Tuesday, January 5, 2010

အားလုံးအတွက် သိမှတ်စရာလေးပါ


ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ် ။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့ တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာ န်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။

ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ်
သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး
ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။
ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ
မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။

လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခြင်း

FREEDOM OF ASSOCIATION
လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခြင်း
လွတ်လပ်စွာ အသင်းအပင်းများဖွဲ့ စည်းခွင့်နှင့်စည်းရုံးခွင့်အားအကာအကွယ်
ပေးခြင်းဆိုင်ရာ ပြဌာန်းချက် ၁၉၄၈ (အမှတ်- ၈၇)
မူဝါဒ
အစိုးရအာဏာပိုင်များမှသီးခြားကင်းလွတ်၍ အလုပ်သမားများနှင့်အလုပ်ရှင်
များက ၄င်းတို့ ၏အကျိုးစီးပွါးများကို ကာကွယ်ရန်နှင့် ထပ်မံတိုးချဲ့နိုင်ရန်၎င်း
တို့ ကိုယ်တိုင်ရွေးချယ်မှုဖြင့် လွတ်လပ်စွာအဖွဲ့ အစည်းများထူထောင်နိုင်ခွင့်
သို့ မဟုတ် အသင်းဝင်နိုင်ခွင့်
အခြေခံအခွင့်အရေးများ
အခွင့်အရေး (၃) မျိုး မှာ အခြေခံအခွင့်အရေးဖြစ်သည်။
(၁) ခုခံကာကွယ်ရန်နှင့် နောက်ထပ်အကျိုးစီးပွါးများအတွက် စည်းရုံးနိုင်ခွင့်
(၂) စုပေါင်းညှိနှိုင်းအရေးဆိုပိုင်ခွင့်
(၃) သပိတ်မှောက်ခွင့်
အခြခံအခွင့်အရေးမှာအကြွင်းမဲ့မဟုတ်ပါကန့်သတ်ချက်များနှင့်စည်းကမ်းသတ်မှတ်ချက်ပေါ်တွင်အပြောင်းအလဲရှိသည်။
RIGHT TO ORGANIZE 2
စည်းရုံးပိုင်ခွင့်
အစိုးရနှင့်ပုဂ္ဂလိက ဌါနများ၏ စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေး ၀န်ထမ်းများ
အပါအ၀င် အလုပ်ရှင်များအားလုံး
- အစိုးရ အမှုထမ်း
- ကျောင်းဆရာကျောင်းဆရာမ
- အစိုးရစီးပွါးရေးလုပ်ငန်းဝန်ထမ်းများ
- တရားရေးဝန်ထမ်းများ
- အကျဉ်းထောင်ဝန်ထမ်းများ
- လုံခြုံရေးဝန်ထမ်းများ
- ကာကွယ်ရေးလက်အောက်ခံစက်မှုလုပ်ငန်းများရှိအရပ်သားဝန်ထမ်းများ
- အခြေခံဝန်ဆောင်မှုရှိအလုပ်သမားများ
- မိမိကိုယ်ကိုယ်ခန့် အပ်ထားသောဝန်ထမ်းများ
(လက်နက်ကိုင်တပ်ဖွဲ့ နှင့်ရဲသားများမှအပ)
စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးဝန်ထမ်းများအား အုပ်ချုပ်ရေးဝန်ထမ်းမဟုတ်သူများနှင့်သီးခြားခွဲ၍စည်းရုံးရန်လိုအပ်။
အုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးဝန်ထမ်းမဟုတ်သူများ၏သမဂ္ဂများရှိအဖွဲ့ ဝင်ဖြစ်ခြင်းဆိုင်ရာအခြေခံများကိုဖယ်ရှား
ဖျက်ဆီးပစ်ခြင်းမဟုတ်ရန်လိုအပ်သည်။
WHO HAS THE RIGHT TO ORGANIZE 3
ဘယ်သူတွေမှာစည်းရုံးခွင့်ရှိသလဲ
- ထူးခြားချက်မရှိသောအလုပ်သမားများ
- လုပ်ခစားများ၊ တစ်သီးပုဂ္ဂလ(မိမိကိုယ်ကိုယ်သတ်မှတ်ထားသော)
အလုပ်သမားများ-ဥပမာ အလုပ်လုပ်၍အသက်မွေးသော သို့ မဟုတ်
အသက်မွေးရန်ဆန္ဒရှိသော
- အလုပ်လက်မဲ့ (ကြုံရာကျဘမ်း ) မည်သူမဆို
- နိုင်ငံသားအလုပ်သမား (ပုံမှန်နှင့်ပုံမှန်မဟုတ်သော) နှင့်ရွှေ့ပြောင်း
အလုပ်သမားများ
- အစိုးရ၀န်ထမ်းများ ၊ အစိုးရပိုင်စီးပွါးရေးလုပ်ငန်းများရှိသောအလုပ်
သမားများနှင့် အစိုးရကော်ပိုရေးရှင်းများ
- စိုက်ပျိုးရေးအလုပ်သမားများ
- ပို့ ကုန်ထုတ်လုပ်ရေးဇုံများနှင့်စက်မှုဒေသများမှအလုပ်သမားများ
- သမရိုးကျမဟုတ်သောအလုပ်သမားများ(ယာယီ၊သက်တမ်းသတ်မှတ်
ထားသော၊ ရှောင်တခင်၊အချိန်ပိုင်း၊ရာသီအလိုက်)အလုပ်သမားများ
- သမရိုးကျမဟုတ်သော စီးပွါးရေးလုပ်ငန်းများရှိအလုပ်သမားများ
(အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍရှိစီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ၊အလုပ်ရှင်များ)
လက်နက်ကိုင်တပ်ဖွဲ့ များနှင့်ရဲတပ်ဖွဲ့ တို့ မပါဝင်ပါ

Monday, January 4, 2010

လွတ်လပ်ပြီလား မြန်မာပြည်



ထူးခြားလွန်းသော ကျနော်တို့နိုင်ငံ

ကမ္ဘာမှာတခြားနေရာဘယ်နေရာမှာမရှာလို့မရပဲ ကျွန်တော်တို့နိုင်ငံမှာပဲ ထူးထူးခြားခြားဖြစ်နေတာတွေပါ။

လူထုတွေဒီမိုကရေစီစံနစ်မှာစည်းကမ်းရှိရှိနေနိုင်အောင်၊ လူထုတိုးတက်ချမ်းသာအောင်လို့ ကြွေးကြော်ချက်တွေ တပြုံကြီးထုတ်၊ ဆိုင်းဘုတ်တွေနေရာတိုင်းမှာထောင်၊ မိန့်ခွန်းတွေတလှေကြီးပေးပြီး နိုင်ငံနဲ့လူထုတနေ့တခြား ဆင်းရဲတွင်းနက်သထက်နက်လာအောင်၊ ငတ်မွတ်သထက်ငတ်မွတ်လာအောင်၊ ပြာကျသထက်ပြာကျလာအောင် လုပ်နိုင်တဲ့အစိုးရမျိုး ကမ္ဘာမှ ကျွန်တော်တို့နိုင်ငံကနေလွဲပြီး တခြားဘယ်နေရာမှာမှရှာလို့မရပါဘူး။ ပြောတာ တွေနဲ့လုပ်တာတွေတခြားစီဖြစ်တာတွေမှတ်တမ်းကိုမလုပ်နိုင်တော့လောက်အောင် လုပ်နေတဲ့ စစ်အာဏာရှင် စံနစ်ကလဲ ကမ္ဘာမှာသက်ဆိုးအရှည်ဆုံးတခုအဖြစ် ပြိုင်သူကင်းလောက်အောင် စံတင်နေတာလဲ ကျွန်တော်တို့ နိုင်ငံတခုပဲရှိပါတော့တယ်။

ပြည်သူလူထုကြီးပွါးတိုးတက်ရေးအတွက်ဆိုပြီး ပါးစပ်ကအမြှုပ်ထွက်အောင်ပြောပြီး လူထုတွေထမင်းရည်ကို တောင်စဉ်းစားသောက်နေရတဲ့အချိန်မှာ လူထုရှေ့ကနေလူထုကိုဦးဆောင်မယ်ဆိုတဲ့ စစ်အာဏာရှင်တွေက အ တိုင်းအဆမရှိချမ်းသာသထက်ချမ်းသာလာနေတာကိုလဲ ကမ္ဘာမှာ ကျွန်တော်တို့နိုင်ငံကလွဲရင် ရှာရမလွယ်တော့ ပါဘူး။ သူတို့ထက်ပိုပြီးအဲ့ဒီလိုနိုင်ငံပိုပျက်အောင်၊ လူမျိုးပိုဆင်းရဲအောင်လုပ်နိုင်တဲ့သူများရှိဦးမလားဆိုပြီး ပြိုင် ဘက်ကင်းကင်းအနိုင်ရအောင်လုပ်နေတဲ့နေရာမှာလဲ စံချိန်ဘယ်သူမှပြိုင်မချိုးနိုင်တဲ့နေရာလဲ ကျွန်တော်တို့ဆီမှာ ပါပဲ။

ဘာသာရေးကိုလေးစားတယ်ဆိုပြီး ဘာသာရေးရဲ့အထွတ်အမြတ်ထားတာတွေကို သေနတ်နဲ့ပစ်၊ ရိုက်နှက်နှိပ် စက်လုပ်ပြီး ဘာသာရေးထဲမှာပြောထားတာ၊ သွန်သင်ဆုံးမတာတွေကို ပြောင်းပြန်မျက်နှာပြောင်တိုက်လုပ်နိုင် တာလဲ တခြားမှာမရှိပါဘူး။ ဘုန်းကြီးကို သေနတ်ထောက်၊ ဆုံးမစကားပြောပြီး၊ စာချတာမျိုးကိုလဲ ကျွန်တော်တို့ ဆီကသူတွေကလွဲရင် တခြားဘယ်မှာမှတွေ့ရမှာမဟုတ်ပါဘူး။ ဟစ်တလာတောင် ဒီလောက်မလုပ်နိုင်ခဲ့ဘူး။

ကိုယ့်အိမ်ထဲသူများဖေါက်ဝင်လာတာခံရတဲ့အတွက် အိမ်ရှင်မှာအပြစ်ရှိတယ်။ ဘာမှအညှိုးအစမရှိပဲ အလကားဦး နှောက်မရှိတဲ့သူတွေက ဝိုင်းရိုက်တာခံရပြီး ရိုက်ခံရမှုအတွက် တရားစွဲခံရသေးတယ်ဆိုတဲ့ တရားဥပဒေလား၊ မတရားဥပဒေလားဆိုတာမျိုးလဲ ဟစ်တလာလက်ထက်က ဂျာမနီမှာတောင်မရှိခဲ့သေးဘူး။ ကျွန်တော်တို့နိုင်ငံ မှာပဲ ကမ္ဘာ့အဆိုးဆုံးစံချိန်တွေလိုက်ချိုးနေတဲ့အစိုးရလက်ထက်မှာသာရှိတယ်။ ဒီလောက်ကောင်းတဲ့မတရားဥပ ဒေမျိုးကိုလဲ ကမ္ဘာတွင်သာမက၊ စင်္ကြာဝလာတခုလုံးမှာရှာတွေ့နိုင်မှာမဟုတ်ပါဘူး။

ဟစ်တလာကို ဦးနှောက်ရှိတဲ့လူသားတိုင်းကမုန်းကြပြီး ဟစ်တလာလုပ်ခဲ့တဲ့အဆိုးတွေကို ရွံရှာခဲ့ကြတယ်။ ဟစ် တလာကိုချစ်ပြီး သူ့အကြိုက် ရှပ်ညိုတပ်ဖွဲ့လို ကြံဖွတ်တို့ - စွမ်းအားရှင်တို့ဖွဲလုပ်ကြတာမျိုး၊ ဟစ်တလာ့ လမ်း စဉ်လိုက်ပြီး ဖအေတူသားဖြစ်အောင်လုပ်နိုင်တဲ့ အစိုးရမျိုးကိုလဲ မြန်မာနိုင်ငံကလွဲရင် ဘယ်မှာမှရှာရမှာမဟုတ် သေးဘူး။

ဒီလောက်ဖိနှိပ်မှုတွေပြည့်ကျပ်နေပေမဲ့ ပါတီတွေတပြုံတခေါင်းကြီးနဲ့အစုစုအဖွဲ့ဖွဲ့တွေကွဲပြီး ညီညွတ်ရေးပျက်နေ တာမျိုးကိုလဲ တခြားကမ္ဘာမှာရှာရခက်ပါလိမ့်မယ်။ နယ်စပ်မှာဆို ၂ယောက်နဲ့၃ဖွဲ့ဖွဲ့နေကြတဲ့ တပ်ပေါင်းစုပေါင်း ၈ခုတောင်ရှိတယ်တဲ့။ တပ်ပေါင်းစုများရဲ့တပ်ပေါင်းစုများထောင်ဘို့တောင်မှ စဉ်းစားတွေးခေါ်နေကြတဲ့မဟာပ ညာရှင်ခေါင်းဆောင်ကြီးများကိုလဲ တခြားမှာတွေ့နိုင်မှာမဟုတ်လို့ တရိစ္ဆာန်ရုံမှာအထူးအခြားသတ္တဝါတွေအဖြစ် ပြထားဘို့ကောင်းလှတယ်။ လူပုံပေါက်နေသော အလွန်ထူးခြားသည့် အတွေးအခေါ်မရှိသူများဆိုပြီးတော့ပေါ့။

အသက်၈၀ကျော်ပြီး ဘာမှမစဉ်းစားနိုင်တော့တဲ့အထိ တိုင်းပြည်ခေါင်းဆောင်နေရာကို ချုပ်ကိုင်ထားချင်တဲ့အာ ဏာရှင်တွေနဲ့ပြိုင်ပြီး ဘာအရည်အချင်းမှမပြနိုင်သော်လည်း ခေါင်းဆောင်အဖြစ်တော့ သေသည်အထိဆက်နေ ရာယူလိုကြတဲ့ အတိုက်အခံခေါင်းဆောင်ဆိုသူတွေကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါတပြုံတခေါင်းကြီးမြင်ရတာ မျိုးကိုလဲ ကျွန်တော်တို့နိုင်ငံက လွဲပြီးသိပ်တွေ့ရမှာမဟုတ်တာသေချာပါတယ်။

သေစရာ၊ ဖမ်းခံစရာရှိရင်တော့ ငယ်သားတွေနဲ့ လူထုရဲ့တာဝန်ဖြစ်လို့၊ ငယ်သားတွေနဲ့လူထုကရဲရဲလုပ်ကြပါ။ အခွင့်အရေးရစရာရှိရင်နဲ့ဘာမှပေးဆပ်ရတာမရှိပဲကြော်ကြားမှုရတာမျိုးအတွက်ဆိုရင်တော့ တာဝန်သိသိနေရာ ဝင်ယူရဲကြတဲ့အတိုက်အခံခေါင်းဆောင်မျိုးတွေနဲ့ပြည့်ပြီး ငယ်သားထက်၊ ခေါင်းဆောင်တွေကအဆမတန်များနေ ကြတာမှာလဲ စံတင်ထားလောက်ပါရဲ့။ အနှစ်၂၀ကျော်ပြီး ဘာစွမ်းရည်မှမပြနိုင်ပဲနဲ့ ဘာပြောင်းလဲမှုကိုမှဖေါ် ဆောင်နိုင်တာလဲမရှိပဲ ခေါင်းဆောင်အမည်ခံ မျက်နှာပြောင်တိုက်ရဲတဲ့သူမျိုးကိုလဲ တခြားဘယ်မှာမှ ရှာရမှာမ ဟုတ်ပါဘူး။ သူများဒီမိုကရေစီဆို၊ လိုက်ဒီမိုကရေစီလိုက်၊ သူများက အခြောက်အခွင့်အရေးဆို လိုက်ပြီးခြောက် တောက်တောက်ဖြစ်ပြလိုက်၊ သူများက အမျိုးသမီးအခွင့်အရေးဆို မုဒိမ်းကျင့်မိန်းမတွေကိုနှိပ်စက်ထားဘူးတာမေ့ ပြီး လိုက်ထမိန်ဝတ်လိုက်နဲ့ ခေါင်းဆောင်ကြီးတွေက အများအကျိုးအတွက် သယ်ပိုးတာလား၊ သယ်ပိုးချင် ရောင် ဆောင်တာလားမသိပဲနဲ့ တနေ့တခြားပိုချမ်းသာလာနေကြတာမျိုးကလဲ ဒီမှာကလွဲပြီး ဘယ်မှာမှ ဒီလိုမျက်နှာ ပြောင်တိုက်ပြိုင်ပွဲနဲ့ပထမဆုရထားတဲ့သူတွေမရှိပါဘူး။

လူတယောက်က တပြိုင်နက်ထဲအလုပ်နှစ်ခုကို လုပ်နိုင်တဲ့သူရှားရှားပါးပါးဖြစ်ပေမဲ့၊ သူတို့ဘာသာသူတို့ ဘယ် နေရာတွေပေးထားတယ်မှန်းမသိလောက်အောင် နေရာတွေတပြုံကြီးယူပြီး ဘယ်နေရာကမှဟုတ်တိပါတ်တိ အလုပ်မလုပ်တဲ့ အလုပ်လုပ်ရမှာနဲ့စွန့်လွှတ်ရမှာတွေကိုတော်လှန်သူခေါင်းဆောင်ကြီးတွေမျိုးကိုလဲ ကျွန်တော် တို့နိုင်ငံမှာကလွဲလို့ဘယ်မှာမှတွေ့ရမှာမဟုတ်ပါဘူး။

ဘာဖြစ်ဖြစ် ဘာအကောင်အထည်မှပေါ်မလာတဲ့အစည်းအဝေးတွေတပြုံကြီးလုပ်၊ ဘယ်သူမှမဖတ်ကြပဲ အဆုံးမ ရှိတဲ့ကြေငြာချက်တွေပဲထိုင်ထုတ်ဘို့အသင့်ပြင်နေကြတဲ့ ဘာတွေဘယ်လိုတော်လှန်မယ်မှန်းမသိတဲ့တော်လှန် ရေးအဖွဲ့ကြီးများ၊ တပ်ပေါင်းစုကြီးများ၊ တပ်ပေါင်းစုများ၏တပ်ပေါင်းစုကြီးများတွေကိုလဲ တခြားနေရာတွေမှာ ကြားတောင်မကြားဘူးကြရရှာပါဘူး။

ဒီမိုကရေစီကဘယ်နေသေးမှန်းမသိဘူး၊ ဒီမိုကရေစီရရင် ဘာတွေကိုဘယ်လိုလုပ်ပြီး တိုင်းပြည်ပြန်လည်တည် ထောင်ရေးလုပ်ဘို့အသင့်ပြင်နေကြတဲ့၊ ဒီမိုကရေစီရအောင်ဘယ်လိုလုပ်ရမယ်မှန်းမသိပဲ လုပ်လဲမလုပ်ပြနိုင်ပဲ ဘာကြောင့်များမှန်းမသိပဲ ကျွမ်းကျင်သူအတတ်ပညာရှင်ကြီးတွေဖြစ်နေကြတဲ့သူတွေတပြုံတခေါင်းကြီးရှိနေတဲ့ ကြားထဲကပဲ ဒီမိုကရေစီဘယ်လိုရအောင်လုပ်ကြမလဲဆိုတဲ့မေးခွန်းကိုမေးလဲမမေးသလို၊ စဉ်းစားအဖြေရှာလို့ မရ ကြတဲ့သူ အထူးကျွမ်းကျင်သူကြီးများဖြစ်နေကြတာမျိုးကိုလဲ ဘယ်နေရာမှာမှ ရှာတွေ့နိုင်မယ်မဟုတ်ပါဘူး။

ဟိုလူလာကယ်နိုးနိုး၊ ဒီလူလာကယ်နိုးနိုး၊ ပြည်သူလူထုကြီးကကယ်မှပဲလွတ်လပ်ကြရတော့ပါမယ်ဆိုပြီး ကယ် တင်ရှင်စောင့်၊ တွေ့ကရာလူခြေသလုံးလိုက်ဖက်တောင်းပန်နေတဲ့သူတွေကပဲ တော်လှန်ရေးခေါင်းဆောင်ကြီး များဖြစ်နေကြတာနဲ့၊ တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေဆုတောင်းနေကြတဲ့တော်လှန်ရေးလုပ်နေသူကြီးများတွေ ပြည့်နှက်နေတဲ့နေရာဟာလဲ ကျွန်တော်တို့နိုင်ငံကလွဲလို့ဘယ်နေရာမှမရှိပါဘူး။

ကဲ ကျွန်တော်တို့ပြည်သူပြည်သားတွေအားမငယ်ကြပါနဲ့။ ဒီလိုတခြားဘယ်နေရာမှာမှရှာလို့မရနိုင်တာတွေ ပြည့်နေတဲ့နေရာမှာ ကျွန်တော်တို့လဲ တခြားဘယ်သူမှမလုပ်ကြသလို စိတ်ကူးယဉ်အိမ်မက်ထိုင်မက်ပြီး လေထဲ တိုက်ဆောက်ကြတာပေါ့။

တခြားရှာမှရှားတွေကို ထပ်တောင်မစဉ်းစားရဲတော့တဲ့

အေးချမ်း

လွပ်လပ်မှုနှင့်ညီမျှမှုကိုရှေးရှုလျှက်


ဟေး - ကျွန်တော်တို့အားလုံး တယောက်နဲ့တယောက်မယုံမကြည်ဖြစ်မှုနဲ့ စည်းစံနစ်ကင်းမဲ့မှုတွေအောက်မှာ အင်အားမရှိတဲ့ စက္ကူကျားတွေဖြစ်ခဲ့ကြတာကြာနေကြပြီ။ ဒီလိုဖြစ်နေအောင်လဲ အာဏာရှင်စံနစ်က ဖန်တီးထား တယ်။ မကြိုက်ကြပေမဲ့လဲ ကျွန်တော်တို့အားလုံး ခင်းပေးတဲ့ဇာတ်လမ်းထဲမှာပဲ ကနေခဲ့ကြရတယ်။

- လူသားဖြစ်တဲ့ကျွန်တော်တို့တတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဘို့၊ ကိုယ့်ဘဝဇာတ်ကို ရုပ်သေးရုပ်မဟုတ်ပဲ ကိုယ့်ဘာသာကိုယ်တည်ဆောက်နိုင်ဘို့ ဘယ်ကနေစပြီးလုပ်ရလုပ်ရ၊ ဘယ်လိုအခက်အခဲကိုကျော်လွှားရပစေ စ လုပ်သင့်ပြီမဟုတ်ဘူးလား။ မသိတဲ့ မနက်ဖြန်ကိုစောင့်စားမဲ့ လက်ထဲရှိနေတဲ့ဒီနေ့ကနေ စလုပ်ကြရင် သိပ်ပြီး နောက်ကျမှာမဟုတ်ပါဘူး။

ဟေး - ကျွန်တော်တို့ရှေ့က ရဲရဲတောက်တောက်အမှန်တရားအတွက် ရပ်တည်ပြသွားကြတဲ့

အကို၊ အမတွေကို ဘယ်လိုသတ္တိတွေနဲ့များလုပ်ခဲ့

ကပါလိမ့်ဆိုတာကိုပဲ အံ့သြရင်း၊ ငေးမောရင်း သူတို့ပေးဆပ်ခဲ့ကြတာတွေအားလုံး အတွက်နဲ့ သူတို့ရဲ့ပေးဆပ်မှုတွေ၊ နာကျင်ခံစားရမှုတွေကို နာကျင်စွာငေးမောရင်း၊ တွေးတောရင်း၊ တွေဝေတုန့် ဆိုင်းနေခဲ့ကြမိတယ်။

- တွေဝေတာတွေကိုမောင်းထုတ်ပြီး စိတ်ကူးယဉ်နေတာမျိုးလဲမဖြစ်စေပဲ လက်တွေ့ဆန်၊ စည်းကမ်းစီစဉ်မှုစံနစ် တကျရှိမှုတွေနဲ့ အားလုံးလုပ်သင့်လုပ်ထိုက်တာကို စလုပ်ကြရင်၊ ကိုယ့်သားသမီးတွေမိသားစုတွေရဲ့နောင်ရေး အတွက် ကျွန်တော်တို့အားလုံးတာဝန် ကျေပွန်အောင်လုပ်သင့်တာနဲ့လုပ်နိုင်တာတွေကို အားလုံးတူတူလုပ်ပြီး စုပေါင်းအား တည်ဆောက်ကြလို့ရလာမှာပါ.

ဟေး - တဖြည်းဖြည်းနိမ့်ကျလာတဲ့ ကိုယ်မိသားစုအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံသားတွေအား လုံးရဲ့ ဘဝတွေ၊ အဖြစ်အပျက်တွေအားလုံးကို ရင်နာနာနဲ့၊ ဘာမှမလုပ်နိုင်ပဲလက်ပိုက်ကြည့်နေကြရ၊ တောက် ခေါက်နေခဲ့ကျရတယ်။ ငါတို့အလှည့်ကျရင်တော့လို့ ရင်တွင်းကြိတ်မှိတ်ကြိမ်းဝါးရင်း၊ ဘယ်တော့မှန်းမသိတဲ့၊ ဖြစ်လာစရာလမ်းမမြင်ရသေးတဲ့ ငါတို့အလှည့်ဆိုတာကို မဝံ့မရဲအိမ်မက်ထဲမုန့်ထုတ်ရနည်းမျိုးစောင့်နေမိဆဲပဲ။

- ထိုင်ငြီးညူနေကြတာထက်၊ ထိုင်စိတ်ဆင်းရဲနေကြတာထက်၊ လက်တွေ့ဒီအခြေအနေတွေကို ဘယ်လို ပြောင်းပြစ်လို့ရမလဲ စတွေးတောစဉ်းစားကြရင်း၊ နည်းလမ်းရှာတာကို အားလုံးလုပ်လာကြရင်၊ အားလုံး လက်တွဲပြီး နွံထဲ ကရုန်းကန်တက်ဘို့ အချင်းချင်းအားပေး၊ နွေးထွေးစွာနဲ့ စုပေါင်းကြိုးစားကြရင် အနဲ ဆုံးကျွန်တော်တို့ နွံအိုင်ထဲ ကလွတ်ပြီး လမ်းပြုပြင်နိုင်လာပါလိမ့်မယ်။ တယောက်တအားနဲ့စုထားတဲ့ အားတွေကို ညီညာရင်ဘယ်တခြား အင်အားကမှ လွယ်လွယ်နဲ့ချေဖျက်လို့ရမှာမဟုတ်ပါဘူး။

ဟေး - တခါလာပြောင်းလဲတော့နိုး၊ ကမ္ဘာကပဲမနေနိုင်ပဲ ကယ်လေနိုး၊ ဒီမိုကရေစီမြတ်နိုးတယ်ဆိုတဲ့နိုင်ငံကြီး တွေကပဲ အဆုံးစွန်တဲ့ဖိနှိပ်မှုတွေကို မခံမရပ်နိုင်တဲ့အဆုံး ဘာမှမရှိပဲချိနဲ့အားနဲနေတဲ့ လူထုကြီးဘက်ကဝင်ရပ်ပြီး ကယ်တင်နိုးနိုး၊ အပြင်ထွက်သွားပြီး အမျိုးမျိုးဖြစ်သွားကြတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်နေကြတယ်ဆိုတဲ့တော်လှန် သူတွေကပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ပြန်လာကယ်ကြသလို ကယ်ကြနိုးနဲ့စောင့်ရတာမျိုးကလဲ ဆယ်စုနှစ်၂ခုကို တောင်ကျော်လာခဲ့ပြီးပြီ။

- တကယ်က ကိုယ့်နိုင်ငံနဲ့ကိုယ့်အရေးကိစ္စက တခြားဘယ်သူ့အရေးမှမဟုတ်ပါဘူး။ သူတောင်းစား လိုကယ်ပါ ယူပါနဲ့တွေ့သမျှလူကို လိုက်အသနားခံနေကြရလောက်အောင် ပျော့ညံ့ကြတဲ့သူတွေလဲ မဟုတ်ကြဘူး ဟုတ်လား။ ဘယ်သူကမှလဲ ကိုယ့်အရေးကို သူတို့အကျိုးစီးပွါးမပါပဲနဲ့လုပ်ပေးကြ လိမ့်မယ်မဟုတ်ဘူး။ ကိုယ့်အရေးက ကျွန်တော်တို့အားလုံးရဲ့အရေးပါပဲ။ ကျွန်တော်တို့အားလုံး ကိုယ့်အားကိုကိုးကြမှ၊ ကိုယ့်ဘာသာကိုယ်စလုပ်ကြမှ ဖြစ်မှာပါ။ ဒါတွေလုပ်ဘို့လဲလုပ်နိုင်ဖြစ်နိုင်စေ တဲ့အားတွေ ကျွန်တော်တို့အားလုံးမှာရှိနေကြပါတယ်။ ကျွန်တော်တို့အားလုံး ဒီအားတွေကိုရှာဖွေ စုစည်းပြီး ကိုယ်လုပ်သင့်တာတွေကို လုပ်လာကြရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘဝ၊ နောင် လာနောက်သားတွေရဲ့ ဘဝကောင်းတွေအတွက် ဖန်တီးရှင်တွေဖြစ်လာမှာပါ။ ရုပ်သေးရုပ်ဘဝက လွတ်မြောက်ပြီး ဖန်တီးနိုင်တဲ့သူတွေဖြစ်ဘို့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲအားကိုးကြရ မှာပါ။

အခုအချိန်ကစပြီး ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဘဝကိုယ်ဖန်တီးတဲ့ - ကိုယ့်မျိုးဆက်တွေရဲ့နောင်ရေးကောင်းလာ အောင်ကြိုးစားကြတဲ့၊ စုစည်းညီညွတ်ကြတဲ့ ကမ္ဘာမှာမြန်မာဟေ့လို့ပြန်ကြွေးကြော်နိုင်ပြီး ဂုဏ်သိက္ခာနဲ့ပြန်နေ နိုင်စေမဲ့လူတွေဖြစ်ဘို့အတွက် နည်းလမ်းတွေ၊ အင်အားတွေစုရှာပြီး ညီညီညွတ်ညွတ်လုပ်ကြစို့ဗျာ။

အားလုံးညီညွတ်ကြရင်၊ အစီအစဉ်ကောင်းကောင်းနဲ့ နည်းလမ်းမှန်မှန်လုပ်ကြရင် ဘယ်လိုလက်နက်တွေကမှ ကျွန်တော်တို့ကို ဖိနှိပ်နေနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံးပြစ်တဲ့ကျည်ဆံထက် အားလုံးကိုပြောင်းလဲစေဘို့ အ စဆုံးစတဲ့ သူတွေဖြစ်ကြဘို့ကြိုးစားကြရအောင်။