စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့  ဆုံးဖြတ်လိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
NLD ဒု- ဥက္ကဌ ဦးတင်ဦးနေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းနဲ့ ဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့တနေ့က သွားတွေ့ခဲ့တဲ့ ဆရာဦးဥာဏ်ဝင်းဆီက မှာကြားချက်တွေ၊ အဖွဲ့ချုပ်လူကြီးများရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ခရီးစဉ်တွေ သွားမယ်၊ ပြည်နယ်တိုင်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အဖွဲ့ဝင်ထုနဲ့ တွေ့မယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာကို မူအားဖြင့် ကျနော်တို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသေးစိတ်ကိစ္စတွေကတော့ ဆက်ပြီးစီစဉ်ရအုံးမှာပါ”
ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားတွေရဲ့ အရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပညာပေးတွေ၊ လူငယ်အရေးတွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးဥာဏ်ဝင်းကတဆင့် အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။
ဒီ မှာကြားချက်တွေကို ပါတီဝင်ထုကနေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ရှင်းလင်း ပြောပြဖို့အတွက် ပြည်နယ် တိုင်းအသီးသီးကို ခရီးစဉ် စတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။
အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေရဲ့ ဒီတခေါက်ခရီးစဉ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမယ့်အကြောင်း ဦးအုန်းကြိုင်က ဆက်ပြီး ရှင်းပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထု၊ ပြည်သူထု၊ တိုင်းရင်းသားအရေးနဲ့ ပြောချင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ၊ သဘောထားတွေကို ကျနော်တို့က ကြေလည်အောင် ရှင်းပြကြဖို့၊ လူငယ်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ရှင်းပြဖို့ ဖြစ်ပါတယ်”
NLD ခေါင်းဆောင်တွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်မယ့် NLD ပါတီ ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဦးတင်ဦးနေအိမ်မှာ ကျင်းပဖို့ အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရင်းမြစ်။ ။RFA
အများပြည်သူကို ကာကွယ်စေါင့်ရှောက်ဖို့ လက်နက် တပ်ဆင်ပေးထားတဲ့စစ်တပ်က သာမန်လက်နက်မဲ့ အရပ်သားတွကေို စည်းမဲ့ကမ်းမဲ့ ပစ်ခတ်မှုဟာ အများပြည်သူ ရဲ့ လုံခြုံရေးအတွက် စိတ်မအေးစရာ ဖြစ်ပါ တယ်။ဒီလိုဖြစ်ရပ်တွကေို ကာကွယ်တားဆီးဖို့ အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အနေနဲ့ ဘာတွမျေားဆောင်ရွက်ပေးနိုင်ပါသလဲ။
ပဲခူးမြို့ လမ်းပြကြယ် လူ့အခွင့်အရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီးရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးအေးမြင့်က “ တိုင်းပြည်မှာ ပြဌါန်းထားတဲ့ဥပဒေနဲ့ဆို တရားမျှတမှုရှိအောင် သက်ဆိုင်ရာ ဌါနဆိုင်ရာအကြီးအကဲတွဆေီမှာ သေဆုံးသူအတွက် နစ်နာကြေးကိစ္စရှိတယ်၊ ဗမာ့ ယဉ်ကျေးမှု ထုံးစံအရ တောင်းပန်ရမယ်၊ တရားခံကို လူသိရှင်ကြားဖေါ်ထုတ်ရမယ်၊ ဒီမှာက ဥပဒေသာ စာရွက်ပေါ်မှာ ရှိပြီး လက်တွေ့ ကြတော့ စစ်တပ် ရဲ ကို ပြည်သူက တရားပြန်စွဲလို့ မရဘူး ဖြစ်နေတယ်” လို့ဘီဘီစီကို ပြောပါတယ်။
သူတို့လူ့အခွင့်အရေး အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာကတော့ သက်ဆိုင်ရာကို တရား နည်းလမ်း အတိုင်းဆောင်ရွက်ဖို့ နည်းလမ်းတွကေို ဖေါ်ပြနိုင်တဲ့အကြောင်း၊ ကာယကံရှင် များ မသွားတတ်မလာတတ်ခဲ့ရင် ကူညီဆောင်ရွက် ပေးတဲ့အကြောင်း၊ သက်ဆိုင်ရာ လူကြီးတွေ နားပေါက်အောင် ဆောင်ရွက်ပေးတဲ့အဆင့်သာလုပ်ကိုင် ဆောင်ရွက်ပေးနိုင် ကြောင်း ဦးအေးမြင့်က ဘီဘီစီကိုေ ပြာပါတယ်။
စစ်တပ်က ရာဇဝတ်မှုအကြီး အမှုကြီးခုနှစ်မှု ဖြစ်လာခဲ့ရင် ဥပမာ မုဒိန်းမှု လူသတ်မှုတို့လို အမှုဖြစ်လာခဲ့ရင် စစ်တပ်က အရပ်ဘက်တရားရုံးကို လွှဲပေးရတဲ့ အစဉ်အလာရှိကြောင်း အမှုသေးတွကေိုတော့ တပ်မတော်ဥပဒေအရ တပ်မတော် အတွင်းမှာပဲ ဆုံးဖြတ်ကြောင်း ၁၉၉၅ ခုနှစ်မှာပြဌါန်းတဲ့ ဥပဒေကြတော့ အဲဒီအမှုကြီး ခုနှစ်မှုထဲက သူတို့ပို့ ချင်တဲ့အမှုပဲ အရပ်ဘက်ကိုပို့ပြီး ကျန်တဲ့အမှုတွကေို အရပ်ဘက်ကိုလွှဲမပေးပဲ စစ်တပ်ထဲမှာပဲ စီရင် ဆုံးဖြတ်လို့ ရတယ်ဆိုတာ ဖြစ်လာတဲ့အကြောင်း စစ်တပ်ကပဲတရားသူကြီး၊ စစ်တပ်ကပဲ ရှေ့နေ၊ သူတို့တပ်တွင်းခုံရုံးနဲ့ပဲ ပြီးတဲ့အကြောင်းဦးအေးမြင့်က ဘီဘီစီကို ရှင်းပြပါတယ်။
နစ်နာသူ အသတ်ခံရတဲ့သူတွဘေက်က တိုင်တန်းချင်တယ်ဆိုရင်တော့ ရဲဆိုရင် ရဲချုပ်ဆီကို စစ်တပ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ဆီကို တိုင်တန်းရမှာဖြစ်ကြောင်းလည်း ရှေ့နေကြီး ဦးအေးမြင့်က ဘီဘီစီကို ပြောပြသွားပါတယ်။
ရင်းမြစ်။ ။ BBC burmese