Friday, January 22, 2010

ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျ


22/01/2010

ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။
တရုတ်လုပ် ဂျက်တိုက်လေယာဉ် F7 Fighter အမျိုးအစားဟာ ရန်ကုန်လေဆိပ်အဆင်းမှာ ပျက်ကြသွားတာဖြစ်ကြောင်းနဲ့  ပျက်ကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဖူး။ဒီလေယာဉ်အမျိုးအစားဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးပြောတာကတော့ ဒီလေယာဉ်ကို လေ့ကျင့်မောင်းနှင်နေစဉ် လေဆိပ်ကို ပြန်အဆင်းမှာ ဖြစ်တာလို့  ပြောပြပါတယ်။ ပိုင်းလော့ ပြည့်ဖြိုးမျိုး သေဆုံးသွားကြောင်း သိရပါတယ်။

သုံးသပ်သူတစ်ဦးပြောတာကတော့ ဒီ ပျက်ကျတဲ့လေယာဉ်ဟာ နအဖကနေ တရုတ်ထံကနေ ၀ယ်ယူခဲ့တဲ့ အစီး (၃၆) စီးထဲက တစ်စီး ဖြစ်နိုင်တယ်လို့  ပြောဆိုသုံးသပ်ပါတယ်။

ဒီလို ဂျက်တိုက်လေယာဉ်ပျက်ကြခဲ့ဖူးတာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ တုန်းကလည်း မန္တလေးလေဆိပ်မှာ လေယာဉ်ကွင်းကနေ ပျံတက်စမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ အသက် (၂၉) နှစ်အရွယ် လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။

နအဖဟာ လေယာဉ်တွေဝယ်ဖို့ လောက်ဘဲ သိပြီး လေယာဉ်တွေအကြောင်း၊ လေယာဉ်ထိန်းသိမ်းမှုနည်းစနစ်၊ လေယာဉ်ကွင်းနဲ့  လေယာဉ်ပြေးလမ်း အဆင့်အတန်း၊ လေယာဉ်မောင်းနည်းပညာနဲ့  လေယာဉ်မှူးတွေ ပြည်စုံစွာ လိုအပ်တဲ့ လေကျင့်သင်ကြားမှုနည်းပညာတွေကို မသိနားမလည် မဆောင်ရွက်တာကြောင့် မြန်မာပြည်မှာ ခရီးသည်လေယာဉ်တွေတင်မက အခုလို စစ်လေယာဉ်တွေပါ ပျက်ကျမှုတွေ ဖြစ်ရတာပါ။ နှမျောစရာကတော့ လေယာဉ်ပျက်ကျလို့  မသေသင့်ဘဲ သေဆုံးကြရတဲ့ လေယာဉ်မှူးတွေနဲ့  ခရီးသည်တွေပါဘဲ။ လေယာဉ်ပျက်ကျမှုတွေကိုလည်း တိကျခိုင်လုံတဲ့သတင်းတွေ ထုပ်ပြန်ပြီး ပြည်သူလူထုကို အသိပေးမယ် သတိပေးမယ်ဆိုတာထက် သတင်းအမှောင်ချပြီး သူတို့ ပေါ့ဆမှုတွေကို ညံ့ဖျင်းမှုတွေကို ဖုံးကွယ်ဖို့ သာ ဦးစားပေးလေ့ရှိပါတယ်။

ဆိုးရွားတာကတော့ လေယာဉ်ဝယ်ရပြီးရော ဈေးပေါပေါနဲ့  အချောင်ရ အချောင်ဝယ်၊ အရည်အသွေးကျနေတဲ့ လေယာဉ်တွေကို ၀ယ်တဲ့သူကလည်း ၀ယ် ရောင်းတဲ့သူကလည်း ရောင်းနဲ့  ဖြစ်နေတာပါဘဲ။ ကြားထဲက အသက်ပေး ခံရသူတွေကတော့ ခံရတာပါ။

မှတ်ချက်။။http://www.niknayman-niknayman.co.cc/

ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား ?

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" မြန်မာပြန်ဆိုသူ- တင်မောင်မြင့်

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်ကို နာရီဝက်အတွင်းပြီးအောင် ကျွန်တော်တို့ဖတ်နိုင်ပေမယ့် စာအုပ်ထဲက အကြောင်းအရာကိုတော့ တစ်သက်တာအချိန်နဲ့ ကျွန်တော်တို့ခံစားရလိမ့်မယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဒါဟာ လူတိုင်းကိုယ့်ကိုယ် နေ့စဉ်မေးတဲ့မေးခွန်းဖြစ်တယ်။ ဒါဟာ "စားပြီးပြီလား?" ဆိုတဲ့မေးခွန်းလောက် အရေးပါပါတယ်။

အလုပ်အကိုင် အဆင်မပြေတဲ့အခါ၊ အချစ်ရေး အဆင်မပြေတဲ့အခါ၊ အိမ်ထောင်ရေး မပြေလည်တဲ့အခါ ဒီမေးခွန်းကို ကျွန်တော်တို့မေးတတ်ကြတယ်။ ဘယ်သူကများ "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?"

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်က ဘာတွေပြောထားသလဲ?
ပုံပြင်က ကြွက်ငယ်လေးနှစ်ကောင်နဲ့ လူသေးလေးနှစ်ယောက် အကြောင်းရေးထားတဲ့ ရိုးရိုးရှင်းရှင်း ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်တယ်။

ပုံပြင်အကျဉ်းက လူသေးနှစ်ယောက်နဲ့ ကြွက်ကလေးနှစ်ကောင်ဟာ ဒိန်ခဲတွေပြည့်လျှံနေတဲ့ ဝင်္ကပါတောင်ထဲမှာနေကြတယ်။ ဒိန်ခဲတွေက ဝင်္ကပါတောင်ရဲ့ တစ်နေရာမှာရှိတာကြောင့် ကြွက်ကလေးနှစ်ကောင်က အနံ့အာရုံသုံးပြီး ဒိန်ခဲကိုရှာခဲ့ကြတယ်။ လူသေးလေးနှစ်ယောက်က ဦးနှောက်သုံးပြီးရှာခဲ့ကြတယ်။ တစ်နေ့မှာ သူတို့ရဲ့ကြိုးပမ်းမှုကြောင့် တစ်သက်စားမကုန်နိုင်ဘူးလို့ ထင်ရတဲ့ ဒိန်ခဲတောင်ကြီးကို တွေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဒိန်ခဲတောင်နဲ့ မနီးမဝေးနား ရွှေ့ပြောင်းလာခဲ့ကြပြီး နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။

ဒါပေမယ့် တစ်နေ့မှာ ဒိန်ခဲတောင်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒိန်ခဲတောင်ကြီးကို မတွေ့ရတော့ ကြွက်ကလေးနှစ်ကောင်က နောက်ဒိန်ခဲတောင်တစ်တောင်ကို ရှာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လူသေးလေးနှစ်ယောက်ကတော့ "ဒိန်ခဲ" ပျောက်သွားတာနဲ့ ပတ်သက်ပြီး တော်တော်တုန်လှုပ်ခဲ့ကြတယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" လို့ သူတို့ကိုယ်သူတို့ မပြတ်မေးကြတယ်။ ဆွေးနွေးကြတယ်။ တကယ်တော့ အဲဒီဒိန်ခဲတွေကို သူတို့မပိုင်ဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီဒိန်ခဲက သူတို့ဒိန်ခဲပါလို့ ထင်မှတ်ထားလိုက်တယ်။ ဒါကြောင့် "ဘယ်သူကမှ ငါ့ဒိန်ခဲကို နေရာရွှေ့လို့မရဘူး" ဆိုပြီး မျက်စိရှေ့ကဖြစ်လာတဲ့ကိစ္စကို သူတို့လက်မခံနိုင်ဖြစ်ခဲ့ကြတယ်။ နေ့ရက်တွေကို စိတ်ရှုပ်ဝမ်းနည်းစွာနဲ့ သူတို့ဖြတ်ကျော်ခဲ့ရတယ်။ လူသေးလေးတစ်ယောက်က ဒိန်ခဲပျောက်သွားပြီဆိုတဲ့ အမှန်တရားကိုလက်ခံပြီး နောက်ဒိန်ခဲတောင်တစ်တောင်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို နောက်လူသေးလေးတစ်ယောက်က သဘောမတူခဲ့ဘဲ နေရာမှာတင် ထိုင်စောင့်နေခဲ့တယ်။ "ဒိန်ခဲရွှေ့သွားတဲ့လူ" ပေါ်လာပြီး သူ့ကို ဒိန်ခဲတွေ "ပြန်ပေးဖို့" မျှော်လင့်နေခဲ့တယ်။

ဒိန်ခဲထွက်ရှာတဲ့ လူသေးလေးက လမ်းတစ်ဝက်ရောက်တာနဲ့ "နောက် ဒိန်ခဲတောင်တစ်တောင်ကို တွေ့ပါ့မလား?"ဆိုတဲ့ မရေရာစိတ်တွေ ဖြစ်နေခဲ့တယ်။ ဒိန်ခဲရှာမတွေ့သေးပေမယ့် ကြောက်ရွံ့တုန်လှုပ်ခြင်းကနေ လွတ်မြောက်ခဲ့တဲ့ လူတစ်ယောက်မှာ နှိုင်းမပြနိုင်တဲ့ ပျော်ရွှင်ခြင်းနဲ့ စိတ်သက်သာမှုတွေ ရနိုင်ကြောင်းကို သူသိသွားခဲ့တယ်။ ဒါကြောင့် ဆုံးရှုံးသွားခဲ့တဲ့ ဒိန်ခဲတွေအတွက် သူနာကျင်ဝမ်းနည်း မနေခဲ့တော့ဘူး။ နောက်ဆုံးမှာ ဒိန်ခဲတောင်တစ်တောင်ကို သူတွေ့သွားခဲ့တယ်။ အဲဒီဒိန်ခဲတောင်မှာပဲ ကြွက်ကလေးနှစ်ကောင်နဲ့ သူပြန်ဆုံခဲ့တယ်။

အသိဥာဏ်ရှိတဲ့ ကြွက်ကလေးနှစ်ကောင်က အရင်ဒိန်ခဲတောင်ကြီး တဖြေးဖြေးလျော့နည်းလာတာကို သူတို့သိခဲ့တယ်။ ဒါကြောင့် ဒိန်ခဲတောင်ကြီး ပျောက်သွားတဲ့အချိန် နောက်ဒိန်ခဲကိုရှာဖို့ သူတို့တွေဝေတွန့်ဆုတ် မနေခဲ့ဘူး။

ဒိန်ခဲတွေ့ခဲ့တဲ့ လူသေးလေးဟာ ဒိန်ခဲအသစ်တွေယူပြီး အရင်ဒိန်ခဲတောင်မှာ ဒိန်ခဲတွေ ပြန်ပေါ်လာနိုးနဲ့စောင့်နေတဲ့ သူ့သူငယ်ချင်း လူသေးလေးကို သွားရှာခဲ့တယ်။ ဒါပေမယ့် အဲဒီလူသေးလေးက ဒိန်ခဲဟောင်းကိုပဲ တမ်းတနေပြီး ဒိန်ခဲသစ်ကိုစားဖို့ ငြင်းဆန်ခဲ့တယ်။ "ငါ့ဒိန်ခဲကို ယူသွားတဲ့လူတွေ" တစ်နေ့မှာ ငါ့ကို "ပြန်ပေးလိမ့်မယ်"လို့ သူမျှော်လင့်နေဆဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်နှိုးဆွပေးခဲ့ပါတယ်။ စာအုပ်ထဲမှာပါ "ဒိန်ခဲဆောင်ပုဒ်" တွေ အများကြီးပါခဲ့ပါတယ်။

"ဒိန်ခဲ" ကို "အလုပ်အကိုင်", "အိမ်ထောင်ရေး" , "ပစ္စည်းဥစ္စာ" ဒါမှမဟုတ် "အခွင့်အရေး" အနေနဲ့ ကျွန်တော်တို့ တစ်သက်သာ အသုံးပြုနိုင်ပါတယ်။

ဘယ်အရာက ကျွန်တော်တို့ရဲ့ "ဒိန်ခဲ" ဖြစ်မလဲ? ဥပမာ--

လူတစ်ယောက်ကို ကြိုက်နှစ်သက်ပြီး ထုတ်ဖော်ပြောရဲတဲ့ သတ္တိမရှိခဲ့ဘူး။

အထက်လူကြီးဆီက နေရာကောင်းလေးတစ်ခုတောင်းယူဖို့ တွေဝေတုန့်နှေးပြီး ကြောင့်ကြစိုးရိမ်စိတ်တွေ များခဲ့တယ်။

ကိုယ်မနှစ်သက်တဲ့လူကို နောက်ထပ်မနှောင့်ယှက်ပါနဲ့လို့ ပြတ်ပြတ်သားသား ထုတ်ဖော်မပြောရဲခဲ့ဘူး။

ဆိုင်ဝန်ထမ်း အတင်းအဓမ္မတိုက်တွန်း ဝယ်ခိုင်းတဲ့အင်္ကျီကို မဝယ်ချင်ဘူး။ ဒါပေမယ့် အထင်သေးမုန်းတီးတဲ့ အကြည့်နဲ့ ကိုယ့်ကိုသူကြည့်မှာ စိုးခဲ့တယ်။

ဒါတွေဟာ လူတွေဆီက မကောင်းတဲ့တုန့်ပြန်မှုတွေ ရမှာကိုကျွန်တော်တို့ စိုးရိမ်ခဲ့လို့ဖြစ်တယ်။ တကယ်တော့ လူတွေရဲ့တုန့်ပြန်မှုဆိုတာ ကိုယ့်အထင်တွေပဲဖြစ်တယ်။ အဲဒီအထင်တွေနဲ့ ကျွန်တော်တို့က ကိုယ့်စိတ်ကိုယ် ချောက်ချားစေခဲ့တယ်။ မှန်ရှေ့မှာရပ်သလိုမျိုး မျက်နှာချင်းဆိုင်ပဲရပ်ရပ်၊ နောက်ကျောပေးပဲရပ်ရပ် မှန်ထဲမှာတွေ့ရမှာက လူတစ်ယောက်ရဲ့အရိပ်ပဲဖြစ်တယ်။

တစ်လောကလုံး ကိုယ့်အပေါ်မကောင်းဘူးလို့ သင်ထင်ခဲ့ရင် သင့်ကိုယ်ပေါ်က ဆူးခက်တွေကို လူတွေမြင်ကြလိမ့်မယ်။ အိန်ဂျယ်တစ်ပါး ကိုယ့်ပုခုံးပေါ် နားနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ရဲ့လင်းလက်တဲ့စိတ်ကို လူတွေမြင်ကြလိမ့်မယ်။

စိတ်ပျက်အားငယ်ပြီး ခွန်အားတွေကျရှုံးနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်ဖို့မထိုက်တန်သူလို့ လူတွေမြင်ကြလိမ့်မယ်။ စိတ်လက်သက်သာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပြည့်နေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်စိတ်ချသူလို့ လူတွေမြင်ကြလိမ့်မယ်။

ကိုယ့်ကိုချစ်တဲ့လူမရှိဘူးလို့ သင်ထင်ခဲ့ရင် သင့်ကို သနားစရာ၊ ဆွဲဆောင်မှုမရှိသူလို့ လူတွေမြင်ကြလိမ့်မယ်။ အရာရာကို မျှော်လင့်ချက်အပြည့် သင်ထားနိုင်ခဲ့ရင် သင့်ရဲ့ ကြည်လင်တဲ့စိတ်၊ နေရောင်ဖြာတဲ့ သင့်မနက်ဖြန်တိုင်းကို လူတွေမြင်ကြလိမ့်မယ်။

ဖြစ်လာတဲ့ ပြဿနာအခက်အခဲတွေကို ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား? နောက်ဆုံးတော့လည်း ကိုယ်သာ ကိုယ်ပဲဖြစ်ခဲ့ပါတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Top 25 Universities (ဗဟုသုတ)

Top 25 Universities

မောင်ကောင်းထိုက်ဟာသပဒေသာ (၁၄)

mg-kaung-htike-14

Thursday, January 21, 2010

အမျိုးသား ရင် ကြားစေ့ ရေး ဆို ရာဝယ်(ခင်မမမျိုး)

မြန် မာ့ နို င် ငံ ရေးမှာ ရေပန်းအလွန် စားခဲ့ တဲ့ စကားလုံးလေးတွေ ရှိ ပါတယ် ။ နယ် ချဲ့ခေတ် က ရေပန်းစားခဲ့ တဲ့ လုံးဝ လွတ် လပ် ရေး၊ ဖဒရယ် ပြည် ထောင် စု အရေး၊ ဒို င် ယာလော့ ခ် ၊ အမျိုးသားရင် ကြားစေ့ ရေး (၀ါ) အမျိုးသားပြန် လည် သင့်  မြတ် ရေး (National Reconciliation) စတဲ့ စကားလုံးလေးတွေပါ။ နယ် ချဲ့ခတ် ၊ လွတ် လပ် ရေးရပြီး ခေတ် တွေက စကားလုံးလေးတွေကတော့ အချိ န် အခါ၊ အခြေအနေနဲ့ လျော် ညီ စွာ ထွက် ပေါ်လာခဲ့ တဲ့ စကားလုံးလေးတွေပါ။ စစ် အာဏာရှ င် ခေတ် ရောက် တော့ ထွက် ပေါ်လာတဲ့ စကားလုံးတွေက စကားလုံးအနေနဲ့ဆို ရင် အလွန် တန် ဖိုးရှိ ပေမယ့်  အချိ န် အခါ၊ အခြေအနေနဲ့ မလျော် ညီ ပဲ ထွက် ပေါ်လာတဲ့ စကားလုံးတွေ ဖြစ် လာပါတော့ တယ် ။ အခု ဒီ ဆောင်းပါးမှာ လတ် တလောရေပန်းစားနေတဲ့ အမျိုးသားရင် ကြားစေ့ ရေး စကားလုံးနဲ့ ပတ် သက် တဲ့ အခြေခံ သဘောတရားနဲ့ စကားလုံးအသုံးပြုရတဲ့ အခြေအနေ၊ အချိ န် အခါကို တင် ပြလို ပါတယ် ။ အမျိုးသားရင် ကြားစေ့ ရေးအမျိုးသားရင် ကြားစေ့ ရေးဆို တာ ရေရှ ည် ခံ ငြိ မ်းချမ်းရေးတည် ဆောက် မှု အတွက် အလွန် အရေးကြီးတဲ့ သဘောတရားတခု ဖြစ် ပါတယ် ။ နို င် ငံ တနို င် ငံ က ပြည် သူ လူ ထု ၊ အစိုးရ၊ တပ် မတော် ၊ လူ မျိုးစု တွေ အချင်းချင်း အကြားမှာ ပဋိ ပက္ခ တွေ ဖြစ် ပွားလာတဲ့ အခါ အကြမ်းဖက် မှု၊ တရားမျှတမှုကင်းမဲ့ တဲ့ လု ပ် ရပ် တွေ ပေါ်ထွက် လာတတ် ပါတယ် ။ အင် အားကြီးသူ က အင် အားနည်းသူ ကို အနို င် ကျင့်  နှိ ပ် စက် သတ် ဖြတ် မှုတွေ ဖြစ် ပွားလာပါတယ် ။ ဒီ လို နဲ့ ပဋိ ပက္ခ တွေပြေလည် လာပြီးတဲ့ အခါ ပဋိ ပက္ခ ဖြစ် ပွားခဲ့ တဲ့ ပြည် သူ နဲ့ တပ် မတော် အကြား၊ လူ မျိုးစု အချင်းချင်းတွေအကြားမှာ တဦးနဲ့တဦးတည် ရှိ မှုနဲ့ ရပ် တည် မှုကို အပြန် အလှ န် အသိ အမှ တ် ပြုခြင်း၊ တဦးနဲ့တဦးရဲ့ ကွဲပြားခြားနားမှုတွေ၊ အကျိုးစီးပွားတွေ၊ တန် ဖိုးထားမှုတွေကို အပြန် အလှ န် လေးစားခြင်းစတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလု ပ် ရပါတယ် ။ ဒီ လို တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ပဋိ ပက္ခ ပေါ်မှာ မူ တည် ပြီး ရေတို ၊ ရေရှ ည် အချိ န် အတို င်းအတာ တခု ကြာတတ် ပါတယ် ။ ဒီ လို တွေ့ဆုံ ဆွေးနွေးမှုတွေပြုလု ပ် တဲ့ ဖြစ် စဉ် ကို အမျိုးသားရင် ကြားစေ့ ရေးဖြစ် စဉ် အဖြစ် ခေါ်ဆို ပါတယ်နို င် ငံ ရေးအကြမ်းဖက် မှုရဲ့ စိ တ် ပို င်းဆို င် ရာနောက် ဆက် တွဲပြဿနာတွေကို လေ့ လာခဲ့ တဲ့ ပညာရှ င် Montville ဆို သူ က နို င် ငံ ရေးပဋိ ပက္ခ တွေအကြားမှာ အကြမ်းဖက် မှုခံ ထားရသူ များဟာ နောင် မှာ ဒီ လို အကြမ်းဖက် မှုတွေ ထပ် မံ ဖြစ် ပွားလာမှာကို ကြောက် ရွံ့ စိ တ် တွေ ရှိ နေတတ် ပြီး၊ ဒီိ လို ကြောက် ရွံ့ စိ တ် တွေဟာ သူ တို့ အပေါ် အကြမ်းဖက် ခဲ့ သူ တွေအပေါ် ယုံ ကြည် မှုကို လျော့ နည်းစေတတ် တယ် လို့  ဆို ထားပါတယ် ။ ဒီ လို ယုံ ကြည် မှု လျော့ နည်းနေတာာနဲ့အမျှ စစ် မှ န် တဲ့ ပူးပေါင်းဆောင် ရွက် မှုနဲ့ တို င် ပင် ညှိ နှိုင်းမှုတွေ ရှိ လာမှာ မဟု တ် ပါဘူး။ ဒီ အခါမှာ နို င် ငံ တနို င် ရဲ့ တည် ဆောက် မှုဖြစ် စဉ် ကို ထိ ခို က် စေနို င် ပါတော့ တယ် ။ ဖိ နှိ ပ် သူ တွေနဲ့ ဖိ နှိ ပ် ခံ ရသူ တွေအကြားမှာ စစ် မှ န် တဲ့ နားလည် ခွင့်  လွှ တ် မှုဖြစ် ပေါ်လာရေးမှာ အဆင့်  သုံးဆင့်  ရှိ ပါတယ် ။ ပထမအဆင့်  ကတော့ အသိ ပေးခြင်းအဆင့်  (acknowledgment) ဖြစ် ပါတယ် ။ ဒီ အဆင့်  မှာ ဖိ နှိ ပ် ခဲ့ တဲ့ အာဏာရှ င် တွေဟာ သူ တို့ ဘာတွေလု ပ် ခဲ့ လဲဆို တာကို အများပြည် သူ ကို အသိ ပေးမှုတွေ ပြုလု ပ် ရပါတယ် ။ အမှ န် တရားကို ဖော် ထု တ် ပြောကြားပြီး၊ နောင် အချိ န် မှာ ဒီ လို မဖြစ် စေရဘူးဆို တဲ့ အသိ ကို လူ အများယုံ ကြည် လာအောင် အသိ ပေးရပါတယ် ။ နောက် တချက် ကတော့ contrition အဆင့်  ဖြစ် ပါတယ် ။ ဒီ အဆင့်  မှာ ဖိ နှိ ပ် ချုပ် ချယ် သူ အာဏာရှ င် တွေဟာ အတိ တ် ကဖြစ် ရပ် တွေအတွက် တာဝန် ယူ တာ၊ နောင် တရမှုကို ထု တ် ဖော် ပြောကြားတာနဲ့ ခွင့်  လွှ တ် ဖို့  တို က် ရို က် တောင်းပန် မှုတွေ ပြုလု ပ် ရပါတယ် ။ ဒီ အဆင့်  မှာ ရိုးသားမှုဟာ အရေးကြီးဆုံးဖြစ် ပါတယ် ။ တတိ ယအဆင့်  ကတော့ ခွင့်  လွတ် ခြင်းအဆင့်  (forgiveness) ဖြစ် ပါတယ် ။ ဒီ အဆင့်  ကတော့ ဖိ နှိ ပ် ခံ ခဲ့ ရသူ များက အတိ တ် က နာကျည်းချက် များကို သင် ပု န်းချေပြီး နားလည် ခွင့်  လွှ တ် ပေးတာဖြစ် ပါတယ် ။ ဒီ အတွက် အချိ န် အတို င်းအတာတခု ကြာမြင့်  တတ် ပါတယ် ။ ပထမအဆင့်  နှ စ် ဆင့်  မှာ ဖိ နှိ ပ် သူ တွေဘက် က ဘယ် လောက် အတို င်းအတာအထိ ရိုးသားစွာပြင် ဆင် ခဲ့ လဲ ဆို တာပေါ်မှာ အဓိ က မူ တည် ပါတယ် ။ ဒါကြောင့်  လဲ မှ န် ကန် တဲ့ နားလည် ခွင့်  လွှ တ် လက် ခံ မှုတွေ ဖြစ် လာဖို့  အမျိုးသားရင် ကြားစေ့ ရေးဖြစ် စဉ် (national reconciliation process) ဆို တာ လို အပ် လာတာ ဖြစ် ပါတယ် ။ ဒါမှ လဲ အနာဂတ် တို င်းပြည် တည် ဆောက် မှုကို အရှိ န် အဟု န် နဲ့ တိုးတက် အောင် လက် တွဲတည် ဆောက် နို င် မှာဖြစ် ပါတယ် ။ လူ နှ စ် ယောက် အိ မ် ထောင် ပြုမှုမှာတောင် အိ မ် ထောင် ဘက် တဦးဆီ မှာ သံ သယတွေ၊ မယုံ ကြည် မှုတွေ၊ အနို င် ကျင့်  စော် ကားမှုတွေ ရှိ နေမယ် ဆို ရင် ဒီ အိ မ် ထောင် ဟာ ပြိုလဲခြင်းဖြစ် ရင် ဖြစ် ၊ မဖြစ် ရင် လဲ သာယာငြိ မ်းချမ်းမှု ရှိ နို င် မှာ မဟု တ် ပါဘူး။ အပြန် အလှ န် လေးစားမှု၊ ယုံ ကြည် မှု၊ ညှိ နှိုင်း ဆောင် ရွက် မှုတွေအပေါ်မှာ အခြေတည် မှာ မိ သားစု ရဲ့ အနာဂတ် ဘ၀ကို ကောင်းကောင်းမွန်ပျော် ပျော် ရွှ င် ရွှ င် လက် တွဲတည် ဆောက် လို့  ရနို င် ပါတယ် ။ နို င် ငံ တနို င် ငံ ရဲ့ အခြေခံ ယူ နစ် လေးတခု ဖြစ် တဲ့ မိ သားစု လေးတခု တည် ဆောက် တာမှာတောင် အပြန် အလှ န် ယုံ ကြည် မှု၊ အပြန် အလှ န် လေးစားမှု၊ နားလည် ခွင့်  လွှ တ် မှုဟာ ဒီ လောက် အရေးကြီးတယ် ဆို ရင် နို င် ငံ တနို င် ငံ တည် ဆောက် မှုမှာဆို ရင် မည် မျှ အတို င်းအတာအထိ အရေးကြီးမယ် ဆို တာ ခန့် မှ န်းလို့ ရနို င် ပါတယ် ။ ဒီ တော့ ဘယ် လို အခြေအနေမျိုးမှာ အမျိုးသား ရင် ကြားစေ့ ရေးဖြစ် စဉ် စတင် လာမလဲ ဆို တာ လေ့ လာကြည့်  ရအောင် ပါ။အခြေအနေနှ င့်  အချိ န် အခါအမျိုးသားရင် ကြားစေ့ ရေးဆို တာ ဖြစ် ပေါ်နေတဲ့ ပဋိ ပက္ခ ဖြစ် စဉ် နဲ့ နို င် ငံ ရေးအခြေအနေ၊ နို င် ငံ ရေး အခင်းအကျင်း အချိ န် အခါတွေအပေါ်မှာ မူ တည် ပါတယ် ။ နို င် ငံ ရေးအခြေအနေ၊ အချိ န် အခါ ကို မသုံးသပ် ပဲ သဘောတရားနဲ့ ဖြစ် စဉ် တွေကို
အသုံးပြုလို့  မရပါဘူး။ ဥပမာ- ဒို င် ယာလော့ ခ် ဆို တဲ့ စကားလုံးကို နမူ နာကြည့်  နို င် ပါတယ် ။
ဒို င် ယာလော့ ခ် ဆို တာက ဒီ မို ကရေစီ ပြုပြင် ပြောင်းလဲမှုအခြေအနေမှာဆို ရင် ကနဦးဒီ မို ကရေစီ ပြုပြင် ပြောင်းလဲမှုဖြစ် စဉ် (Initial Democratization) အရ ကြားဖြတ် အစိုးရ ပေါ်ပေါက် လာပြီးမှ ဒီ မို ကရေစီ စနစ် အမြစ် တွယ် ခို င် မာမှု (democratic consolidation) ကို အသွင် ကူးပြောင်းမှု ကာလ (transition period) မှာ ခေါ်ဆို ရတာဖြစ် ပါတယ် ။ ဒီ ကြားဖြတ် အစိုးရဆို တာမှာ အတို က် အခံ
ဦးဆောင် တဲ့ ကြားဖြတ် အစိုးရ (opposition-led provisional government) ဒီ မို ကရေစီ အတို က် အခံ များနဲ့ အာဏာရှ င် ဘက် မှ ပြုပြင် ပြောင်းလဲလို သူ များ ပူးတွဲတည် ထောင် တဲ့ ပါဝါရှ ယ် ယာ ကြားဖြတ် အစိုးရ (power sharing interim government)၊ အာဏာရှ င် ဘက် မှ ဒီ မို ကရေစီ ပြုပြင် ပြောင်းလဲ
မှုပြုလု ပ် ရန် ကြေညာဖွဲ့စည်းတဲ့ အိ မ် စောင့်  အစိုးရ (incumbent-led caretaker government) နဲ့
နို င် ငံ တကာ ကြားဖြတ် အစိုးရ (international interim government)ဆို ပြီး သဏ္ဌာန် လေးမျိုး ရှိ ပါတယ် ။ ဒို င် ယာလော့ ခ် ဆို တာ ဒီ လို ကြားဖြတ် အစိုးရ တခု ခု ရှိ ပြီးမှ ခေါ်ယူ ရတာဖြစ် ပါတယ် ။ အဲဒီ မှာမှ တွေ့ဆုံ ဆွေးနွေး အဖြေရှာရင် အမျိုးသားရင် ကြားစေ့ ရေးကို ပါ တည် ဆောက် ရတာ ဖြစ် ပါတယ် ။ ဒါပေမယ့်  တချို့နို င် ငံ တွေမှာကျတော့ ဒီ အခြေအနေ၊ အချိ န် အခါကို သဘောမပေါက် ပဲ မု န့် ဆီ ကြော် က ဘယ် နေမှ န်းမသိ ၊ နှာခမ်းနာနဲ့ တည့်  ပါ့ မလား ဆို တဲ့ အဖြစ် မျိုးတွေ ပေါ်လာတတ် ပါတယ် ။ ကြားဖြတ် အစိုးရဆို တာ မပေါ်ပေါက် သေးခင် မှာ ဒို င် ယာလော့ ခ် ကို ခေါ်တတ် ကြပါတယ် ။ ရလာဘ် ကတော့ အင် မတန် အနှ စ် သာရရှတွေ့ဆုံ ဆွေးနွေးအဖြေရှာရေး စကားလုံးဟာ ထပ် ခါတလဲလဲ ပြောစရာတွေဖြစ် ပြီး ဆီ သည် မလက် သု တ် ဖြစ် သွားတော့ တာပါပဲ။ အာဏာရှ င် ဘက် ကကြည့်  မယ် ဆို ရင် လဲ အလွန် ကို ဟာသမြောက် စေတဲ့ နို င် ငံ ရေးထိုးစစ် ဖြစ် လာစေပါတော့ တယ် ။ ပမာဆို ရရင် ရပ် ကွက် ထဲရောက် လာတဲ့ ဓားကို င် အမူးသမားရှေ့ မှာ ရပ် ကွက် သူ ၊ ရပ် ကွက် သားတွေ ဒူးထောက် ထို င် ပီး “ဒို့ တတွေ ဆွေးနွေးကြရအောင် ” လို့  သွားပြောနေတာနဲ့ အတူ တူ ပါပဲ။ အမူးသမားက လူ စိ တ် ပျောက် နေချိ န် ဖြစ် နေလေတော့ ဒီ လို သွားပြောနေရင် အားရပါးရ ဇက် တွေကို ပို င်းချလို က် မှာ အသေအချာပါ။ အမှ န် တကယ် လု ပ် သင့်  တာက လူ အားနဲ့ အမူးသမားလက် က ဓားကို အထိ အခို က် အနည်းဆုံးနဲ့ ဘယ် လို ပြုတ် ထွက် သွားအောင် လု ပ် ရမလဲ ဆို တာကို စဉ်းစားပြီး ညီ ညီ ညာညာ လု ပ် သင့်  တာမျိုးပါ။ ပြီးမှ အမူးသမားကို ခေတ္တ စောင့်  ကြည့်  ထားပြီး၊ အမူးပြေမှ ဆွေးနွေးမှုလု ပ် ရတာမျိုးပါ။ ဆွေးနွေးနို င် ဖို့ ဆို တာက တဘက် က ခြိ မ်းချောက် နို င် တဲ့ အခြေအနေကို အရင် ထိ န်းချုပ် ပြီးမှ လု ပ် ရမယ့်  အရာသာဖြစ် ပါတယ် ။ ဒီ လို မဟု တ် ပဲ အချိ န် အခါကို မချင့်  ချိ န် တတ် ပဲ ကြားဖြတ် အစိုးရကလဲ မပေါ်သေး၊ ယု တ် စွအဆုံး အာဏာရှ င် တွေဘက် က ဒီ မို ကရေစီ ပြုပြင် ပြောင်းလဲမှုလု ပ် မယ့်  အိ မ် စောင့်  အစိုးရဖွဲ့မယ် ဆို တဲ့ အရိ ပ် အယောင် လေး တွေတောင် မပေါ်သေးခင် မှာ ဒီ မို ကရေစီ လှုပ် ရှားမှုကို ဦးဆောင် သူ များအဖြစ် ပြည် သူ လူ ထု က ရွေးချယ် ထားခဲ့ သူ တွေ၊ မိ မိ ဘာသာ ဦးဆောင် သူ များအဖြစ် တံ ဆိ ပ် ကပ် ထားသူ တွေက ဒို င် ယာလော့ ခ် ဆို တဲ့ စကားလုံးကို သာ တွင် တွင် ကြီး ခရားရေလွှ တ် ပြောလာကြတဲ့ အခါကျတော့ အာဏာရှ င် တွေအတွက် က ဟားစရာဖြစ် လာပါတယ် ။ ဟားလို့ ကောင်းတဲ့ အပြင် ရန် သူ့ လက် နက် ၊ ကို ယ့်  လက် နက် ပါ လု ပ် လို့ ရလာပါသေးတယ် ။ ပြည် သူ လူ ထု ရဲ့ လှုပ် ရှားမှုအားကောင်းလာရင် ၊ လူ ထု တို က် ပွဲတွေ အရှိ န် ရလာရင် အတို က် အခံ
ဦးဆောင် တဲ့ ကြားဖြတ် အစိုးရပေါ်လာပြီး ကနဦးဒီ မို ကရေစီ ပြုပြင် ပြောင်းလဲမှုဖြစ် စဉ် ဖြစ် ပေါ်သွားတတ် ပါတယ် ။ ဒါကို အာဏာရှ င် တွေက အလွန် ကြောက် ပါ တယ် ။ ဒီ မို ကရေစီ လှုပ် ရှားမှု အချိ န် တွေ ကြာမြင့်  လာရင် တော့ ဒါကို ကြောက် သူ တွေက အာဏာရှ င် တွေတင် မဟု တ် တော့ ပါဘူး။ မအောင် မြင် တဲ့ ဒီ မို ကရေစီ တို က် ပွဲကို ဦးဆောင် ခဲ့ သူ များထဲက စိ တ် ထားမမှ န် သူ တွေကလဲ သူ တို့ ရဲ့ status quo ပျောက် သွားမှာ စိုးရိ မ် လာကြပါတယ် ။ အဲဒီ မှာတင် အာဏာရှ င် ဘက် ကလဲ လူ ထု တို က် ပွဲ အရှိ န် ကောင်းလာပြီး ကြားဖြတ် အစိုးရဖွဲ့တဲ့ အဆင့်  ထိ မတက် လှ မ်းခင် မှာ အမြန် အဆန်
ဖြိုခွင်း၊ ရန် သူ့ လက် နက် ၊ ကို ယ့်  လက် နက် လု ပ် ပြီး ဒို င် ယာလော့ ခ် လု ပ် မယ် ကမ်းလှ မ်းတော့ တာပါပဲ။ ဒါကို status quo ပျောက် မှာ စိုးရိ မ် သူ တွေကလဲ အလျင် အမြန် လက် ခံ တော့ တာပါပဲ။နို င် ငံ တကာအဖွဲ့အစည်းတွေကလဲ ဒီ လို အခြေအနေမျိုးတွေကို ထောက် ခံ ပါတယ် ။ ဘာကြောင့်  လဲဆို တော့ သူ တို့  ခေါင်းပေါ်ကျနေတဲ့ ၀န် ထု ပ် ၀န် ပိုးတခု ကျသွားလို့ ပါပဲ။ နောက် ဆုံးတော့ ကြားဖြတ် အစိုးရ (သို့ ) အိ မ် စောင့်  အစိုးရ တခု ပေါ်လာပြီးမှ ထွက် ပေါ်လာရမယ့်  ဒို င် ယာလော့ ခ် ဆို တာကလဲ သီးချိ န် တန် သီး၊ ပွင့်  ချိ န် တို င် ပွင့်  ရမှာ မဟု တ် ပဲ အတင်းသီးခို င်းနေသလို ဖြစ် တဲ့ အတွက် အသီးက မသီးပဲ political deadlock ဖြစ် သွားတော့ တာပါပဲ။ အဲဒီ လို ရှေ့ မတိုး၊ နောက်
မဆု တ် ဖြစ် လာတဲ့ အခါကျတော့ ပြည် သူ လူ ထု ကလဲ သူ တို့ ကို ယ် တို င် ရွေးချယ် ပေးခဲ့ တဲ့ နို င် ငံ ရေးဦးဆောင် သူ တွေ၊ မိ မိ ဘာသာဦးဆောင် တံ ဆိ ပ် ကပ် ထားသူ တွေကို စိ တ် ပျက် လာပါတယ် ။ ယုံ ကြည် မှုမဲ့ လာပါတယ် ။ နို င် ငံ ရေးလု ပ် နေသူ တွေအကြားမှာလဲ အမြင် တွေကွဲလာပါတယ် ။ ဘေးထွက် ထို င် နေသူ တွေ များလာပါတယ် ။ မျိုးဆက် သစ် တွေကလဲ မျိုးဆက် ဟောင်းတွေကို အထင် သေးလာပါတယ် ။ ပူးပေါင်းဆောင် ရွက် မှု အားနည်းလာကြပါတယ် ။ အဲဒီ မှာတင် လူ ထု နဲ့ ဒီ မို ကရေစီ တို က် ပွဲနဲ့ တသားတည်းဖြစ် မှုနဲ့ မျိုးဆက် သစ် မျိုးဆက် ဟောင်းအကြား၊ နို င် ငံ ရေးတက် ကြွလှု ပ်
ရှားသူ များအကြားမှာ ပူးပေါင်းဆောင် ရွက် မှု လျော့ ကျသွား ပါတော့ တယ် ။ အဖြေကတော့ အာဏာရှ င် သက် ဆိုးရှ ည် သွားစေတာပါပဲ။ အာဏာရှ င် တွေ စိ တ် တို င်းကျ လု ပ် ချင် ရာ လု ပ် လို့  ရသွားစေတော့ တာပါပဲ။ အခု ဆက် လက် ပြီး အမျိုးသားရင် ကြားစေ့ ရေး ဖြစ် စဉ် စတင် တဲ့ အခြေအနေနဲ့ အချိ န် အခါကို တင် ပြလို ပါတယ် ။ ရင် ကြားစေ့ ရေး (၀ါ) ပြန် လည် သင့်  မြတ် ရေးလု ပ် ရတယ် ဆို တာက ပဋိ ပက္ခ ရှိ နေလို့  ပြုလု ပ် ရတာ ဖြစ် ပါတယ် ။ ပဋိ ပက္ခ ရှိ နေရင် တချိ န် မှာ ပြန် လည် သင့်  မြတ် ရေးလု ပ် ရတယ် ဆို တာကတော့ ထု ပ် ဆီးတိုးရင်း၊ ဘောလုံးကန် ရင်း ရန် ဖြစ် ဖူးတဲ့ ကလေးကအစ နားလည် ပါတယ် ။ ဒါကြောင့်  အမျိုးသားရင် ကြားစေ့ ရေးဖြစ် စဉ် မည် ၍မည် မျှ အရေးကြီးတယ် ဆို တာကို ရေကြီးခွင် ကျယ် ငြင်းခု န် ဆွေးနွေးနေကြစရာ၊ အစည်းအဝေးပွဲတွေကျင်းပပြီးရှ င်းပြနေစရာ မလို အပ် လှ ပါ။ ဘယ် လို အချိ န် မှာ အမျိုးသားရင် ကြားစေ့ ရေးဖြစ် စဉ် ပေါ်ထွက် အောင် ပြုလု ပ် နို င် သလဲဆို တာကသာ ပို ပြီး အရေးကြီးတဲ့ ကိ စ္စ ရပ် ဖြစ် ပါတယ် ။ အမျိုးသားရင် ကြားစေ့ ရေးဆို တာ ပဋိ ပက္ခ ဖြစ် ပွားမှု အဆင့်  ဆင့်  ရဲ့ Peace and Reconciliation stage မှာ ပေါ်ထွက် ရတာ ဖြစ် ပါတယ် ။ ဒါနဲ့ ပတ် သက် ပြီး ပဋိ ပက္ခ ဖြစ် ပွားမှုအဆင့်  ဆင့်  ကို ကြည့်  ကြရအောင်နို င် ငံ တခု အတွင်းမှာ ဖြစ် ပေါ်တဲ့ ပဋိ ပက္ခ (Intrastate conflict) အမျိုးအစားမှာပဲဖြစ် ဖြစ် ၊ နို င် ငံ အချင်းချင်းအကြားမှာ ဖြစ် ပေါ်တဲ့ ပဋိ ပက္ခ (Interstate conflict) မှာပဲဖြစ် ဖြစ် လေ့ လာသူ ပညာရှ င် များ၊ မူ ၀ါဒချမှ တ် သူ များ စတင် ပြုလု ပ် ရတာကတော့ ပဋိ ပက္ခ အခြေအနေ၊ အဆင့်  ကို ဆန်းစစ် ရတာဖြစ် ပါတယ် ။ ဆန်းစစ် မှု နည်းလမ်းအမျိုးမျိုးကွဲပြားမှု ရှိ ပေမယ့်  အထက် မှာ ဖော် ပြထားတဲ့ ပုံ ထဲက ပဋိ ပက္ခ အဆင့်  ဆင့်  ကို ပညာရှ င် အများစု က အသုံးပြုလေ့ ရှိ ပါတယ် ။ နို င် ငံ တွေအကြား(သို့ မဟု တ် ) နို င် ငံ တွင်းမှာ မှီ တင်းနေထို င် ကြတဲ့ လူ မျိုးစု တွေအကြား (သို့ မဟု တ် ) နို င် ငံ တော် ရဲ့ အစိုးရနဲ့ ပြည် သူ လူ ထု အကြားမှာ ကွဲပြားခြားနားတဲ့ တန် ဖိုးထားမှုတွေ၊ လို အပ် ချက် တွေနဲ့ အကျိုးစီးပွားတွေ ရှိ ပါတယ် ။ ဒီ လို ကွဲပြားခြားနားမှုတွေဟာ ရံ ဖန် ရံ ခါမှာ ပဋိ ပက္ခ ဖြစ် စေနို င် တဲ့ အကြောင်းတရားတွေ ဖြစ် လာတတ် ပါတယ် ။ ဒီ အဆင့်  ကို Latent stage လို့  ခေါ်ဆို လေ့ ရှိ ပါတယ် ။ ဒီ အဆင့်  ကနေ ရှေ့ ဆက် ပြီးဖြစ် လာတဲ့ triggering event တခု ဟာ ပဋိ ပက္ခ ကို ဖောက် ခွဲပစ် လို က် နို င် ပါတယ် ။ ဥပမာဆို ရရင် ၁၉၆၈ ခု နှ စ် မှာ အို င် ယာလန် မြောက် ပို င်းက ကက် သလစ် ဘာသာဝင် လူ နည်းစု ဟာ နို င် ငံ သားဆို င် ရာ အခွင့်  အရေးတောင်းဆို မှုတွေကို အကြမ်းမဖက် ဆန္ဒ ပြတဲ့ နည်းနဲ့ ပြုလု ပ် ခဲ့ ကြပါတယ် ။ ဒီ ဆန္ဒ ပြပွဲကို လူ များစု ပရို တက် စတင့်  ဘာသာဝင် တွေက ထိ န်းချုပ် တဲ့ အစိုးရက အင် အားသုံးဖြိုခွင်းခဲ့ ပါတယ် ။ အဲဒီ မှာတင် အတိ တ် က ရှိ ခဲ့ ဖူးတဲ့ စိ တ် ဒဏ် ရာအနာတရတွေ ထွက် ပေါ်လာပါတယ် ။ ပြန် ပြောင်းသတိ ရမှု တွေ ဖြစ် ပွားလာပါတယ် ။ နောက် ဆုံးမှာတော့ လွတ် လပ် တဲ့ အို င် ယာလန် နို င် ငံ တည် ဆောက် ရေး တောင်း
ဆို မှု တို က် ပွဲတွေအထိ ကြီးကျယ် သွားပါတော့ တယ် ။ ဒီ အခြေအနေဟာ conflict emergence အခြေအနေပဲဖြစ် ပါတယ် ။ ဒီ အဆင့်  မှာ လူ အများ ပူးပေါင်းပါဝင် လာကြပါတယ် ။ လူ အများက ရွေးချယ် တဲ့ ခေါင်းဆောင် ပဲဖြစ် ဖြစ် ၊ တံ ဆိ ပ် ကပ် ခေါင်းဆောင် ပဲဖြစ် ဖြစ် ခေါင်းဆောင် တွေ ပေါ်ထွက် လာပါတယ် ။ အဲဒီ ကနေတဆင်ပဋိ ပက္ခ ဟာ တစတစနဲ့ ကျယ် ပြန့် သွားပါတော့ တယ် ။ အများက
ပူးပေါင်းပါဝင် မှု တွေ ရှိ လာပါတယ် ။ ပဋိ ပက္ခ ဖြစ် ကြတဲ့ နှ စ် ဦးနှ စ် ဘက် အကြားက အပေါ့ စား
နည်းဗျူဟာ (light tactic) တွေဖြစ် တဲ့ အပြုသဘောဝေဖန် ဆွေးနွေးငြင်းခု န် မှု၊ ကတိ က၀တ် ပြုမှုတွေကနေ အပြင်းစားနည်းဗျူဟာ (Heavy tactic) တွေဖြစ် တဲ့ ခြိ မ်းချောက် မှု၊ ပါဝါကစားမှုနဲ့
အကြမ်းဖက် မှုတွေ ဖြစ် လာပါတယ် ။ ပဋိ ပက္ခ အရွယ် အစားကြီးလာပါတယ် ။ အဖြစ် အပျက် တခု တည်းကို အာရုံ စို က် မှုကနေ ကိ စ္စ ရပ် တွေပို များလာတယ် ။ ပါဝင် တဲ့ ဘက် နှ စ် ဘက် မှာ ညှိ နှိုင်းဖို့  အဆင့်  မဟု တ် တော့ ပဲ တဘက် နဲ့ တဘက် အနို င် ယူ ဖို့  အဆင့်  ဖြစ် လာပါတယ် ။ ဒီ အခြေအနေကို conflict escalation ဖြစ် လာတဲ့ အဆင့်  လို့  သတ် မှ တ် ကြပါတယ် ။ဒီ လို နဲ့ conflict escalation အဆင့်  မှာ အချိ န် ကြာလာတဲ့ အခါ နှ စ် ဘက် စလုံးက နို င် လဲမနို င် ၊ ရှုံးလဲ မရှုံးတဲ့ အခြေအနေကို ရောက် လာပါတယ် ။ နှ စ် ဘက် စလုံး ခြေကု န် လက် ပမ်းကျ လာတဲ့ အခြေအနေမျိုးကို ပြောတာပါ။ ဒါပေမယ့်  နှ စ် ဘက် စလုံးကလဲ ရှုံးတယ် လို့  လက် မခံ နို င် ကြသလို ဘက် တဘက် က အရှုံးပေးလို က် တယ် ဆို တာမျိုးလဲ မရှိ ပါဘူး။ အဲဒီ လို အခြေအနေမျိုးကို Stalemate အဆင့်  လို့  သတ် မှ တ် ကြပါတယ် ။
(ဆက်လက်ဖော်ပြပါမည်)