Tuesday, December 22, 2009

ဖူးပွင့်ခွင့်မကြုံခဲ့ရသောပန်းကလေးများ



မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင်ကျောင်းသားထု၏အရေးပါမှုကိုစစ်အုပ်စုက သတိပြုမိခဲ့သည်။မြန့်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတလျှောက်တွင်ကျောင်းသားများသာ
ဦးဆောင်တိုက်ပွဲဝင်ခဲ့သည်။ဦးနေဝင်း၏ မဆလ အစိုးရကိုအပြုတ်တိုက်ခဲ့သည်မှာကျောင်းသား
များပင်ဖြစ်ခဲ့သည်။ထို့ကြောင့်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင်ကျောင်းသားလှုပ်ရှားမှု
မှန်သမျှကိုရက်စက်စွာချေမှုန်းပစ်ခဲ့သည်။ စစ်အုပ်စု၏ ရက်စက်စွာအစီအစဉ်တကျပြုလုပ်ခဲ့
သော ပညာရေးစနစ်အကြောင်းကို အောက်ပါအချက်များဖြင့်တွေ့နိုင်ခဲ့သည်။
(၁) ကျောင်းသား၊ကျောင်းသူများချစ်ခင်စည်းလုံးမှုမရှိစေရန်၊သတင်းအချက်အခက်အမှန်
မရစေရန်၊တိုင်းရင်သားညီအစ်ကိုမောင်နှမများချစ်ခင်စည်းလုံးမှုမရှိစေရန် ရည်ရွယ်ပြီး
စေတနာထားသယောင်ပြုကာ တက္ကသိုလ်၊ကောလိပ်များကိုနယ်ပယ်အသီးသီးတွင်သီးခြား
တည်ထောင်ပေးခဲ့သည်။
(၂)ယုတ်မာသောပညာရေးစနစ်တစ်ခုကိုရက်စက်စွာကျင့်သုံးခဲ့သည်။ကျောင်းသားကျောင်းသူများ
ပညာမတတ်စေရန်၊တွေးခေါ်နိုင်မှုမရှိစေရန်ခိုးချသော၊အအောင်ပေးသော
စနစ်များဖြင့်ပညာမတတ်ဘွဲ့ရများကိုမွေးထုတ်ပေးခဲ့သည်။
(၃) ငယ်စဉ်မှစပြီး အတွေးအခေါ်အယူအဆများမဖွံ့ဖြိုးစေရန်၊ပြန်လည်ကုစားသောစနစ်ကို
သူငယ်တန်းမှစတင်ကျင့်သုံးခဲ့သည်။ထို့ကြောင့်ကျောင်းသားမျိုးဆက်သစ်လူငယ်များ
မှာ ပညာရေးကိုတန်ဖိုး ထားသော၊ပညာကိုလိုလားသော ပညာတတ်လူငယ်များဖြစ်မလာ
တော့ပေ။
(၄)လူငယ်မျိုးဆက်များသည်တွေးခေါ်နိုင်စွမ်းမရှိလျှင် ထားရာနေ၊စေရာသွား၊ ပဲပြားပင်
လိုလေယူရာတိမ်းဘဝများဖြစ်လာပေတော့မည်။ထိုသို့ဖြစ်လာစေရန်ရည်ရွယ်ပြီး
ကလေးဘဝမှစကာ ပညာရေးတွင် လစဉ်သင်၊လစဉ်စစ်ပြန်ကြည့်စရာမလိုသောစနစ်
(တနည်းအားဖြင့်ဦးနှောက်အတွင်းသို့အနည်းငယ်သာမှတ်စေလိုသောစနစ်)ကိုကျင့်သုံး
ခဲ့စေခြင်းဖြင့်လူငယ်များ၏ဦးနှောက်ကိုဖျက်ဆီးပစ်ခဲ့သည်။

အထက်ပါအဖြစ်များသည်မြန်မာလူငယ်မျိုးဆက်တစ်ခုလုံးအတွက်စစ်အုပ်စု၏
အမှန်တကယ်ပြုကျင့်ခဲ့မှုများဖြစ်သည်။ဒါ့ကြောင့်မြန်မာ့ပညာတတ်မျိုးဆက်တစ်ခု
မှာအဆက်ပြတ်ခဲ့ရသည်။ပြန်လည်မွေးထုတ်ပေးရန်မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။
ထိုသို့မွေးထုတ်ပေးဖို့နောက်ထပ်နှစ်ပေါင်းများစွာလိုအပ်မည်ဖြစ်သည်။မမွေးထုတ်
နိုင်ခဲ့ပါက မြန်မာဟူသည်ကမ္ဘာ့အလယ်တွင်ဘယ်သောအခါမှတင့်တယ်သော
နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်တော့မည်မဟုတ်တော့ပါ............။
(အားလုံးမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နိုင်ကြပါစေ။)

Monday, December 21, 2009

သူငယ်ချင်းတို့အတွက်





Saturday, December 19, 2009

မိန့်ခွန်းကောက်နှုတ်ချက်များ(၁)



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော မိန့်ခွန်းကောက်နုတ်ချက်များစာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
ကျမတို့ဟာ ကျမတို့ရဲ့နိုင်ငံထဲမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာ ကမဘာက သိစေချင်တယ်။ (၂ဝ-၇-၈၉)
ကျမ ဒီကနေ့ကစပြီးတော့ ပြည်သူလူထုနဲ့ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာ
နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့
ဒါလေးအတွက်နဲ့ ကျမ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
နိုင်ငံရေးလောကနဲ‹ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ
ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ဝင်ပါနေသလဲလို့ မေးစရာရှိပါတယ်။ အဲ့ဒီဟာကတော့ ဒီအရေးအခင်းဟာ
တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေ့ရဲ့သမီး လုပ်နေပြီးတော့
ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ဘူး။ ဒီအရေးအခင်းကြီးဟာတကယ်တော့ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့
ခေါ်ရင်လည်း ဖြစ်ပါတယ်။ (ရွှေတိဂုံအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
ကျမဟာ ကျမအဖေရဲ့ အစဉ်အလာအတိုင်း ဒီမိုကရေစီတိုက်ပွဲကို ဝင်လို့နွှဲခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီမိုကရေစီရဖို့ရန်ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ ညီညွတ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ပတ်သက်လို့ ကျမ ပြောစရာလေးတွေရှိပါတယ်။
ကျောင်းသားလူငယ်များဟာ အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့ လက်ရုန်းရည်ကိုလည်း ပြပြီးပါပြီ။ အခုလည်း
ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ (ရွှေတိဂုံစေတီအနောက်ဘက်မုခ်
လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ် စေခိုင်းထားတဲ့သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်။ (အဖွဲ့ချုပ်ရုံး၊ နတ်မောက်မြို့ ၁-၁၁-၈၈)
အဖွဲ့ချုပ်ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ သက်သက်မှမဟုတ်ဘဲ။ ၁၈ ရက်
စက်တင်ဘာလ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီအင်အားတွေကို
တစုတရုန်းတည်းဖြစ်အောင် စုစည်းပြီး၊ အဲ့ဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျဖြစ်အောင် ပေါင်းပြီးတော့လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။ (အဖွဲ့ချုပ်ရုံ်း၊ပုဂံမြိ့ ၂-၁၁-၈၈)
မြန်မာမင်းတွေထဲမှာ ကျန်စစ်သားနဲ့ ဘုရင့်နောင်ဟာ သိပ်ချီးကျူးဖို့ကောင်းတယ်။ သူတို့နှစ်ယောက်စလုံးဟာ
ကျန်စစ်သားဆိုရင် အနော်ရထာ၊ ဘုရင့်နောင်ဆိုရင် တပင်ရွှေထီးကို ပုန်ကန်ခြားနားနိုင်တဲ့အရည်အချင်းရှိတယ်။
ဒါပေမဲ့ ကျန်စစ်သားရော၊ ဘုရင့်နောင်ပါ သစ္စာရှိကြပါတယ်။ လူတော်တယောက်၊ အရည်အချင်းရှိတဲ့
လူတယောက်ဟာ သစ္စာရှိဖို့ သိပ်အရေးကြီးတယ်။ (အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)
စစ်ရှုံးပြီးစ ဂျပန်ဘုရင်ပြောခဲ့တဲ့ စကားတခုရှိပါတယ်။ ကျုပ်တို့ဟာ မခံနိုင်တဲ့ကိစ္စတွေကို ခံနိုင်ရည်ရှိအောင်
လုပ်ရမယ်။ မဖြစ်နိုင်တဲ့ကိစ္စတွေကို ဖြစ်နိုင်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိရမယ်တဲ့။ အဲ့ဒီလိုပဲ ကျမတို့
ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့ မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင် ဘာမှ
မအောင်မြင်နိုင်စရာမရှိပါဘူး။ (အဖွဲ့ချုပ်ရုံး၊ ကျောက်ပန်းတောင်း ၂-၁၁-၈၈)
အဆိုးဆုံးအစိုးရဆိုတာ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့အစိုးရ၊ ဒီထက် နဲနဲကောင်းတာက ပြည်သူလူထုက
ကြောက်တဲ့အစိုးရ၊ ဒီထက်ပိုပြီး ကောင်းတာကတော့ ပြည်သူလူထုက ချီးမွမ်းတဲ့အစိုးရ၊ အကောင်းဆုံးကတော့
ပြည်သူလူထုက ရှိမှန်းတောင် မသိတဲ့အစိုးရတဲ့။ ကျမတို့ အိမ်တအိမ်မှာဆိုလို့ရှိရင် အမေလိုပေါ့။ အမေရှိမှန်းတောင်သတိမထားမိဘူး။ စားချိန်တန် စားရမယ်။ ဝတ်ချိန်တန် ဝတ်ရမယ်။ အားလုံး အဆင်သင့်ပဲ။ အဲ့ဒီလို ဖြစ်နေရမယ်။နားလည်ထားရမယ်။ (အဖွဲ့ချုပ်ရုံး၊ မြင်းခြံ ၃-၁၁-၈၈)

ဒီမိုကရေစီစနစ်မှာ အမတ်လုပ်ချင်သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်ရမယ်။
ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်။ (မြတောင်ကျောင်းတိုက်၊
မန္တလေး ၆-၁၁-၈၈)
နိုင်ငံရေးအသိအမြင်ဆိုတာ လူမှုရေးအသိအမြင်ပဲဖြစ်ပါတယ်။ ကိုယ်ဟာ အိမ်နီးနားချင်းတယောက် ပီသလို့ရှိရင်
တဖြေးဖြေးနဲ့ လူမှုရေးကနေ စပြီးတော့ နိုင်ငံရေးသမားကောင်းတယောက် ပီသနေမှာပဲလို့ ကျမ မြင်ပါတယ်။
(မြောက်ဥက္ကလာပမြို့နယ် ၁ဝ-၁၂-၈၈)
ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်း တယောက်နဲ့တယောက် လေးစားတဲ့စနစ်ပါပဲ။
(မြောက်ဥက္ကလာပမြို့နယ် ၁ဝ-၁၂-၈၈)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီလပ်ရှားမှု
အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင်
ကျမတို့ အဖွဲ့ချုပ်ကြီးဟာ ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို
နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။ (အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင်မဟုတ်ဘူး။ ကိုယ့်ရန်သူများပင်လျှင်
လူ့အခွင့်အရေးရှိရမယ်။ အဲ့ဒီတော့ တနေ့ ကျမတို့ရဲ့ ဒီမိုကရေစီလပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါကျရင်
ရှုံးတဲ့လူတွေဟာ သူတို့အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ရမယ်။ ဒါဟာ ကျမတို့ရဲ့
ဒီမိုကရေစီတာဝန်ဖြစ်တယ်။ (အဖွဲ‹ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
မက်လုံးပေးပြီးတော့ စည်းရုံးမှုမျိုးကို ကျမ မလိုချင်ဘူး။ ငါတို့အစိုးရတက်ရင် ဒါတွေ လုပ်ပေးမယ်ဆိုတဲ့
စည်းရုံးမှုမျိုးတော့ မလုပ်ကြပါနဲ့။ (အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
ဒီမိုကရေစီစနစ် ထူထောင်တဲ့အခါကျရင် ကျောင်းတိုင်း၊ ကျောင်းတိုင်းမှာ ကိုယ့်တိုင်းပြည်မှာရှိတဲ့ ဘာသာထဲက
အနည်းဆုံး ဘာသာနှစ်ရပ်ကို လူတိုင်းလူတိုင်း သင်မယ်။ ဗမာနဲ့ ရှမ်းဖြစ်ဖြစ်၊ ဗမာနဲ့ ကရင်ဖြစ်ဖြစ်၊ ဗမာနဲ့ မွန်ဖြစ်ဖြစ်သင်သင့်တယ်။ (အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)
မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီးတော့ မတွေးပါနဲ့။ ငါတို့အားလုံးဟာ
ပြည်ထောင်စုတိုင်းရင်းသားများဖြစ်တယ် ဆိုပြီးတော့ စိတ်ထဲမှာ ထားပြီး အတူတူလုပ်သွားစေချင်တယ်။
ဒီမိုကရေစီနိုင်ငံတခု ဖြစ်သွားတယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့
ပြည့်ပြည့်စုံစုံ ပေးချင်တယ်။ တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသည်ဖြင့် ကျမတို့
အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများ အတွေးအခေါ်၊ အများ ယဉ်ကျေးမှုတွေနဲ့
တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့ ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံကြီးထက် အများကြီး ခိုင်ခံ့လာပေမယ်၊ အများကြီးလည်း တိုးတက်နိုင်မယ်၊ အများကြီးလည်း ကျမတို့အတွက်အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။ (အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို‹ ၁၄-၁၂-၈၈)
တချို့က ခု ဒီမှာတမျိုးပြော၊ ဟိုမှာတမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊ ခု ဒီမှာ ဟိုဟာလုပ်မယ်ပြော၊ စိတ်တွေကပြောင်းလိုက်၊ အပြောတွေက ပြောင်းလိုက်၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ ပြောတယ်။ ကျမကတော့ ဒါနိုင်ငံရေးပဲလို့ နားမလည်ဘူး။ ဒါ ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။ ဒီလိုနိုင်ငံရေးတွေကို ကျမတို့လက်ခံလို့မဖြစ်ဘူး။ (အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
နိုင်ငံရေးပရိယာယ်ဆိုတာ တကယ် သေချာကြည့်လိုက်တော့ ကလိမ်ကကျစ်လုပ်တာချည်းပဲ။ ဒီ
နိုင်ငံရေးပရိယာယ်ဆိုတာလည်း အထင်မကြီးပါနဲ့။ ပရိယာယ်ဆိုတာ စကားလုံးကို ကျမ မကြိုက်ဘူး။ ကိုယ့်ကို
ထိပါးလာရင်လည်း ခံနိုင်ရည်ရှိရမယ်။ မှန်မှန်ကန်ကန်ပဲ လုပ်ပါ။ (အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
နောက် တိုင်းပြည်ကောင်းကျိုးအတွက်ဆိုရင် ခုကနေစပြီးတော့ ကျမတို့လက်ခံမယ့် ခေါင်းဆောင်များဟာ
စကားတည်ရမယ်။ စကားမှန်ရမယ်။ အများသဘောကို လိုက်နာရမယ်။ အဲ့ဒီလို ခေါင်းဆောင်မျိုးသာ ကျမတို့
လိုချင်ပါတယ်။ (အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
ဗမာလူမျိုးများဟာ လူများစုကြီးဖြစ်နေလို့ တိုင်းရင်းသားများကို လေးစားပါ။ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို
လေးစားပါ။ စိတ်ဝင်စားကြပါ။ လေ့လာကြပါ။ အဲ့ဒီလို တယောက်နဲ့တယောက်ရဲ့ ယဉ်ကျေးမှု၊
တယောက်နဲ့တယောက်ရဲ့ ယုံကြည်ချက်များကို လေ့လာနားလည်မှ ကျမတို့အချင်းချင်း တကယ့်
သဘောထားတူတွေအဖြစ်နဲ့ ရနိုင်မှာပါ။ (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ မော်လမြိုင်မြို့)
တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲဖြစ်ရမယ်။
လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျမကို သင်ထားတဲ့၊ သိခဲ့တဲ့
သင်ခန်းစာပါပဲ။ (မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်းမကြီး၊ မော်လဲမြိုင်မြို့)
မှန်ကန်တဲ့ နိုင်ငံရေးစနစ်မှာ ကျမတို‹လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျမတို‹က ဖော်ထုတ်ရမယ်။ လိုချင်တဲ့ပုံ
သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို‹ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို‹လိုချင်တဲ့ပုံ
သူတို‹ သွင်းသွားလိမ့်မယ်။ အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။
(မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်းမကြီး၊ မော်လမြိုင်မြို့)
ဒီ မြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး
တပါတီအာဏာရှင်စနစ်အောက်မှာ နေခဲ့ရလဲ။ ဘာဖြစ်လို‹ ဒီလိုဆင်းရဲဒုက္ခတွေကို ခံခဲ့ရသလဲဆိုတာ ကျမ
စဉ်းစားတယ်။ တခါပြန်ပြီးတော့ စဉ်းစားလို့ရှိရင် ပြည်သူလူထုကြီးက အချင်းချင်း မညီလို‹ပဲ။ (မွန်အမျိုးသား
ဒီမိုကရေစီအဖွဲ‹ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)
အစိုးရဟာ မတရားသဖြင့်လုပ်သလား၊ မဟုတ်မမှန်တဲ့ကိစ္စတွေကို လုပ်သလား။ ကိုယ်မလုပ်ဘဲနဲ‹ သူများတွေကို
လုပ်ရင်လည်း မခံရဘူး။ ကိုယ့်ရန်သူကိုပင် မတရားလုပ်လို‹ရှိရင် မခံရဘူး။ ဒီနေ‹ ကိုယ့်ရန်သူကိုလုပ်တယ်၊ နောက်နေ‹
ကိုယ့်ကိုလုပ်ရင် လုပ်လိမ့်မယ်။ (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)
မတရားသဖြင့် လုပ်တဲ့သူတွေကို မုန်းဖို့ဆိုတာ ကလေးလေးတွေကို သင်ထားရမယ်။ မတရားတဲ့ကိစ္စမှန်သမျှကို
ကန်‹ကွက်ရမယ်။ မတရားတဲ့ကိစ္စမှန်သမျှကို ငါတို့ အသက်ပေးပြီးတော့ ခုခံမယ်ဆိုတဲ့ စိတ်တွေကို
ကလေးလူငယ်တွေထဲမှာ သွင်းထားပါ။ ကျမတို‹ကိုယ်တိုင်ကလည်း ဒီလိုစိတ်တွေမွေးပါ။
(မွန်အမျိုးသားဒီမိုကရေစီအဖွဲ‹ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)
ဒီမိုကရေစီအပင်ကြီးဟာ ရှင်သန်လို‹ရှိရင် ဒီအပွင့်တွေ အသီးတွေဟာ ကျမတို‹ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက
ခံစားချင်မှ ခံစားရမယ်။ ဒါပေမဲ့ လူငယ်ပိုင်းနဲ့ ကလေးလေးတွေ ကြီးလာလို‹ရှိရင် အသီးအပွင့်တွေ
ခံစားနိုင်ရမယ်ဆိုရင် ကျမတို့ ကျေနပ်ပါတယ်။ (ကမာဝက် ၁၆-၁၂-၈၈)
လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင်
ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲ့ဒီတော့ တကိုယ်ကောင်း မကြံကြပါနဲ‹။ အများအတွက် လုပ်ကြပါ။
အများအကျိုးဆောင်တဲ့လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။ (ကမာဝက် ၁၆-၁၂-၈၈)
လူငယ်တွေရဲဥနဘဝကို သာယာပါစေ။ လူငယ်များရဲဥနဘဝ သာယာမှ ကျမတို့ရဲ့ တိုင်းပြည်ဟာ တိုးတက်နိုင်မှာပါ။
လူငယ်များရဲ့ဘဝ သာယာအောင် ဖန်တီးမပေးနိုင်ရင် နောက်ခေတ်အဆက်ဆက် ကျမတို‹လူမျိုးများ သာယာမှု
ရနိုင်မှာ မဟုတ်ပါဘူး။ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မုဒုံမြို့ ၁၆-၁၂-၈၈)
အရင် လွတ်လပ်ရေးတိုက်ပွဲတုန်းကဆိုလို့ရှိရင် လူမျိုးခြားတယောက်ကို တိုက်ခဲ့ရတာ။ လူမျိုးခြားကို
တိုက်ရတာထက် ကိုယ့်အချင်းချင်း ပြန်ပြီးတိုက်ရတာက အင်မတန်မှ စိတ်ညစ်စရာကောင်းတယ်။ မဖြစ်သင့်
မဖြစ်ထိုက်တဲ့ ကိစ္စကြီးပဲ။ (ကမာကေး ၁၇-၁၂-၈၈)
တိုင်းပြည်တပြည်မှာ အစိုးရယ်၊ တပ်မတော်ရယ်၊ ပြည်သူလူထုရယ် တပေါင်းတစည်းတည်း မဖြစ်နိုင်လို့ရှိရင်
ဘယ်နည်းနဲ့မှ တိုးတက်မမရှိနိုင်ပါဘူး။ ပြည်သူလူထုကိုလည်း နှိပ်စက်ည‡င်းပမ်းမယ်၊ တပ်မတော်နဲ့
ပြည်သူလူထုကြားမှာလည်း စိတ်ဝမ်းကွဲအောင်လုပ်မယ်ဆိုရင် ဒီတိုင်းပြည်အပေါ်မှာ စေတနာ နည်းနည်းမှ မရှိဘူးလို‹
ကျမတို့ သတ်မှတ်ရမှာပဲ။ (ကမာကေး ၁၇-၁၂-၈၈)
ပြည်သူလူထုနဲ့ တပ်မတော်ကြားမှာလည်း စိတ်ဝမ်းကွဲအောင်လုပ်နေတယ်။ ဒီလို စိတ်ဝမ်းကွဲအောင် လုပ်နေတာဟာ
ပြည်သူလူထုက လုပ်နေတာမဟုတ်ဘူး။ ကျမတို့ နိုင်ငံရေးလုပ်တဲ့သူတွေကလည်း လုပ်နေတာမဟုတ်ဘူး။
တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးချင်တဲ့သူများက လုပ်နေတာပဲဖြစ်တယ်။ အဲ့ဒီတော့ ဒီလိုစနစ်မျိုးကို
ကျမတို့အားလုံးကနေပြီးတော့ အတိုက်အခံလုပ်ရမယ်။ (ကမာကေး ၁၇-၁၂-၈၈)
ဒီမိုကရေစီစနစ်အောက်မှာ ဆိုလို့ရှိရင် အများစုရဲဥန သဘောတူညီချက်အရ အနည်းစုက လုပ်ရတယ်ဆိုပေမယ့်
အနည်းစုကို အများစုက အတိုက်အခံလုပ်တယ်၊ နှိပ်စက်တယ်၊ ညှဉ်းပမ်းတယ်၊ အမျိုးမျိုး
အနှောင့်အယှက်ပေးတယ်ဆိုတာ လုံးလုံးမရှိရဘူး။ (ကမာကေး ၁၇-၁၂-၈၈)
နိုင်ငံရေးသမားအမျိုးမျိုးရှိတယ်။ တချိုဥနကတော့ တိုင်းပြည်အကျိုးအတွက် လုပ်ချင်တဲ့ နိုင်ငံရေးသမားများရှိပါတယ်။
တချိုဥနကတော့ မိမိအကျိုးအတွက် လုပ်ချင်တဲ့ နိုင်ငံရေးသမားများရှိပါတယ်။ တချိုဥနကတော့ နိုင်ငံရေးသက်သက်
လုပ်စားချင်တဲ့ နိုင်ငံရေးသမားများရှိပါတယ်။ နိုင်ငံရေးလုပ်စားတာ အကျင့်ဖြစ်နေပြီးတော့ နိုင်ငံရေးပဲ
လုပ်စားတော့မယ်ဆိုတဲ့ နိုင်ငံရေးသမားများလည်းရှိပါတယ်။ ဒီ နိုင်ငံရေးသမားအမျိုးမျိုးထဲမှာ တိုင်းပြည်အကျိုးကို
ဆောင်နိုင်မယ့် နိုင်ငံရေးသမားမျိုးကို ရွေးစေချင်ပါတယ်။ အဲ့ဒီလို နိုင်ငံရေးသမားမျိုးဟာ ဗလငါးတန်နဲ့ ပြည့်စုံရပါမယ်။
(အမျိုးသားငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီ၊ ချောင်းဆုံ ၁၇-၁၂-၈၈)
ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းကို ခန့်မှန်းချင်လို‹ရှိရင် အရင်တုန်းက ဒီခေါင်းဆောင်ဟာ
ဘယ်လိုလုပ်ခဲ့သလဲ။ တကယ်ပဲ သယ်ပိုးခဲ့သလား။ တိုင်းပြည်ကပဲ ဒီခေါင်းဆောင်ကို သယ်ပိုးခဲ့တာလား။
ဒီခေါင်းဆောင်က တိုင်းပြည်ကို သယ်ပိုးခဲ့တာလားဆိုတာဟာ အများကြီးစဉ်းစားဖို့ လိုပါတယ်။(ချောင်းဆုံ၁၇-၁၂-၈၈)
အမှန်ကိုလုပ်ရတာ အမှားကိုလုပ်ရတာထက် အင်မတန်မှကို ခက်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးကျတော့
အမှန်လုပ်တဲ့သူကသာ အောင်မြင်ရမှာပါ။ အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်း နိုင်ရမယ်၊ နိုင်ရင်လည်း
နိုင်ရမယ်ဆိုတာ ပြောလို့ရပါတယ်။ အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်း
ရှုံးရမယ်။ (အဖွဲ့ချုပ်ရုံး၊ မအူပင် ၁၄-၁-၈၉)
ကျမတို‹ ၁၉၈၈ က ကျဆုံးသွားတဲ့ ကျောင်းသားလေးတွေဆိုရင် အသက်သာပျောက်သွားတယ်၊ သူတို‹ကို
ဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး။ သူတို့‹ဟာ အောင်မြင်ခြင်းပဲ။ အဲ့ဒီဟာကို စိတ်ထဲမှာ စွဲထားကြပါ။
(အဖွဲ့ချုပ်ရုံး၊ မအူပင်၁၄-၁-၈၉)
ဒီမိုကရေစီအခွင့်အရေးလိုချင်တယ်ဆိုတာ ဘယ်သူ‹ကိုမှ တိုက်ခိုက်ချင်လို‹ မဟုတ်ဘူး။ ဘယ်သူ‹ကိုမှ စွဲðဖတ်ချင်လို‹
မဟုတ်ဘူး။ ပြည်သူလူထုအများကြီးဟာ စိုးရိမ်ကြောင့်ကြမကင်းဝေးစွာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်းကို
လွတ်လွတ်လပ်လပ် လပ်ရှားနိုင်အောင်လို‹ဆိုတဲ့ စိတ်မျိုးနဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပဲ။ အားလုံးက
ဒီအခွင့်အရေးလိုချင်ရင် အားလုံးက ဝင်ပြီးတော့ လပ်ရှားရမှာပဲ။ (အဖွဲ‹ချုပ်±ုံး၊ မအူပင် ၁၄-၁-၈၉)
ကျမတို‹ခေတ်မှာ ကျမတို့ ကုသိုလ်ကံကြောင့်မို့လို့ ဒီတိုင်းပြည် ပြည်သူလူထုကို အကြောက်တရားကနေပြီးတော့
လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့အခွင့်အရေးတွေ ရလာတယ်။ ဒီအခွင့်အရေးကို လက်လွှတ်ဆုံး±ံးမခံပါနဲ‹။
ဒီလိုပြည်ထောင်စုအသစ် တည်ထောင်ဖို‹ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် ကျမတို‹ဟာ သမိုင်းပေးတာဝန်
မကျေပွန်သူတွေအဖြစ် သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာဖြစ်မှာပဲ။ (အဖွဲ့ချုပ်ရုံး၊ မအူပင် ၁၄-၁-၈၉)
ကျမတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ။ ကိုယ့်ကိုကိုယ်
အထင်မသေးကြပါနဲ့။ လူထုရဲဥန အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲဥန အင်အားဆိုတာကို မလေးစားဘဲ
မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်။ နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။
ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျမတို‹က ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်မှာလည်း အကျိုးဖြစ်စေမယ်။
ပြည်သူလူထုလည်း စိတ်ချမ်းသာလာမယ်။ (အဖွဲ‹ချုပ်ရုံး၊ မအူပင် ၁၄-၁-၈၉)
ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို‹ရှိရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ခေတ်ကို
ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို‹ရှိရင် နောက် ဆက်ပြီးတော့
ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတယောက်အနေနဲ‹လည်း အများကြီး
ဂုဏ်သိက္ခာကျပါတယ်။ အဲ့ဒီတော့ အားလုံးက မှန်တာလုပ်ရလို‹ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။
(မြတ်မေတ္တာသင်္ဘော၊ ရွှေဒင်္ဂါးကျေးရွာ ၁၄-၁-၈၉)

Friday, December 18, 2009

တာဝန်ပေမို့



နာဇီဝါဒီတွေလက်ထက်မှာ ဂျူးလူမျိုးတွေကို စနစ်တကျမျိုးဖြုတ်သုတ်သင်နေတဲ့အခါ အမျိုးတာဝန်သိတတ်တဲ့ဂျူးတွေဟာအဆမတန်အင်အားကြီးမားခိုင်မာတောင့်တင်းပြီး
တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ဂျာမန်တွေကိုအကျဉ်းစခန်းထဲကနေရရာလက်နက်ဆွဲကိုင်ပြီး
တော်လှန်ပုန်ကန်ကြတယ်။မဝရေစာရတဲ့ရိက္ခာ၊ကျန်းမာရေးနဲ့မကိုက်ညီတဲ့နေထိုင်မှုတွေ
အကြားမှာ ဖြတ်သန်းလာရတဲ့ လက်နက်မရှိတဲ့ဂျူးလူမျိုးတွေရဲ့နာဇီဆန့်ကျင်မှုဟာအရှုံးနဲ့အ
ဆုံးသတ်ခဲ့ရတယ်။ပါဝင်သူတွေအားလုံးကိုလည်းရက်ရက်စက်စက်နှိမ်နင်းသတ်ဖြတ်
အမျိုးဖြုတ်တာခံရမယ်။ရှုံးမယ်ဆိုတာသိရက်နဲ့ရင်ဆိုင်အံတုမှုလုပ်ခဲ့ကြသေးတယ်။
မနိုင်ပေမယ့်အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ကျသေးတယ်။အကူအညီမရှိတာ၊ရှုံးမှာ
နောက်ပိုင်းမှာ ရက်ရက်စက်စက်နှိမ်နင်းခံရမှာတွေက သူတို့ရဲ့အမှန်တရားအတွက်အသက်
ကိုပဓာနမထားပဲလုပ်ကြမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုချိနဲ့ယိမ်းယိုင်မှုမဖြစ်စေခဲ့ဘူး။
နာဇီစစ်တပ်ကအချို့အရာရှိတွေကလဲ ဟစ်တလာနဲ့လက်ကိုင်တုတ်အက်စ်အက်စ်တွေ
မဟုတ်တာအကုန်လုပ်ပြီးဂျာမန်အမျိုးသားသမိုင်းကိုဖျက်ဆီးနေကြတာကိုလက်ပိုက်ကြည့်
မနေသင့်ဘူးလို့ဆုံးဖြတ်ပြီးဟစ်တလာနဲ့တကွနာဇီခေါင်းဆောင်တွေကိုလုပ်ကြံကြဖို့
ရဲရဲဝံ့ဝံ့လုပ်ခဲ့ကြတယ်။သူတို့ကိုနိုင်ငံတော်ရဲ့သစ္စာဖေါက်တွေအဖြစ်စွပ်စွဲပြီးရှင်းလင်းမှာကိုလဲ
တိတိကျကျသိကြသော်လည်းလုပ်သင့်တဲ့အမှန်တရားအတွက်သူတို့ရဲ့အသက်တွေဘဝတွေကိုမစဉ်းစားပဲရှုံးမယ်သိရဲ့နဲ့ရဲရဲဝံ့ဝံ့လုပ်ပြခဲ့ကြတယ်။သူတို့အားလုံးကွပ်မျက်ခံခဲ့ရတယ်။ရှုံးတာနိုင်တာထက်သူတို့ရဲ့အသိစိတ်ယုံကြည်မှုအပေါ်သစ္စာထားပြီးရဲရဲဝံ့ဝံ့လုပ်ခဲ့ကြတဲ့အလုပ်ကိုကမ္ဘာမှာ
ယခုအချိန်ထိအလေးထားနေကြဆဲပါ။အမေရိကန်၊သြစတြေးလျနဲ့အခြားနိုင်ငံကြီးတွေက
စစ်ရေး၊နိုင်ငံရေးထောက်ခံမှုတွေပေးထားခြင့်ခံရတဲ့အင်ဒိုနီးရှားနိုင်ငံကအရှေ့တီမောနိုင်ငံငယ်
လေးကိုဝင်သိမ်းပိုက်တာကို တွန်းလှန်ဖို့အရှေ့တီမော နိုင်ငံသားတွေဟာ လူထုအြုံ<ွကမှုတွေ
ကောစစ်ရေးအရ တိုက်ခိုက်မှုတွေကောကိုအင်ဒိုနီးရှားရဲ့ရက်ရက်စက်စက်ဖိနှိပ်မှုတွေကြားက
လုပ်ခဲ့ကြပါတယ်။သူတို့လှုပ်ရှားမှုထဲက ရှစ်ဆယ်ရာခိုင်နှုန်းကျော်အသက်ပေးခဲ့ကြရပါတယ်။
နိုင်ငံတကာကူညီမှုတွေကင်းမဲ့နေတာလက်ကိုင်တုတ်သတင်းပေးတွေရဲ့သတင်းပေးမှုတွေ
ကြောင့်အင်ဒိုနီးရှားစစ်ထောက်လှန်းရေးတွေနဲ့စစ်သားတွေရဲ့ဖမ်းဆီးသတ်ဖြတ်မှုမကြာခဏ
ခံရတာ၊ဆန်ရေစပါးခေါင်းပါးငတ်မွတ်လို့လူထုတွေဆင်းရဲကြပ်တည်းတာတွေကြားက
မရှိရှိတာနဲ့တော်လှန်မှုနည်းပေါင်းစုံကို အသုံးပြုပြီးလူထုလွတ်မြောက်ရေးအတွက်သေသေ
ကြေကြေလုပ်ခဲ့ကြတာကိုသိဖူးကြားဖူးကြမှာပါ။သူတို့လူမျိုးရဲ့အမျိုးဘာသာသာသနာအတွက်
အသက်ဆုံးရှုံးမှာကိုအလေးမထားပဲကျလာတဲ့သမိုင်းပေးတာဝန်ကိုကျေပွန်စွာလုပ်ဆောင်ပြ
ခဲ့ကြပါသည်။ယနေ့ကမ္ဘာမှာစစ်အင်အားကြီးမားပြီးခေတ်မှီလက်နက်တွေပြည့်စုံတဲ့အစ္စရေးနိုင်ငံရဲ့ကျူးကျော်သိမ်းပိုက်မှုနဲ့ဗိုလ်ကျဖိနှိပ်မှုတွေကို ခဲရခဲဆွဲ၊သေနတ်ရသေနတ်ဆွဲ လက်လှမ်း
မှီရာနည်းပညာနဲ့ပါလက်စတိုင်းကလေး၊လူကြီး၊မိန်းမ၊ယောကျာင်္းအားလုံးကစက်သေနတ်တွေ
ခေတ်မှီတိုက်လေယဉ်တွေ၊တင့်ကားတွေရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြားထဲက တိုက်ပွဲဝင်နေဆဲ
ပါပဲ။သူတို့ထက်အဆမတန်အင်းအားကြီးမားတာ၊ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေက အစ္စရေး
ဘက်ကမျက်စိမှိတ်ထောက်ပံ့ပေးထားတာတွေနဲ့ပါလက်စတိုင်းလှုပ်ရှားမှုကိုနည်းမျိုးစုံနဲ့ချိနဲ့
အောင်လုပ်ကြတာတွေကိုစိတ်မပျက်ပဲ၊သူတို့လူမျိုးအတွက်တိုက်ပွဲဝင်စရာရှိတာကိုရတဲ့အခြေ
အနေထဲကလုပ်ကြလျှက်ပါ။နာကျည်းမှုတွေကိုလဲအံခဲပြီးရင်ကော့တိုက်ပွဲဝင်နေကြဆဲပါ။
ကျနော်တို့မြန်မာနိုင်ငံမှာလည်းပြည်တွင်းမှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုပေါင်းစုံနဲ့ဖိနှိပ်
မှုပေါင်းစုံအောက်က ဘယ်နိုင်ငံဘယ်သူ့ဆီကမှအကူအညီအထောက်အပံ့မရသော်လည်း
မိမိတို့မိသားစုဘဝပျက်မှာတွေ၊အသက်ဆုံးရှုံးရမှာ၊လုပ်စားကြမယ့်သူတွေက မိမိတို့
လှုပ်ရှားမှုအပေါ်ခေါင်းတက်နင်းပြီး သူတို့ကိုယ်ကျိုးအတွက်လုပ်စားသွားကြမှတွေကို
မစဉ်းစားမတွေဝေပဲ နီုင်ငံနဲ့လူမျိုးတာဝန်အတွက်ရဲရဲရင့်ရင့်လုပ်ခဲ့ကြ၊လုပ်နေကြဆဲပါ။
ရှေ့ရှောက်လဲဆက်လုပ်နေကြအုံးမှာပါ။ရှုံးတာနိုင်တာ၊အသက်ဆုံးနိုင်တာအထောက်အပံ့
အကူအညီတွေတကယ်လိုအပ်တဲ့လှုပ်ရှားမှုမှာရောက်မလာဘဲဖြတ်ဘုံးခံရတာ၊အလုပ်ထက်အာနဲ့
ဘဲလုပ်ချင်ယောင်ဆောင်နေကြတာ၊လုပ်စားနေကြတာတွေ၊ဘာမှမဟုတ်တဲ့ခေါင်းဆောင်နေရာ
မက်တာတွေ၊အခွင့်အရေးအတွက်လိုက်နေကြတာတွေ၊တကယ်တိကျမှန်ကန်တဲ့ခေါင်းဆောင်
မှုကင်းမဲ့တာတွေ၊ဘာတွေဘယ်လိုဖြစ်နေပါစေကျနော်တို့နိုင်ငံအတွက်၊ကျနော်တို့ရဲ့မိခင်လူထု
အတွက်ရှုံးချင်ရှုံး၊သေချင်သေကြပါစေကျနော်တို့အားလုံးလုပ်သင့်တဲ့အမှန်တရားအတွက်တိုက်
ပွဲဝင်မှုကိုတော့လူထုမျက်နှာတစ်ခုတည်းကိုသာကြည့်ပြီးစည်းစည်းလုံးလုံးနဲ့လုပ်ကြဖို့သင့်ပါပြီ
ငွေထောက်ပံ့ခံထားရ၍သူများပြောသည့်အတိုင်းလိုက်လုပ်နေကြတာဆိုလျှင်မုန့်စားရ၍အမြှီး
နန့်ကာပြတတ်သောစေလိုရစေနိုင်သည့်ခွေးအဆင့်ထက်ကျော်လွန်ကြလိပ်မည်မဟုတ်ပါ။
လှုပ်ရှားမှုရဲ့ခေါင်းဆောင်မှုဆိုတာတွေကလဲ ဒေါ်အောင်ဆန်းစုကြည်၊ကိုဇာကနာ၊ကိုမင်းကိုနိုင်
တို့ကဲ့သို့လူထုရှေ့မှာမားမာမတ်မတ်ရပ်၍လူထုကိုဦးဆောင်လမ်းပြလုပ်ကြသူများဖြစ်သင့်
သည်။လူထု၏နောက်ကန့်လန့်ကာနောက်ကွယ်မှနေ၍လူထုအား ဟိုဟာလုပ်ပါ၊ဒီဟာလုပ်ပါ
နှင့်မိမိကိုယ်တိုင်မပါဝင်ရဲသောအလုပ်များကိုလေဖြင့်စေခိုင်းနေကြရုံနှင့်လူထုလက်ခံအလေး
ထားသောခေါင်းဆောင်များဖြစ်လာကြလိပ်မည်မဟုတ်ပါ။မိမိထင်ပေါ်မှုအတွက်မိမိရလာ
နိုင်သောအကျိုးစီးပွားတစ်ခုခုအတွက်ခေါင်းဆောင်များဟုမရှက်မကြောက်အမည်ခံကြလျှင်
လည်းထိုသူများသည်မည်ကဲ့သို့မိမိကိုယ်ကိုအတင်းထိုးတင်နေစေကာမူလုပ်စားခေါင်းရှောင်
များအဆင့်ထက်ပိုလိပ်မည်မဟုတ်သည့်အပြင်လူထု၏ကဲ့ရဲ့မှုကိုပါခံကြရလိပ်မည်ကိုစဉ်းစား
ဆင်ချင်သင့်သည်။မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးလှုပ်ရှားမှုတွင်ခေါင်းဆောင်လုပ်ချင်သူများ
ရိုက်သတ်လို့ပင်မကုန်နိုင်အောင်ပေါများလှသည်။တကယ့်လူထုအကျိုးအတွက်လူထုရှေ့မှာ
မားမားမတ်မတ်ရပ်ကာလူထုအားလက်တွဲခေါ်ကာလုပ်ဆောင်သွားမည့်ခေါင်ဆောင်ကောင်း
များလိုအပ်နေပါသည်။ခေါင်းဆောင်ကြီးများဆိုသူတို့အနေနှင့်မိမိကိုယ်မိမိရှက်တတ်လျှင်၊မိမိ
ဂုဏ်သိက္ခာကိုအလေးထားလျှင်၊မိမိစကားများကိုအလေးထားလျှင်လူထုရှေ့မှာမားမားမတ်မတ်
ရဲရဲဝံ့ဝံ့ရပ်ကာ ရှေ့မှဦးဆောင်သူများလုပ်သင့်ကြပါသည်။ထိုသို့လုပ်ရဲသောသတ္တိမရှိကြပါလျှင်
အရှက်မရှိမိမိကိုယ်မိမိခေါင်းဆောင်များဟုမရှိကိုအရှိလုပ်အရှက်ကင်းမဲ့ခြင်းတို့မှရပ်ကာအများ
နည်းတူလူထုနှင့်တသားတည်းတိုက်ပွဲဝင်နိုင်ရန်ကြိုးစားသင့်ကြသည်။နိုင်မည်၊ရှုံးမည်၊ရှင်မည်၊
အကူအညီရမည်၊မရမည်၊စသည်တို့ကိုရှေ့တန်းတင်မစဉ်းစားပဲမိမိတို့နိုင်ငံမှမိမိတို့အားပေး
အပ်လာသောသမိုင်းပေးတာဝန်ကိုကျေပွန်စေရေးကိုသာဦးစားပေးပြီးလူထုအတွက်အမှန်
တကယ်ဦးတည်ချက်ထားပြီးညီညီညွှတ်ညွှတ်လုပ်ကြလျှင်စွှန့်လွတ်များသည်မည်သည့်အခါမှ
အချီးနှီးဖြစ်မည်မဟုတ်ပါ။တာဝန်သိတ်မှုနှင့်တာဝန်ယူတတ်မှုအများကြီးလိုအပ်ပါသည်။
ခေါင်းရှောင်များကိုဖယ်ထုတ်ပစ်ကြရပါမည်။
(ငြိမ်းချမ်း)
အားလုံးတာဝန်ကိုယ်စီကျေပြွန်ကြပါစေ...။

Thursday, December 17, 2009

မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကြောင့် သန်းနှင့်ချီသော ကျောင်းသားများ ကျောင်းမှ ထွက်ကြရပြီး အနာဂတ် မျိုးဆက်သည် `အန္တရာယ်တွင်း´ သို့ ကျရောက်နေသည်ဟု နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ကြီးတခုက ပြောဆိုလိုက်သည်။

တကမ္ဘာလုံးမှ အလုပ်သမားများ၏ ကွန်ရက် အဖွဲ့အစည်းကြီးဖြစ်သော နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ ကွန်ဖက်ဒရေးရှင်း (ITUC) က မကြာသေးမီက ထုတ်ပြန်လိုက်သော `မြန်မာကလေးများ-မျိုးဆက်တဆက် စတေးခံရခြင်း´ ဆိုသည့် အစီရင်ခံစာတွင် စစ်အစိုးရက ပညာရေးနှင့် ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက် မရှိသောကြောင့် မြန်မာ့အနာဂတ်မျိုးဆက်မှာ အန္တရာယ်တွင်းသို့ ကျရောက်နေသည်ဟု ရေးသားထားသည်။

စစ်အစိုးရသည် စုစုပေါင်း ပြည်တွင်းထွက်ကုန် (GDP) ၏ ၄၀ % ကို စစ်ရေးအတွက် အသုံးပြုနေပြီး ပညာရေးအတွက် ၀.၉ % နှင့် ကျန်းမာရေးအတွက် ၀.၅ % သာ အသီးသီးအသုံးပြုသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

''စစ်အစိုးရက ပညာရေးအတွက် မဖြစ်စလောက်မျှသာ အသုံးပြုနေပြီး အစိုးရဘတ်ဂျက်၏ အများစုကို စစ်တပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး ဗိုလ်ချုပ်ကြီးများသည် မြန်မာပြည်သူများအတွက်၎င်း၊ အနာဂတ် မျိုးဆက်များအတွက်၎င်း ထည့်သွင်းစဉ်းစားသည်ဟု ယုံကြည်ရန် အကြောင်းမရှိပါ'' ဟု အဆိုပါ စာအုပ်ကို ရေးသားသူ Samuel Grumiau က မဇ္ဈိမကို ပြောသည်။

မြန်မာပြည်သူများသည် သူတို့ကလေးများ၏ ပညာရေးကို အစဉ်အမြဲ အလွန်တန်ဖိုးထားသော်လည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုချို့တဲ့ခြင်း၏ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသော ပညာသင်ကာလမပြီးဆုံးမီ ကျောင်းထွက်ရသူများ၏ နှုံးထား အလွန်မြင့်မားလာခြင်းကြောင့် စာမတတ်သည့် အနာဂတ်မျိုးဆက်ကို မွေးထုတ်ပေးနေသည်ဟု Grumiau က ပြောသည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း၊ စီးပွားရေးအခြေအနေ ပျက်စီးယိုယွင်းခြင်း၊ ကလေးအလုပ်သမားများ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးများသည် ကျောင်းကို သွားရမည့်အစား အလုပ်ခွင်ထဲသို့သာ ရောက်ကုန်ကြသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံရှိ ကျောင်းမတက်နိုင်သည့်၊ ကျောင်းတက်ရန် မတတ်နိုင်သည့် သန်းပေါင်းများစွာသော ကလေးများသည် ကလေးလုပ်သားများအဖြစ်သာ ဘဝဆုံးကြရသည်ဟု Grumiau က ဆိုသည်။ အချို့သော အဆိုးရွားဆုံး ဖြစ်ရပ်များတွင်မူ အဆိုပါ ကလေးအလုပ်သမားများသည် သူတောင်းစားဘဝ၊ ပြည့်တန်ဆာဘဝ ရောက်ကြရပြီး အချို့မှာ အလွန်အန္တရာယ်များသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြရသည်ဟု ပြောသည်။

''ထောင်ပေါင်းများစွာသော အဆိုပါ ကလေးများမှာ မြန်မာစစ်တပ် အပါအဝင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများအတွင်းသို့ သိမ်းသွင်းစုဆောင်းခြင်း ခံကြရသည်'' ဟု သူက ဆက်လက်ပြောဆိုသည်။

''ပညာရေးနဲ့ လူထုစားဝတ်နေရေးကို မြှင့်တင်ရမှာ အစိုးရရဲ့ တာဝန်ဖြစ်တာကြောင့် စစ်အစိုးရက အာဏာကို ဆက်လက်ကိုင်စွဲထားဖို့ ပိုင်းဖြတ်ချက်ချထားခြင်းဟာ ကလေးအလုပ်သမားကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်'' ဟုလည်း ဘရပ်ဆဲလ်မြို့မှ Grumiau က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများမှာ အလုပ်သမားအဖွဲ့အစည်းများ မရှိခြင်းကြောင့် လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းရန်၊ တောင်းဆိုရန် အခွင့်အရေး မရဟုလည်း သူက ပြောသည်။ ထို့ကြောင့် လုပ်ခလစာ အလွန်အမင်း နိမ့်ကျခြင်းများ ပေါ်ပေါက်လာပြီး မိသားစုစားဝတ်နေရေးအတွက် မိဘများက သူတို့ကလေးများကို အလုပ်ခွင်ထဲသို့ သွတ်သွင်းကြရသည်ဟုလည်း သူက ပြောသည်။

ဥပမာအားဖြင့် ဆရာများ၏ လုပ်ခလစာမှာ မငတ်ရုံတမယ်သာရှိသဖြင့် အပိုဝင်ငွေရှာသည့်အနေနှင့် ကလေးများကို ကိုယ်ပိုင်ကျူရှင်ဟူ၍ သင်တန်းများ ပေးကြရသည်။ ကလေးများက ထိုသင်တန်းများအတွက် သင်တန်းကြေး သပ်သပ်ပေးကြရသည်။ ပိုက်ဆံတတ်နိုင်သော ကလေးများက ကျူရှင်တက်ပြီး စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရကြသည်။ မတတ်နိုင်သူတို့မှာ စာမေးပွဲကျကြပြီး ကျောင်းမှထွက်ကာ အလုပ်ထဲဝင်ရသည့် အခြေအနေ ရောက်ကုန်ကြသည်။

''ဒီစနစ်က စာမေးပွဲအောင်လက်မှတ်တွေ ရောင်းနေသလိုပဲ။ ကျနော်နဲ့ တွေ့ဆုံခဲ့တဲ့ ဆရာတွေက ဒီစနစ်အပေါ် အရမ်းဝမ်းနည်း စိတ်ပျက်ကြတယ်။ သူတို့လစာ သင့်တော်မျှတရုံလေးလောက် ရမယ်ဆိုရင်တောင် ဒါမျိုး ဘယ်တော့မှ ကျူရှင်ပေးစားကြမှာ မဟုတ်ဘူး'' ဟု Grumaiu က ပြောသည်။

ITUC အစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ ၅၇ သန်း၏ ၂၅ % မှာ အသက် ၁၄ နှစ်အောက် ဖြစ်ကြပြီး၊ ၄ဝ % မှာ ၁၈ နှစ်အောက် ဖြစ်ကြသည်။ အသက် ၅ နှစ် မှ ၁၃ နှစ်အကြား ကလေး အနည်းဆုံး ၄ သန်းသည် ၂ဝဝ၆ ခုနှစ်အတွင်း ကျောင်းတက်ခြင်း မရှိကြဟု ခန့်မှန်းဖော်ပြထားသည်။

မြန်မာနိုင်ငံမှ စစ်အစိုးရအဆက်ဆက်၏ စီးပွားရေးမူဝါဒများကြောင့် တိုင်းပြည်မှာ ဆင်းရဲတွင်းနက်ခဲ့ရသည်။ လူဦးရေ စုစုပေါင်း၏ ၉၅ % ကျော်မှာ တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိကြပြီး ၉ဝ % မှာ တနေ့လျှင် ၆၅ ဆင့်သာ ဝင်ငွေရှိကြသည်ဟု အစီရင်ခံစာက ဆိုသည်။

စာတွေ့အရ မြန်မာနိုင်ငံတွင် ၄ တန်းအထိ (မူလတန်းပြီးဆုံးသည်အထိ) အခမဲ့ မသင်မနေရ ပညာရေး ဥပဒေအရ ရှိသည်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေမှုအဆင့်အောက်ရှိ မိဘအများစုမှာ မိသားစု စားဝတ်နေရေးအတွက် ကလေးများ၏ လုပ်အားနှင့် လုပ်ခလစာကို မှီခိုနေရသည့် အခြေအနေတွင် ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။

ကလေးလုပ်သားများမှာ အလုပ်မျိုးစုံ လုပ်ကြရသည်။ အမှိုက်ပုံတွင် အမှိုက်ကောက်ခြင်းများ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် စားပွဲထိုးလုပ်ခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေခြင်း၊ အိမ်ဖော်လုပ်ခြင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ သတ္တုတွင်းများတွင် လုပ်ကိုင်ခြင်း စသဖြင့် အလုပ်မျိုးစုံ လုပ်ကိုင်ကြရသည်။ အချို့ဆိုလျှင် ပြည့်တန်ဆာအဖြစ်ပင် လုပ်ကိုင်ကြရသည်ဟု အစီရင်ခံစာက ရေးသားထားသည်။

ထို့ပြင် ကလေးများမှာ အာဏာပိုင်များ၏ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကိုလည်း မကြာခဏ ခံကြရသည်ဟု အစီရင်ခံစာက ဆိုသည်။ အထူးသဖြင့် အလုပ်လုပ်နိုင်မည့် လူကြီးများ မရှိသည့်အချိန်တွင် သူတို့ကို ခေါ်ယူခိုင်းစေသည်ဟု ပြောသည်။ ထို့ပြင် သူတို့ကို စစ်စခန်းများတွင် ကလေးစစ်သားများအဖြစ်လည်း စုဆောင်းခေါ်ယူထားသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားခန့်မှန်းခြေ ၇ဝဝဝဝ ကျော် ရှိသည်။ သို့သော် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ကမူ စစ်အစိုးရက သတင်းစီးဆင်းမှုကို မလွယ်ကူအောင် လုပ်ထားသဖြင့် ကလေးစစ်သား အရေအတွက်ကို အတိအကျ မခန့်မှန်းနိုင် အမြဲပင် ကွဲလွဲနေမည်သာဖြစ်သည်ဟု ပြောဆိုသည်။

''အရေးကြီးတဲ့အချက်က စစ်တပ်ထဲကို ကလေးစစ်သားတွေ စုဆောင်းသိမ်းသွင်းနေတာ ရှိနေတုန်းပဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်'' ဟု HRW ၏ မြန်မာ့ရေးရာ သုတေသီ ဒေးဗစ်စကော့ မက်သီဆန် (David Scott Mathieson) က အစောပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့အနာဂတ်မျိုးဆက်ကို ကယ်ဆယ်ရန် တခုတည်းသော နည်းလမ်းမှာ အလုပ်သမားသမဂ္ဂ အခွင့်အရေးများ အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် ပြုလုပ်ရေးပင်ဖြစ်သည်ဟု Grumiau က ပြောသည်။

''ဒီမိုကရေစီ အစိုးရတရပ်ကတော့ ပညာရေးအတွက် လုံလောက်သင့်တော်တဲ့ ဘတ်ဂျက်ကို ကလေးတွေအတွက် နိုင်ငံရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာတွေ လုပ်မှာပဲ'' ဟု သူက ပြောသည်။ ''မြန်မာအလုပ်သမားတွေမှာ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းအရေးဆိုနိုင်တဲ့ အခွင့်အရေးတွေရှိလာရင် သူတို့လုပ်ခလစာ ကောင်းကောင်းရလာမှာပဲဟုလည်း သူက ဆက်လက်ပြောဆိုသည်။

သို့သော် စစ်အစိုးရက သူတို့အာဏာကို လက်မလွှတ်ဘဲ ဆက်လက်ကိုင်စွဲထားရန် ပိုင်းဖြတ်ထားခြင်းကြောင့် နိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေးနှင့် နိုင်ငံရေးဖိအားများ ဆက်ပေးဖို့လိုသည်ဟုလည်း Grumiau က ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ''ILO ၏ အဓမ္မလုပ်အားပေးနှင့် ကလေးစစ်သားများ စစ်တပ်တွင်းသို့ စုဆောင်းသိမ်းသွင်းသည့် ကိစ္စများကို ဆန့်ကျင်တိုက်ဖျက်နေသည့် လုပ်ငန်းများတွင်လည်း ထောက်ခံအားပေးမှု ပြုသင့်သည်။ ဒေသတွင်းမှ အင်အားကြီးနိုင်ငံများ (တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင်) တို့က စစ်မှန်သော ဖိအားများပေးမှသာ ဗိုလ်ချုပ်ကြီးများအပေါ် အန္တရာယ်ကျရောက်လာပြီး သူတို့၏ ဆိုးရွားမှားယွင်းသော မူဝါဒများကို ပြန်လည်စဉ်းစားလာစေလိမ့်မည်'' ဟု သူက ဆက်လက်ပြောဆိုသည်။
(www.mizzimaburmese.com မှကူးယူဖော်ပြပါသည်။)