Thursday, December 17, 2009

ဆုတောင်း



အမိမြန်မာပြည်ကို (လူနည်းစုမှအပ) အမျိုးချစ်သူအားလုံးက တိုးတက်စေချင်သည် ။
လူ့အခွင့်အရေး ရစေချင်သည်။ ဒီမိုကရေစီ ထွန်းကားစေချင်သည်။ သို့သော်
ကျွန်တော်တို့တွင် ဒီမိုကရေစီ စံနှုန်းများ နည်းပါးနေသည်ကို တွေ့မြင်နေရသည်။
ကားဝယ်မည်ဟု စိတ်ကူးထားလျှင် ကားမောင်းတတ်ထားဖို့တော့လိုပါသည်။
ဒီမိုကရေစီ ကိုလိုချင်ပါလျှင် ဒီမိုကရေစီ အမူအကျင့်များကို မွေးမြူထားဖို့လိုပါသည်။
မကြာခင်က ဖြစ်ပျက်ခဲ့သော ပဲခူးမြို့ အကြောင်းကို BBC (မြန်မာပိုင်း)မှ သတင်းတင်ဆက်ခဲ့ပါသည်။
သံဃာ တစ်ပါးက ပန်းကုံးစွပ်သောကြောင့် ရဲက ဖမ်းသည် ဟု ဆိုခဲ့ပါသည်။
ထိုသတင်းကြောင့် BBC(မြန်မာပိုင်း)အား အချို့ အင်တာနက် သတင်းစာမျက်နှာများရှိ C-Box များတွင် ကြမ်းတမ်းစွာ
ဆဲဆိုထားသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရပါသည်။ အချို့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
ဖြစ်နေသဖြင့် မလွှင့်သင့်ကြောင်းရေးထားသည်ကိုပါ ၀မ်းနည်းဖွယ် ဖတ်လိုက်ရပါသည်။
ငါမကောင်းလျှင် ငါ့ကိုရေးရမည် ၊ ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရား ကိုရေးရပါမည်။
ဒါမှ တကယ့် အမှန်တရားကို ပြည်သူများ သိရှိနိုင်ပါမည်။ ပြည်သူများ၏ အားထားရာ အစစ်အမှန်
ဖြစ်လာပါမည်။ အတိုက်အခံ ဖြစ်စေ ၊ အစိုးရ ဖြစ်စေ မကောင်းလျှင် မကောင်းကြောင်းကို ရေးရပါမည်။
ငါမကောင်းတာကိုချန်ထားပြီး သူများမကောင်းကြောင်းကိုသာရေးနေလျှင် အားထားရာ ဖြစ်လာနိုင်မည်
မဟုတ်ပါ။ တစ်ယောက်အားနှင့် ယူသော်မရ အများအားဖြင့်ယူမှ ရမည်ဖြစ်သော ဒီမိုကရေစီ အရေးတော်ပုံ
ကြီးတွင် အားလုံး ကျရာ အခန်းမှ တာဝန်ကျေကျေ ပါဝင်နိုင်ပါစေ။

“ပြည်သူ့ သူရဲကောင်းအမျိုးသမီး ရည်မှန်းချက်များ ရှင်းပြခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အောင်ဆန်းစုကြည်နှင့် ခရင်သာပါ (Karan Thapar) တို့၏ တွေ့ဆုံမေးမြန်းခန




မေး။ ရန်ကုန်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေက အတော်ကလေး ရှုတ်ထွေးနေပါတယ်။ တိုင်းပြည်ရဲ့
အခြေအနေကို ဘယ်လိုရှိတယ်လို့ ဆိုနိုင်မလဲ။
ဖြေ။ အခြေအနေကတော့ ခန့်မှန်းနိုင်တဲ့အတိုင်း တော်တော်ကြီးကို တင်းမာနေပါတယ်။ အစိုးရယန္တရားဟာ
တိုင်းပြည်နေရာအများအပြားမှာ ရပ်တန့်သွားသလောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီအခက်အခဲကို
ကျော်လွှားဘို့ ပြည်သူတွေက လုပ်စရာရှိတာတွေ လုပ်နေကြပါတယ်။ ဆန္ဒပြပွဲတွေကို စနစ်တကျ
ကျင်းပနေပါတယ်။ ရပ်ကွက်လုံခြုံရေးကိုလည်း အရပ်သားကင်းစောင့်အဖွဲ‹တွေက တာဝန်ယူနေပါတယ်။
စည်းကမ်းစနစ်ရှိကြဘို့အတွက်လည်း ပြည်သူတွေက ရှေ့တန်းက လှုပ်ရှားနေကြပါတယ်။
မေး။ မကြာခင် ရက်ပိုင်းတွေမှာ ခင်ဗျားဟာ အခုဖြစ်နေတဲ့ ပြည်သူ့လပ်ရှားမမှာ အဓိကခေါင်းဆောင်အဖြစ်နဲ့
ပေါ်ထွက်လာပါတယ်။ ဘာအတွက် တိုက်နေတာပါလဲ။ ခင်ဗျားရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုဖော်ပြမလဲ။
ဖြေ။ ဒီမိုကရေစီရဘို့ မြန်မာပြည်မှာ ကြိုးပမ်းနေကြတဲ့ ပြည်သူအများထဲမှာ ကျမတယောက်လည်း ပါပါတယ်။
နောက်ထပ် အသေအပျောက် အကြမ်းဖက်မတွေ မရှိတော့ဘဲ ပြည်သူတွေ ဒီမိုကရေစီရအောင် ကျမ
ကူညီဘို့ ရည်ရွယ်ပါတယ်။
မေး။ “ဒုတိယမြောက် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု” လုပ်ဖို့လိုကြောင်း မကြာခင်ကပဲ
ခင်ဗျားပြောသွားပါတယ်။ အဲဒါ တိတိကျကျ ဘာကိုဆိုလိုတာပါလဲ။
ဖြေ။ ပြည်သူလူထုကို လူ‹အခွင့်အရေးအပြည့်အဝ ခံစားခွင့်မပေးတဲ့ နိုင်ငံရေးစနစ်ဟာ ပြည့်ဝတဲ့လွတ်လပ်ရေးရဲ့အမြင့်ဆုံးမျှော်မှန်းချက်နဲ့ ဆနှ်ုကျင်နေပါတယ်။ ဒါကြောင့်မို့လို့ အခုလို မြန်မာပြည်သူလူထုကဒီမိုကရေစီတောင်းဆိုနေတာဟာ သူတို့ရဲ့ ဒုတိယအကြိမ်လွတ်လပ်ရေးကြိုးပမ်းမဖြစ်တယ်လို့ကျမပြောတာ ဖြစ်ပါတယ်။
မေး။ ပါတီစုံရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး လူထုဆန္ဒကောက်ယူပွဲလုပ်မယ်၊ မလုပ်ဖူးဆိုတာ ဆုံးဖြတ်ဖို့
စက်တင်ဘာလ ၁၂ ရက်နေ့ ၁၉၈၈ မှာ အထူးပါတီညီလာခံကျင်းပမယ်လို့ သမတမောင်မောင်က
ကမ်းလှမ်းထားတာကို ခင်ဗျား ဘယ်လိုပြန်ကြားမလဲ။
ဖြေ။ လွန်ခဲ့တဲ့လက ပထမဆုံး စပြီး အဆိုðပစဉ်တုန်းက အာဏာရပါတီကသာ လူထုဆန္ဒကောက်ယူပွဲလုပ်ဖို့
သဘောတူခဲ့ရင် ပြည်သူလူထုက ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့
အဲဒီကိစ္စဟာ အရေးမပါတော့ပါဘူး။ “သိပ်နောက်ကျပြီး သိပ်နဲနေတယ်” ဆိုတဲ့ စကားလိုဖြစ်နေပါပြီ။
ပြည်သူတွေက ဆန္ဒပြပြီးတော့ ပါတီစုံဒီမိုကရေစီ လိုချင်တယ်ဆိုတာကို နဲနဲလေးမှ
သံသယရှိစရာမလိုအောင် ပြသပြီးပါပြီ။ အဲဒီတော့ လူထုဆန္ဒကောက်ယူပွဲဆိုတာ လုံးဝ အပိုဖြစ်နေမှာပါပဲ၊
မလိုတော့ပါဘူး။
မေး။ အဲဒီလိုဆိုရင် ပြည်သူလူထုကို လက်ရှိအစိုးရ ပြုတ်ကျသွားတဲ့အထိ ဆက်လက်တောင်းဆိုဖို့ကို ခင်ဗျားက
ဆိုလိုပါသလား။
ဖြေ။ ဒီကိစ္စက အစိုးရကို ဖြုတ်ချဖို့ပဲ မဟုတ်ပါဘူး။ ကျမရဲ့ လိုလားချက်နဲ့လည်း မဆိုင်ပါဘူး။ ပြည်သူလူထုဟာ
သူတို့လိုလားတဲ့ နိုင်ငံရေးစနစ်ကို မရမခြင်း ဆက်လက်တောင်းဆိုနေကြမှာပါပဲ။
မေး။ လူထုလပ်ရှားမှုတွေဟာ ယေဘုယျအားဖြင့် အလိုအလျောက် မစည်းရုံးရဘဲ ဖြစ်ပေါ်နေတာမို့
မြန်မာပြည်မှာ ဥပဒေစည်းကမ်းမရှိ၊ ထိန်းချုပ်မယ့်အာဏာပိုင်လည်း မရှိဘဲနဲ့ မင်းမဲ့အခြေအနေ
ရောက်သွားမှာကို ခင်ဗျား စိတ်မပူဘူးလား။
ဖြေ။ ဟုတ်ပါတယ်၊ ဒီလပ်ရှားမဟာ ပြည်သူလူထုက စိတ်ပျက်လွန်းလို့ အလိုအလျောက်ဆန္ဒပြကြတာက
စတင်ခဲ့ပေမဲ့ အခုတော့ တနေ့ထက်တနေ့ စနစ်တကျ စည်းစည်းလုံးလုံး ဖြစ်လာပါပြီ။ ပြည်သူလူထုဟာ
အခု ရပ်ကွက်လုံခြုံရေးအစီအစဉ်တွေ လုပ်နေပါတယ်။ စနစ်တကျ သပိတ်တွေမှောက်ဖို့၊ ဆန္ဒပြကြဖို့လည်း
စီစဉ်နေပါတယ်။ ဒီတော့ စိုးရိမ်မတွေ ပိုနေစရာ မလိုပါဘူး။
မေး။ စစ်တပ်ဆီက ဘယ်လိုအကူအညီရမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ စစ်တပ်ဆီက အကူအညီရဖို့ ကျမ မမျှော်လင့်ပါဘူး။ သြဂုတ်လ ၂၅ ရက်နေ့က ကျမ ပြောသွားတာက
တပ်မတော်နဲ့ ပြည်သူအကြားမှာ သဘောကွဲလွဲမှု မရှိသင့်ဘူးဆိုတာပါပဲ။ တပ်မတော်ဟာ ပြည်သူလူထုက
လေးစားပြီး ယုံကြည်ရတဲ့အင်အားတစု ဖြစ်သင့်ပါတယ်။ တပ်မတော်ဟာ သူ့သိက္ခာသူ
ထိန်းသိမ်းဖို့အတွက်နဲ့ တိုင်းပြည်ကောင်းဖို့အတွက် နိုင်ငံရေးမှာ မပါသင့်ပါဘူးလို့ ကျမ အခိုင်အမာ
ယုံကြည်ပါတယ်။
မေး။ အကယ်၍ ဒီအစိုးရကျဆင်းသွားရင် သူ့နေရာမှာ ဘယ်သူက ယူမှာလဲ။ ဘယ်လိုအကူးအပြောင်း
အစီအစဉ်မျိုးတွေ ဖြစ်နိုင်ပါသလဲ။
ဖြေ။ ပြည်သူက ယုံကြည်တဲ့ ကြားဖြတ်ယာယီအစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်အောင် ပြန်လုပ်နိုင်မှာဖြစ်ပြီး
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေတွေက ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
မေး။ အဲဒီအကူးအပြောင်းကာလမှာ ခင်ဗျား ဘယ်နေရာက ပါဝင်ဖို့ ရှိပါသလဲ။
ဖြေ။ ကျမအနေနဲ့ အထူးသီးသန့်နေရာက ပါဝင်ဖို့ မရှိပါဘူး။ ဘယ်လိုဖြစ်လာမလဲဆိုတာကို
စောင့်ကြည့်ပြီးတော့ ငြိမ်းချမ်းစွာ အကူးအပြောင်း လုပ်နိုင်အောင် ကျမ ဘယ်လိုအတတ်နိုင်ဆုံး
အကူအညီပေးရမယ်ဆိုတာပဲ ရှိပါတယ်။
မေး။ ကဲ အနာဂတ်ကို ကြည့်ရအောင်၊ အင်း၊ တကယ်တော့ အနာဂတ်ဆိုတာကလည်း သိပ်ဝေးတော့မယ်
မဟုတ်ပါဘူး။ ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာမယ်ဆိုရင် မြန်မာပြည်မှာကလည်း ဘာပါတီမှ
ရှိတာမဟုတ်ပါဘူး။ ဘယ်လိုပါတီမျိုးတွေ ပေါ်ပေါက်လာတာကို မြင်ချင်ပါသလဲ။
ဖြေ။ အကောင်းဆုံးကတော့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းဖို‹အတွက် ရည်စူးအဓိဌာန်ðပထားတဲ့၊ စွမ်းရည်ရှိပြီး
ရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ပါတီတွေကို မြင်ချင်ပါတယ်။
မေး။ ခင်ဗျားကရော ပါတီထူထောင်မှာလား။
ဖြေ။ ရှောင်ရှားလို့ ရမယ်ဆိုရင်တော့ မထူထောင်ချင်ပါဘူး။
မေး။ နိုင်ငံရေးလောကမှာ ဇောက်ချပြီးလုပ်ဖို့စိတ်ကူးပါသလား။ လုပ်မယ်ဆိုရင် နိုင်ငံရေးသမားတဦးအဖြစ်နဲ့
ခင်ဗျားရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ကျွမ်းကျင်မှုကိုရော ဘယ်လိုသုံးသပ်ပါမလဲ။
ဖြေ။ နိုင်ငံရေးထဲမှာ နစ်မွန်းနေရမယ့် ဘဝမျိုးဟာ ကျမအတွက် မက်ဖွယ်ရာမဟုတ်ပါဘူး။ အခု
လောလောဆယ်မှာ ကျမအဖေရဲ့ နာမည်ကြောင့်၎င်း၊ ကျမကလည်း နေရာလုဖို့
စိတ်မဝင်စားတာကြောင့်တကြောင်း ကျမဟာ ပေါင်းစည်းညီညွတ်အောင် လုပ်ပေးတဲ့
အင်အားတခုအနေနဲ့သာ ပါဝင်နေတာဖြစ်ပါတယ်။
မေး။ အဲဒီလိုဆိုရင် ခင်ဗျား ဘယ်သူ့ကို အနာဂတ်ခေါင်းဆောင်အဖြစ် ထောက်ခံမှာလဲ။
အပြောင်းအလဲကာလမှာ ဦးဆောင်ဖို‹ပေါ့လေ။
ဖြေ။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ကျမ အတတ်နိုင်ဆုံး ရှောင်ကျဉ်နေတဲ့ နိုင်ငံရေးမျိုးမှာ ပါဝင်လာတဲ့သဘော
ဖြစ်နေပါလိမ့်မယ်။
မေး။ ခင်ဗျားအနေနဲ့ ဒါမှမဟုတ်လည်း အနာဂတ်အစိုးရအနေနဲ့ပညာတတ်မြန်မာတွေ တိုင်းပြည်ကို
ပြန်လာရအောင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် ဘယ်လိုပြောပြမလဲ။
ဖြေ။ ပြည်သူတွေကို သူတို့ရဲ့ ကျွမ်းကျင်မစွမ်းရည်တွေကို အသုံးချခွင့် အလုံအလောက်ပေးတဲ့
ဒီမိုကရေစီအစိုးရဟာ မြန်မာတွေအများကြီး တိုင်းပြည်ကို ပြန်လာအောင် ဆွဲဆောင်မှာ သေချာပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာရှိနေတဲ့ အတတ်ပညာနဲ့ကျွမ်းကျင်မှုများကို လျှော့တွက်တာဟာ မမှန်ကန်ပါဘူး။
ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ကို ဖယ်ရှားလိုက်မယ်ဆိုရင် မိမိတို့အရည်အချင်းကို
အခုထက်ထိ ပြသခွင့်မရသေးတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေ အများကြီးပေါ်လာမှာပါ။
မေး။ ဒီမိုကရက်တစ်မြန်မာနိုင်ငံအနေနဲ့ ပြင်ပကမဘာနဲ့ ဘယ်လိုဆက်သွယ်ရေးမျိုးကို ကျင့်သုံးမှာပါလဲ။
ဖြေ။ မြန်မာနိုင်ငံဟာ အမြဲတမ်း ဘက်မလိုက်လမ်းစဉ်ကို ကျင့်သုံးတာမို့ ဒီအတိုင်းပဲ
ဆက်လက်ကျင့်သုံးသင့်ပါတယ်။ ဒါပေမဲ့ ပြင်ပကမဘာနဲ့ ဆက်ဆံရာမှာ ပိုပြီးပွင့်လင်းတဲ့ သဘောထားနဲ့
ဆက်ဆံရမှာဖြစ်ပါတယ်။
မေး။ မြန်မာတွေအနေနဲ့ ရှေးရိုးစဉ်ဆက်ကတည်းက အရေးတကြီး စိုးရိမ်ခဲ့ကြတာက သူတို့ရဲ့ယဉ်ကျေးမှုနဲ့
ဘာသာယုံကြည်မှု သန့်စင်ရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်။ ဒါဟာ ခင်ဗျားအတွက်ရော အရေးကြီးပါသလား။
ဖြေ။ ကိုယ့်ယဉ်ကျေးမှုနဲ့ ဘာသာယုံကြည်မှုကို ထိန်းသိမ်းပေးဖို့ လူမျိုးတိုင်းအတွက် အရေးကြီးတယ်လို့
ထင်ပါတယ်။ တချိန်တည်းမှာပဲ သတိထားရမှာက တိုးတက်တဲ့နိုင်ငံဆိုတာဟာ အချိန်ကာလနဲ့အတူ
တိုးတက်လပ်ရှားသင့်တယ်။ တယူသန်အစွဲနဲ့ အမြင်ကျဉ်းမြောင်းတဲ့ သဘောထားတွေကို
ရှောင်သင့်တယ်ဆိုတာပါပဲ။
မေး။ ခင်ဗျားရဲ့ ဖခင်ဟာ သမိုင်းစဉ်အရ မြန်မာ့တပ်မတော်နဲ‹ တွဲဖက်လာခဲ့တာမို့ အနာဂတ်
ဒီမိုကရက်တစ်မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဘယ်လိုနေရာက ပါသင့်တယ်လို့ ခင်ဗျား ထင်ပါသလဲ။
မြန်မာနိုင်ငံလို တိုင်းပြည်မှာ စစ်တပ်က နိုင်ငံရေးမှာ နေရာယူဖို့ ဥပဒေစည်းမျဉ်းတွေလုပ်ဖို့ လိုတယ်လို့
ယူဆပါသလား။
ဖြေ။ တပ်မတော်ဟာ နိုင်ငံရေးမှာ မပါရဘူးလို့ ကျမအဖေက ပြောခဲ့ပါတယ်။ အဲဒီအယူအဆကို ကျမ
လုံးလုံးလျားလျား ထောက်ခံပါတယ်။
( ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး စာအုပ်မှ)

''ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်နေ့ စွဲများ''



ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်၍ ရှေ့နေကြီး
ဦးဖာနှင့် ဒေါ်စုတို့၏သားဖြစ်သည်။
၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ရက် စနေနေ့ တွင်
မကွေးတိုင်းနတ်မေါက်မြို့ ၌ဖွားမြင်သည်။ဗေဒင် ဆရာကဇာတာတွင် ထိန်လင်းဟု
အမည်ရေးသော်လည်း အကိုဖြစ်သူအောင်သန်းနှင့်လိုက်ဖက်ရန် အောင်ဆန်းဟုခေါ်
တွင်ခဲ့ သည်။
၁၉၂၂။ ။ အသက်(၇) နှစ်တွင်နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင်
ကျောင်းနေခဲ့ သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းနေခဲ့သည်။
၁၉၃ဝ။ ။သတ္တမတန်းအောင်ကာ ဦးရွှေရိုး စကောလားရှစ်ရသည်၊ တစ်လ ၁ဝ
ဖြင့်သုံးနှစ်စာစကောလားရှစ်ရခဲ့ သည်။
၁၉၃၂။ ။ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ
ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ဥပစာတန်းအောင်သည်(စာမေးပွဲခုံအမှတ်၂၃၁)။ တကသအမှူဆောင်
ရွေးကောက်ပွဲရှုံးနိမ့်သည်။
၁၉၃၅-၃၆ ။ ။တကသအမှူဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေ
မဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌
'ခွေးသရမ်းကြီးလွတ်နေသည်'ံဆောင်းပါးရေးသူကို
ထုတ်ဖေါ်မပြော၍တက္တသိုလ်မှထုတ်ပယ်ခံရသည်။
၁၉၃၆။ ။တကသ ဒုဥက္တဌရွေးချယ်ခံရသည်၊ ရန်ကုန်မြို့ ဂျူဘလီဟောခန်းမ၌
ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံတွင်မိန့်ခွန်းပြောကြား
သည်။
၁၉၃၇။ ။အင်္ဂလိပ်စာပေ၊ ဥရောပရာဇဝင်၊ နိုင်ငံရေးဗေဒဘာသာရပ်များဖြင့်
ဝိဇ္ဇာတန်းအောင်မြင်သည်။
၁၉၃၇-၃၈ ။တကသဒုဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား
များသမဂ္ဂ ဥက္ကဌအဖြစ်လည်းဆောင်ရွက်သည်။
၁၉၃၇။ ။ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့်စာဖတ်အသင်း ဥက္ကဌအဖြစ်
ဆောင်ရွက်သည်၊ပဲခူးဆောင်အခန်းအမှတ်(၁၁၃)တွင်နေခဲ့သည်။
၁၉၃၈။ ။ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ
ဥက္ကဌနေရာမှ၎င်း နှုတ်ထွက်သည်။
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နယူးဘားမား သတင်းစာအယ်ဒီတာအဖွဲ့တွင်
ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ပထမဦးဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်
တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင်
သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်သည်။
၁၉၃၈-၃၉ ။ တကသဥက္ကဌအဖြစ်ဆောင်ရွက်သည်။
၁၉၃၉။ ။ဇန်နဝါရီလတွင် ရန်ကုန်အရေးတကြီးလုံခြုံရေးအက်ဥပဒေဖြင့် (၁၅) ရက်
ဖမ်းဆီးထောင်ချခံရသည်။ ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ သန်းခေါင်ကျော် ၂နာရီခွဲ
တွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ်
အမှူဆောင်အစည်းအဝေးသို့ တက်ရောက်သည်။
ဖေဖေါ်ဝါရီလ ၂၆ရက် ညနေ၅နာရီင်္ခွဲတွင် ဗမာပြည်နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်
လူကြီးများနှင့် ကျောင်းသားခေါင်းဆောင်များ (ကျောင်းသားသပိတ်အရေးနှင့်
စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆
ရက်မှ ၉ ရက်အထိကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူး အဖြစ်
တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ၁၃ ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ်
တို့ဗမာအစည်းအရုံးတည်ရာဌာန၌ သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊
ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်အဖွဲ့
လေးတရပ် စတင်ဖွဲ့ စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့ တွင်ရန်ကုန်အရှေ့ ပိုင်း
၄၉လမ်းအိမ်နံပါတ် ၁၈၈တွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုလျို့ ဝှက်စွာတည်ထောင်
ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ
ခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ကျင်းပသော အစည်း
အဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင်တည်ထောင်
ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။
၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄ဝ ဇန်နဝါရီလ အတွင်းဗမာတစ် ပြည်လုံးသို့
တရားလှည့်လည်ဟောပြောခဲ့သည်။
၁၉၄ဝ။ ။ မတ်လ ၂၂ ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင်ကျင်းပသော
အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊
သခင်တင်မောင်၊သခင်ဆင်ဂူပတား၊ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ကိုဗဟိန်း တို့နှင့်အတူ
တက်ရောက်ခဲ့ကာ မေလ ၅ ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက်
ဟင်္သတခရိုင် ရာဇဝတ်ဝန်မစ္စတာဇေးဗီးယားက ဇွန်လ ၁ ရက်နေ့ ဇလွန်မြို့ ၌
ချင်းတောင်အကြောင်းဟောပြောမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန်
ဝရမ်းကိုထုတ်ခဲ့ သည်။ သြဂုတ်လ ၈ ရက်နေ့ တွင် သခင်လှမြိုင်နှင့် အတူ ဟိုင်လီ
အမည်ရှိသင်္ဘောဖြင့် ဗမာပြည်မှ တရုပ်ပြည်သို့ လျို့ဝှက်စွာထွက်ခွာခဲ့ကြသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် တရုပ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့်
နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
၁၉၄၁။ ။ မတ်လ ၃ ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ၉ ရက်နေ့၌
ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါတည်းခေါ်ယူပြီး ဂျပန်
ပြည်သို့ လျို့ဝှက်စွာပြန်လည်ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်
တိုကျိုမြို့သို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။ ထိုနှစ်နိုဝင်ဘာလ ဝရမ်းပြေးနေစဉ်
တက္ကသိုလ်အုတ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇ ၊ ၁၉၄၁ စနေနေ့ ည
၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီးဦးလွန်း
ဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့ စည်း
ပြီး လက်မောင်းသွေးဖေါက်သောက်ကြသည်။
၁၉၄၂။ ။ ဇန်နဝါရီလ ၁ ရက် တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို
ဘားမားလစ် ခေါ် အင်္ဂလိပ်အစိုးရ ၏ရန်သူတော်စာရင်းတွင် အ
မှတ်စဉ် ၅ အဖြစ်ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာ
ကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ်ဆောင်ရွက်သည်။ သြဂုတ်လ ၁ ရက်
တွက် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး
တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေတပ်မတော်
၏သေနာပတိဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့်
လက်ထပ်သည်။ လက်ထပ်ပွဲကို ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။
နိုဝင်ဘာလ ၈ ရက်တွင် မြို့တော်ခန်းမ၌ကျင်းပသော ခေတ်သစ်ဆရာဖြစ်သင်တန်း
တွင် သေနင်္ဂဗျူဟာစစ်ပညာ အကြောင်းဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇
ရက်တွင် ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး
၁၉၄၃ မတ်လ ၂၂ တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်
ဖြင့် ချီးမြှင့်ခြင်းခံရသည်။ သြဂုတ်လ ၁ ရက်တွင် ဗမာ့
တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ်ဆောင်ရွက်သည်။
ဂျပန်အစိုးရ၏( First Class Order Of The Sacred Treadsure) ချီးမြှင့်
ခြင်းခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်
ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
၁၉၄၄။ ။ သြဂုတ်လ ၄ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖက်ဆစ်
တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး (ဖဆပလ)ကို ပဲခူးမြို့ ဗမာ့
တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းရာ၌
ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစည်းအဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟို
စစ်ကောင်စီတွင်၎င်း၊ စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။
သြဂုတ်လ ၂၃ ရက် ဗုဒ္ဇဟူးနေ့တွင် ရန်ကုန်မြို့ပတ်လမ်းနှင့် ဦးထွန်းမြင့်
လမ်းထောင့်ရှိ စစ်ဝန်ကြီးဗိုလ်ချုပ် အောင်ဆန်း၏နေအိမ်၌ ဗမာ့တပ်မတော်
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ ပါဝင်ဖွဲ့စည်းသော
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့ စည်းသည်။
စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊
ဗိုလ်မှူးရဲထွတ်၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာ
ကြသည်။ စက်တင်ဘာလ ၇ ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီး
စောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆေ၊ွ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးရဲထွတ် တို့ နှင့်အတူ
ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်
ကိုဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည် ။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်
ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၁၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့်
ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန်လ ၂ဝ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော
ကမ်ဘာလင် (H.M.S. Cumberland) ပေါ်၌ အခြားနိုင်ငံရေး ခေါင်းဆောင်
များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေးသည်။ သြဂုတ်လ ၁၉
ရက် နေသူရိမ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက်
မြို့တော်ခန်းမ၌ကျင်းပသည့် အရှေ့အနောက်အသင်း
တွင်အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၎
ရက်တွင် အရှေ့တောင်အာရှဆိုင်ရာသေနာပတိ လော့မောင့်ဘက်တန်နှင့် ဗမာ့
တပ်မတော် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်
လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဇီ မြို့သို့သွားသည်။
၁၉၄၆။ ။ဇန်နဝါရီ ၂ဝ ရက်တွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံး
ဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။ မတ်လ
၎ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့
ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ရောက်သည်။ မတ်လ ၇
ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁ဝ ရက်တွင် စစ်တွေကို
ရောက်ပြီး၊ မတ်လ ၁၁ ရက်နေ့၌ စစ်တွေမြို့ တွင် တရားဟောသည်။ မတ်လ ၂၆
ရက်တွင် စထရင်း ဟော်တယ်၌အိန္ဒိယခေါင်းဆောင် ပဏ္ဍစ် နေရူး နှင့် ၃
နာရီကြာဆွေးနွေးသည်။ မေလ၂၈ ရက် ညနေ ၄ နာရီ အချိန်၌ ပြည်သူ့
ရဲဘော်တပ်ဖွဲ့အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့ တည်ရာဌာန၌ သြဝါဒ
မိန့်ခွန်းပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏အမှူဆောင်ကောင်စီ၌
ဒုသဘာပတိ အဖြစ်ရာထူးလက်ခံ၍ အစိုးရ အဖွဲ့ အသစ် ကိုဖွဲ့ သည်၊ နိုဝင်ဘာလ
၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ် ကိုစစ်ဆေးသည်၊ နိုဝင်ဘာလ
၁၄ ရက်မှ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်
သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌
ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် တောင်ကြီးမြို့ညောင်ရွှေဟော်၌ စော်ဘွားများ
နှင့်ပထမဆုံးအကြိမ် ဆွေးနွေးသည်။
၁၉၄၇။ ။ ဇန်နဝါရီလ ၂ ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့်အတူ ဘိလပ်သို့
သွားသည်။ ဇန်နဝါရီ ၅ ၇က်နေ့ ညနေ ၅ နာရီ ၁ဝမိနစ်အချိန်တွင် ဒေလီရေဒီယိုမှ
ဗမာပြည်သို့ဟူသော မှာကြားချက်မိန့်ခွန်းကိုအသံလွင့်သည်။ အေရှညီညွတ်ရေးသို့
ဟူသော ဗိုလ်ချုပ် အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင်
ဒေလီရေဒီယိုမှ အသံလွင့်သည်။ ဇန်နဝါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ်အက်တလီ ခေါင်း
ဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့ အမှတ် ၁ဝ
ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်နဝါရီလ ၂၈
ရက်တွင် အောင်ဆန်းအက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂
ရက်နေ့ ရန်ကုန်ပြန်ရောက်သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း
ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ်လက်မှတ်
ရေးထိုးသည်။ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော
မြို့တော်ဝန်၏ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁ဝ ရက်နေ့တွင်
ဗမာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ အသင်းနှစ်ပါတ်လည်နေ့တွင် မိန့်ခွန်း
ပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့်
မြိတ်၊ထားဝယ်၊မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ ရက်နေ့ညနေ ၎
နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ မိန့်ခွန်းပြောကြားသည်။မတ်လ ၂ဝ
ရက်နေ့တွင် ကျောက်ဆည်နှင့်မန္တလေးမြို့များတွင် တရားဟောသည်။ မတ်လ ၂၁
စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ်လ ၂၃ ရက် ညောင်ဦးမြို့တွင် တရား
ဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ၂၅ ရက်
နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ)
တွင်တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန်ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင်
လေယဉ်ဖြင့်စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘော
ဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့ တွင်စစ်တွေမှ ရန်ကုန်သို့
လေယာဉ်ဖြင့်ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနား
မြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း
ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင်
ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ရွေးကောက်ပွဲ
ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့သည် မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် ဗီယက်နမ်
နိုင်ငံကိုယ်စားလှယ် ပါမောက္ခရန်ပင်လော့နှင့်တွေ့ ဆုံသည်။ ဧပြီလ ၁၇ ရက် နေ့
လယ် ၁ နာရီတွင် ကန်တော်ကြီးစောင်းအိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့်
ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲတက်ရောက်ပြီး မိန့် ခွန်း
ပြောကြားသည်။ဧပြီလ ၁၈ ရက်နေ့ တွင် နှစ်သစ်ကူးမိန့် ခွန်းပြောကြားသည်။
ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။မေလ ၄ ရက်နေ့ တွင် ဗိုလ်ချုပ်နေအိမ်
၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ်ကိုယ်စားလှယ်များ၊ ပရသဖ
ကိုယ်စားလှယ်များနှင့် တွေ့ ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ ရဲဘော်
နှင့်ဆိုရှယ်လစ်များ မသင့်တင့်သည့်ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ရက်နေ့ ည
၈ နာရီတွင် ပြည်လမ်း ပဲခူး ကလပ်၌ မျက်နှာဖြူကုန်သည်ကြီးများ နှင့်
ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူး အစိုးရ
ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာဂျာဇန်ဇူလေမန် တို့
ကို လက်ဖက်ရည်ပွဲနှင့်ဧည့်ခံသည်။ မေလ၁ဝရက်နေ့ ညနေ ၃ နာရီအချိန်တွင်
သတင်းစာဆရာများကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ဝန်ကြီးအဖွဲ့
မှထုတ်ပယ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ မေလ ၁၂ ရက်နေ့ ည
၈နာရီတွင် အမေရိကန်သံအမတ် မစ္စတာ ပက်ကာ ၏နေအိမ်၌ကျင်းပသည့်
ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်
၏ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော် အာစီ မင်းသမီး
တို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့်ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့
တွင် ဖဆပလ ပဏာမ ညီလာခံကျင်းပသည်။ မေလ ၂၅ ရက်နေ့ တွင် ဗြိတိသျ
ရေတပ်မှ စစ်သင်္ဘောH.M.S FALE(ယခုစစ်ရေယာဉ် မေယု) အား
ရေတပ်လက်ထောက်ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘော
ပေါ်၌ပင် လက်ခံသည်။ မေလ၃ဝ ရက်နေ့တွင် သတင်းစာကွန်ဖရန့် ပြုလုပ်သည်။
ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံ
ဥပဒေနှင့်ပါတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်ကိုတင်သွင်းသည်။ ဇူလိုင်လ
၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းများ (ှု.ဃ.ှ)နှင့် တွေ့ ဆုံ
ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေ၍ လူထုသို့
မိန့်ခွန်းပြောကြားသည်။ (နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း ဖြစ်သည်)။
ဇူလိုင်လ ၁၉ ရက် စနေနေ့ နံက် ၁ဝ နာရီ ၃၇ မိနစ် အချိန်တွင်
မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ သည်။

Wednesday, December 16, 2009

စု ရဲ့ အလင်းရောင်



နှလုံးသားကို တံတားခင်း
မျက်ရည်နဲ့ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီ အရေးတော်ပုံမှာ။

ချစ်သူရဲ့ အလောင်းကို မပိုက်နိုင်ပေမယ့်
မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက် ဦးမညွတ်
ကိုယ်ကျိုးကိုစွန့်လွှတ်တဲ့ ခွပ်ဒေါင်းအာဇာနည်
ဒေါ်အောင်ဆန်းစုကြည် ရဲ့
တည်ကြည်ရဲရင့်တဲ့ ဂုဏ်ဟာ ကမ္ဘာမြေတုန်လောက်ပါတယ်။

အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့
ဒီဖြစ်ရပ် ဒီလောကဓံကို ကြံ့ကြံ့ခံအနိုင်ယူပြီး
အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်.။
သင့်အတွက် အကျွန်ုပ်တို့ ကြေကွဲပါရဲ့
ဒါပေမယ့်
ရဲရင့်တဲ့ သင့်စိတ်ဓာတ်ရဲ့
မြင့်မြတ်မှု ဂုဏ်ရည်စုကို
အလေးအမြတ် မပြုဘဲ မနေနိုင်။

သင်ချစ်တဲ့ ခင်ပွန်းအတွက်
ကျခဲ့တဲ့မျက်ရည်စက်များဟာ
တလက်လက်ထိန်တောက်နေတဲ့
စိန်ကျောက်ပမာ အရောင်ဖြာပြီး
မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို
အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက်အဖြစ်
ထွန်းလက်တောက်ပမယ်လို့
ကျွန်ုပ်တို့မုချ ယုံကြည်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှ ဖြိုးခွင်းပြီး
လွတ်လပ်ခြင်း ပန်တိုင် ရောက်ပါစေ.။

(ချစ်စွာသောဒေါ်စုသို့)
ဆရာတင်မိုး၏ကဗျာ
(၂၉.၃.၉၉)
http://myatlayngon.blogspot.com/မှ ကူးယူဖော်ပြပါသည်။

အားလုံး၏ဘဝများ



မြန်မာနိုင်ငံသည်
သယံဇာတများနှင့်သဘာဝထွက်ကုန်များပေါကြွယ်ဝသောနိုင်ငံတခုဖြစ်သည်ကို
အားလုံးသိကြ ပြီးသားဖြစ်ပါသည်။ သဘာဝကပ်ဆိုးများမှလည်း
တော်တော်ကင်းလွတ်ခွင့် ရခဲ့သည်။ နိုင်ငံ၏သဘာဝရေမြေ အနေအထားနှင့်
ထွက်ရှိသောသယံဇာတ၊ ထွက်ကုန်များနှင့် နှိုင်းစာလျှင်
တိုင်းပြည်အတွင်းတွင်မှီ တင်းနေထိုင် နေကြသောလူဦးရေသည် သဘာဝထွက်ကုန်ထက်
ပိုလျှံအဆမတန်များပြားနေသည်မဟုတ်ပါ။ စိုက်ပျိုးမွေးမြူ ရေးများအတွက်
အလွန်ကောင်းသော ရေမြေတော တောင်တို့ကိုလည်း သဘာဝကပေးအပ်ထားသည်။ ထိုသို့
သဘာဝက အဘက်ဘက်မှအစစအရာရာပြည့်စုံလုံလောက်စွာ ပေးအပ်ထားပါလျှက်နှင့်
မြန်မာနိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများအတွင်းတွင် ပါဝင်နေအောင်
လုပ်ဆောင်ထားနိုင်ခြင်းက ကမ္ဘာတွင်မြန်မာဟေ့ဟု ရှာမှရှား လောက်အောင်
စံတင်ထားစေနိုင်မည်ဖြစ်သည့် လေးစားဘွယ်အလွန်ကောင်းသည့်
တိုင်းပြည်စီမံကွပ်ကဲမှုကို နိုင်ငံတော်၏အကြီးအကဲများက
ထင်ထင်ရှားရှားပြသထားခြင်းဖြစ်သည်။ နိုင်ငံ၏လူထုတနေ့တခြားဆင်းရဲလာ ကြ၍
ထမင်းရည်ကိုပင် ချိုးခြံသောက်နေကြရချိန်တွင် နိုင်ငံအကြီးအကဲများနှင့်
၎င်းတို့၏ဆွေမျိုးများက အတိုင်း အဆမရှိအလွန်အမင်းချမ်းသာလာကြသည်။
အမျိုးကိုသိပ်ချစ်တတ်ကြသည်မှာသေချာသည်။ ဤမျှလေးစား ဘွယ်ကောင်းသော
နိုင်ငံ့ခေါင်းဆောင်ကြီးများကို ရွှေချကာဘုရားစင်တင်ပြီး
တနေ့ဦးသုံးကြိမ်ချကြသင့်ပေသည်။
မြန်မာနိုင်ငံသားများသည် ထုံထိုင်းညံ့ဖျင်းသူများမဟုတ်ကြပါ။
အပျင်းထူနေသူများလည်းမဟုတ်ကြပါ။ ထက် မြက်ကြသည်၊ အလုပ်ကြိုးစားလုပ်ကြသည်၊
ဖေါက်ထွင်းဥာဏ်ကောင်းကြသည်။ အတတ်ပညာရပ်များကို လွယ်
လွယ်ကူကူသင်ယူတတ်မြောက်လေ့ရှိကြသည်။
ဤသို့ထက်မြက်ထူးချွန်ကြသောမြန်မာနိုင်ငံသားများက အိမ်နီး
ချင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ တရုတ်၊ အိန္ဒိယတို့တွင်
ထိုနိုင်ငံများမှသူများမလုပ်လိုသောအနိမ့်ကျဆုံး အလုပ်များကို
ခွေးလေခွေးလွင့်တကောင်မျှလောက်ပင်တန်ဘိုးမထားခံရသော
တရားမဝင်ခိုးလုပ်သည့်အလုပ်သ မားများအဖြစ် လုပ်နေကြရသည်။
တိုင်းပြည်နှင့်လူမျိုးကိုချစ်ပါ - အမျိုးဂုဏ်ကိုချစ်ပါဟု
ဟုပါးစပ်မှအရေတမြား မြားထွက်အောင်တဖွဖွပြောပြီး လက်တွေ့မှာတော့
ကိုယ့်လူမျိုးများကို နိုင်ငံတကာတွင်ဈေးအပေါဆုံးကျွန်များ ဖြစ်လာအောင်
တီထွင်ဖန်တီးနိုင်ခြင်းသည်လဲ ဂုဏ်ပြုမှတ်တမ်းတင်စရာ ရှာမှရှားအပြောတခြား၊
အလုပ်တခြား

ဖြစ်မှုမည်ပေသည်။ နိုင်ငံအများစု၏အစိုးရများအနေနှင့် နိုင်ငံသားများအတွက်
ကောင်းမွန်ဖူလုံစေမည်ဖြစ်သော လုပ်ငန်းများ၊
အလုပ်အကိုင်များဖန်တီးဖေါ်ဆောင်ကာ နိုင်ငံသားများအတွက်
အလုပ်လုံလုံလောက်လောက်ရစေ ရန်လုပ်ပေးကြရခြင်းသည်
သက်ဆိုင်ရာအစိုးရ၏တာဝန်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်
နိုင်ငံသားများအ တွက်
နိုင်ငံတော်အစိုးရနှင့်နိုင်ငံ့ခေါင်းဆောင်ကြီးများက
နိုင်ငံသားများအတွက်ကောင်းမွန်ဖူလုံသောအလုပ်များ
ဆောင်ရွက်ပေးသည်ဆိုသည်ကို မည်သည့်အခါမျှကြားဘူးကြလိမ့်မည်မဟုတ်ပါ။
ပေါတာဆွဲခြင်း၊ ချောဆွဲခြင်း၊ အခမဲ့လုပ်အားပေးရခြင်းစသော
အတင်းအဓမ္မခိုင်းစေမှုများတွင်မူ မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင်
ထိပ်ဆုံးမှပြေးနေ ပေသည်။ ကောင်းလေစွ၊ ကောင်းလေစွ။ တက္ကသိုလ်များတွင်သာ
အဝေးရောက်သင်နိုင်ကြသည်သာမဟုတ်ပါ။ ဦးသန်းရွှေ၏သမီးများက
စင်္ကာပူနိုင်ငံအတွက်မြန်မာသံတမန်အလုပ်ကို အဝေးရောက်လုပ်နိုင်ကြပါသည်။ ဦး
သန်းရွှေ၏သမီးများမှာ အလုပ်မတက်ပျက်ကွက်မှုများလွန်းသည့်အတွက်လည်း
ရာထူးတိုးသည့် ဒါဏ်ခတ်ခြင်း ပင်ခံခဲ့ကြရသည်။ နိုင်ငံတော်အကြီးအကဲများက
သူတို့၏ဆွေမျိုးအသိုက်အဝန်းများအတွက် အလုပ်ပင်သွားစ ရာမလိုပဲလခရစေမည့်
အလုပ်အကိုင်ကောင်းကြီးများကို့ ကောင်းကောင်းဖန်တီးတတ်တာကတော့ သေချာသည်။
သူများနိုင်ငံတို့တွင် လျှပ်စစ်မီးက တကြိမ်သာလာလေ့ရှိသည်။
လျှပ်စစ်မီးပျက်တာသိပ်မရှိကြပဲ ရှားရှားပါးပါး တခါတရံပျက်လျှင်
အလွန်ဆုံးမိနစ်ပိုင်းမျှသာဖြစ်သည်။ တနှစ်နေမှ မီးပျက်တာ
၃ခါမျှသာအများဆုံးကြုံကြရ သည်။ မြန်မာနိုင်ငံတွင်
နိုင်ငံ့ခေါင်းဆောင်ကြီးများ၏စေတနာကြောင့် လျှပ်စစ်မီးက
မရည်တွက်နိုင်အောင် အ ကြိမ်ကြိမ်လာရရှာသည်။ နေ့စဉ် မီးမလာချိန်က
မီးလာချိန်ထက် များစွာပိုသည်ကို နိုင်ငံတော်၏ အိပ်ပျော်နေ ကြသော
ခေါင်းဆောင်ကြီးများမသိကြရရှာသည်မှာ နိုင်ငံနှင့်လူမျိုးအတွက်ကို
သိပ်စိတ်ဝင်စားအလေးထားလွန်း သောကြောင့်သာဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင်ပင် နယ်စွန်နယ်ဖျားရွာငယ်ကလေးများအထိ
လူရှိရာနေရာ များတွင် ရေနှင့်မီးရနိုင်အောင်
အစိုးရများကတာဝန်ယူလုပ်ပေးလေ့ရှိသည်။ မြန်မာနိုင်ငံတော်အစိုးရကတော့
နယ်စွန်နယ်ဖျားအထိလူရှိရာနေရာများအားလုံးတွင်
လုပ်အားပေးနှင့်အတင်းအဓမ္မခိုင်းစေခြင်းသာ အမြဲရှိနေစေ ရန်ဖန်တီးတတ်သည်မှာ
စံတင်လောက်သည်။ စက်မှုလုပ်ငန်းများအားလုံးသည်
လျှပ်စစ်ဓါတ်အားအသုံးပြုမှုကို မှီခိုကြရသည်။ နိုင်ငံတခု၏တိုးတက်မှုနှင့်
လျှပ်စစ်ဓါတ်အားအသုံးပြုမှုတို့ကဒွန်တွဲနေလေ့ရှိကြသည်။ ထိုသို့
သောစက်မှုတော်လှန်ရေးပြောင်းလဲမှုကိုမသိလိုက်ရှာပဲ
ကျောက်ခေတ်တွင်အိပ်ပျော်ကျန်ရစ်ခဲ့ရှာသော မြန်မာနိုင် ငံတော်၏အကြီးအကဲက
ကျောက်ခေတ်အတွေးအခေါ်နှင့် စက်မှုနိုင်ငံထူထောင်မည်ဟု နဂိုပြောင်သောမျက်နှာ
ပေးနှင့်ဟာသလုပ်ရဲသည်မှာလဲ ချီးကျူးစရာပင်ဖြစ်သည်။
လူတွေပင်လျှပ်စစ်မီးလုံလုံလောက်လောက်ရအောင်မ လုပ်နိုင်သေးပဲနှင့်
စက်မှုနိုင်ငံကြီးမည်သို့ထူထောင်မည်ကိုတွေးရဲသော ဦးနှောက်သည်
ကမ္ဘာ့အကောင်းဆုံးတီ ထွင်နိုင်မှုအတွက် နိုဘယ်ဆုပေးသင့်သော
ဦးနှောက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတော်အစိုးရနှင့်နိုင်ငံ့အကြီးအကဲ
များသည် နိုင်ငံတော်အစိုးရအဖွဲ့၏ပြည်သူလူထုပေါ်တွင်ထမ်းဆောင်ပေးရမည့်တာဝန်ဝတ္တရားများကို
မသိရှိပေ၍ ပဲလော၊
မသိတတ်လွန်းသောအနှစ်သာရတစက်မှမရှိသည့်ဥိးနှောက်များကိုပဲ
ပိုင်ဆိုင်ထားကြသူများကသာ နိုင်ငံ
တော်အကြီးအကဲများဖြစ်နေကြသောကြောင့်သာလောဆိုသည်ကတော့ စဉ်းစားစရာဖြစ်သည်။
နိုင်ငံတော်ဆိုသည်မှာ နိုင်ငံသက်သက်သာမက
နိုင်ငံအတွင်းရှိပြည်သူလူထုအားလုံးကိုပါဆိုလိုသည်ကို မသိနိုင်ခဲ့
ကြပဲနှင့် အစိုးရနှင့်အစိုးရအကြီးအကဲများအဖြစ်ရာသက်ပန်ဖြစ်နေလိုကြခြင်းကလဲ
ထူးခြားလှသည်။ အစိုးရတခု အနေနှင့်
အစိုးရအဖွဲ့၏နိုင်ငံနှင့်ပြည်သူလူထုအပေါ်ထားရှိရမည့်တာဝန် ဝတ္တရားများကို
သိတတ်ကြရန်လိုအပ်ပေ လိမ့်မည်။ အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံတော်နှင့်
ပြည်သူလူထု တိုးတက်ကောင်းမွန်စေရေးအတွက် စွမ်းစွမ်းတမံ လုပ်ကြရန်အတွက်
ပြည်သူလူထုထံတွင် သစ္စာခံထားကြရသူများဖြစ်သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့်အစိုးရအ ကြီးအကဲများကတော့
ပြည်သူလူထုကိုပင်ကြောက်ရွံ့ပြီး သေနတ်တကားကားနှင့်ချိန်ရွယ်ကာ
နိုင်ငံ၏အဆီအနှစ် များကို အမျိုးကောင်းစားရေးအတွက်
ခါးပိုက်ဆောင်ထဲထည့်နေကြသူများသာဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်
အစိုးရနှင့်နိုင်ငံတော်အကြီးအကဲများ၏အဓိပါယ်ကိုပြန်လည်ပြုပြင်ရေးကြရန်ပင်လိုနေပြီဖြစ်သည်။
စစ်သား၊ အ လုပ်သမား၊ တောင်သူလယ်သမား၊ ရဲ၊ ဈေးသည်၊
ကုန်သည်အားလုံးတနေ့တခြားမွဲပြာကျလာကြချိန်တွင် နိုင်ငံ
တော်အကြီးအကဲဆိုသူများနှင့် ၎င်းတို့၏အမျိုးအဆွေများအားလုံးသာ
အရှက်မရှိမတရားချမ်းသာလာကြခြင်းက ပါးစပ်ကဘုရားဘုရားနှင့်
လက်ကကားယားကားယားလုပ်ရပ်ကို ထင်ထင်ရှားရှားပြနေခြင်းဖြစ်သည်။
အခန့်မသင့်လျှင်မသင့်သလို ပါးစပ်ဥပဒေနှင့် ဖမ်းချင်သလိုဖမ်း၊
ထောင်ချချင်သလိုထောင်ချကာ ပြည်သူလူထု
ကိုခြိမ်းခြောက်မတရားအုပ်ချုပ်မှုများ၊ လူထုကိုမလှုပ်ရဲလောက်အောင်
အမျိုးမျိုးဖိနှိပ်ထားမှုများနှင့် ပြည်သူလူထု
ကမဝေဖန်မပြုပြင်နိုင်အောင်ထိမ်းသိမ်း၍ နိုင်ငံတော်ကို
သူတို့အလိုကျရောင်းစားပြီး လူမျိုးကိုကျွန်သက်သွင်းရန် အတွက်
ပါးစပ်မှအရှက်မရှိပေါက်တတ်ကရရှောက်ပြောက
သက်ဦးဆံပိုင်များသဖွယ်လုပ်ချင်သလိုလုပ်နေကြခြင်း
ကိုပြုပြင်ရန်လိုနေသည်မှာကြာလှပြီဖြစ်သည်။
နှိပ်စက်ဖိနှိပ်မှုအမျိုးမျိုးကြားမှ ပြည်သူလူထုကို အမှန်တကယ်
ကိုယ်စားပြုကာ လူထုအကျိုးကိုသယ်ပိုးမည်အစိုးရ၊
လူထုကိုသစ္စာရှိသောအစိုးရဖေါ်ဆောင်ကြရမည်ဖြစ်သည်။ ဤသို့ဖေါ်ဆောင်ခြင်းကို
မည်သူတဦးတယောက်ကမျှ လူထုအားလုံးအတွက်လာလုပ်ပေးနိုင်မည်မဟုတ်ပါ။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံကမျှလည်း
အတင်းဝင်ရောက်လုပ်ပေးနိုင်မည်မဟုတ်ပါ။ ပြည်သူလူ ထုသည်သာ
နိုင်ငံတခုနှင့်မိမိတို့နိုင်ငံသားများအားလုံးတို့၏
ကံကြမ္မာကိုပြောင်းလဲနိုင်စေရန်ဖန်တီးနိုင်ကြမည့် သူများဖြစ်သည်။
ပြည်သူလူထုအားလုံးကသာ ကိုယ့်ကြမ္မာကိုယ်ရွေးချယ်နိုင်အောင်လုပ်နိုင်ကြမည်
ဖြစ်သည်။ ပြည်သူလူထုသည်သာလျှင် နိုင်ငံတော်ကိုအမှန်တကယ်စီမံခန့်ခွဲကာ
နိုင်ငံနှင့်လူမျိုးကောင်းကျိုးအတွက် ပြည်သူ လူထုအားသစ္စာခံမည့်
အမှန်တကယ်လူထုကို
ကိုယ်စားပြုသောအစိုးရကိုရွေးချယ်တင်မြှောက်ခန့်အပ်နိုင်ကြသူ ဖြစ်ရပေမည်။
သေနတ်လက်နက်များ၊ လက်ပါးစေအစေအပါးများအသုံးပြု၍မည်မျှဖိနှိပ်ထားထား၊
အမှန်တကယ်ပြည်သူလူထု အားလုံးစုစုစည်းစည်းညီညီညွတ်ညွတ်
လူထု၏ရင်တွင်းမှအသံကို ဖေါ်ပြသည့်အခါ မည်သည့်လက်နက်နှင့်ဖိနှိပ်မှု ကမျှ
လူထုတရပ်လုံး၏အသံကိုတိတ်နေအောင်လုပ်နိုင်လိမ့်မည်မဟုတ်ပါ။
လူထုအားလုံး၏အကျိုးစီးပွါးနှင့် မျိုး ဆက်သစ်လူငယ်များအားလုံးအတွက်
လူတိုင်းလူတိုင်း ကိုယ်တတ်နိုင်သောနေရာများမှ လုပ်ကိုင်ကြလျှင် တိုင်း
ပြည်ပြောင်းလဲမှုကို မလွဲမသွေရလိမ့်မည်ဖြစ်သည်။ မည်မျှပင်ဖိနှိပ်ထားထား
ဖန်တီးလုပ်ကိုင်တတ်သောမြန်မာ လူမျိုးတို့တွင်
လုပ်နိုင်သည်များစွာရှိပါသည်။ အနဲဆုံး မိမိနှင့်သိနေသူများကို
မိမိတို့အားလုံးနှင့်ပတ်သက်ဖြစ်
ပျက်နေသောအခြေအနေများကိုဆွေးနွေးနည်းလမ်းရှာကြခြင်း၊
မသိနားမလည်သေးသူများကို သိနားလည်လာ အောင် တဦးစီက
တတ်နိုင်သမျှပြောပြဆွေးနွေးကြခြင်းတို့ကလဲ
မိမိတို့တတ်နိုင်သမျှလုပ်ကြခြင်းဖြစ်သည်။ ထို့ အပြင်
မတရားအုပ်ချုပ်မှုကိုအားပေးအားမြှောက်ပြုသောမည်သည့်လုပ်ရပ်ကိုမျှ
အတတ်နိုင်ဆုံးမလုပ်ကြပဲနေကြ ခြင်းနှင့်
မတရားအုပ်ချုပ်မှုအတွက်ဖန်တီးထားသောယန္တရားများကို
အခါအခွင့်သင့်လျှင်သင့်သလို နိုင်သည့်ဘက်
မှနှောင့်နှေးပျက်စီးစေအောင်လုပ်ကြခြင်းတို့ဖြင့်လည်း
ဝိုင်းဝန်းလုပ်နိုင်ကြပါသည်။ နိုင်ငံသားအားလုံးတစတစပါ
ဝင်လုပ်ကိုင်လာကြပြီး စည်းလုံးလာကြလျှင် မည်သည့်အာဏာရှင်မျှ
နေနိုင်မည်မဟုတ်ပါ။ အစိုးရအမည်ခံထား
ပြီးလူထုအတွက်လုပ်ပေးရန်နားမလည်သောသတ္တဝါများကမည်သို့ပင်သဘောမပေါက်မလုပ်ပေးသည်ဖြစ်စေ၊
ပြည်သူလူထုအနေနှင့် နိုင်ငံသားအချင်းချင်းတတ်အားသမျှဝိုင်းဝန်းကူညီကြကာ
စည်းစည်းလုံးလုံးဖြစ်လာအောင် စတင်လုပ်လာကြခြင်းကလဲ
တိုင်းပြည်ပြောင်းလဲရေးအတွက် အခြေခံအကျဆုံးဖြစ်ပါသည်။
ကြာကြာနေလျှင်နိုင် ငံနှင့်ပြည်သူလူထုအားလုံး
ပိုပိုဆိုးရွားစွာခံကြရလိမ့်မည်ဖြစ်သည်။ အားလုံးကတတ်နိုင်သည့်ရှုထောင့်မှ
မိမိတတ် နိုင်သမျှဝိုင်းလုပ်ပြီး
ပြည်သူလူထုအချင်းချင်းဖေးမကူညီမှုစလုပ်ကြလျှင်ဖြင့်
မကြာမှီလူထုအတွက်သစ္စာခံအလုပ် လုပ်သော လူထုအစိုးရရရှိရလိမ့်မည်ဖြစ်သည်။
အားလုံးအတွက် အားလုံးတွင်ပင်တာဝန်ရှိပါသည်။ အားလုံးဝိုင်း လုပ်ကြပြီး
ကိုယ့်အားကိုယ်ကိုးကြမှသာ
အားလုံးမြင်တွေ့လိုသောပြောင်းလဲမှုမြင်တွေ့ကြရလိမ့်မည်ဖြစ်ပါသည်။
ကျေးဇူးပြု၍ တတ်နိုင်သမျှဆက်လက်ဖြန့်ဝေဆွေးနွေးကြစေလိုပါသည်။
လက်လှမ်းမှီရာအားလုံးကို ဆွေးနွေး နည်းလမ်းရှာကာလုပ်ကြလျှင်
ပြောင်းလဲမှုကိုဖန်တီးပေးနိုင်ကြမည်မှာ အမှန်ဖြစ်ပါသည်။ မည်သို့သော အပြန်
အလှန်ဆွေးနွေးမှုမျိုးကိုမဆို ကြိုဆိုပါသည်။
(မေးလ်မှ လက်ခံရရှိပါသည်။)