Sunday, January 10, 2010

မိခင်၏နှောင်ကြိုးကိုဖြေပါအံ့



ံသည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လ ဝီရိယဖြင့် နာလန်ထူပါစေအံ့...
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအားပေးပါလေ...
တွေ့ရအံ့သော
ဘေးရန်တို့ကို သမီးထီမည်မဟုတ်...
တစ်ဘဝတွင် တစ်ခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ သမီး၌မထူးခြား...
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...
မိခင်ထံမှ
ဒါမှငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏...
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။
(အောင်ဆန်းစုကြည်)

သူငယ်ချင်းတို့ဖတ်ဖို့


မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။

ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။

ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။

ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။

ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။

ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ရယ်တာတော့ အတော်နည်းသွားပြီ။

ကားမောင်းတာ အတော်မြန်လာကြတယ်။ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။

အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။စာဖတ်တာ အတော်လေးနည်းတယ်။

ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။

ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။

ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။

ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။

ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။

ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။

ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။

ကျွန်တော်တို့ အလှူအတန်းတွေ အများကြီးပြုလာနိုင်တယ် ။ ဒါပေမယ့် သဒ္ဒါတရားမပါလို့ လှူချင်စိတ်တွေနည်းသွားကြတယ် ။

ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။

ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။

ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။

ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။

ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။

ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။

ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။

ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။

ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။

ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။

အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။

လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။

အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။

နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။

လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။

အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။

သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။

သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။

ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။

သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။

သင်ဟာအမှန်တကယ်လှူသင့်တဲ့နေရာမှာ လှူချင်စိတ်လေးပါထည့်ပြီးလှူလိုက်ပါ ။

နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။

သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။

ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။

သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။

နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။

နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။

အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်) မြန်မာပြည်သူလူထုနဲ့ နအဖ စစ်အုပ်စု အတွက်ကံကောင်းခြင်းလက်ဆောင်


တခါတခါကျတော့လည်း ဗိုလ်သန်းရွှေတို့စစ်အုပ်စု ဖိနှိပ်ရက်စက်နေ တာတွေကိုကြည့်ပြီး ‘ငိုအားထက် ရယ်အားသန်’ ဆိုသလို ဖြစ်မိတာ လေးတွေ ရှိတယ်။ ဥပမာပြောရရင် ကုန်ဈေးနှုန်းကျဆင်းရေး တောင်း ဆိုတဲ့ ကိုထင်ကျော်တို့၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်း ဆိုတဲ့ ဗိုလ်ကြီးဟောင်း ကိုညွန့်ဇော်တို့ကို ဖမ်းတုန်းကဆို နအဖလက် ကိုင်တုတ် ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက လမ်းပေါ်မှာ (၀က်တ ကောင်ကို ၀ိုင်းချုပ်ပြီး ဖမ်းသလို) ရုပ်ပျက်ဆင်းပျက် ပက်လက်ကြီး သယ်သွားပြီး ဒိုင်နာကားပေါ်ကို အတင်းအဓမ္မ ပစ်တင်နေပုံမျိုး …၊

ထန်းမနိုင်ရွာသူလေး မစုစုနွေးကို လှည်းတန်းမှာ ဖမ်းတုန်းကဆိုလည်း (ဒစ္စကာဗာရီထဲမှာ ကြည့်ရတဲ့ ခွေးအ, တွေ သားကောင်ကို ၀ိုင်းပြီးခဲသလို) လမ်းသွားလမ်းလာ ပြည်သူတွေကြားထဲမှာ နအဖလက်ကိုင်တုတ်တွေ ဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ယိုသူမရှက် မြင်သူရှက်ဆိုသလို ၀ိုင်းဆွဲနေကြပုံမျိုး …၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းချင်လို့ ဉာဏ်နီဉာဏ်နက်ထုတ် လုပ် ဆောင်တုန်းကလည်း ကြံရာမရတဲ့အဆုံး သူတို့ရဲ့ လုံခြုံရေးတွေ ထူထပ်စွာရှိနေတဲ့ ခြံထဲ အမေရိကန်နိုင်ငံ သား ဂျွန်ယက်တောကို (မသိချင်ယောင်ဆောင်) ပေးဝင်ပြီး ထောင်ဖမ်းတာမျိုးတို့ပေါ့။ တွေးကြည့်ရင် စစ်အုပ် စုရဲ့ လုပ်ကွက်တွေဟာ တော်တော်လေး ရယ်စရာကောင်းသလို လူမြင်ကွင်းကြီးတွေမှာ အရူးအထာနဲ့ ကလေး ကလားအလုပ်တွေ လျှောက်လုပ်နေတယ်လို့လည်း မြင်မိပါတယ်။

တကယ်ဆိုရင် လူကြီးလူကောင်းဆန်ဆန် ဖမ်းလည်း ရတာပါပဲ။ ကိုထင်ကျော်တို့၊ ကိုညွန့်ဇော်တို့၊ မစုစုနွေး တို့အနားကို တာဝန်ရှိတဲ့ အာဏာပိုင်ပုဂ္ဂိုလ်တယောက်လောက် ချဉ်းကပ်သွားပြီး “ကျနော် ဘယ်သူပါခင်ဗျာ၊ ဘာကြောင့် အခုလို ဆန္ဒပြရတာပါလဲ။ ကျနော်တို့ ပြေရာပြေကြောင်း ဆွေးနွေးချင်ပါတယ်။ ကျနော်တို့နဲ့ ခ ဏလောက် လိုက်ခဲ့ပေးပါ” ဆိုလည်း ဘာလက်နက်မှ မပါတဲ့ ကိုထင်ကျော်တို့၊ ကိုညွန့်ဇော်တို့၊ မစုစုနွေးတို့က မလိုက်ဘဲနေလို့ရမလား၊ လိုက်ရမှာပဲပေါ့။ အဲသလိုဆိုရင် ရုပ်ပျက်ဆင်းပျက်လည်း မဖြစ်၊ တဦးနဲ့ တဦးကြား တင်းမာမှုလည်း မဖြစ်ဘဲနဲ့ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

အခုတော့ ပြဿနာရဲ့ ဇစ်မြစ်ကို ပြေလည်အောင် ဖြေရှင်းမပေးချင်ဘဲ ဆန္ဒပြပွဲတွေ ကြီးထွားလာမှာကို အ ကြောက်လွန်တာတခုတည်းနဲ့ ကလေးကွက်တွေ လျှောက်လုပ်တော့ အခြေအနေက ပိုမဆိုးသင့်ဘဲ ဆိုးကုန် တာပေါ့။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေလည်း ပိုပိုပြီး တိုးများကုန်တာပေါ့။

တကယ်တော့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေ ကလေးကလား လုပ်ကွက်တွေ လျှောက်လုပ်သလိုမျိုး သူတို့ရဲ့ ခေါင် ချုပ်ကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင်လည်း လုပ်တာပါပဲ။ ကိုယ့်နိုင်ငံအရေးကို အလုပ်ရှုပ်ခံပြီး ကြားဝင်ဖြေ ရှင်းပေးတဲ့ နိုင်ငံတကာက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို တွေ့ချင်တဲ့အခါ ထွက်တွေ့လိုက်၊ မတွေ့ချင်တဲ့အခါ ဘု ရားဖူးချင်ယောင်ဆောင်ပြီး ရှောင်နေလိုက် ဒါမှမဟုတ် နေပြည်တော်တင်းကုပ်ထဲမှာ နွားစာစဉ်းနေရလို့ မ အားဘူးဆိုတဲ့အထာနဲ့ ရူးချင်ယောင်ဆောင်နေလိုက်နဲ့ ရှက်ရကောင်းမှန်းမသိတော့ဘဲ လုပ်ချင်သလိုကို လုပ် နေတော့တာလေ။

ဗိုလ်သန်းရွှေနဲ့ နောက်တော်ပါတွေ အဲဒီလို အရူးအထာနဲ့ လျှောက်လုပ်နေလို့ကော တိုင်းပြည်မှာ ဖြစ်ပျက်နေ တဲ့ ပြဿနာအ၀၀က ပြေလည်သွားဆိုတော့ မပြေလည်တဲ့အပြင် မြန်မာပြည်သူတွေခမျာ တနေ့တခြား ပိုပို ငတ်လာပြီး နအဖလည်ပင်းကိုလည်း ပြဿနာကြိုးကွင်းတွေက တကွင်းပြီးတကွင်း လာစွပ်နေတော့တာမ ဟုတ်လား။ အဲဒီလာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တချိန်ချိန်မှာ နအဖစစ်အုပ်စုကို အပြီးတိုင် ညှစ်သတ်မယ့် ကြိုးကွင်းတွေဆိုလည်း မမှားပါဘူး။

ဗိုလ်သန်းရွှေတို့အရင် တခြားနိုင်ငံတွေမှာ ပြုတ်ကျသွားခဲ့ကြတဲ့ အာဏာရှင်တွေဆိုလည်း အဲသလို လာစွပ်တဲ့ ပြဿနာကြိုးကွင်းတွေကို မဖယ်ရှားနိုင်ဘဲ တရစ်ပြီးတရစ် တိုးလာ၊ တင်းလာတဲ့အဆုံး နောက်ဆုံးမှာ ကိုယ့် တပ်ကိုယ်တောင် မထိန်းနိုင်တော့ဘဲ ခွေးပြေးဝက်ပြေး ပြေး ဒါမှမဟုတ် ခွေးသေ၀က်သေ သေခဲ့ကြရတာမ ဟုတ်လား။ သိပ်ဝေးဝေးကိုသွားပြီး နမူနာမယူပါနဲ့၊ ပင်ပန်းပါတယ်။ ဖိလစ်ပိုင်က မားကို့စ်၊ ရိုမေးနီးယားက နီ ကိုလိုင်ချောင်ဆက်စကူးနဲ့ အင်ဒိုနီးရှားက ဆူဟာတို တို့ရဲ့ ဖြစ်အင်တွေကို ကြည့်ပြီးတော့ပဲ မြန်မြန်နမူနာယူ လိုက်ပါ။

ဗိုလ်သန်းရွှေတို့စစ်အုပ်စုလည်း အခုလို အရူးအထာနဲ့ ထင်ရာမြင်ရာတွေ ဆက်လုပ်နေဦးမယ်ဆိုရင် နောက် ဆုံးမှာ အဲဒီပုဂ္ဂိုလ်တွေသွားတဲ့ လမ်းစဉ်နောက်ကိုပဲ မလွဲမသွေ လိုက်ကြရမှာပါ။ ဘာဖြစ်လို့လဲဆိုတဲ့ နအဖ လည်ပင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကြိုးကွင်း၊ စစ်ရာဇ၀တ်မှုကြိုးကွင်း၊ ကုန်းဈေးနှုန်းပြဿနာကြိုးကွင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရမှုကြိုးကွင်း၊ အာဏာအလွဲသုံးစားမှုကြိုးကွင်း၊ အကျင့်ပျက်ခြစားမှုကြိုးကွင်း … စတဲ့ … စတဲ့ မမြင်ရတဲ့ ကြိုးကွင်းပေါင်းစုံက တကွင်းပြီးတကွင်း လာစွပ်နေတာပါ။ အဲသလို မျက်စိထင်ရှား မ မြင်ရတဲ့ ကြိုးကွင်းကြီးတွေ လည်ပင်းလာစွပ်နေတာကို နအဖစစ်ခေါင်းဆောင်တွေ အမြော်အမြင်ရှိရှိ မရှုမြင် တတ်ကြလို့သာ အခုလို မျက်ကန်းတစ္ဆေမကြောက် လုပ်ချင်ရာတွေ လျှောက်လုပ်နေကြတာပါ။ မြင်တတ်မယ် ဆိုရင် လုပ်ရဲကြမှာမဟုတ်ပါဘူး။

ဗိုလ်သန်းရွှေအနေနဲ့ အာဏာလက်မလွှတ်ရမီ အသက်ကြီးပြီး သေသွားခဲ့လည်း ဒေါ်ကြိုင်ကြိုင်နဲ့ သားသမီး တွေ၊ သူချစ်လှပါချည်ရဲ့ဆိုတဲ့ မြေးတော်လေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်တို့တတွေကတော့ အဲဒီကြိုး ကွင်းတွေ တင်းရစ်လာမယ့် ဒဏ်ကို မရှုမလှခံကြရဦးမှာပါ။ ဗေဒင်မေးပြီး ယတြာခြေမနေပါနဲ့ အလုပ်ရှုပ်ပါ တယ်။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ မြေးတော်တွေရဲ့ ဖြစ်အင်ကိုပဲ သံဝေဂမျက်စိနဲ့ အနီးကပ် ရှုကြည့်လိုက်ပါ။

ဗိုလ်သန်းရွှေနဲ့ ဆွေတော်မျိုးတော်တွေအားလုံး အဲဒီလို ကြိုးကွင်းတွေစွပ်ပြီး ဘ၀ကို ပိုးစိုးပက်စက် အဆုံးမ သတ်ချင်ဘူးဆိုရင် အဲဒီကြိုးကွင်းတွေကို နည်းမှန်လမ်းမှန် ဖယ်ရှားနိုင်မယ့် လုပ်ရပ်မျိုးကို အမြန်ဆုံးလုပ်မှဖြစ် ပါမယ်။ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ဆိုရာမှာလည်း ကလေးကလားမလုပ်ဘဲ လူကြီးလူကောင်းဆန်ဆန် ပြည် သူလူထုက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဖြေရှင်းမှသာ အဲဒီကြိုး ကွင်းတွေက ပြေလျော့နိုင်မှာပါ။

ဒီနေ့ဒီအချိန်အခါမှာဆိုရင် နအဖစစ်အုပ်စု စွပ်နေတဲ့ ကြိုးကွင်းတွေကို ကူညီပြီး ပြေလျော့အောင်လုပ်ပေးမယ့် ခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံမှာ ပေါ်ထွက်နေပါပြီ။ အဲဒီခေါင်းဆောင်တွေရဲ့ အကူအညီကို ရယူပြီး တော့သာ လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးညှိနှိုင်း အဖြေရှာမယ်ဆိုရင် ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရဲ့ လည် ပင်းမှာ လာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တကွင်းပြီးတကွင်း ပြောလျော့ကုန်မှာ အမှန်ပါ။ အဲဒီလို ပြေလျော့စေ အောင် ကူညီနိုင်မယ့် အဓိကပုဂ္ဂိုလ်ကတော့ နိုင်ငံတနိုင်ငံမှာ ပေါ်တောင့်ပေါ်ခဲ တိုင်းရင်းသားလူမျိုးပေါင်းစုံက လည်း ယုံကြည်ကိုးစားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ယနေ့မြန်မာနိုင်ငံမှာ ရှိနေတာဟာ အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ နိုင်ငံရဲ့ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင်မယ့်သူ ဒါမှမဟုတ် မြန်မာပြည်သူလူထုအတွက် ကံ ကောင်းခြင်းလက်ဆောင်တခု ရထားခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ကြိုးကွင်းပေါင်းစုံစွပ်ပြီး လည်ပင်းအစ် နေတဲ့ နအဖစစ်အုပ်စုအတွက် ပိုပြီးတော့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုရင် မှားမယ်မ ထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖစစ်အုပ်စုချည်းပဲ မဖြေရှင်းနိုင်တဲ့ ပြဿနာအ၀၀ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကူအညီနဲ့မှ ပြေလည်အောင် ဖြေရှင်းနိုင်မှာမို့ပါ။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတွေရဲ့ ဒေါ သတွေကို နှစ်သိမ့်ပြီး နအဖလည်ပင်းက ကြိုးကွင်းတွေကို တကွင်းပြီးတကွင်း ဖြုတ်ပေးမယ့်သူဟာ ဒေါ် အောင်ဆန်းစုကြည်မှလွဲ အခြားသူ မရှိလို့ပဲဖြစ်ပါတယ်။

အဲဒါကြောင့်မို့ မင်္ဂလာနှစ်သစ်မှာ နအဖစစ်အုပ်စုကို အကြံပေးချင်တာက တရုတ်ကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ ကုလားကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ အထည်ကြီးပျက် ရုရှားကိုလည်း ခြေ သလုံး သွားဖက်မနေပါနဲ့၊ အရင်က မတည့်ခဲ့တဲ့ အမေရိကန်ကိုလည်း ခြေသလုံး ပြန်ဖက်ဖို့ ကြိုးစားမနေပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ကော နအဖစစ်အုပ်စုရဲ့ ရေရှည်အကျိုးစီးပွားတွေအတွက်ကိုပါ ကြည့်ပြီး အ မှန်အကန် ခြေသလုံးဖက်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေသလုံးကိုသာ အမြန်ဆုံး ပြေးဖက် လိုက်ပါတော့လို့ ကောင်းသောအကြံကို ပြုချင်ပါတယ်။

နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ မိန်းမတယောက်ရဲ့ ခြေသလုံးကိုတော့ မဖက်နိုင်ပါဘူးဆိုတဲ့ တလွဲမာန မျိုးတွေ မထားသင့်တော့ပါဘူး။ အခုလို တိုင်းပြည် အကြီးအကျယ် အကျပ်အတည်းဆိုက်နေချိန်မှာ ပြဿနာ အ၀၀ကို ကူညီဖြေရှင်းပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ ခြေသလုံးကို ဖက်တာဟာ ရှက်စ ရာလည်း မဟုတ်ပါဘူး။ ဖက်ခွင့်ရတာကိုက စစ်ခေါင်းဆောင်တွေအတွက် ကံကောင်းတာပါ။ ဒီလိုမှန်ကန်တဲ့ ခြေသလုံးဖက်ခြင်းကသာ ကြိုးကွင်းတွေ တကွင်းပြီးတကွင်း စွပ်ပြီး လည်ပင်းအစ်နေတဲ့ နအဖအတွက်ရော အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ မြန်မာပြည်သူလူထုအတွက်ပါ ကောင်းသောအကျိုးရ လဒ်ကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

အဲဒါကြောင့်မို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွင်း မှီတင်းနေထိုင်တဲ့ တိုင်း ရင်းသားပြည်သူလူထုတရပ်လုံးအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ်သလို နအဖစစ်အုပ်စု ထွက်ပေါက် ကောင်း ရရှိစေဖို့အတွက်လည်း ပိုလို့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုတာကို ထင်သာမြင် သာအောင် မီးမောင်းထိုးပြလိုက်ရပါတယ်ဆိုရင် မိကျောင်းမင်း ရေခင်းပြတယ်လို့ မထင်မှတ်ကြစေလို။ ။

ဒေါက်တာလွဏ်းဆွေ
Posted by ဒေါက်တာလွဏ်းဆွေ at 12:43 PM 0 comments

Labels: ဆောင်းပါး

Mayonnaise ပုလင်းနဲ့ကော်ဖီ(၂)ခွက်

သင့်ဘ၀မှာ အရာရာဟာ ကိုင်တွယ်ထိမ်းချုပ်ရတာ ခက်ခဲနေတယ်ဆိုရင်၊တစ်နေ့မှာရှိတဲ့
(၂၄)နာရီဟာ သင့်အတွက်မလုံလောက်တော့ဘူးလို့ထင်တယ်ဆိုရင် “ Mayonnaise ပုလင်းနဲ့
ကော်ဖီ(၂)ခွက်“ကို သတိရလိုက်ပါ..။
mynonise

ပြောဖို့ ခက်ပါတယ်

တရံရောခေါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။
ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ
ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတ့။ဲ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကိုသူ့ရဲ့ အပါးအတ်ာမြဲ အနေနဲ့
ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။
ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း
ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း
ဘယ်သွားသွား ခေါ်သွားသတဲ့။
တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။
နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး နောလည်း အတော်လေး ရင်းလာတယ်။
ဘုရင်ကြီးက သူ့ အပါးအတ်ာမြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့
အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးအတ်ာမြဲက
ပြန်အဖြတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့
လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။
ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့
အပါးတော်မြဲကို အကြံဉာဏ်တောင်းသတ့။ဲ
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက
ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ
စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ
အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း
လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ
တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး
ဖမ်းသွားတယ်။
သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင်
သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။
ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက
ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင်
နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို
ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုးသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကိုသွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။
ဒါနဲ့ ပညာရှင်လေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက
စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့
မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို
ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့
လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ
အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း
မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို
တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို
ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး
သတ်မှာပဲ။ ဒါဆိုအပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့
မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ
အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး
ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့
ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။
တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို
နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ
ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ
တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လိုတော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။