Sunday, January 3, 2010

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။


၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။


၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။


၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။


၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။


၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။


၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။
ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။

(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။ ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။

ဗမာ့ လွတ်လပ်ရေး ပြဿနာ

ဗမာ့ လွတ်လပ်ရေး ပြဿနာ

ဒေါ်အောင်ဆန်းစုကြည် ၏ သမိုင်းဝင်မိန့်ခွန်းများ

လွတ်လပ်ရေး ရခဲ့ တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီ..။
ဒါပေမယ့်ကျနော်တို့နိုင်ငံမှာ ဘာတွေများ လွတ်လပ်မှုရှိခဲ့လဲ...။
လွတ်လပ်ရေး ရဲ့ အနှစ်သာရကိုရော ခံစားခဲ့ရပြီလား ....။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းက ပြောပါလိပ်မယ်....။
Daw Aung San Su Kyi

Saturday, January 2, 2010

ဖြစ်သင့်သောနှစ်ဦး

ကုန်ဆုံးသွားတဲ့ ၂၀၀၉ ရဲ့ ၃၆၅ ရက်..
ခါးသီးစွာ ကိုယ်ရှေ့ဆက်…
တစ်ရက် နှစ်ရက် သုံးလေးရက်နဲ့ 
နောင်လာမဲ့ နှစ် ၂၀ ဆိုတာ..
ချန်ထားခဲ့တဲ့ နှစ် ၂၀ ဆိုဘဲ..
မြန်မာပြည်ရဲ့ အနာဂတ်ဟာ..
နှင်းမြူငွေ့ တွေထဲ ဝေ့၀ါးဆဲ ပန်းချီတချပ်…
တွေးမိရင်..အသက်ရှူတောင်ရပ်တယ်။

ဒို့ ခေတ်မှာ ညံ့တယ်တဲ့လား.?
၈.၈.၈၈..တပြည်လုံးအုံကြွဖြစ်တယ်။
ဒို့ တွေ ညံ့တာမဟုတ်..
သူယုတ်တွေ က ဒို့ ထက် ရက်စက်တတ်တာ..

လူဆိုတာ သေမှာကျ ကြောက်တာဘဲ..
အပ်စူးရင်တောင် ဘုရားတမြဲ..
ဘာကြောင့်..
သွေးအစွန်းခံ..ဒေါင်းအလံ လေယံမှာလွင့်နေသလည်း..
ထောင်တံခါးခေါက်…သူရဲကောင်းတွေ..ရင်ကော့ ၀င်ရောက်ဆဲ
ရှင်းနေတာဘဲ..
မတရားတာ ဘယ်သူမှမကြိုက်တာသေချာတယ်။

လောကမှာ မဖြစ်တာ မရှိ..
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တဲ့အရာ..
အဓမ္မဆိုတာ..သတ်ခဲ့ကြပါ။

့မြန်မာ၏ အနာဂတ်ကို သင် တွေးရဲလား..
ရောဂါပေါင်းစုံပြွမ်း..
ပိုးမွှားပေါင်းစုံကျက်စားတဲ့မြေ..
တောပြုန်း..မြေပြုန်..ရေသန့် သုန်း
မိုးလေ၀သ မုန်တိုင်းငလျှင်..
ရေကြီးဆည်ကျိုး..ဧရာဝတီမြစ်ပြုန်းတီးလျှင်..

တူညီနေထိုင်ကြ..ဘိုးဘွားပေးခဲ့တဲ့မြေ..
အနော်ရထာ..ဗုဒ္ဓရောင်ဝါထွန်းခဲ့တဲ့မြေ..
ဘုရင့်နောင်သွေးနဲ့ ..နယ်နမိတ်ပိုင်းခဲ့ရတဲ့မြေ..
ရဲဘော်သုံးကျိပ်နဲ့ ..တိုင်းပြည်ပြန်ရခဲ့တဲ့အမွေ..
ဒို့ မြန်မာအားလုံးကြိုးစားမှ..
သာယာလှမဲ့မြေ..

ကူုညီပါ ၀ိုင်းကူုပါ..
လူမှုရေး နိင်ငံရေးပညာရေး..ဘဏ္ဍာရေး..
ကျန်းမာရေး..စီမံရေး..
သင့်တော်သူများ ဦးစီးကြပါစေ…

လူသတ်သမားတွေ စစ်တန်းလျှား ပြန်သွား..
ရှေးရိုးစွဲ ခေတ်မမှီ အာဏာရှင်..
နိုင်ငံတော် အကြီးအကဲဆိုပါတဲ့..
လူကြီးမင်းတို့ ရှင်…

တိုင်းပြည်က ခြစားနေပြီ..
တစစီကြွေ..တရုပ်မြေလည်း ဖြစ်နေပြီ..
သင်..ခိုးနေတာလည်းရပ်သင့်ပြီ..
အမှန်တရားဘက် ရပ်သင့်ပြီ..
သင်တို့ ကို ပြည်သူုအလိုမရှိ..
ကျဆုံးသင့်တဲ့ အာဏာရှင်စံနစ်
သင်တိုင်းပြည်ကို..ချစ်က
သင့်သမိုင်း သင်ပြင်..
ဥပုဉ်ဆောင်သို့ ဝင်..

မသဒ္ဓါ ( ၁။၁။၂၀၁၀)
http://thadar.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

ကျနော်တို့ ဘယ်လိုနိုင်ငံသားမျိုးလဲ..




နိုင်ငံသား တွင် အမျိုးအစား အားဖြင့်(၅) မျိုးရှိပါတယ်.။
(၁) နိုင်ငံရေး ကိစ္စ များတွင် မဆိုင်သလိုနေသူများ
(တနည်း) မိမိအကျိုးစီးပွားမှလွဲပြီး စိတ်ဝင်စားမှုမရှိသူများ( Isolates)
(၂) မျက်ခြည်မပြတ် လေ့လာ စိတ်ဝင်စားမှုရှိသော်လည်း ပါဝင်ပတ်သက်မှုမရှိသူများ ( Bystanders)
(၃)နိုင်ငံရေး ကိစ္စ များ မိမိတို့ တစ်နိုင်ပါဝင်နေကြသောနိုင်ငံသားများ( Participants)
(၄) နိုင်ငံအရေး ၊နိုင်ငံတည်ဆောက်ရေး များတွင် တက်ကြွစွာပါဝင်လှုပ်ရှားသူများ
(တနည်း) မိမိကိုယ်ကျိုးစီးပွားထက် အများ၏ အကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံသားများ(Activists)
(၅) နိုင်ငံအတွက်ဆိုလျှင်မိမိ၏ကိုယ်ကျိုးစီးပွား သာမက အယူအဆ ၊အတွေးအခေါ်၊ အသက်အိုးအိမ်စည်းစိမ်
ကိုပင် စွန့်လွှတ်ဝံ့သော နိုင်ငံသားများ ( Diehards)
ကဲ မိတ်ဆွေ သင်ရော ဘယ်လိုနိုင်ငံသားမျိုးဖြစ်ပါသလဲ....?
မိမိတိုင်းပြည် အတွက် အခုလိုအချိန်မျိုးမှာ ဘယ်လိုနိုင်ငံသားမျိုးအနေနဲ့ ရပ်တည်မှာလဲ...?