်းပြန်သတိရရင် ရင်နာတယ်။

မင်းကို ဒီလောက်ပဲပြောလိုက်မယ်။ ဒါတောင် စိတ်ထိန်းပြီးပြောနေလို့ ။
မင်းလို ရိုင်းရိုင်းစိုင်းစိုင်း ပြန်မဆဲချင်လို့ ။

=====



On 2/4/09, december phyo <december.phyo84@gmail.com> wrote:


သယ်ချင်းတို့

ခုတလော ကုလား မွတ်စလင် ဆန့် ကျင်ရေး အီးမေးတွေ
မြန်မာအွန်လိုင်းဂရုတွေ အီးမေးတွေမှာ ပြန့် နေ ပါတယ်။
အစိုးရထောက်ခံတဲ့ ဘလောခ်တွေမှာလည်း ကုလား ဆန့် ကျင်ရေး စာတွေ
တက်လာနေတယ်။

မျိုးချစ်စိတ်ဆိုတာကြီးကို ကိုင်ကိုင်ပြီး ဘာသာခြားတွေကို
အမေနှမကိုင်ပြီး စော်ကားနေတာကိုတွေ့ရတာ စိတ်မကောင်းပါဘူး။

ဘုန်းကြီးတွေကိုတောင် ရိုက်သတ်တဲ့ လူတွေရဲ့  ကိုယ့်လူမျိုး
ကိုယ့်သာသနာကို ကာကွယ်ဖို့ဆိုပြီး ညစ်ညစ်ညမ်းညမ်းရေးတဲ့စာတွေကို
ယုံရအောင် မြန်မာတွေက မတုံးပါဘူး။ တချို့  ဘလောက်တွေမှာ လည်း မဟုတ်က
ဟုတ်ကတွေ စွပ်စွဲထားသေးတယ်။ သူတို့ သားသမီးတွေပဲနေမှာပေါ့။ မောင်ရွှေ
မြဲမှသူတို့  အော့ကျောလန်လူပါးဝရမှာလေ၊ သိတယ်မလား။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေရဲ့ အာရုံပြောင်းဖို့
ကုလား-ဗမာ အထိကရုန်းကို အစိုးရက ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကို
အောက်မှာဖတ်ကြည့်ပါအုံး။

ကုလားမွတ်စလင်ဆန့်ကျင်ရေး စာတွေကို ဖော်ဝေါ့လုပ်ပေးရင်
သတိထားပါအုံး။ ကုလားလေးတွေကို ချစ်လွန်းလို့တော့ ထင်နဲ့နော် (ဟိဟိ)။
အထိကရုး တကယ်ဖြစ်ခဲ့ရင် သယ်ချင်းတို့  ဖော်ဝေါ့လုပ်တဲ့စာတွေက အဲ့ဒီ
အထိကရုန်းကို တွန်းအားပေးသလိုဖြစ်သွားရင် သယ်ချင်းတို့လည်း
တာဝန်မကင်းသလိုဖြစ်မှာ စိုးလို့။ တော်ကြာ ရ၀မ်ဒါ လူမျိုးတုံးသတ်ပွဲက
ဒီဂျေတွေလို လူသတ်ဝါဒ ဖြန့်မှုနဲ့  သယ်ချင်းတို့ပါ နိုင်ငံတကာ
တရားရုံးရောက်ကုန်အုံးမယ်။

အစိုးရက နိုင်ငံရေးမတည်မငြိမ်ဖြစ်တိုင်း အခုလို
လုပ်နေကြဆိုတာကို မမေ့ကြနဲ့အုံးဗျို့ ။ သိတယ်မလား အထာလေးတွေလေ။
တောင်ကြီး၊ ဟင်္သတ၊ ပဲခူး သူတို့လက်ချက်ချည်းပဲ။

နိုင်ငံရေး အပြောင်းအလဲမဖြစ်သမျှ မြန်မာပြည်သူတွေ ဒုက
ကပ်ဆိုးက လွတ်မှာမဟုတ်လို့ နိုင်ငံရေးအပြောင်းအလဲကို
အဟန့်အတားဖြစ်စေမဲ့ ကိစတွေကို အားပေးသလို မဖြစ်စေချင်လို့ပါ။

မြန်မာပြည်ကြီး မျိုးချစ်စိတ်ရှိသူများ ဘာသာသာသနာကို
ကာကွယ်ပါတယ်ဆိုပြီး ဘုန်းကြီးတွေကို ရိုက်သတ်ထောင်ချသူများ
လက်အောက်မှအမြန် ကင်းလွတ်ပါ စေ။